Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်ပြည်နယ်က သဘာဝဘေးဒဏ်သင့်နှင့် စစ်ဘေးရှောင်များအတွက် ဆန်ဝယ်ယူထောက်ပံ့ရန် အိန္ဒိယဗဟိုအစိုးရက ရူပီးသိန်း ၅၀၀ ပေးအပ်

မီဇိုရမ်ပြည်နယ်က သဘာဝဘေးဒဏ်သင့်နှင့် စစ်ဘေးရှောင်များအတွက် ဆန်ဝယ်ယူထောက်ပံ့ရန် အိန္ဒိယဗဟိုအစိုးရက ရူပီးသိန်း ၅၀၀ ပေးအပ်

0
By Editor on July 23, 2024 Khonumthung

(005MK)

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်က သဘာဝဘေးဒဏ်သင့်ပြည်သူများနှင့် စစ်ဘေးရှောင်များအတွက် ဆန်ဝယ်ယူထောက်ပံ့ရန် အိန္ဒိယဗဟိုအစိုးရက ရူပီးသိန်း ၅၀၀ ပေးအပ်လာသည်ဟု သိရသည်။

မီဇိုရမ်ပြည်နယ်အစိုးရ၏ တောင်းဆိုချက်အရ လူဦးရေ ၄ သောင်းခွဲခန့်ရှိသော စစ်ဘေးရှောင်များနှင့် သဘာဝဘေးဒဏ်သင့်ပြည်သူများအတွက် ရိက္ခာဆန်ထောက်ပံ့ရန် ရူပီးသိန်း ၅၀၀ ကို ပြည်နယ်အစိုးရထံ ပေးအပ်ခဲ့သည်ဟု အိန္ဒိယဗဟိုအစိုးရ ပြည်ထဲရေးဝန်ကြီးဌာနက ဇူလိုင်လ ၁၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့သည်ဟု သိရသည်။

မီဇိုရမ်ပြည်နယ်သည် အိမ်နီးချင်း မြန်မာ၊ဘဂ်လားဒေရှ့်နှင့် မဏိပူရ်ပြည်နယ်တို့မှ စစ်ဘေးရှောင် ၄ သောင်းခွဲဝန်းကျင်ကို ကြည့်ရှုစောင့်ရှောက်နေရပြီး ဗဟိုအစိုးရအနေဖြင့် အကူအညီများပေးအပ်ရန် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်က ဗဟိုအစိုးရထံ အကြိမ်ကြိမ်တောင်းဆိုခဲ့ဖူးသည်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်ပွားသည့် ၂၀၂၁ ခုနှစ်နောက်ပိုင်းကစ၍ စစ်ရေးအခြေအနေကြောင့် မီဇိုရမ်ပြည်သို့ ထွက်ပြေးခိုလုံလာသူ မြန်မာစစ်ဘေးရှောင် ၃၄၀၀၀ ခန့်ရှိသည်ဟု မီဇိုရမ်အစိုးရ၏ စာရင်းအရသိရသည်။

အလားတူ မဏိပူရ်ပြည်နယ်က လူမျိုးရေးပဋိပက္ခကြောင့် ထွက်ပြေးလာသည့် စစ်ဘေးရှောင် တစ်သောင်းကျော်နှင့် ဘဂ်လားဒေရှ့်နိုင်ငံမှ ထွက်ပြေးခိုလုံလာသူ တစ်ထောင်ကျော်ခန့်ရှိသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.