• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်ပြည်နယ်တွင် ငေါန်မျိုးနွယ်စုများ၏ ချင်းရိုးရာ ကောက်ရိတ်သိမ်းပွဲကျင်းပ

မီဇိုရမ်ပြည်နယ်တွင် ငေါန်မျိုးနွယ်စုများ၏ ချင်းရိုးရာ ကောက်ရိတ်သိမ်းပွဲကျင်းပ

0
By Editor on October 10, 2022 Khonumthung

ချင်းလူမျိုးနွယ်စုတစ်ခုဖြစ်သည့် ငေါန် မျိုးနွယ်စုများ၏ ရိုးရာကောက်ရိတ်သိမ်းပွဲကို အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့တွင် အောက်တိုဘာလ ၆ ရက်နေ့က ရိုးရာအတီးအဆိုအကများဖြင့် ကျင်းပပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

ငေါန်ဘာသာစကားဖြင့် Dawng Sawm Puai ဟုခေါ်သော ရိုးရာကောက်ရိတ်သိမ်းပွဲအခမ်းအနားကို Mizoram Ngawn Community ဦးဆောင်မှုဖြင့် အိုင်ဇောလ်မြို့ Mualhoih Picnic Sport နေရာတွင် ကျင်းပပြုလုပ်ခဲ့ကြပြီး ငေါန်ရိုးရာအက များဖြစ်သော လိုင်လင်အက၊ ဘုန်ဝိုင်းအကတို့ ဖြင့် ပျော်ရွှင်စွာကျင်းပခဲ့ကြသည်ဟု သိရသည်။

Mizoram Ngawn Community မှ ဦးဆောင်သူတစ်ဦးက “လူငယ်အပေါင်းတို့ လူမျိုးမခွဲခြားပဲနဲ့ ဆက်လက်ပြီးတော့ ကျွန်တော်တို့ ဒုက္ခရောက်နေတဲ့အချိန်မှာ လူမျိုး၊ စိတ်ဓာတ်၊ စည်းကမ်းနဲ့ ကျွန်တော်တို့ ဆက်လက်ပြီးတော့မှ တစ်စုတည်း ဖြစ်နိုင်အောင် ကြိုးစားခြင်းမှ ဒီပွဲတော်ကို ပြုလုပ်ခြင်းဖြစ်ပါတယ်” ဟု ပြောသည်။

ကောက်ရိတ်သိမ်းပွဲသည် ချင်းဘိုးဘွားများ၏ ဓလေ့ထုံးတမ်းစဉ်လာဖြစ်သော ပြောင်း၊ ကောက်ပဲသီးနှံရိတ်သိမ်းပြီးနောက် ရှေးဘိုးဘွားများက ကောင်းကင်ကြယ်ကိုကြည့်ကာ စက်တင်ဘာလအကုန် အောက်တိုဘာလစမ်း လပြည့်နေ့တွင် ပွဲလမ်း သဘင်ကို ကျင်းပလေ့ရှိကြသည်။

ထိုကောက်ရိတ်သိမ်းပွဲတွင် ဆင်းရဲချမ်းသာ အဆင့်အတန်းခွဲခြားမှုမရှိပဲ တစ်ရွာလုံး စည်းစည်းလုံးလုံးဖြင့် ထိုလပြည့်ညတွင် မီးပုံပွဲ ရိုးရာအတီးအမုတ်များနင့် သီချင်းများသီဆိုကာ ကခုန်လေ့ရှိကြသည်။

ချင်းလူမျိုးများအနေဖြင့် မိမိတို့၏ရိုးရာဓလေ့ဖြစ်သော ဘိုးဘေးတို့၏ ထုံးတမ်းအစဉ်လာများအား ထိန်းသိမ်းကာကွယ်သည့်အနေဖြင့် မိမိတို့ရောက်ရှိသည့်နေရာတိုင်းတွင် ကိုယ့်ရိုးရာပွဲတော်များအား အလေးအမြတ်ထားကျင်းပပြုလုပ်ရန် အရေးကြီးသည်ဟု ငေါန် ရိုးရာကောက်ရိတ်သိမ်းပွဲ စီစဉ်သူက ပြောဆိုပါသည်။

ယမန်နေ့က ကျင်းပပြုလုပ်သော ငေါန်ရိုးရာကောက်ရိတ်သိမ်းပွဲတော်အခမ်းအနားတွင် Guy from Chin မှ Benjamin Sum လည်း ပါဝင်ဖျော်ဖြေခဲ့သည့်အပြင် လူငယ်များကလည်း အားကစားများဆင်နွဲကာ ပျော်ရွှင်စွာညနေစာသုံးဆောင်ကြပြီး နောက် ပွဲတော်အခမ်းအနားကို အောင်မြင်စွာအဆုံးသတ်ခဲ့ကြသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့နယ် ထိုမာရွာထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ ပြည်သူ ၃ ဦးထိခိုက်ဟုဆို

ကလေးမြို့နယ် ရှုခင်းသာကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်၊ ၁ ဦးသေ ၄ ဦးဒဏ်ရာရ

ချင်းပြည်နယ်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး PDF-Zoland ထံ ခိုလှုံ

Leave A Reply Cancel Reply

  • Featured Article
June 6, 2023

“စစ်ရေးအခြေနေကတော့ ပိုပြီးတော့ ဖြည့်ပြီးတော့ လုပ်လာမယ့်အနေအထားမှာရှိပါတယ်”

May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.