• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်ပြည်နယ်သား ၃ ဦးအသတ်ခံရပြီးနောက် အိန္ဒိယ-မြန်မာနယ်စပ်အဝင်အထွက်လမ်းကြောင်းတချိူ့ အကန့်သတ်မရှိ ပိတ်ပင်

မီဇိုရမ်ပြည်နယ်သား ၃ ဦးအသတ်ခံရပြီးနောက် အိန္ဒိယ-မြန်မာနယ်စပ်အဝင်အထွက်လမ်းကြောင်းတချိူ့ အကန့်သတ်မရှိ ပိတ်ပင်

0
By Editor on March 31, 2023 Khonumthung

မီဇိုရမ်ပြည်နယ်နှင့် ချင်းပြည်နယ် နယ်စပ်တစ်နေရာတွင် မီဇိုရမ်ပြည်နယ်သား ၃ ဦးအသတ်ခံရမှုဖြစ်ပွားပြီးနောက် အိန္ဒိယ-မြန်မာနယ်စပ် အဝင်အထွက်လမ်းကြောင်းတချိူ့ကို မီဇိုရမ်ပြည်နယ်အရပ်ဖက်အဖွဲ့အစည်းများက အကန့်သတ်မရှိ စတင်ပိတ်ပင်လိုက်ကြသည်။

မီဇိုရမ်ပြည်နယ်တောင်ပိုင်း Lawngtlai ခရိုင်အတွင်းရှိ လိုင်းလူငယ်အသင်း Young Lai Association Bualpui (NG) Sub- Headquarters မှ မတ်လ ၂၈ ရက်နေ့က ကြေညာချက်တစ်စောင်ထုတ်ပြန်ကာ အိန္ဒိယ-မြန်မာနယ်စပ်ဝင်ပေါက် Archhuang, Tial dawngilung နှင့် Vawmbuk လမ်းကြောင်းအားလုံးကို ယနေ့မတ်လ ၂၉ ရက်နေ့ကစ၍ အကန့်သတ်မရှိ ပိတ်ပင်လိုက်သည်ဟု ဖော်ပြထားသည်။

အဆိုပါထုတ်ပြန်ချက်ထဲတွင် Archhuang, Tialdawngilung နှင့် Vawmbuk လမ်းကြောင်းမှတဆင့် မည်သူမျှ နယ်စပ် ဖြတ်ကျော်သွားလာခွင့်မပြုရန်၊ မြန်မာဘက်နှင့်လည်း မည်သည့်ပစ္စည်းကိုမှ လွဲပြောင်းရယူခြင်းမပြုရန်နှင့် လိုက်နာခြင်းမရှိပါက ပြင်းထန်စွာ အရေးယူမည်ဟု ဖော်ပြထားသည်။

ထို့အပြင် Bualpui (NG) Sub- Headquarters ပိုင်းနက်အတွင်းရှိ YLA – branch အသီးသီးတို့ကလည်း မြန်မာနိုင်ငံက စစ်ဘေးရှောင်များနှင့် ၁၂၅ ဆိုင်ကယ်များ တင်းကြပ်မည့်အပေါ် မတ်လ ၂၉ ရက်နေ့ကစပြီး စတင်ဆောင်ရွက်ကြရန်လည်း ယင်းကြေညာချက်တွင်ဖော်ပြထားသည်။

အလားတူ ချင်းပြည်နယ်မှ မီဇိုရမ်ပြည်နယ် Siaha မြို့ကိုဝင်ရောက်သော အဓိကလမ်းကြောင်းတစ်ခုဖြစ်သည့် Niawtlang ဖက်ဝင်ပေါက်ကိုလည်း Young Lai Association (Niawtlang) ပိတ်ပင်ထားသည့်အပြင် Mara Thyuthlia (Lobo) လူငယ်အသင်းကလည်း မတ်လ ၂၈ ရက်နေ့ ညနေပိုင်း ၅ နာရီကစပြီး နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခြင်းကို ပိတ်ပင်ထား ကြောင်းထုတ်ပြန်ကြေညာခဲ့ကြသည်။

ယခုပိတ်ပင်လိုက်သည့် လမ်းကြောင်းများသည် ချင်းပြည်နယ်ဘက်မှ မီဇိုရမ်ပြည်နယ်ဘက်သို့ ဝင်ထွက်သွားလာနိုင်သော အဓိက လမ်းကြောင်းများဖြစ်ပြီး ချင်းပြည်နယ်ဘက်က စစ်ဘေးရှောင်ပြည်သူများ ဝင်ရောက်လာကြသည့် လမ်းကြောင်း လည်း ဖြစ်သည်။

မီဇိုရမ်ပြည်နယ်တောင်ပိုင်း Siaha မြို့တွင်နေထိုင်သူ Pi Biaksuii, Pu Bablu(အိန္ဒိယအမျိုးသား) နှင့် Lawngtlai ခရိုင် South Lungpher ကျေးရွာသား B. Lalthafamkima တို့ ၃ ဦးတို့သည် ပြီးခဲ့သည့်မတ်လ ၂၂ ရက်နေ့က မီဇိုရမ်နှင့် ချင်းပြည်နယ် နယ်စပ်တွင် အမည်မသိလူတစ်စု၏ သတ်ဖြတ်ခြင်းခံခဲ့ကြရသည်။

ယင်းသတ်ဖြတ်မှုဖြစ်စဉ်တွင် မြန်မာနိုင်ငံဘက်က လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲနေသော CDF တပ်ဖွဲ့ဝင်တချိူ့ပါဝင် ပတ်သက်မှုရှိသည်ဟု သတင်းများထွက်ပေါ်နေပြီး ခိုနူမ်းသုန်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ယခုကဲ့သို့ မီဇိုရမ်ပြည်နယ်သား ၃ ဦးသတ်ဖြတ်ခံရသည့်အပေါ် အင်အားကြီးအရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သော Central Young Lai Association (CYLA) ကလည်း အပြင်းအထန်ပြစ်တင်ရှုတ်ချကြောင်း ပြစ်မှုကျူးလွန်သူများအား အမြန်ဆုံးဖမ်းဆီးပြီး ထိုက်သင့်သောပြစ်ဒဏ်များချမှတ်ရန် တောင်းဆိုခဲ့ပြီးဖြစ်သည်။

မီဇိုရမ်သည် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် သောင်းနှင့်ချီသော မြန်မာနိုင်ငံကစစ်ဘေး ရှောင်ပြည်သူ များ ထွက်ပြေးခိုလုံကြရာသည့်ပြည်နယ်တစ်ခုဖြစ်ပြီး ဒေသတွင်းအစိုးရ၊ ပြည်သူ၊ အရပ်ဖက်အဖွဲ့အစည်းများက မြန်မာနိုင်ငံ ကစစ်ဘေးရှောင်များကို နွေးထွေးစွာလက်ခံကြိုဆိုပြီး ကူညီထောက်ပံ့ပေးခဲ့ကြသည်။

ယခုကဲ့သို့ ၎င်းတို့ပြည်နယ်သားများ သတ်ဖြတ်ခံရပြီး ယင်းသတ်ဖြတ်မှုတွင် မြန်မာဘက်က တော်လှန်ရေးလက်နက်ကို င်အဖွဲ့များပါဝင်ကြောင်း သတင်းများထွက်သည့်အပေါ် အလွန်အမင်းစိတ်မကောင်းဒေါသထွက်ခဲ့ကြရပြီး မီဇိုရမ်ပြည်န ယ်အတွင်းက မြန်မာစစ်ဘေးရှောင်များအပေါ် အနည်းနှင့်အများ ရိုက်ခတ်မှုရှိလာနေပြီး အခင်းဖြစ်ပွားရာဒေသ Siaha နှင့် Lawngtlai ခရိုင်တို့မှာလည်း စစ်ဘေး ရှောင်များအတွက် တင်းကြပ်မှုလည်းရှိလာနေပြီဖြစ်ကြောင်းသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ကောင်စီလက်အောက် ချင်းပြည်နယ် ၁၀ တန်းအောင်ချက် မကြုံစဖူး မြင့်တက်

ကလေးမြို့နယ် ထိုမာရွာထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ ပြည်သူ ၃ ဦးထိခိုက်ဟုဆို

ကလေးမြို့နယ် ရှုခင်းသာကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်၊ ၁ ဦးသေ ၄ ဦးဒဏ်ရာရ

Leave A Reply Cancel Reply

  • Featured Article
June 6, 2023

“စစ်ရေးအခြေနေကတော့ ပိုပြီးတော့ ဖြည့်ပြီးတော့ လုပ်လာမယ့်အနေအထားမှာရှိပါတယ်”

May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.