• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်ရောက် မြန်မာစစ်ဘေးရှောင်များ ကူညီထောက်ပံ့ရေး Charity Concert တွင် ရူပီး ၅ သိန်းကျော်ရရှိ

မီဇိုရမ်ရောက် မြန်မာစစ်ဘေးရှောင်များ ကူညီထောက်ပံ့ရေး Charity Concert တွင် ရူပီး ၅ သိန်းကျော်ရရှိ

0
By Editor on March 23, 2021 Khonumthung
#Unicode
ရစ်ချက် – မြန်မာနိုင်ငံတွင် စစ်တပ်မှအာဏာသိမ်းယူခဲ့ပြီးနောက် မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးခိုလှုံလာကြသော မြန်မာစစ်ဘေး ရှောင်များ ကူညီထောက်ပံ့နိုင်ရေးအတွက် မီဇိုရမ်ပြည်နယ် အိုက်ဇောလ်မြို့တွင် ရံပုံငွေရှာဖွေရေး Charity Concert ကို မတ်လ ၂၀ ရက်နေ့က ပြုလုပ်ခဲ့ရာ ရူပီး ၅ သိန်းကျော် ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ရံပုံငွေရှာဖွေရေး Charity Concert ကို မီဇိုရမ်ပြည်နယ်ရှိ NGO အဖွဲ့အစည်း အသီးသီးတို့မှ ပူးပေါင်းပြီး ပြုလုပ်ခဲ့သောအစီအစဉ်ဖြစ်ပြီး အိုက်ဇောလ်မြို့ နေရာ ၁၁ ခုတွင် မီဇိုရမ်အဆိုတော်များနှင့် Myanmar Idol မှ Benjamin Sum တို့မှ သီချင်းအားဖြင့် ဖျော်ဖြေကာ ရံပုံငွေရှာဖွေခဲ့ကြခြင်းဖြစ်သည်။
မီဇိုရမ်တွင်ဖွဲ့စည်းထားသော NGO United for Democratic Myanmar အဖွဲ့ ဥက္ကဌ Pu Lalramlawma က “အဖွဲ့ နှစ်ဖွဲ့ခွဲပြီး (၁၁) နေရာတွင် ပြုလုပ်နိုင်ခဲ့တယ်။ အားလုံးအဆင်ပြေတယ်။ မီဇိုးပြည်သူများအနေနဲ့ မြန်မာပြည်သား များအပေါ်ထားတဲ့ မေတ္တာတရားတွေ့ရတယ်။ ဒီကနေ့ ကျနော်တို့ အိန္ဒိယငွေ ရူပီး ၅၁၉၀၀၉ ရတယ်။” ဟု ပြောသည်။
ဆက်လက်ပြီး Pu Lalramlawma က အခုလို ကောက်ရတဲ့ငွေကြေးနဲ့ပတ်သက်ပြီး မြန်မာစစ်ဘေးရှောင်ပြည်သူ များကို Charity Concert ဖြစ်မြောက်ရေး အတွက် ပူးပေါင်းပါဝင်ကြသည့် အဖွဲ့အသီးသီးတို့နဲ့ ပြန်လည်တိုင်ပင်ပြီးမှ ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်မှန်ပြောဆိုခဲ့သည်။
အဆိုပါ ရံပုံငွေရှာဖွေရေး Charity Concert တွင် Myanmar Idol Benjamin Sum နှင့် မီဇိုရမ်းနာမည်ကျော် အဆိုတော်များဖြစ်ကြသော Cindy Lalthanpuii, B.Malsawmtluangi (Spi), Lalfamkima Ralte, Eunice Lalngaihsaki, Lydia Pachuau, Kim Kima, Hmingtea Chhangte, Feli Fanai, Ngurthansanga, Thlengi Jongte, Rosangliana (Zorock), Sawmtea Chhangte, Sairengpuii, Zirtluangpui, John L.Chawngthu, Bzi Chhangte & Sangmama Zahau, Essy, Arini, F.Lalremruata တို့က ဖျော်ဖြေသီဆိုခဲ့ကြသည်။
မီဇိုရမ်ပြည်နယ်ရောက် မြန်မာစစ်ဘေးရှောင်များ ကူညီထောက်ပံ့နိုင်ရေး ရံပုံငွေရှာဖွေးရေး Charity Concert ကို Mizo Zirlai Pawl (MZP), People United in Music with a Purpose (PUMP), NGO UNITED FOR DEMOCRATIC MYANMAR, Mizo Zaimi Inzawmkhawm (MZI) နှင့် Music Domain Mizoram (MDM) အဖွဲ့တို့က ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
#Zawgyi
ရစ္ခ်က္ – ျမန္မာႏိုင္ငံတြင္ စစ္တပ္မွအာဏာသိမ္းယူခဲ့ၿပီးေနာက္ မီဇိုရမ္ျပည္နယ္ကို ထြက္ေျပးခိုလႈံလာၾကေသာ ျမန္မာစစ္ေဘး ေရွာင္မ်ား ကူညီေထာက္ပံ့ႏိုင္ေရးအတြက္ မီဇိုရမ္ျပည္နယ္ အိုက္ေဇာလ္ၿမဳိ႕တြင္ ရံပံုေငြရွာေဖြေရး Charity Concert ကို မတ္လ ၂၀ ရက္ေန႕က ျပဳလုပ္ခဲ့ရာ ရူပီး ၅ သိန္းေက်ာ္ ရရွိခဲ့ေၾကာင္း သိရသည္။
အဆိုပါ ရံပံုေငြရွာေဖြေရး Charity Concert ကို မီဇိုရမ္ျပည္နယ္ရွိ NGO အဖြဲ႕အစည္း အသီးသီးတို႕မွ ပူးေပါင္းၿပီး ျပဳလုပ္ခဲ့ေသာအစီအစဥ္ျဖစ္ၿပီး အိုက္ေဇာလ္ၿမဳိ႕ ေနရာ ၁၁ ခုတြင္ မီဇိုရမ္အဆိုေတာ္မ်ားႏွင့္ Myanmar Idol မွ Benjamin Sum တို႕မွ သီခ်င္းအားျဖင့္ ေဖ်ာ္ေျဖကာ ရံပံုေငြရွာေဖြခဲ့ၾကျခင္းျဖစ္သည္။
မီဇိုရမ္တြင္ဖြဲ႕စည္းထားေသာ NGO United for Democratic Myanmar အဖြဲ႕ ဥကၠဌ Pu Lalramlawma က “အဖြဲ႕ ႏွစ္ဖြဲ႕ခြဲၿပီး (၁၁) ေနရာတြင္ ျပဳလုပ္ႏိုင္ခဲ့တယ္။ အားလံုးအဆင္ေျပတယ္။ မီဇိုးျပည္သူမ်ားအေနနဲ႕ ျမန္မာျပည္သား မ်ားအေပၚထားတဲ့ ေမတၱာတရားေတြ႕ရတယ္။ ဒီကေန႕ က်ေနာ္တို႕ အိႏိၵယေငြ ရူပီး ၅၁၉၀၀၉ ရတယ္။” ဟု ေျပာသည္။
ဆက္လက္ၿပီး Pu Lalramlawma က အခုလို ေကာက္ရတဲ့ေငြေၾကးနဲ႕ပတ္သက္ၿပီး ျမန္မာစစ္ေဘးေရွာင္ျပည္သူ မ်ားကို Charity Concert ျဖစ္ေျမာက္ေရး အတြက္ ပူးေပါင္းပါဝင္ၾကသည့္ အဖြဲ႕အသီးသီးတို႕နဲ႕ ျပန္လည္တိုင္ပင္ၿပီးမွ ကူညီေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ထပ္မွန္ေျပာဆိုခဲ့သည္။
အဆိုပါ ရံပံုေငြရွာေဖြေရး Charity Concert တြင္ Myanmar Idol Benjamin Sum ႏွင့္ မီဇိုရမ္းနာမည္ေက်ာ္ အဆိုေတာ္မ်ားျဖစ္ၾကေသာ Cindy Lalthanpuii, B.Malsawmtluangi (Spi), Lalfamkima Ralte, Eunice Lalngaihsaki, Lydia Pachuau, Kim Kima, Hmingtea Chhangte, Feli Fanai, Ngurthansanga, Thlengi Jongte, Rosangliana (Zorock), Sawmtea Chhangte, Sairengpuii, Zirtluangpui, John L.Chawngthu, Bzi Chhangte & Sangmama Zahau, Essy, Arini, F.Lalremruata တို႕က ေဖ်ာ္ေျဖသီဆိုခဲ့ၾကသည္။
မီဇိုရမ္ျပည္နယ္ေရာက္ ျမန္မာစစ္ေဘးေရွာင္မ်ား ကူညီေထာက္ပံ့ႏိုင္ေရး ရံပံုေငြရွာေဖြးေရး Charity Concert ကို Mizo Zirlai Pawl (MZP), People United in Music with a Purpose (PUMP), NGO UNITED FOR DEMOCRATIC MYANMAR, Mizo Zaimi Inzawmkhawm (MZI) ႏွင့္ Music Domain Mizoram (MDM) အဖြဲ႕တို႕က ပူးေပါင္းၿပီး ေဆာင္ရြက္ခဲ့ျခင္းျဖစ္သည္။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထန်တလန်မြို့တွင် စစ်ကောင်စီတပ်သား ၆ ဦးကို ချင်းကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီး

“တမူးမြို့နယ်တွင် ပီဒီအက်(ဖ်) အကြမ်းဖက်သမားများက သားအမိ ၃ ဦးကို သေနတ်ဖြင့်ပစ်ခတ်သွား” ဆိုတဲ့သတင်းအမှား

“တမူးမြို့နယ် မလူကျေးရွာအတွင်းသို့ ပီဒီအက်(ဖ်) အကြမ်းဖက်သမား ၅၀ ဦးခန့် ဝင်ရောက်လာပြီး ငွေကြေးနှင့် တန်ဖိုးရှိပစ္စည်း များအားလုယက်ယူဆောင်ကာ နေအိမ်များအား မီးရှို့ဖျက်ဆီး” ဆိုတဲ့သတင်းအမှား

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.