• Home
  • Featured
  • English
  • Headline
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»“မြန်မာနိုင်ငံအတွက် အကြမ်းဖက်နိုမ်နင်းရေးအထူးတပ်ဖွဲ့သုံးဖွဲ့ ရုရှားမှစေလွှတ်ပေးမည်” ဆိုတဲ့သတင်းအမှား

“မြန်မာနိုင်ငံအတွက် အကြမ်းဖက်နိုမ်နင်းရေးအထူးတပ်ဖွဲ့သုံးဖွဲ့ ရုရှားမှစေလွှတ်ပေးမည်” ဆိုတဲ့သတင်းအမှား

0
By Editor on July 28, 2022 Khonumthung

Ko Thway, Thway Thik Ko, Thway Thik Ko, စစ်အောင်, Phyoe Gyi, Phyo Lay စတဲ့အကောင့်တွေကနေပြီး “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်အပြီး ရုရှားနိုင်ငံကစစ်ဘက်ဆိုင်ရာ အကူအညီတွေနဲ့ အခြားလူသားချင်းစာနာမှု အကူအညီ တော်တော်များများ ပေးခဲ့ပါတယ်။”

ဒါအပြင် “ထူးခြားမှုတစ်ခုကတော့ အကြမ်းဖက်ဖြေရှင်းရေး လက်နက်ငယ် သိန်းဂဏန်းခန့်ထောက်ပံ့ပေးခဲ့တာဖြစ်ပြီး အခြား လူသိနည်းသေးသော အကူအညီတစ်ခုကတော့ အကြမ်းဖက်နိုမ်နင်းရေးအထူးတပ်ဖွဲ့ သုံးဖွဲ့စေလွှတ်ပေးပြီး အကြမ်းဖက်မှုများကို ကူညီနိမ်နင်းပေးမယ့် အစီစဉ်ဖြစ်ပါတယ်။”

ဆက်လက်ပြီး “ဒီအစီစဉ်က နိုင်ငံရေးဆူပူမှုတွေဖြစ်နေပြီး သွေးထွက်သံယိုဖြစ်နေတဲ့ မြန်မာနိုင်ငံကို လူသားချင်းစာနာမှုအတွက် ဘောလန်ဒီယာတပ်သားတွေစေလွှတ်ပေးတာဖြစ်တယ်။ မြန်မာနိုင်ငံတွင်သာမက အခြားအာဆီယံနိုင်ငံတွေမှာလဲ အလားတူဖြစ်စဉ်တွေဖြစ်လာရင် ယခုလိုကူညီသွားမယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov ကပြောကြားခဲ့ပါတယ်။” လို့ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး Sergey Lavrov ရဲ့ပြောကြားချက်များကို ရှာဖွေကြည့်တဲ့အခါ ဇူလိုင်လ (၂၅) ရက်နေ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က ကိုင်ရိုရှိ အာရပ်အဖွဲ့ချုပ် သံတမန်များအား ပြောကြားသည့်မိန့်ခွန်းမှာ အနောက်တိုင်းနိုင်ငံများအနေဖြင့် အခြားနိုင်ငံများအပေါ် လွှမ်းမိုးချုပ်ကိုင်ရန် ကြိုးပမ်းနေသည်ဟု စွပ်စွဲပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံအကြောင်းမပါဝင်ပါဘူး။

Link>>> https://fb.watch/ewL2Ti3DpB/

ဒါအပြင် တခြားသတင်းဌာနတွေမှာလည်းဖော်ပြထားတာမျိုးမရှိပါဘူး။ စာဖတ်သူများအနေနဲ့ သတင်းတုသတင်းအမှားများကိုသတိထားဖတ်ရှုဖို့တိုက်တွန်းလိုက်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မတူပီမြို့မရဲစခန်းက တပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းအပြည့်အစုံဖြင့် တမိသားစုလုံး အလင်းဝင်လာ

ပလက်ဝမြို့နယ် “နှုံးဘူး” နှင့် “ထရွန်အိုင်” ဗျူဟာကုန်းများကို အပြီးသိမ်းပိုက်နိုင်ရေး တိုက်ပွဲပြင်းထန်နေ

ကလေးမြို့တွင် တိုက်ပွဲပြင်းထန်လာမည်ဟု စိုးရိမ်မူကြောင့် မြို့ပေါ်နေပြည်သူများ နေရပ်စွန့်ခွါသူများလာ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 29, 2023

အနာဂတ်ချင်းပြည်ထောင်တည်ဆောက်ရေး ကနဦးခြေလှမ်းအစ (သို့) ရိခေါဒါရ်မြို့

November 29, 2023

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ၏ သောက

November 24, 2023

“ရိခေါဒါရ်မြို့မှာ ပြည်သူ့အုပ်ချုပ်ရေး တည်တည်ငြိမ်ငြိမ်နဲ့ စတင်အကောင်အထည်ဖော်ဖို့ ဒေသခံအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမှုတွေပြုနေပါပြီ”

November 3, 2023

ချင်းရဲဘော်တွေနဲ့ တော်လှန်ဂီတ 

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.