ကလေးမြို့နယ်၊ မြောက်စည်းရွာမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေကို ယနေ့ နိုဝင်ဘာ ၁၆ နေ့လည်ပိုင်းက တိုက်ခိုက်ခဲ့တယ်လို့ VAKOK-CNDF အဖွဲ့က ထုတ်ပြန်ထားပါတယ်။
အဆိုပါရွာမှာ ဘိလိယက်ထိုးနေတဲ့ စစ်ကောင်စီတပ်သားတွေကို VAKOK-CNDF နဲ့ ပူးပေါင်းအဖွဲ့တွေက ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပြီး စကစ အရာရှိတစ်ဦး သေဆုံးတယ်လို့ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီအရာရှိထံကနေ ဆိုင်ကယ် ၁ စီး၊ လက်ပစ်ဗုံး ၂ လုံး၊ MA5 ပစ္စတို ၁ လက်၊ ခြောက်လုံးပြူးအတို ၁ လက်၊ ဖုန်းနှင့် Power Bank၊ ငွေကျပ် သုံးသိန်းကျော်၊ ပိုက်ဆံအိတ် ၁ လုံး၊ ဘဏ်ကတ်များ၊ မှတ်ပုံတင်များနှင့် လိပ်စာကတ်တို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ခဲ့ သိရပါတယ်။
Crd- VOK