• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Leaderboard Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ယခင်ဘဏ္ဍာရေးနှစ်အတွင်း အပြီးတည်ဆောက်ရမည့် ကျေးလက်ကျန်းမာရေးဌာနအဆောက်အဦး ဖောင်ဒေးရှင်းချသည့်အဆင့်သာရှိနေသေး

ယခင်ဘဏ္ဍာရေးနှစ်အတွင်း အပြီးတည်ဆောက်ရမည့် ကျေးလက်ကျန်းမာရေးဌာနအဆောက်အဦး ဖောင်ဒေးရှင်းချသည့်အဆင့်သာရှိနေသေး

0
By Editor on December 19, 2019 Khonumthung

By လားနွန် – ၂၀၁၈ – ၂၀၁၉ ခုနှစ်ဘဏ္ဍာရေးနှစ်အတွင်း အပြီးတည်ဆောက်ရန်လျာထားသည့် ပလက်ဝမြို့နယ်၊ မှုံးတနူးကျေးရွာ ကျန်းမာရေးဌာန (ဆေးပေးခန်း) အဆောက်အဦးသည် ယနေ့ချိန်ထိ ဖောင်ဒေးရှင်းချသည့်အဆင့်တွင်သာရှိနေသေးပြီး အမြန်ဆုံးတည်ဆောက်ပေးရန် ဒေသခံများက လိုလားနေကြသည်။

မှုံးတနူးကျေးရွာ ကျန်းမာရေးဌာနအဆောက်အဦးတည်ဆောက်ရန် Royal Shine Star ကုမ္ပဏီမှ တင်ဒါအောင်ထားပြီး ၂၀၁၈ ခုနှစ် ဧပြီလကစ၍ (ဖောင်ဒေးရှင်း) အုပ်မြစ်ချ၊ တိုင်ထောင်သည့်အဆင့်ထိသာ အကောင်အထည်ဖော်ဆောင်ပြီးနောက် လုပ်ငန်းရပ်နားသွားသည်ဟု မှုံးတနူးကျေးရွာဒေသခံ ဦးကွီးထိုးကပြောသည်။

“၂၀၁၈ ခုနှစ် ဧပြီလ (၁၄) ကနေစပြီးမှ လုပ်ငန်းဝင်လာတယ် ဒါပေမဲ့ အခုချိန်ထိက ဒီတိုင်ထောင်တာတစ်ခုတည်းနဲ့ သဲစုတာ၊ အုတ်ခဲစုတာ၊ ဘိလပ်မြေစုတာ တစ်နှစ်ကုန်သွားတယ်၊ ကျနော် လက်တွေ့မြင်တဲ့အတိုင်းကတော့ မိုးရာသီတွင်းမှာ သံထည်ပစ္စည်းတွေကို စုဆောင်းရင်းနဲ့ သဲက မစုအားတဲ့သဘောဖြစ်သွားတယ် နောက်ပြီးမှ အဲဒီလမ်းကလည်း မိုးတစ်ခါရွာတာနဲ့ အကုန်လုံးချော်တာ ကားက မသွားရဲတဲ့သဘောဖြစ်တာလို့သိရတယ်’’ ဟု ဦးကွီးထိုးကပြောသည်။

အဆိုပါအဆောက်အဦးတည်ဆောက်ရန်အတွက် ကျပ်သိန်း (၁၅၀၀) ခန့်ချမှတ်ထားပြီး မြို့နယ်အဆင့်မှ ညွှန်ကြားချက်အရ တင်ဒါအောင်သည့်ကုမ္ပဏီက ၂၀၁၈ – ၂၀၁၉ ဘဏ္ဍာရေးအတွင်း အပြီးအစီးတည်ဆောက်ရန်အတွက် လျာထားခဲ့ကြသည်။

သို့သော်လည်း သက်ဆိုင်ရာကုမ္ပဏီမှ (၂) နှစ်နီးပါးခန့် ရပ်နားထားပြီးမှ ပြီးခဲ့သည့် နိုဝင်ဘာလကစ၍ ပြန်လည်စတင်ရန် ဆောင်ရွက်နေသည်ဟု သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ချင်းပြည်နယ်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီး ဦးစိုးထက်က “အဓိကပြသနာက လမ်းပန်းဆက်သွယ်ရေးပေါ့ ကားလမ်းမပေါက်တာ နောက်ပြီးတော့ မှုံးတနူးက ပလက်ဝမြို့နယ်ဆိုတော့ အခုက မြောက်ဦးကနေတဆင့်တက်ရတယ် မြောက်ဦးဘက်မှာ ဘိလပ်မြေတို့ သံချောင်းကအစ လိုတာဝယ်ပြီးတော့ စက်လှေနဲ့တက်ရတယ် နောက်ထပ် အဲဒီဟာတွေကိုထမ်းဖို့ လူနဲ့ထမ်းရတယ် ကားလမ်းမပေါက်ဘူး အဲလိုဖြစ်တဲ့အတွက် အဲဒီနေရာမှာဆောက်ဖို့ကို တော်တော်ခက်ခဲတာ အဲဒါကြောင့် သူတို့ဖောင်ဒေးရှင်းချတယ်ဆိုတာလည်း ဖြစ်လောက်တယ် သူတို့တာဝန်မကျေဘူးဆိုပြီး အရေးယူဖို့က တော်တော်ခက်တာ ဆောက်မယ့်လူကိုမရှိတာ ခက်တာက ဒေသခံတွေကပဲ ၀ိုင်းကူညီမှရမယ်၊ အရေးယူဖို့ထက် ဒေသခံတွေနဲ့ပူးပေါင်းပြီးတော့ ဘယ်လိုပြီးမြောက်နိုင်မလဲဆိုတာပဲ စဉ်းစားနေတာ” ဟု ပြောသည်။

အဆိုပါစီမံကိန်းသည် ၂၀၁၈ – ၂၀၁၉ ဘက်ဂျက်ဖြင့် ဆောက်လုပ်မည့်စီမံကိန်းဖြစ်ပြီး တည်ဆောက်မှု ပြီးစီးမည့်အချိန်တန်နေသော်လည်း လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊ နယ်မြေမငြိမ်းချမ်းခြင်း စသည့်အခက်အခဲများနှင့် ကုမ္ပဏီအနေဖြင့် ပစ္စည်းသယ်ယူပို့ဆောင်ရန် လုံခြုံရေးမကောင်းခြင်းတို့ကြောင့် မပြီးစီးနိုင်ခြင်းဖြစ်ကြောင်းဝန်ကြီးကဆက်ပြောသည်။

မှုံးတနူးကျေးရွာ ကျန်းမာရေးဌာန (ဆေးပေးခန်း) အဆောက်အဦးကို လာမည့် ၂၀၂၀ ခုနှစ်အတွင်း အပြီးတည်ဆောက်နိုင်ရန် လက်ရှိအခြေအနေအရ ရခိုင်ဖက်မှ သွားလာခြင်းမရသည့်အတွက် ကန်ပလက်၊ ကျင်ဒွေး၊ မကြာအိမ်ဘက်မှ ကားလမ်းများကို န.တ.လမှ ဖောက်လုပ်ပေးနေပြီဖြစ်ကြောင်း စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။

ပလက်ဝမြို့နယ်တွင် နယ်မြေမငြိမ်းချမ်းခြင်းကြောင့် လက်ရှိအချိန်ထိဆောက်လက်စ ကျောင်း (၇) ကျောင်းနှင့် (၁၆) ကုတင်ဆံ့ တိုက်နယ်ဆေးရုံတို့ ရပ်နားထားရသည်ဟုသိရသည်။

မှုံတနူးကျေးရွာသည် ပလက်ဝမြို့မှ မိုင်အားဖြင့် (၈၀) ကျော်ကွာဝေးပြီး စက်လှေတို့ဖြင့်တစ်ရက်ခရီးဖြစ်ကာ လမ်းပန်းဆက်သွယ်ရေးအရ ကားလမ်းမပေါက်သေးကြောင်းသိရသည်။

(Photos – အောက်ချင်းပျို)

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့တွင် မီတာခများအခွန်ဆောင်ကြရန် စစ်ကောင်စီက တအိမ်တက်ဆင်း လိုက်လံပြောဆိုနေ

စစ်ကောင်စီတပ်ဖွဲ့က ကလေးတောင်ပိုင်းကျေးရွာများကို ထပ်မံမီးရှို့

ကလေးမြို့တွင် စစ်ကောင်စီတပ်စွဲထားသည့် (၃) နေရာ ဝင်ရောက်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၇ ဦးသေဆုံး

Leave A Reply Cancel Reply

  • Featured Article
May 18, 2022

“မင်းအောင်လှိုင်ရဲ့စိတ်ရင်းမှာ တကယ့်တကယ် တိုင်းပြည်ရဲ့၊ နိုင်ငံတော်ရဲ့ပြဿနာကို ဖြေရှင်းဖို့ရည်ရွယ်ချက်ဆိုတာ မရှိပါဘူး”

May 3, 2022

“စကစ ရဲ့ ဖိတ်ခေါ်မှုအပေါ် တွေဝေနေစရာမလိုဘူး ကိုယ့်ရပ်တည်ချက်အပေါ် မြဲမြဲရပ်တည်ဖို့ ပြောချင်တယ်”

April 29, 2022

ထန်တလန် စစ်ဘေးရှောင်တို့ မျှော်နေရသည့် အိမ်ပြန်ခွင့်

April 18, 2022

“ကျွန်တော်တို့စီမှာ ခိုင်လုံတဲ့အထောက်အထား တွေရှိတယ်၊ အကြမ်းဖက်အဖွဲ့နဲ့ပေါင်းစည်းပြီးတော့မှ ကျွန်တော်တို့လုပ်ဆောင်ချက်အပေါ်မှာ နှောက်ယှက်တာမျိုးရှိတာ ကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တာဖြစ်တယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.