Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»ယမ်းငွေ့တွေကြား တိတ်ဆိတ်ငြိမ်သက်နေဦးမယ့် …ချင်းတောင်တန်းပေါ်က ခရစ္စမတ် (သို့) တော်လှန် ခရစ္စမတ်….!

ယမ်းငွေ့တွေကြား တိတ်ဆိတ်ငြိမ်သက်နေဦးမယ့် …ချင်းတောင်တန်းပေါ်က ခရစ္စမတ် (သို့) တော်လှန် ခရစ္စမတ်….!

0
By Editor on December 16, 2023 Featured

ရေး – ဆလိုင်းရောဘတ်

ဒီဇင်ဘာလရောက်ရှိလာပြီဆိုရင် ခရစ်ယာန်ဘာသာ၀င်တွေဟာ ယေရှုခရစ်ဖွားမြင်တဲ့ ခရစ္စမတ်နေ့ကို ကြိုဆိုဖို့ အကောင်းဆုံး ပြင်ဆင်လေ့ရှိကြသလို ဒါဟာ ခရစ်ယာန်ဘာသာဝင်တွေရဲ့ အထွဋ်အမြတ်ထားရှိတဲ့ နေ့တစ်နေ့လို့ လည်းဆိုရမှာပါ။

ခရစ္စယာန် ဘာသာဝင်အများစုဖြစ်ကြတဲ့ ချင်းလူမျိုးတွေကလည်း ခရစ္စမတ်ကာလရောက်ရှိလာပြီဆိုရင် ဘုရားကျောင်း၊ မြို့၊ ရွာတွေကို အလှဆင်မြန်းတာ၊ ကယ်ရောလ်သီချင်းတွေသံပြိုင်သီဆိုတာ၊ ခရစ္စမတ်နေ့မှာ ဘုရားကျောင်း တွေမှာ ဝတ်ပြုဆု တောင်းတာ၊ ဧည့်ခံကျွေးမွေးတာ စတဲ့အစီစဉ်တွေနဲ့ စည်းကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိကြပါတယ်။

ဒါပေမယ့် ဆလိုင်းဂျွန်ကိမ်အနေနဲ့ ဒီလိုအခြေအနေမျိုးမတွေ့မြင်ရတာ ခရစ္စမတ်ပွဲတော်ကို မိသားစု စုံစုံလင်လင်နဲ့ ကိုယ့်မွေးရပ်ဇာတိမှာ မပျော်ရတာ စစ်အာဏာသိမ်းမှုဖြစ်ပွားတဲ့ နောက်ပိုင်းကတည်းကလို့ ဆိုပါတယ်။

“ယခုအချိန်ထိ အိမ်နဲ့ဝေးတာက ၃ နှစ်ကျော်လာပြီဆိုတော့ အရင်တုန်းကတော့ မိသားစုနဲ့ ပျော်ပြီးမှ ခရစ္စမတ်၊ ဘာပဲ ဖြစ်ဖြစ် အခြားအချိန်တွေ တစ်ခြားလတွေမှာ ကျွန်တော်တို့ ဘယ်လောက်ပဲဝေးကွာဝေးကွာနေပါစေ ဒီခရစ္စမတ် အချိန် မှာတော့ မိသားစု စုံစုံလင်လင်နဲ့အတူတကွ ဒီခရစ္စမတ်တော့ ကျင်းပကြမယ် ပြီး‌တော့ ပျော်ကြမယ်ဆိုတဲ့ဟာနဲ့ အမြဲတမ်း လုပ်ထားတဲ့ဟာရှိတာပေါ့။ ဒါပေမဲ့ ကျွန်တောတို့က လုံးဝဒီအာဏာသိမ်းပြီးတဲ့နောက်ပိုင်းတော့ ကျွန်တော်တို့က ဒီလိုမျိုး အချိန်တွေမရနိုင်တော့ဘူးပေါ့”

ချင်းပြည်နယ် မတူပီမြို့ဇာတိဖြစ်တဲ့ ဆလိုင်းဂျွန်ကိမ်ဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်ပွားတဲ့နောက်ပိုင်းမှာ စစ်အာ ဏာရှင်စနစ်ကိုဆန့်ကျင်တော်လှန်ဖို့ တနိုင်ငံလုံးက တခြားလူငယ်တွေနည်းတူ ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF-Matupi ကိုစတင်တည်ထောင်သူထဲမှာပါ၀◌င်သူတစ်ဦးပါ။ ယခုလက်ရှိမှာတော့ CDF-Matupi တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦး ဖြစ်ပါတယ်။

CDF-Matupi တပ်ဖွဲ့အနေနဲ့ ခရစ္စမတ်ပွဲတော်ကို ယမန်နှစ်ကတော့ တောထဲက သူတို့တပ်ရင်းစခန်းမှာ အကျဉ်းရုံးသ ဘောနဲ့ကျင်းပနိုင်ခဲ့ကြတယ်လို့ဆိုပါတယ်။ ခုလို ခရစ္စမတ်နေ့နီးလာတာနဲ့အမျှ ခရစ္စမတ်သီချင်းသံတွေကြားရတဲ့ အခါမျိုးမှာ မနှစ်တုန်းက ကိုယ်နဲ့အတူရှိနေခဲ့ပြီး ဒီနှစ်မှာကိုယ့်နဲ့အတူရှိမနေနိုင်တော့တဲ့ ရဲဘော်ရဲဘက်တွေကို ပိုပြီး လွမ်းဆွတ်သတိရလာတယ်လို့ ဆလိုင်းဂျွန်ကိမ်းကပြောပါတယ်။

“မနှစ်က ကျွန်တော်တို့ ဒီခရစ္စမတ်လ၊ ခရစ္စမတ်နဲ့နီးပြီဆိုတဲ့အခါ၊ ဘာပဲဖြစ်ဖြစ် ပြည်သူတွေနဲ့ အတူတကွ မကျင်းပနိုင်ရင်တောင်မှ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲဘော်တွေနဲ့ တစ်နည်းတစ်လမ်းနဲ့ လုပ်ကြမယ်ဆိုပြီး‌တော့ လုပ်တယ် ခရစ္စမတ်သီချင်းတွေ ပုံမှန်ဆိုဆိုခိုင်းတယ်၊ ကျင့်ခိုင်းတယ်၊ Carol Singing ဆိုကြမယ် ထွက်ကြမယ်ဆိုပြီးတော့ လုပ်ကြတယ်။ အတူဆိုကြတဲ့ သီချင်းတွေ အခုပြန်ကြားရရင် အရမ်းသူတို့ကို သတိလည်း ရတာပေါ့၊ အရမ်းလည်း လွမ်းတယ်၊ ကျဆုံးသွားတဲ့သူငယ်ချင်းတွေလည်းရှိပြီ၊ ပြောချင်တာက အဲ့ဒီလူတွေကို အခုချိန်မှာ ပြန်မဆုံနိုင်တော့ဘူး၊ တစ်ချို့သောသူတွေက မိဘရဲ့ အခက်ခဲကြောင့် နိုင်ငံခြားရောက်သွားတဲ့လူတွေလည်းရှိသလို တိုင်းပြည်နဲ့လူမျိုး အတွက် ကျဆုံးတဲ့လူတွေလည်းရှိတယ်ဆိုတော့ ဒီလိုမျိုးသီချင်းတွေကြားတိုင်း ဒီလူတွေ၊ အသက်ပေးတဲ့လူတွေကို ပြန်ပြီးတော့ သတိရတယ်”

ခရစ်ယာန်ဘာသာဝင် ၉၀ ရာခိုင်နှုန်းလောက်နေထိုင်တဲ့ ချင်းပြည်နယ်မှာ ယေရှုမွေးဖွားတဲ့ ဒီဇင်ဘာလ ၂၅ ရက်နေ့ ကို နှစ်စဉ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာနဲ့ မြို့နယ်အသီးသီးမှာ ကျင်းပလေ့ရှိကြပါတယ်။ ခရစ်ယာန်ဘာသာ၀◌င်တွေဟာ ခရစ္စမတ်နေ့ရောက်ဖို့အတွက် တစ်နှစ်လုံးအားခဲထားကြပြီး ခရစ္စမတ်နေ့မှာ ဘုရားကျောင်းတက် ၀◌တ်ပြုကိုယ်းကွယ် ဆုတောင်းတာအပြင် နည်းမျိုးစုံနဲ့ ခရစ်တော်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ကြိုဆိုလေ့ရှိကြပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်ပွားတဲ့နောက်ပိုင်းကစလို့ တနိုင်ငံလုံးမှာ စစ်ရေးပဋိပက္ခတွေ၊ တိုက် ပွဲတွေ၊ စစ်ဘေးဒဏ်တွေကြောင့် ချင်းပြည်နယ်မှာတော့ ခရစ္စမတ်နေ့ကို ယခင်ကလို စည်းစည်းကားကားနဲ့ မကျင်းပနိုင်တာ ၂ နှစ်ကျော်ရှိလာပါပြီ။

ဒီနှစ် ခရစ္စမတ်ပွဲတော်ကိုလည်း ချင်းပြည်နယ်မှာတော့ စည်ကားသိုက်မြိုက်စွာမကျင်းပဖို့ ဟားခါးမြို့ခရစ်ယာန်ဂိုဏ်း ပေါင်းစုံဓမ္မအမှုတော်ဆောင်များအဖွဲ့က ပြီးခဲ့တဲ့ နို၀◌င်ဘာလ ၁၁ ရက်နေ့က ထုတ်ပြန်ပါတယ်။

ဟားခါးမြို့ခရစ်ယာန်ဂိုဏ်း ပေါင်းစုံဓမ္မအမှုတော်ဆောင်များအဖွဲ့ဥက္ကဌ သိက္ခာတော်ရဆရာ Dr. Joel Nawl Cung Lian က “ခါတိုင်းမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ခရစ္စမတ်ပွဲတော်ကို ဆင်နွှဲကြတာပေ့ါ၊ သို့သော် ခရစ္စမတ်ရဲ့အနှစ်သာရက ပွဲလုပ်ပြီး တော့ အပြင်မှာ စားဖို့ထက်ဂုဏ်တော်ချီးမွှမ်းခြင်းကပိုပြီးတော့အရေးကြီးတယ်။ ရပ်ကွက်မှာ အစားအသောက်တွေ ပျော်ပျော်ရွှင်ရွှင်လုပ်တာမျိုး အားမပေးဖို့ သဘောတူထားတာပါ။ မိသားစုတွေအနေနဲ့ ကိုယ့်ဝမ်းစာအတွက်တောင်မှ ခက်ခဲကြုံတဲ့ အချိန်မှာ ပွဲပုံစံမလုပ်ပဲနဲ့ ဘုရားကျောင်းမှာပဲ ဂုဏ်တော်ချီးမွှမ်းခြင်းနဲ့ နှုတ်ကပတ်တော်အားဖြင့် ချီးမွှမ်း ဖို့အကောင်း ဆုံးလို့ အားလုံး ဆုံးဖြတ်လို့ စီစဉ်ခြင်းဖြစ်ပါတယ်”

ယခုနှစ် ခရစ္စမတ်နဲ့ နှစ်သစ်ကူးပွဲတော်မှာ အသားပေါပြီး အတူစားသုံးပွဲတွေမလုပ်ဖို့၊ ဘုရားကျောင်းမှာ ဝတ်ပြုကိုယ်းကွယ်ခြင်း ဆက်ကပ်ဆုတောင်းခြင်းသာ ပြုလုပ်ကြဖို့၊ ဘုရားကျောင်းရပ်ကွက်နဲ့ ကိုယ်ပိုင်အနေနဲ့ဖြစ်စေ အသားသတ် ပြီး အတူစားသုံးတာတွေမပြုလုပ်ဖို့ ဟားခါးမြို့ခရစ်ယာန်ဂိုဏ်း ပေါင်းစုံဓမ္မအမှုတော်ဆောင်များအဖွဲ့က တောင်းဆို ထားပါတယ်။

ဒါ့အပြင် ဘုရားကျောင်း၊ အိမ်နဲ့ လမ်းတွေကိုလည်း အလှဆင်တာတွေမလုပ်ဖို့ တကယ်လို့အလှဆင်မယ်ဆိုရင် ဘုရားကျောင်း၊ နေအိမ်အတွင်းပိုင်းတွေကိုသာ အလှဆင်ကြဖို့ တောင်းဆိုထားပါတယ်။

ဖလမ်းမြို့ခရစ်ယာန်ဂိုဏ်းပေါင်းစုံဆရာတော်များမိတ်သဟာရအဖွဲ့ (FCMF) ကလည်း ဖလမ်းမြို့ပေါ်မှာ ခရစ္စမတ်နဲ့ နှစ်သစ်ကူးပွဲတော်ကို စည်စည်ကားကာနဲ့မလုပ်ကြဖို့ အသင်းတော်နဲ့ ဒေသခံပြည်သူတွေကို နို၀င်ဘာလ ၁၃ ရက်နေ့က ကြေညာချက်ထုတ်ပြန်တောင်းဆိုထားပါတယ်။

ဖလမ်းခရစ်ယာန်ဂိုဏ်းပေါင်းစုံဆရာတော်များမိတ်သဟာရ အဖွဲ့ဝင် ဆရာတော်တပါးပြောပြတာက ”ခရစ္စမတ်ပွဲလုံးဝမလုပ်ဖို့ပြောတာမဟုတ်ဘူး၊ ခရစ္စမတ်ပွဲရယ်၊ နှစ်သစ်ကူးကြိုဆိုတဲ့ပွဲတွေဆိုရင် လုပ်နိုင်တဲ့သူရှိရင် မိမိရဲ့ဘုရား ကျောင်းထဲမှာ အေးအေးဆေးဆေးပဲ ဘုရားကိုကိုးကွယ်ခြင်း၊ချီးမွှမ်းခြင်းအားဖြင့်ပဲအသုံးပြုဖို့ထုတ်တာ ဖြစ်တယ်။ပျှော်ပွဲရွှင်ပွဲသဘောအနေနဲ့ လုံးဝမလုပ်ဖို့။ ဒီအချိန်က ကျွန်တော်တို့နိုင်ငံမှာ မတည်ငြိမ်ဖြစ်နေတဲ့အချိန်မှာ မြို့ထဲမှာ ပုံမှန်ဘဝပုံစံမျိုးဖြစ်နေတာကို ကျွန်တော်တို့မလိုချင်ဘူး”

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် ချင်းပြည်နယ်မှာ ကလေးငယ်၊ အမျိုးသမီးအပါအ၀◌င် အရပ်သားနဲ့ တော်လှန်ရေး တပ်ဖွဲ့၀◌င်ပေါင်း ၅၀၀ နီးပါးလောက် သေဆုံးခဲ့ကြရပြီလို့ ချင်းရေးရာအဖွဲ့ချုပ် ICA ရဲ့မှတ်တမ်းအရသိရပါတယ်။

စစ်ရေးပဋိပက္ခနဲ့ စစ်ကောင်စီတပ်ဖွဲ့ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ချင်းပြည်နယ်က လူဦးရေတစ်သိန်း ကျော်ဟာ ပြည်တွင်းနေရပ်စွန့်ခွါ စစ်ဘေးတိမ်းရှောင်ကြရပြီး လူဦးရေ ၅ သောင်းနီးပါးဟာလည်း ပြည်ပ အိန္ဒိယ နိုင်ငံဘက်မှာ စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ရဲ့ မှတ်တမ်းအရ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့တွေဟာ ချင်းပြည်နယ်မှာ ခရစ်ယာန်ဘုရားကျောင်း အဆောက်အဦးအပါအဝင် လူနေအိမ် ၂၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ICA က ဆိုပါတယ်။

ယခုလက်ရှိမှာလည်း ပလက်၀မြို့နယ်ကလွဲပြီး ချင်းပြည်နယ်က ၈ မြို့နယ်မှာ မာရှယ်လောထုတ်ပြန်ထားပါတယ်။

ယခုလက်ရှိအနေအထားမှာလည်း ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ ၁၀၂၇ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ စစ်ဆင်းရေးနဲ့အတူ ချင်းပြည်နယ်မှာ တော်လှန်ရေးအရှိန်မြှင့်လာပြီး စစ်ရေးအရ အချက်အချာကျတဲ့ ရိခေါဒါရ်၊ လိုင် လင်းပီ နဲ့ ရေဇွာမြို့တို့ကို နို၀င်ဘာလထဲမှာ အပြီးသိမ်းပိုက်ထိန်းချုပ်လိုက်ပြီဖြစ်ပါတယ်။

ချင်းပြည်နယ်မှာ စစ်ရေးအခြေအနေတွေ အရှိန်အဟုန်ပြင်းထန်လာမယ့် အလားအလာရှိနေသလို စစ်ကောင်စီဘက်ကလည်း လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုပြုလုပ်လာဖွယ်ရှိလာပြီး စစ်ရဲ့သဘောသဘာ၀အရ အမြဲ သတိအနေအထားမှာရှိနေရတာကြောင့် ဒီနှစ် ခရစ္စမတ်ကတော့ ကျင်းပနိုင်ဖို့မလွယ်ဘူးလို့ ဆလိုင်းဂျွန်ကိမ်က ပြောပါတယ်။

“အခု စစ်ရေးက အရင်နှစ်ကထက် တစ်နှစ်ပြီးတစ်နှစ် အရှိန်ကမြင့်လာတယ်၊ အမြဲတမ်း သူတို့ဖက်ကလည်း အဆင်သင့်ဖြစ်နေတယ် ကျွန်တော်တို့ဖက်ကလည်း အဆင်သင့်အမြဲတမ်းနားစွန့်နေရတယ်၊ ဆိုတော့ အဓိက လေကြောင်းတွေကို ကြောက်နေရတာပေါ့၊ စစ်ကောင်စီကလည်း ခရစ်ယာန်တွေက မရမကကျင်းပတဲ့ ခရစ္စမတ်ဆိုတာကို သိတယ်ဆိုတော့ ဒီတပ်ဖွဲ့ကလည်း ကျင်းပမှာပဲဆိုတာ သူတို့က လုံးလုံးလျားလျားသိတယ်၊ ဆိုတော့ ဒီပစ်မှတ်တွေကို သူတို့က မလွဲမရှောင်လုပ်နိုင်တယ် ကျွန်တော်တို့အတွက်က ဒီဟာတွေကို ဘယ်လိုလုပ်မလဲဆိုတာ အခုချိန်အထိတော့ အစီစဉ်တွေ မရှိသေးဘူး”

နှစ်တိုင်းနှစ်တိုင်း ချင်းပြည်မှာ ပျော်ရွှင်စရာ ခရစ္စမတ်ပွဲကျင်းပခဲ့ကြပေမယ့် ဒီတနှစ်မှာလည်း တိုက်ပွဲတွေ ဒုက္ခသည်တွေ မီးလောင်ပြင်တွေကြားထဲမှာ ချင်းတောင်ရဲ့ ခရစ္စမတ်နေ့ဟာလည်း တိတ်ဆိတ်ငြိမ်သိက်နေဦးမှာ အသေအချာပါပဲ။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.