အဆိုပါသတင်းအမှားမှာ “ရုရှားသမ္မတပူတင် မြန်မာတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်မှူးကြီး မင်းအောင်လိုင်က ယူကရိန်းကို စစ်ကြေညာပြီးနောက် ယူကရိန်းနိုင်ငံ နေရာအနှံ့အပြားမှာ ပေါက်ကွဲသံများကြားရပြီး ရုရှားတပ်မတော်နဲ့ မြန်မာတပ်မတော်တို့မှ ပူးပေါင်းပြီး ဒုံးများနဲ့ ပစ်ခတ်တိုက်ခိုက်နေကြောင်း နိုင်ငံတကာသတင်းများမှာ ဖော်ပြထားတယ်လို့” ရေးသားဖော်ပြထားတာဖြစ်ပါတယ်။
စာရေးသူဖော်ပြထားသလို ရုရှားတပ်မတော်နဲ့ မြန်မာတပ်မတော်တို့မှ ပူးပေါင်းပြီး ဒုံးများနဲ့ ပစ်ခတ်တိုက်ခိုက်နေကြောင်းကို နိုင်ငံတကာသတင်းများမှာရေးသာဖော်ပြထားတာမျိုးမရှိပါဘူ။
အရှေ့ ဥရောပမှာ ဖြစ်ပွားနေတဲ့ ယူကရိန်း-ရုရှား စစ်ပွဲနှင့်ပတ်သက်ပြီး အရေးပေါ်အစည်းအဝေးတရပ်ကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နေပြည်တော်မှာမြန်မာစစ်ကောင်စီက ပြုလုပ်ခဲ့ပါတယ်။
အဲ့ဒီမှာလည်း သတင်းအမှားမှာဖော်ပြထားသလို အဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးဖော်ပြထားတာမရှိပါဘူ။ သတင်း Link မှာဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Link>>https://burma.irrawaddy.com/news/2022/02/28/250189.html
ဒီသတင်းအမှားကို Kyaw Thiha account မှ ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာရေးသားဖော်ပြခဲ့တဲ့အပြင် ဒီမတ်လ ၂၈ ရက်နေ့မှာတော့ Facebook စာမျက်နှာမှာ ပြန်လည်ဝေမျှနေတာဖြစ်ပါတယ်။
ပြည်သူများအနေနဲ့ သတင်းတု/သတင်းအမှားများကို သတိထားရှောင်ကြဉ်သင့်ပါတယ်။ သတင်းတွေကိုဖတ်တဲ့အခါမှာလည်း ယုံကြည်စိတ်ချထိုက်တဲ့သတင်းဌာနက သတင်းတွေကိုသာ ဖတ်ရှုသင့်ပါတယ်။