• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ရခိုင္ျပည္နယ္မွ ခ်င္းတိုင္းရင္းသား (၇၀၀၀) ခန္႔ စစ္ဒဏ္ေၾကာင့္ ေနရပ္စြန္႔ခြါထြက္ေျပးေနၾကရ

ရခိုင္ျပည္နယ္မွ ခ်င္းတိုင္းရင္းသား (၇၀၀၀) ခန္႔ စစ္ဒဏ္ေၾကာင့္ ေနရပ္စြန္႔ခြါထြက္ေျပးေနၾကရ

0
By Editor on March 31, 2020 Khonumthung

#Zawgyi

By လားႏြန္ – ျမန္မာ့တပ္မေတာ္ႏွင့္ ရကိၡိဳင့္တပ္ေတာ္ (AA) တပ္ဖြဲ႔အၾကား တိုက္ပြဲမ်ားျဖစ္ပြားျခင္းေၾကာင့္ ရခိုင္ျပည္နယ္တြင္ ေနထုိင္ၾကသည့္ ခ်င္းတို္င္းရင္းသား (၇၀၀၀) ခန္႔သည္ မိမိေနရပ္ကိုစြန္႔ခြါၿပီး ထြက္ေျပးတိမ္းေရွာင္ေနၾကရသည္ဟု သိရသည္။

ရခိုင္ျပည္နယ္တြင္ ဌာေနခ်င္းတိုင္းရင္းသား လူဦးေရ (၁) သိန္းခြဲခန႔္ ေနထိုင္လၽွက္ရွိၾကရာ ယခုစစ္ေဘး၊ စစ္ဒဏ္ေၾကာင့္ မိမိေနရပ္ အိုးအိမ္စြန႔္ခြာ ထြက္ေျပးေနၾကရသည့္ ခ်င္းတိုင္းရင္းသား လူဦးေရမွာ (၇,၀၀၀) ခန႔္အထိရွိလာၿပီး လူသားခ်င္းကူညီေထာက္ပံ့မႈမ်ား လိုအပ္ေနသည္ဟု ရခိုင္ျပည္နယ္အတြင္းရွိ ခ်င္းတကၠသိုလ္ေက်ာင္းသူ/ေက်ာင္းသားမ်ားအဖြဲ႕ (CUSR) ဥကၠဌ ဆလိုင္းထြန္းလွေက်ာ္ကေျပာသည္။

“က်ေနာ္တို႔ရခိုင္ျပည္နယ္ထဲမွာက ခ်င္းတိုင္းရင္းသားေတြလူနည္းစုေတြျဖစ္တယ္ မီဒီယာေတြကလည္း လက္လွမ္းမမီွႏုိင္တာရိွတယ္၊ ေနာက္တစ္ခုကေတာ့ လူနာခ်င္းစာနာေထာက္ထားမႈဆိုင္ရာ ေထာက္ပံ့ေရးအစီအစဥ္ေတြ ထိထိမ္ိမိမကူညီႏိုင္တာရိွတယ္၊ ေနာက္ အရပ္ဖက္အဖြဲ႕အစည္းေတြ တျခား NGO အဖြဲ႕အစည္းေတြကလည္း ဒီလူသားျခင္းစာနာေထာက္ထားမႈဆိုင္ရာေထာက္ပံ့ေၾကးေတြမႏိုင္ၾကဘူး၊ အေျခခံစား၀တ္ေနေရး သူတို႔ေတာ္ေတာ္ေလး ဒုကၡေရာက္ေနၾကတယ္” ဟု CUSR ဥကၠဌ ဆလိုင္းထြန္းလွေက်ာ္ကေျပာသည္။

ရခိုင္ျပည္နယ္အတြင္း ျမန္မာ့တပ္မေတာ္ႏွင့္ ရခိုင့္တပ္ေတာ္ AA တိုက္ပြဲျဖစ္ပြားမွုမ်ားမွာ ၂၀၁၈ ႏွစ္ကုန္ပိုင္းကစတင္ခဲ့ၿပီး ယခုဆိုလ်င္ တစ္ႏွစ္ေက်ာ္ၾကာေနၿပီျဖစ္သည္။ အဆိုပါတိုက္ပြဲမ်ားေၾကာင့္ ရခိုင္ျပည္နယ္တြင္ စစ္ေဘးတိမ္းေရွာင္ ေနၾကသည့္ စစ္ေဘးဒုကၡသည္ တစ္သိန္းခြဲခန္႔ရွိၿပီး ယင္းနက္ ခ်င္းလူမ်ဴိးစစ္ေဘးဒုကၡသည္မ်ားမွာ ၇၀၀၀ ခန္႔ရွိေနၿပီျဖစ္သည္။

အဆိုပါ ခ်င္းစစ္ေဘးေရွာင္ျပည္သူမ်ားသည္ ရခိုင္ျပည္နယ္ ေက်ာက္ေတာ္၊ ပုဏၰားကၽြန္း၊ ေျမာက္ဦး၊ မင္းျပားႏွင့္ အမ္း စသည့္ၿမိဳ႕နယ္တို႔တြင္ေနထုိင္ၾကသူမ်ားျဖစ္ၾကၿပီး ယခုအခါ စစ္ေဘးေရွာင္စခန္း၊ ၿမိဳ႕ေပၚဘုရားေက်ာင္းတို႔တြင္ေနထုိင္ၾကၿပီး တစ္ခ်ဴိ႕မွာ မေကြးတိုင္းေဒသႀကီးဘက္သို႔ ထြက္ေျပးတိမ္းေရွာင္သူမ်ားလည္းရွိ ၾကသည္။

ယခုကိစၥႏွင့္ပတ္သက္၍ ရခိုင္ျပည္နယ္ ခ်င္းေရးရာ၀န္ႀကီး ဦး ပုန္ဘြယ္ကို ဖုန္းျဖင့္အႀကိမ္ႀကိမ္ဆက္သြယ္ခဲ့ ေသာ္လည္း ျပန္လည္ေျဖၾကားျခင္းမရွိ္ခဲေပ။

ရခိုင္ျပည္နယ္ (၉) ၿမိဳ႕နယ္ႏွင့္ ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕နယ္သည္ ယခုလက္ရွိတြင္ အင္တာနက္ဆက္သြယ္ေရး လိုင္းမ်ားပိတ္ပင္ခံထားရသည့္အတြက္ စစ္ေဘးေရွာင္ျပည္သူမ်ားအေနျဖင့္ လတ္တေလာျဖစ္ပြားေနေသာ ကမၻာ့ကပ္ေရာဂါ ကိုဗစ္ ၁၉ ႏွင့္ပတ္သက္ေသာ အသိပညာေရး ဗဟုသုတမ်ားသိရွိႏုိင္ျခင္းမရွိေၾကာင္း ဆလုိင္းထြန္းလွေက်ာ္ကေျပာသည္။

“ရခိုင္ျပည္နယ္မွာ ကိုဗစ္ ၁၉ နဲ႔ပတ္သက္ၿပီးေတာ့ ထိထိေရာက္ေရာက္လုပ္ေပးတာမရွိေပးဘူး အထူးသျဖင့္ စစ္ေဘးေရွာင္စခန္းေတြမွာေပါ့ေနာ္ အသိပညာေပးမႈေတြလံုး၀မရွိေသးတာေတြ႔ရတယ္’’ ဟု ဆလိုင္းထြန္းလွေက်ာ္က ေျပာသည္။

ကိုဗစ္ ၁၉ အတြက္ က်န္မာေရးအသိပညာေပးမ်ား သတိေပးခ်က္မ်ား အင္တာနက္မွတဆင့္အမ်ားျပည္သူမ်ားထံ အခ်ိန္ႏွင့္ေျပးညီလွ်င္ျမန္စြာထုတ္ျပန္ေပးရန္ အေရးတႀကီးလိုအပ္ေနသည့္ ကာလတြင္ ရခိုင္ျပည္နယ္ႏွင့္ ခ်င္းျပည္နယ္ တြင္ အင္တာနက္လိုင္းမ်ား ျဖတ္ေတာက္ျခင္းသည္ လံုး၀သီးခံႏုိင္စရာမရွိေၾကာင္း အရပ္ဘက္လူမႈအဖြဲ႔အစည္း (၅၀) ေက်ာ္က မတ္လ ၂၆ ရက္ေန႔က ေၾကညာခ်က္ထုတ္ျပန္ခဲ့သည္။

ထို႔အျပင္ ေရာဂါကပ္ဆိုးႀကံဳေတြ႔ေနရသည့္ ယေန႔လိုကာလမ်ဴိးတြင္ အသက္တမွ်အေရးႀကီးေသာ သတင္းအခ်က္အလက္မ်ားျဖတ္ေတာက္မႈကို ဆက္လက္ျပဳလုပ္ေနျခင္းသည္ အလြန္ပင္လူသားစာနာမႈကင္းမဲ့သည့္လုပ္ရပ္ျဖစ္သည္ဟု အဆိုပါေၾကညာခ်က္တြင္ေဖာ္ျပထားသည္။

ရခိုင္ျပည္နယ္တြင္ တိုက္ပြဲမ်ားျပင္းထန္လာျခင္းေၾကာင့္ ခ်င္းစစ္ေဘးေရွာင္မ်ားအတြက္ လူသားခ်င္းစာနာေထာက္ထားပံ့ပူးကူညီမႈႏွင့္ တစ္ကမၻာလံုးတြင္ရင္ဆိုင္ေနရသည့္္ ကိုဗစ္ ၁၉ ႏွင့္ ပတ္သက္သည့္ က်န္းမာေရးအသိပညာေပးလုပ္ငန္းမ်ားကို အလွွဴေငြအားျဖင့္ေသာ္လည္းေကာင္း နည္းပညာပိုင္းျဖင့္ေသာ္လည္းေကာင္း ၀ိုင္း၀န္းပါ၀င္ကူညီဖို႔လိုအပ္သည္ဟုလည္း CUSR ဥကၠဌ ဆလိုင္းထြန္းလွေက်ာ္ကေျပာသည္။

Photo Credit: CUSR

#Unicode

By လားနွန် – မြန်မာ့တပ်မတော်နှင့် ရက္ခိိုင့်တပ်တော် (AA) တပ်ဖွဲ့အကြား တိုက်ပွဲများဖြစ်ပွားခြင်းကြောင့် ရခိုင်ပြည်နယ်တွင် နေထိုင်ကြသည့် ချင်းတိ်ုင်းရင်းသား (၇၀ဝ၀) ခန့်သည် မိမိနေရပ်ကိုစွန့်ခွါပြီး ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

ရခိုင်ပြည်နယ်တွင် ဌာနေချင်းတိုင်းရင်းသား လူဦးရေ (၁) သိန်းခွဲခန့် နေထိုင်လျှက်ရှိကြရာ ယခုစစ်ဘေး၊ စစ်ဒဏ်ကြောင့် မိမိနေရပ် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရသည့် ချင်းတိုင်းရင်းသား လူဦးရေမှာ (၇,ဝ၀ဝ) ခန့်အထိရှိလာပြီး လူသားချင်းကူညီထောက်ပံ့မှုများ လိုအပ်နေသည်ဟု ရခိုင်ပြည်နယ်အတွင်းရှိ ချင်းတက္ကသိုလ်ကျောင်းသူ/ကျောင်းသားများအဖွဲ့ (CUSR) ဥက္ကဌ ဆလိုင်းထွန်းလှကျော်ကပြောသည်။

“ကျနော်တို့ရခိုင်ပြည်နယ်ထဲမှာက ချင်းတိုင်းရင်းသားတွေလူနည်းစုတွေဖြစ်တယ် မီဒီယာတွေကလည်း လက်လှမ်းမမှီနိုင်တာရှိတယ်၊ နောက်တစ်ခုကတော့ လူနာချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ရေးအစီအစဉ်တွေ ထိထိမိ်မိမကူညီနိုင်တာရှိတယ်၊ နောက် အရပ်ဖက်အဖွဲ့အစည်းတွေ တခြား NGO အဖွဲ့အစည်းတွေကလည်း ဒီလူသားခြင်းစာနာထောက်ထားမှုဆိုင်ရာထောက်ပံ့ကြေးတွေမနိုင်ကြဘူး၊ အခြေခံစားဝတ်နေရေး သူတို့တော်တော်လေး ဒုက္ခရောက်နေကြတယ်” ဟု CUSR ဥက္ကဌ ဆလိုင်းထွန်းလှကျော်ကပြောသည်။

ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ရခိုင့်တပ်တော် AA တိုက်ပွဲဖြစ်ပွားမှုများမှာ ၂၀၁၈ နှစ်ကုန်ပိုင်းကစတင်ခဲ့ပြီး ယခုဆိုလျင် တစ်နှစ်ကျော်ကြာနေပြီဖြစ်သည်။ အဆိုပါတိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်တွင် စစ်ဘေးတိမ်းရှောင် နေကြသည့် စစ်ဘေးဒုက္ခသည် တစ်သိန်းခွဲခန့်ရှိပြီး ယင်းနက် ချင်းလူမျိူးစစ်ဘေးဒုက္ခသည်များမှာ ၇၀ဝ၀ ခန့်ရှိနေပြီဖြစ်သည်။

အဆိုပါ ချင်းစစ်ဘေးရှောင်ပြည်သူများသည် ရခိုင်ပြည်နယ် ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြားနှင့် အမ်း စသည့်မြို့နယ်တို့တွင်နေထိုင်ကြသူများဖြစ်ကြပြီး ယခုအခါ စစ်ဘေးရှောင်စခန်း၊ မြို့ပေါ်ဘုရားကျောင်းတို့တွင်နေထိုင်ကြပြီး တစ်ချိူ့မှာ မကွေးတိုင်းဒေသကြီးဘက်သို့ ထွက်ပြေးတိမ်းရှောင်သူများလည်းရှိ ကြသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် ချင်းရေးရာဝန်ကြီး ဦး ပုန်ဘွယ်ကို ဖုန်းဖြင့်အကြိမ်ကြိမ်ဆက်သွယ်ခဲ့ သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိ်ခဲပေ။

ရခိုင်ပြည်နယ် (၉) မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်သည် ယခုလက်ရှိတွင် အင်တာနက်ဆက်သွယ်ရေး လိုင်းများပိတ်ပင်ခံထားရသည့်အတွက် စစ်ဘေးရှောင်ပြည်သူများအနေဖြင့် လတ်တလောဖြစ်ပွားနေသော ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် ၁၉ နှင့်ပတ်သက်သော အသိပညာရေး ဗဟုသုတများသိရှိနိုင်ခြင်းမရှိကြောင်း ဆလိုင်းထွန်းလှကျော်ကပြောသည်။

“ရခိုင်ပြည်နယ်မှာ ကိုဗစ် ၁၉ နဲ့ပတ်သက်ပြီးတော့ ထိထိရောက်ရောက်လုပ်ပေးတာမရှိပေးဘူး အထူးသဖြင့် စစ်ဘေးရှောင်စခန်းတွေမှာပေါ့နော် အသိပညာပေးမှုတွေလုံးဝမရှိသေးတာတွေ့ရတယ်’’ ဟု ဆလိုင်းထွန်းလှကျော်က ပြောသည်။

ကိုဗစ် ၁၉ အတွက် ကျန်မာရေးအသိပညာပေးများ သတိပေးချက်များ အင်တာနက်မှတဆင့်အများပြည်သူများထံ အချိန်နှင့်ပြေးညီလျှင်မြန်စွာထုတ်ပြန်ပေးရန် အရေးတကြီးလိုအပ်နေသည့် ကာလတွင် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် တွင် အင်တာနက်လိုင်းများ ဖြတ်တောက်ခြင်းသည် လုံးဝသီးခံနိုင်စရာမရှိကြောင်း အရပ်ဘက်လူမှုအဖွဲ့အစည်း (၅၀) ကျော်က မတ်လ ၂၆ ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ထို့အပြင် ရောဂါကပ်ဆိုးကြုံတွေ့နေရသည့် ယနေ့လိုကာလမျိူးတွင် အသက်တမျှအရေးကြီးသော သတင်းအချက်အလက်များဖြတ်တောက်မှုကို ဆက်လက်ပြုလုပ်နေခြင်းသည် အလွန်ပင်လူသားစာနာမှုကင်းမဲ့သည့်လုပ်ရပ်ဖြစ်သည်ဟု အဆိုပါကြေညာချက်တွင်ဖော်ပြထားသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများပြင်းထန်လာခြင်းကြောင့် ချင်းစစ်ဘေးရှောင်များအတွက် လူသားချင်းစာနာထောက်ထားပံ့ပူးကူညီမှုနှင့် တစ်ကမ္ဘာလုံးတွင်ရင်ဆိုင်နေရသည့် ကိုဗစ် ၁၉ နှင့် ပတ်သက်သည့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများကို အလှူငွေအားဖြင့်သော်လည်းကောင်း နည်းပညာပိုင်းဖြင့်သော်လည်းကောင်း ဝိုင်းဝန်းပါဝင်ကူညီဖို့လိုအပ်သည်ဟုလည်း CUSR ဥက္ကဌ ဆလိုင်းထွန်းလှကျော်ကပြောသည်။

Photo Credit: CUSR

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တွန်းဇန်မြို့နယ်၊ ဒါးရ်ခိုင်ရွာဟောင်းတွင် ဘုရားကျောင်းအပါအဝင် လူနေအိမ် ၇ လုံး လောင်ကျွမ်းပြာကျ

ဇိုးတုန်နယ်တွင် တိုက်ပွဲဖြစ်ပွား စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံး

ထန်တလန်မြို့တွင် စစ်ကောင်စီတပ်သား ၆ ဦးကို ချင်းကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီး

Leave A Reply Cancel Reply

  • Featured Article
February 7, 2023

“ရွေးကောက်ပွဲရှိတာဟာ အခြေခံဥပဒေအရ အာဏာပြန်လွဲပြောင်းဖို့ လမ်းဖြစ်တယ်”

January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.