ချင်းတောင်သူများကွန်ယက်၏ ဦးဆောင်မှုဖြင့် ချင်းပြည်၊ ဖလမ်းမြို့နယ် ရိခေါဒါရ်မြို့တွင် ယနေ့ ဇွန်လ ၅ ရက်နေ့တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းနား ကျင်းပခဲ့ကြသည်ဟု သိရသည်။
ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားတွင် အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းဆရာ/မများ၊ လူငယ်များ၊ မိဘပြည်သူများ၊ ဒေသခံအုပ်ချုပ်ရေးအဖွဲ့များနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ စုစုပေါင်း ၁၅၀ ကျော် ပါဝင်တက်ရောက်ခဲ့ကြသည်ဟု သိရသည်။
အခမ်းအနားတွင် သဘာဝပတ်ဝန်းကျင်နှင့်သက်ဆိုင်သော ကဗျာရွတ်ဆိုပြိုင်ပွဲများ၊ ပန်းချီပြိုင်ပွဲများ၊ ဟောပြောခြင်းများ ပြုလုပ်နိုင်ခဲ့ကြကြောင်းသိရသည်။
ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အား နှစ်စဉ်နှစ်တိုင်း ဇွန်လ ၅ ရက်နေ့တွင် ကမ္ဘာတစ်ဝန်းလုံးတွင် ကျင်းပလေ့ရှိကြသည်။