• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ရိခေါ်ဒါရ်မြို့တွင် အစိုးရသက်တမ်းမကုန်မီ အဆင့်မြင့်ဈေးနှင့် ကားလေးကွင်း အပြီးတည်ဆောက်မည်ဟုဆို
ရိခေါ်ဒါရ်မြို့တွင် အစိုးရသက်တမ်းမကုန်မီ အဆင့်မြင့်ဈေးနှင့် ကားလေးကွင်း အပြီးတည်ဆောက်မည်ဟုဆို
0
By Editor on November 3, 2020 Khonumthung
#Unicode
နှင်းနှင်း – အိန္ဒိယ-မြန်မာနယ်စပ်အမှတ်(၂) ကုန်သွယ်ရေးစခန်းတည်ရှိရာ ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့တွင် လက်ရှိအစိုးရသက်တမ်းမကုန်မှီအတွင်း အဆင့်မြင့်စျေးနှင့် ကားလေးကွင်းတည်ဆောက်သွားမည်ဟု ရိခေါ်ဒါရ်မြို့ စည်ပင်ကော်မတီအဖွဲ့ဝင် ဦးဆလိုင်းသိန်းဌေးလွင်ကပြောသည်။
“ကျွန်တော်တို့ကို ပြည်နယ်ဝန်ကြီးချုပ်ကလည်းပြောတယ်၊ စည်ပင်ဝန်ကြီးနောက်ဆုံးအခေါက်လာ တော့လည်းအမှုတွဲကိုတော့ ၁၅ ရက်နဲ့ပြီးအောင်တည်ဆောက်ပါ၊ မတ်လမှာဖွင့်ပွဲလုပ်ရအောင် နောက်အ စိုးရကိုမလွဲခင်လေးမှာလို့ ပြောသွားတယ်။ ကျွန်တော်တို့လည်း လယ်ယာမြေသုံးစွဲခွင့်ရရှိဖို့အတွက်ကို မြို့ အုပ်ချုပ်ရေးမူးဦးဆောင်ပြီးတော့မှ လယ်ယာမြေခန့်ခွဲမှုးဦးစီးဌာနတွေအားလုံးအစီစဉ်တွေဆွဲပြီးတော့ ကော်မတီတွေပေါင်းပြီးတော့ အင်နဲ့အားလုပ်နေတယ်။ ခုရက်ပိုင်းတော့ ပြီးမယ်ထင်တယ်။ပြီးတာနဲ့ ချက်ချင်း ချင်းပြည်နယ်အစိုးရကိုပို့မယ်။ အခြားနည်းသုံးစွဲခွင့်လျှောက်မယ်။ ချင်းပြည်နယ်အစိုးရကဆုံးဖြတ် ပေးမယ်ဆိုရင် မြန်မှာပါ။” ဟု ဦးဆလိုင်းသိန်းဌေးလွင် ကပြောသည်။
ရိခေါ်ဒါရ်မြို့ အဆင့်မြင့်စျေးနှင့် ကားလေးကွင်းမှာ ယခုနှစ်ကုန်ပိုင်းတွင် စတင်တည်ဆောက် နိုင်ရန်အတွက်မြေပိုင်ရှင်များနှင့်ညှိနှိုင်းဆောင်ရွက်ပြီးဖြစ်ကာ လယ်ယာမြေကို အခြားနည်းဖြင့်အသုံး ပြုရန်လျှောက်ထားပြီး ခွင့်ပြုချက်ကျလာပါက အမြန်ဆုံး ကောင်အထည်ဖော်နိုင်ရန်အတွက်လုပ်ဆောင်သွွား မည်ဟု ရိ ပြန်ဆက်ဦးစီးမှုး ဦး လာလ်ပက်လောမ် ကပြောသည်။
“လယ်ယာမြေပိုင်တွေနဲ့ဒီကစည်ပင်ကော်မတီတွေနဲ့ အရောင်းအဝယ်စာချုပ်နဲ့လုပ်ပြီးပြီ ။ မြေနေရာက သူများမြေနေရာဖြစ်တဲ့အတွက်ပြည်ထောင်စုအဆင့်ထိလယ်ယာမြေကို အခြား သောနည်းဖြင့်အ သုံးပြုခွင့် ဆိုပြီးတော့လျှောက်ထားဖို့လုပ်နေတုန်းဖြစ်သေးတယ်။ ခုအဆင့်ထိတော့ မြေနေရာရရှိေ ရး ကိုဆောင်ရွက်သွားတာပါ။ ခုအမှုတွဲတွေဆောင်ရွက်တဲ့အပိုင်းကိုတော့ဆက်လုပ်မှာပေါ့” ဟုပြောသည်။
ရိခေါ်ဒါရ်မြို့သည့် နယ်စပ်မြို့တစ်မြို့သော်လည်း ပျံကျစျေးသာရှိပြီး အဆင့်မြင့်စျေးရှိလာပါက စျေးရောင်းဝယ်ရေးပိုင်းတွင် လည်း ပြည်သူများအတွက် ပိုမိုအဆင်ပြေလာမည်ဟု ယုံကြည်ကြောင်း ဦးဆလိုင်းသိန်းဌေးလွင်ကပြောသည်။
“ချင်းပြည်နယ်အစိုးရအတွက်တော့ ဝင်ငွေက ရိဒေသဖြစ်နေတယ် ၊ရိက ဝင်ထွက်ပေါက်ဖြစ် နေတယ်။ အဆင့်မြင့်စျေးကို လုပ်ခြင်းအားဖြင့် ပထမတုန်းကအဆင့်မြင့်စျေးတွေ တိတိကျကျ မရှိတော့ တဖက်ကမ်းရဲ့ကူးသန်းရောင်းဝယ်ရေးနဲ့ပက်သက်ပြီးကျွန်တော်တို့ဖက် အနှိမ်ခံရတာမျိုးရှိတယ်။ အကြွေးပဲပေးရတယ် အကြွေးကျတယ် ၊ပထမတခေါက်ပဲပေးနိုင််တယ်နောက်တခေါက်ကျမှပဲ အကြွေးကတောင်းလို့ရတယ်။” ဟုသူကပြောသည်။
ရိခေါ်ဒါရ်မြို့ရှိ အဆင့်မြင့်စျေးနှင့့် ကားလေးကွင်းမှာ အမှတ်(၁) ရပ်ကွက်နှင့် အမှတ်(၂) ရပ်ကွက်နှစ်ခုကြားတွင် တည်ဆောက်ရန်လျာထားပြီး တည်ဆောက်ပြီးပါက ပြည်သူများအတွက် အလွယ်တကူ ကူးသန်းရောင်းဝယ်ရန် နှင့် အဖက်ဖက်တွင် အဆင်ပြေစွာအကျိုးပြုမည့်ဆောက်လုပ်ရေး စီမံကိန်းဖြစ်သည်ဟုသိရသည်။
#Zawgyi
အိန္ဒိယ-မြန်မာနယ်စပ်အမှတ်(၂) ကုန်သွယ်ရေးစခန်းတည်ရှိရာ ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့တွင် လက်ရှိအစိုးရသက်တမ်းမကုန်မှီအတွင်း အဆင့်မြင့်ဈေးနှင့် ကားလေးကွင်းတည်ဆောက်သွားမည်ဟု ရိခေါ်ဒါရ်မြို့ စည်ပင်ကော်မတီအဖွဲ့ဝင် ဦးဆလိုင်းသိန်းဌေးလွင်ကပြောသည်။ 
ရိခေါ်ဒါရ်မြို့ အဆင့်မြင့်ဈေးနှင့် ကားလေးကွင်းမှာ ယခုနှစ်ကုန်ပိုင်းတွင် စတင်တည်ဆောက် နိုင်ရန်အတွက်မြေပိုင်ရှင်များနှင့်ညှိနှိုင်းဆောင်ရွက်ပြီးဖြစ်ကာ လယ်ယာမြေကို အခြားနည်းဖြင့်အသုံး ပြုရန်လျှောက်ထားပြီး ခွင့်ပြုချက်ကျလာပါက အမြန်ဆုံး ကောင်အထည်ဖော်နိုင်ရန်အတွက်လုပ်ဆောင်သွား မည်ဟု ရိ ပြန်ဆက်ဦးစီးမှုး ဦး လာလ်ပက်လောမ် ကပြောသည်။ 
ရိခေါ်ဒါရ်မြို့သည့် နယ်စပ်မြို့တစ်မြို့သော်လည်း ပျံကျဈေးသာရှိပြီး အဆင့်မြင့်ဈေးရှိလာပါက ဈေးရောင်းဝယ်ရေးပိုင်းတွင် လည်း ပြည်သူများအတွက် ပိုမိုအဆင်ပြေလာမည်ဟု ယုံကြည်ကြောင်း ဦးဆလိုင်းသိန်းဌေးလွင်ကပြောသည်။ 
ရိခေါ်ဒါရ်မြို့ရှိ အဆင့်မြင့်ဈေးနှင့် ကားလေးကွင်းမှာ အမှတ်(၁) ရပ်ကွက်နှင့် အမှတ်(၂) ရပ်ကွက်နှစ်ခုကြားတွင် တည်ဆောက်ရန်လျာထားပြီး တည်ဆောက်ပြီးပါက ပြည်သူများအတွက် အလွယ်တကူ ကူးသန်းရောင်းဝယ်ရန် နှင့် အဖက်ဖက်တွင် အဆင်ပြေစွာအကျိုးပြုမည့်ဆောက်လုပ်ရေး စီမံကိန်းဖြစ်သည်ဟုသိရသည်။ 
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website
Related Posts
လက်နက်ကြီးကြောင့် ၃ နှစ်ရွယ်ကလေးငယ်တစ်ဦးအပါအဝင် လူ ၄ ဦးဒဏ်ရာရ
ချင်း-လူရှိုင်း-ကူကီးမျိူးနွယ်များ အုပ်ချုပ်မှုတစ်ခုအောက်မှာ ပြန်လည်စုစည်းနေထိုင်ရေး ဆောင်ရွက်မည်ဟုဆို
တီးတိန်မြို့နယ် တက်လွေး TeekLui ကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်ပြာကျ
Leave A Reply Cancel Reply
  • Featured Article
May 24, 2023
“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”
April 27, 2023
ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်
April 14, 2023
အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)
April 14, 2023
“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”
Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.
Type above and press Enter to search. Press Esc to cancel.