ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ပါတီဥက္ကဌ ဦးငိုင်ဆာခ်နှင့် အင်တာဗျူး
အရပ်သားအစိုးရထံကနေ အာဏာသိမ်းယူခဲ့တဲ့ စစ်ကောင်စီက ဒီနှစ်ထဲမှာ ရွေးကောက်ပွဲကျင်းပပြုလုပ်ဖို့ ပြင်ဆင်တဲ့အနေနဲ့ တနိုင်ငံလုံးမှာ လူဦးရေသန်ခေါင်စာရင်းတွေ လိုက်လံကောက်ခံမှုတွေ လုပ်ဆောင်ခဲ့သလို ဇန်နဝါရီလ ၂၆ ရက်နေ့ကလည်း နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း ဥပဒေတွေ ထုတ်ပြန်လိုက်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီဟာ နောက်ထပ် ၆ လ အာဏာသက်တမ်းထပ်တိုးလိုက်ပြီး စစ်ရေးတင်းမာနေတဲ့ ချင်းပြည်နယ်အပါအဝင် မြို့နယ် ၃၇ မြို့နယ်မှာ လုံခြုံရေး၊ တရား ဥပဒေစိုးမိုးရေးနဲ့ နယ်မြေအေးချမ်းသာယာရေးကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက်ဆိုပြီး ဖေဖော်ဝါရီလ ၂ ရက်နေ့က Martial Law လို့ခေါ်တဲ့ စစ်အုပ်ချုပ်ရေး ကြေညာလိုက်ပါတယ်။
ဒီလိုအခြေအနေမျိုးမှာ စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲကျင်းပနိုင်ပါ့မလား၊ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအပေါ် ဘယ်လိုသဘောထားရှိပါလဲ။ ချင်းပါတီရဲ့ အနာဂတ်ရှေ့အလားလာကကော်ဘယ်လိုရှိပါသလဲ။ လက်ရှိနိုင်ငံရေးအခြေအနေ အထူး သဖြင့် ချင်းပြည်နယ်အရေးကိစ္စနဲ့ ပတ်သက်ပြီး ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ပါတီဥက္ကဌ ဦးငိုင်ဆာခ်၏ သဘောထားအမြင်ကို ခိုနူမ်းသုန်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ။ ပထမဦးဆုံးအနေနဲ့ စစ်ကောင်စီကနေ ကျင်းပပြုလုပ်ဖို့စီစဉ်နေတဲ့ ရွေးကောက်ပွဲအပေါ် ဆရာ့အမြင် သိချင်ပါတယ်။
ဖြေ။ ။ ရွေးကောက်ပွဲကတော့ သူတို့အခြေခံဥပဒေအရ သူတို့ထွက်ပေါက်တခုရချင်ရင်တော့ ရွေးကောက်ပွဲမလုပ်ရင်မ ရဘူးလေ။ သူတို့ကအခြေခံဥပဒေအရ အာဏာထိန်းတယ်လို့ပြောတဲ့အတွက်ကြောင့် ဒါကအခြေခံဥပဒေအရ အာဏာ ထိန်းတယ်ဆိုရင်တော့ အာဏာပြန်ကိုလွဲကိုလွဲရမယ်၊ အဲ့လိုလွဲရမယ့်အတွက်ကြောင့် ရွေးကောက်ပွဲဆိုတာကတော့ မလုပ်လို့မှမရတာ၊ လုပ်ရမှာပဲလေ၊ အဲ့အတွက်ကြောင့် အဲ့ဒီအပေါ်မှာ သူလုပ်သင့်လုပ်ထိုက်ရာကို သူပြင်ဆင်တ ယ်လို့မြင်တယ်။ အခြေခံဥပဒေအရ အာဏာထိန်းတယ်လို့ပြောတာ တကယ်လို့သူကအခြေခံဥပဒေအရ အာဏာ မထိန်းဘူးဆိုရင်တော့ အာဏာသိမ်းတာဖြစ်သွားပြီးတော့ အကန့်အသတ်မရှိပဲနဲ့ ကြာမြင့်သွားနိုင်တယ်။ ဒါကြောင့် ရွေးကောက်ပွဲရှိတာဟာ အခြေခံဥပဒေအရ အာဏာပြန်လွဲပြောင်းဖို့ လမ်းဖြစ်တယ်လို့ပြောချင်တယ်။
မေး။ ။ စစ်ကောင်စီက ထုတ်ပြန်လိုက်တဲ့ နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း ဥပဒေအပေါ်မှာ ဘယ်လိုများသုံးသပ်ချင်ပါလဲ။
ဖြေ။ ။ ဒီဥပဒေက သူတို့ နစက ဥက္ကဌပြောတာတော့ နိုင်ငံရေးပါတီတွေများလွန်းတယ်။ များလွန်းတဲ့အတွက်ကြောင့် နိုင်ငံရေးပါတီအင်အားတောင့်တင်းအောင်ရည်ရွယ်တယ်ဆိုပြီးတော့ပြောထားတာတော့ကြားတယ်။ သို့သော် ဒီလို တိုင်းပြည်မငြိမ်မသက်နဲ့ တပြည်လုံးမှာတောင်မှ အားလုံးကိုငြိမ်သက်အောင်မထိန်းချုပ်နိုင်တဲ့အနေအထားမှာ ဒီနိုင်ငံ ရေးပါတီဥပဒေအသစ်ကို ပြန်ပြဌာန်းမယ်၊ လူဦးရေစုဆောင်းတာတွေ၊ ပြည်ထောင်စုအဆင့်ဆိုရင် ဒါပါတီဝင် တစ်သိန်း ပေါ့၊ ပြည်နယ်ဆိုရင် တစ်ထောင်စသဖြင့် ဒါတွေသတ်မှတ်လိုက်တာဟာ ပုံမှန်တိုင်းပြည်ကောင်းနေတဲ့အချိန်၊ ပုံမှန်အချိန်တွေမှာ တော့ ပြဿနာမရှိဘူး၊ အခက်အခဲမရှိနိုင်ဘူး၊ ဒါပေမယ့်ဒီလိုမျိုးတိုင်းပြည်ငြိမ်သက်အောင် အခုပဲ မာရှယ်လောထုတ်ပြန်တဲ့ နေရာ ၃၇ မြို့နယ်ရှိတယ်ဆိုတော့ ဒီလိုမျိုးရှိတဲ့အနေအထားမှာ ဒီလိုမျိုးဥပဒေသွားပြဌာန်းလိုက် တော့ ကျွန်တော်တို့ ဥပမာအားဖြင့်- ချင်းပြည်နယ်လိုမျိုးဆိုရင် ဘယ်လိုမှပါတီကို မှတ်ပုံတင်မယ်ဆိုရင် ပါတီဝင်အင်းအား ကို စည်းရုံးနိုင်တဲ့အနေအထားကိုမရှိဘူး၊ ဘယ်လိုမှမဖြစ်နိုင်ဘူး။ ဒီလိုမဖြစ်နိုင်တဲ့အနေအထားမှာဒီနိုင်ငံရေးပါတီဥပဒေ ပြဌာန်းတဲ့တာဆိုရင် တော်တော်လေးဒါဟာ ပါတီတွေအတွက်လည်းကောင်း၊ တိုင်းပြည်အတွက်သော်လည်းကောင်း၊ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်တဲ့နည်းလမ်းကို အကန့်အသတ်နဲ့ ဘောင်ကျဉ်းစေတာပေါ့။
တကယ်တော့ အမှန်တိုင်းပြောရရင် ရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့ဟာက ဒီမိုကရေစီရဲ့ကျင့်စဉ်၊ ပါတီအားလုံးလည်း ယှဉ်ပြိုင်နိုင်ခွင့်ကို ဒီအခြေအနေမှာဖန်တီးပေးရမယ် ဒါဟာ နိုင်ငံရေးနည်းလမ်းကိုအားပေးတာ၊ ဆိုတော့ ပါတီတွေကို ကန့်သတ်လိုက်တာက ပုံမှန်အနေအထားမဟုတ်တဲ့အတွက်ကြောင့် ပါတီတွေအနေနဲ့ အကုန်အများစုက ပျက်ပြ ယ်သွားနိုင်တယ်၊ ပျက်ပြယ်သွားပြီဆိုရင် ရွေးကောက်ပွဲလုပ်ချင်ပါတယ်ဆိုတဲ့ရည်ရွယ်ချက်ကလည်း အလိုအလျောက်က န့်သတ်ပြီးတော့ ဘောင်ကျဉ်းစေတာရောက်တယ်၊ ဒါကြောင့် နိုင်ငံရေးပါတီဥပဒေကတော့ လက်ရှိအနေအထားမှာ ပါတီတွေအတွက် နိုင်ငံရေးနည်းလမ်းအားဖြင့် ပြဿနာတွေကို ဖြေရှင်းမယ်ဆိုတဲ့ပါတီတွေ၊ နိုင်ငံရေးသမားတွေ၊ ဒီမိုကရေစီသမားတွေ၊ ဖယ်ဒရယ်သမားတွေအတွက်ကတော့ ဘောင်ကျဉ်းထဲကို ရောက်သွားတယ်လို့ပြောချင်တယ်။
မေး။ ။ ဆရာတို့ပါတီအနေနဲ့ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီ မှတ်ပုံတင်ပြီး ဝင်ရောက်ယှဉ်ပြိုင်ဖို့ရှိလား။
ဖြေ။ ။ ဒါကတော့ပါတီအတွင်းပြန်သုံးသပ်ရမယ်၊ တကယ်တော့ ပါတီက ဥပဒေစည်းဝေးကနေဆုံးဖြတ်ရမယ်၊ မနေ့ကတော့ ဥပဒေစည်းဝေးထိုင်ပါတယ် ဒါပေမယ့် အလွတ်သဘောဆွေးနွေးတဲ့အနေအထားမှာရှိသေးတယ်။ ဆိုတော့ အခုက ပါတီမှတ်ပုံမတင်ဘူးဆိုရင် ရက်ပေါင်း ၆၀ အတွင်းမှာ ပျက်ပြယ်မယ်ပေါ့အလိုအလျောက် မတ်လ ၂၈ လောက်ဆိုရင် ပါတီက အလိုအလျောက်ပျက်ပြယ်သွားမယ် ကျန်တဲ့မျိုးနွယ်စုပါတီလေးတွေတော့ရှိနိုင်တယ်။ ဒါပေမယ့် ချင်းအမျိုးသားတခုလုံးကို ကိုယ်စားပြုတဲ့ပါတီက ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ပဲရှိတယ်၊ ဆိုတဲ့အခါကျတော့ CNLD ကမှတ်ပုံမတင်တဲ့ အခါကျရင် ကျွန်တော်တို့အလိုအလျောက်ပျက်ပြယ်သွားမယ် ဒါဆိုရင် လူမျိုးတမျိုးအနေနဲ့ ဘယ်နိုင်ငံရေးအကျပ်အတည်း မျိုးမှာမဆို ဘယ်လောက်ပဲကြမ်းတမ်းနေပါစေ၊ ဘယ်လောက်ပဲချောမွေ့နေပါစေ လူမျိုးတမျိုး အနေနဲ့ ပါတီနည်းလမ်းကနေ၊ နိုင်ငံရေးနည်းလမ်းကနေ လူမျိုးတမျိုးကို ဦးဆောင်မှုပေးဖို့ ဆွေးနွေးတိုင်ပင်ဖို့၊ ပြည်သူကို လှမ်းစကားပြောဖို့က ပါတီတခု လိုကိုလိုတာဆိုတော့ မရှိလို့မဖြစ်ဘူး။
ဆိုတော့မှတ်ပုံတင်ဥပဒေအရ ပျက်ပြယ်သွားမယ်ဆိုရင် ချင်းလူမျိုးမှာ ပါတီမရှိဘူး၊ နိုင်ငံရေးပါတီမရှိရင် ဦးဆောင်မယ့် ချင်းလူမျိုးကိုယ်စားပြောမယ့် တရားဝင်လမ်းကြောင်းမရှိသလိုဖြစ်သွားမယ် ဒါကိုတော့အလေးအနက်စဉ်းစားရမှာဖြစ်တယ်၊ ဒါပေမယ့် မှတ်ပုံတင်ဖို့၊ မတင်ဖို့ကတော့ မဆုံးဖြတ်ရသေးပါဘူး။ ဒီမှာက ထည့်စဉ်းစားရမှာက ရွေးကောက်ပွဲဝင်တာ၊ မဝင်တာနဲ့ မသက်ဆိုင်ပါဘူး၊ ပါတီတခုဆိုတာက ရွေးကောက်ပွဲဝင်ပြီးတော့အမတ်ဖြစ်မှ လူမျိုးအတွက် အမျိုးသားရေး အတွက် လုပ်နိုင်တာမဟုတ်ဘူး၊ ရွေးကောက်ပွဲမဝင်ဘဲနဲ့ တရားဝင်ရပ်တည်နိုင်တယ်ဆိုရင် အမျိုးသားရေးကိစ္စ၊ လူမျိုးရေး ကိစ္စ၊ ပြည်ထောင်စုအတွင်းကိစ္စကို ပါတီအားကနေပြောဆိုနိုင်တဲ့ အခွင့်အလမ်းတွေရှိမှာဖြစ်တဲ့အတွက်ကြောင့် ပါတီက ေတာ့ ချင်းလူမျိုးအတွက် အမျိုးသားဦးဆောင်ပါတီကတော့ လိုကိုလိုတယ်လို့ပြောချင်တယ်။
မေး။ ။ ယခုလက်ရှိနိုင်ငံရေး စစ်ရေးအခြေအနေအရ ရွေးကောက်ပွဲကျင်းပဖို့ဆိုတာဖြစ်နိုင်ပါ့မလား။ ဒီလိုအခြေအနေမျိုးမှာ ကျင်းပသင့်ရဲ့လား ဘယ်လိုမြင်လဲ။
ဖြေ။ ။ ရွေးကောက်ပွဲက ကျင်းပဖို့အတွက်တော့ ဖြစ်နိုင်တာပေါ့၊ အခုမြန်မာနိုင်ငံတခုလုံးမှာ မာရှယ်လော ပြဌာန်းထားတဲ့ စစ်အုပ်ချုပ်ရေးနယ်မြေထုတ်ပြန်ထားတဲ့မြို့က ၃၇ မြို့နယ်ရှိတယ်။ ကျန်တဲ့ ၂၉၀ ကျော်မြို့နယ်တွေက ရွေးကောက်ပွဲလုပ် နိုင်တယ်လို့ သုံးသပ်တဲ့အနေအထားမှာရှိတယ်။ ဆိုတော့ လုပ်မယ်ဆိုရင်တော့ အားလုံးတပြည်လုံး မဟုတ်ရင်တောင်မှ လုပ်နိုင်မှာပါ။ ပြီးခဲ့တဲ့ ၂၀၁၀၊ ၂၀၁၅-၂၀၂၀ မှာရော ရွေးကောက်ပွဲတကယ်လုပ်နိုင်တာက မြို့နယ်အပြည့်မဟုတ်ဘူး၊ လျှော့တဲ့နေရာကလည်းလျှော့တယ် မလုပ်နိုင်တဲ့နေရာတွေရှိတယ်၊ ဆိုတော့ တကယ်တော့ လုပ်မယ်ဆိုရင်တော့ အများစု နေရာမှာတော့ သူတို့လုပ်နိုင်ခြေရှိတယ်လို့သုံးသပ်ထားပုံရတယ်။ အဲ့တော့ကျန်တဲ့မြို့နယ်အ များစု ချင်းပြည်နယ်လိုမျိုး၊ ကယားပြည်နယ်လိုမျိုး၊ စစ်ကိုင်းအထက်ပိုင်းလိုမျိုးမဟုတ်ပဲနဲ့ ကျန်တဲ့ဒေသမှာတော့ လုပ်နိုင်မယ်လို့မြင်တယ်။ သို့သော်လုပ်နိုင်လိမ့်မယ်လို့ပြောတဲ့အပိုင်းမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လုပ်နိုင်လိမ့်မယ်ဆိုတာ ကတော့ မှတ်ချက်ချဖို့ခက်တယ်။ အခုအနေအထားအတိုင်းဆိုရင်တော့ ငြိမ်းငြိမ်းချမ်းချမ်းတော့မထင်ဘူး၊ ဒါပေမယ့် လုပ်မယ်ဆိုရင်တော့ လုံခြုံရေးအပြည့်နဲ့ ဆိုရင် သူတို့လုပ်နိုင်လိမ့်မယ်လို့ မြင်တယ်။
မေး။ ။ စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပခြင်းအားဖြင့် လက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့ စစ်ရေးအခြေအနေကို ဖြေရှင်းနိုင်ပါ့မလား။
ဖြေ။ ။ ၂ ပိုင်းရှိတယ်၊ ကျွန်တော်တို့ နိုင်ငံရေးကို နိုင်ငံရေးအတိုင်းပဲတွေးမှရမယ်၊ စိတ်ခံစားမှုကိုသိပ်ပြီးတော့ဦးစားပေး လို့မရဘူး။ မကြိုက်တာကမကြိုက်တာ၊ ဖြစ်နိုင်တာနဲ့ဖြစ်နိုင်ခြေရှိတာက တကယ်နိုင်ငံရေးသမားတိုင်းက အတွေ့အကြုံ ရှိတဲ့နိုင်ငံရေးသမားတိုင်းက ပြောရဲဖို့နဲ့ မြင်တတ်ဖို့တော့လိုမယ်။ ဥပမာအားဖြင့် ကျွန်တော်တို့အခုအခြေခံဥပဒေက ပုဒ်မ ၄၂၅ အရသူတို့ကထပ်တိုးတယ်၊ အဓိပ္ပယ်ဖွင့်ဆိုချက်အားဖြင့်၊ သာမာန်အားဖြင့်ဆိုတဲ့ဟာက အမှန်ဆိုရင်တော့ အချိန်ပိုင်း ကိုပဲကိုယ်စားပြုတာ၊ သာမာန်အားဖြင့်ဆိုတာက ဝိသေသနပြုတာ အချိန်ကိုပဲကိုယ်စားပြုတာ၊ အချိန်ကိုပဲအထူးဝိသေသ နပြုတာ ဒါပေမယ့် နိုင်ငံရေးသမားတချို့တွေကလည်း အခြေအနေကို သာမာန်အားဖြင့် ရည်ညွန်းတဲ့ပုံစံမျိုး၊ ဥပဒေသမား မဟုတ်တဲ့သူတွေကလည်း ဒီလိုမျိုးအဓိပ္ပာယ်ဖွင့်ကြတာ အဲ့တော့ခုအားလုံးက ဒီလိုပဲသံယောင်လိုက်ပြီးဒီလိုပဲပြောဆိုနေကြ တာပေါ့။
ဆိုတော့ အခုအနေအထားမှာ ကျွန်တော်တို့ တကယ်လို့ နစကကနေ ရွေးကောက်ပွဲမလုပ်ဘူးဆိုရင်တော့ နစက က အာဏာကိုလုံးဝသိမ်းသွားမယ်၊ သိမ်းသွားပြီဆိုရင် ကျွန်တော်တို့နိုင်ငံရေးဟာ ရွေးကောက်ပွဲအရမဟုတ်ရင် ထွက် ပေါက်မရှိဘူး၊ ထွက်ပေါက်မရှိတဲ့အခါကျတော့ နဝတခေတ်လို ၁၅ နှစ်ကြာအုံးမလား၊ နှစ် ၂၀ ကြာအုံးမလား ခန့်မှန်းရ တော်တော်ခက်တယ် ဒါက အခြေအနေ၊ တကယ်လို့ရွေးကောက်ပွဲလုပ်မယ်ဆိုရင် သူတို့ဘယ်လောက်အထိ အောင်မြင် အောင် အရွေးခံရတဲ့လူတွေက လုပ်နိုင်မလဲဆိုတာက ကျွန်တော်တို့ကျန်တဲ့အတိုက်အခံတွေရဲ့ လုပ်ဆောင်ချက်တွေ အပေါ်မှာလည်းအများကြီးမှုတည်သလို၊ သူတို့ ဦးဆောင်တဲ့ပါတီတွေအပေါ်မှာလည်း အများကြီးမှုတည်မယ်ပေါ့။ ဆိုတော့ ရွေးကောက်ပွဲလုပ်နိုင်မယ်ဆိုရင် အာဏာလွဲပြောင်းမှုရှိလာမယ်၊ အဲ့အာဏာလွဲပြောင်းမှုရှိပြီဆိုရင်တော့ ကျွန်တော်တို့ ယခင်အတိုင်းမဟုတ်ရင်တောင်မှ တပ်မတော်က အခု (၁၀၀) မှာ (၁၀၀) ချုပ်ကိုင်တဲ့ပုံစံထက် အခြေအနေကပြောင်းလဲ သွားမယ်၊ ရွေးကောက်ပွဲမရှိပဲနဲ့တော့ ဒီလိုမျိုးပြောင်းလဲနိုင်မှာမဟုတ်ဘူး ဒါကြောင့် ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ တပ်မတော်အတွက် သူတို့ရဲ့အာဏာလွဲပြောင်းနိုင်အောင်တပ်မတော်ရဲ့အခန်းကဏ္ဍကို အားလုံးမဟုတ်ရင်တောင်မှ လက်ရှိ အခြေခံဥပဒေအရ ပြန်ပြီးတော့ ဖြစ်စေချင်ရင်တော့ ရွေးကောက်ပွဲလုပ်ကိုလုပ်ရမှာပဲ။
ဆိုတော့ တဖက်ကတော့ ပြောစရာရှိတာပေါ့ အတိုက်ခံတွေက ကျွန်တော်တို့ပြတ်အောင်တိုက်မယ် ပြုတ်အောင်တိုက်မယ် ဟုတ်တာပေါ့ သူတို့ရည် မှန်းချက်ကလည်း ဒီလိုပဲထားကြတာကိုး၊ ဒါပေမယ့် အပြတ်တိုက်နိုင်တာ မတိုက်နိုင်တာတွေလည်း ကျွန်တော်တို့ ပြောလို့မရဘူး၊ ကျွန်တော့်အမြင်ကတော့ တပ်မတော်ကလည်း သူူတို့ကိုအပြတ်ချေမှုန်းဖို့ ပိုခက်ခဲ သလို၊ အတိုက်ခံတွေကလည်း တပ်မတော်ကို အပြတ်ချေမှုန်းဖို့ကတော့ အခက်အခဲများရှိပြီးတော့ ကြာလာတဲ့ အခါကြတော့ တိုင်းပြည်က တော်တော်လေးကို ဒီလိုနဲ့ယက်ကန်ယက်ကန်နဲ့နှစ်ပေါင်းအများကြီးကြာသွား မလားဆိုတာတော့ စိတ်ပူတယ်။
မေး။ ။ လက်ရှိအခြေအနေကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုနည်းလမ်းရှာဖွေဖြေရှင်းသင့်လဲ။
ဖြေ။ ။ ဒီအချိန်မှာတော့ နိုင်ငံရေးသမားတွေလည်း တော်တော်လည်းခေါင်းခဲတယ်၊ ဒီလိုဖြစ်နိုင်တယ်၊ ဒီလိုဖြစ်သင့် တယ်ဆိုတဲ့ဟာကလည်း ဒီအချိန်မှာ အဖြေထုတ်ရတာကလည်း ခက်တယ်၊ ကျွန်တော်တို့သုံးသပ်ချက်နဲ့ပြောရပြန်ရင်လည်း ပဲ ဒီအချိန်မှာ ဝိုင်းဆဲဖို့ပဲတတ်ကြတာ ဝိုင်းဆဲကြမှာ ခံယူချက်မတူရင်။ တကယ်တမ်းပြောရင်တော့ ဒီအချိန်မှာ နိုင်ငံရေး အရတော့ ဒီလိုအီလည်လည်ဖြစ်နေတဲ့ဟာကို ဖြေရှင်းဖို့ ဘာပဲဖြစ်ဖြစ် နိုင်ငံရေးနည်းလမ်းကတော့လိုတယ်။ တွေ့ဆုံ ဖို့တော့ လိုနေပြီဆိုတာကတော့ သေချာတယ်၊ တွေ့ဆုံမှုမရှိပဲနဲ့တော့ ထွက်ပေါက်နည်းလမ်းရမယ်လို့မတွေ့ဘူး၊ ဥပမာ-ခုန ရွေးကောက်ပွဲဆိုတာလည်း တွေ့ဆုံပွဲအတွက် အဖြေတခုအရင်ထွက်မလားဆိုတဲ့မျော်လင့်ချက်ဖြစ်တယ်။ ဆိုတော့ ရွေးကောက်ပွဲပြီးအောင်လုပ်သည်ဖြစ်စေ၊ အဲ့ဒီအရွေးခံရတဲ့ခေါင်းဆောင်တွေနဲ့၊ နိုင်ငံခေါင်းဆောင်တွေနဲ့၊ အခုအတိုက်ခံ ဖြစ်နေတဲ့ခေါင်းဆောင်ကြီးတွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှု တန်းတူညီတူတွေ့ဆုံမှု မရှိပဲနဲ့တော့ ဒီပြဿ နာဟာ ငြိမ်းအေးဖွယ်မရှိဘူး၊ ဒါကြောင့် နောက်ဆုံးအဖြေက ကျွန်တော့် ပုဂ္ဂိုလ်ရေးအရေပြောရ မယ်ဆိုရင်တော့ တွေ့ဆုံ ဆွေးနွေးပွဲကတော့ လိုကိုလိုတယ်။ တွေ့ဆုံဆွေးနွေးပွဲမရှိပဲနဲ့ အဖြေကထွက်တော့ထွက်လာနိုင်တယ်အချိန်က အများကြီး စောင့်ရမလားမသိဘူး ဒါလည်းမသေချာပါဘူး။ အဲ့ဒါဆိုတော့ တကယ်လို့နောင်တချိန်ချိန်မှာ နှစ်ပေါင်းမြောက်များစွာမှ အဖြေထွက်ရင်လည်းပဲ တွေ့ဆုံဖို့ပြန်လိုနေမှာပါ၊ တွေ့ဆုံမှုမရှိပဲနဲ့တော့ ပြည်ထောင်စုနိုင်ငံတော်က ကျွန်တော်တို့ မျော်မှန်းထားတဲ့ နိုင်ငံတော်က ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုက ဖြစ်ကိုဖြစ်ဖို့ခက်ခဲမယ် ဒါပဲပြောချင်ပါတယ်။
မေး။ ။ လက်ရှိ ချင်းပြည်နယ်ရဲ့အခြေအနေကိုကြည့်လိုက်ရင် ဆရာအနေနဲ့ ဘယ်လိုခံစားရလဲ၊ ဘာများပြောချင်လဲ။
ဖြေ။ ။ လက်ရှိချင်းပြည်နယ်မှာ အခြေအနေက ပြည်သူလူထုကလည်း တော်တော်ပေးဆပ်ကြရပြီ၊ လူငယ်တွေလည်း တော်တော်ပေးဆပ်ကြရပြီ၊ စိတ်မကောင်းဘူး၊ တဖက် တပ်မတော်ဖက်ကလည်း အထိုက်အလျောက်ပေးဆပ်ကြရတာပဲ၊ အထူးသဖြင့် ပြည်သူလူထုကတော်တော်လေး ခံစားကြရတာပေါ့၊ တော်လှန်ရေးတခုမှာ ဒီလိုတွေဖြစ်တတ်တယ်ဆိုတဲ့ သဘောတော့ ပြောလို့ရတယ်။ သို့သော် ကျန်တဲ့တပြည်လုံးမှာ ပြိုင်တူဒီလိုမျိုးလုပ်ဆောင်တာမျိုးမဟုတ်ပဲနဲ့ ကျွန်တော်တို့ ချင်းပြည်နယ်ရဲ့ ၉ မြို့နယ်ထဲမှာ ၉ မြို့နယ်နီးပါးစလုံးကခံရတာတော့ တော်တော်လေး စိတ်မကောင်းဖြစ်ရတာပေါ့၊ ဒါက ခေါင်းဆောင်ပိုင်းတွေက တော်တော်စဉ်းစားရမယ့်အပိုင်းပါ။ ခံစားချက်နဲ့စဉ်းစားဖို့မဟုတ်ဘူး ဦးနှောက်နဲ့ စဉ်းစားပြီးတော့ နိုင်ငံရေး နည်းလမ်းနဲ့တွက်ချက်ရမယ်၊ အမျိုးသားရေးလမ်းကြောင်း၊ အမျိုးသားရေးနဲ့တွေးတဲ့အခါမှာ ခံစားချက်ကို သိပ်ပြီးတော့ ဦးစားပေးလို့မရဘူး၊ ဆိုတော့ အခုဒီမှာ ကျွန်တော်တို့အမျိုးသားရေးစိတ်ဓာတ်ကတော်တော် မြင့်တယ်၊ ပြင်းထန်တယ်၊ ဒီလိုပြင်းထန်တဲ့အပိုင်းကို ခေါင်းဆောင်လုပ်တဲ့သူက ချိန်ဆပြီးတော့ မှန်ကန်တဲ့လမ်းကြောင်း၊ ဖြစ်နိုင်ရင် တော့ အကောင်းဆုံးနည်းလမ်းကို ဦးဆောင်မှုတော့ ပေးသင့်နေပြီ ဒါကတော့ အရေးကြီးမယ်ထင်တယ်၊ လောလော ဆယ်အနေအထားမှာတော့ ပြည်သူလူထုကလည်း အခုစစ်အုပ်ချုပ်ရေးကြေညာလိုက်တော့ ပိုလို့တောင်ဆိုးမယ်။
ဥပမာ- အုပ်ချုပ်ရေးရော တရားစီရင်ရေးရော အကုန်လုံးကိုင်ထားပြီးပြီ အရင်က တပ်မတော်က ကာကွယ်ရေးနဲ့ လုံခြုံရေးကို ကိုင်တယ်၊ အခုက အုပ်ချုပ်ရေးတရားစီရင်ရေးအထိပါ ကိုင်လာတဲ့အခါကျတော့ တော်တော်လေးစိုးရိမ်တယ် စိတ်ပူ တယ် ညအိပ်လို့တောင်မရဘူး၊ ဆိုတော့ ကျန်တဲ့ပြည်နယ်နဲ့တိုင်းမှာကြတော့ ပြည်နယ်ရဲ့သေးသေးလေးလောက်ပဲ၊ သူ့တို့ပြည်နယ်ရဲ့လေးပုံတစ်ပုံတောင်မရှိဘူး၊ ကျွန်တော်တို့ ချင်းတောင်မှာတော့ တခါတည်းကို ၇၀ ရာခိုင်းနှုန်းကျော်က မင်းတပ်နဲ့ ပလက်ဝ မှ လွဲလို့ဆိုတော့ တော်တော်လေး ပြည်သူလူထုကခံစားကြအုံးမယ်၊ ကျွန်တော်လည်း စိတ်မေ ကာင်းဖြစ်ရတယ်။ ဆိုတော့ ဒါကိုကျွန်တော်တို့ အကောင်းဆုံးနဲ့ အထိရောက်ဆုံးဖြစ်အောင်ဘယ်လိုလုပ်မလဲ အသက်သာဆုံးနဲ့ဖြစ်အောင်ဘယ်လိုလုပ်မလဲဆိုတာ စဉ်းစားရမှာပေါ့၊ တကယ်တော့ ကျွန်တော်တို့က လုပ်ဆောင်တဲ့ လူတွေက ပြည်ထောင်စု ကျွန်တော်တို့ ချင်းအမျိုးသား ဖယ်ဒရယ်နဲ့ ဒီမိုကရေစီ တန်းတူရေးအတွက်ကော ဟုတ်သလား ဆိုတာ အဓိက အရေးကြီးတယ်၊ အဲ့ရည်မှန်းချက်အတွက် ကြိုးတော့ကြိုးစားရမယ်။ ဒါပေမယ့် ဖြစ်နိုင်ရင်တော့ အသေအပျောက်အနည်းဆုံးဖြစ်ပြီးတော့တန်းတူညီတူနည်းလမ်းတွေရှာကြရမယ်။
မေး။ ။ ချင်းပြည်နယ်ဆိုရင် စစ်အုပ်ချုပ်ရေးတွေထုတ်ထားပြီဆိုတော့ ဘယ်လိုအကျိုးအဆက်တွေ ဖြစ်လာနိုင်လဲ။
ဖြေ။ ။ ဆိုးကျိုးတွေတော့ ဖြစ်လာမှာပါ၊ ဘာဖြစ်လို့လဲဆိုတော့ (နစက) က သူ့အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်မှ ထိန်းချုပ်နိုင်မယ်လို့ ယူဆတဲ့အတွက်ကြောင့် လုပ်လာတာ၊ တကယ်တော့ စစ်အုပ်ချုပ်မှုနဲ့မထုတ်ပြန်ပဲနဲ့တော့ အခြေအနေကမငြိမ်သက်နိုင်ဘူး၊ မငြိမ်သက်နိုင်တာကို သူကသိတယ်၊ ရွေးကောက်ပွဲမလုပ်နိုင်မှာစိုးရိမ်တယ် ဒါကြောင့် မာရှယ်လောနဲ့ အုပ်ချုပ်တယ်လို့ မြင်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဥပမာ – ထွေအုပ်ကအစက အုပ်ချုပ်ရေးကိုကိုင်တယ်၊ ဒါပေမယ့်အခုစစ်အုပ်ချုပ်ရေးထဲကို ရောက်သွားပြီ၊ ထွေအုပ်ရဲ့အာဏာတွေဟာ ဥပမာ – ချင်းတောင်တွေဆိုရင် နမခ တိုင်းရင်းမှုအနေနဲ့ အုပ်ချုပ်ရေးအပိုင်းတွေကို တပ်မတော်က ဘယ်သူတွေကခန့်မလဲ၊ တပ်မတော်က လူတွေကို တိုက်ရိုက်ခန့်ပြီးတော့ သုံးမလားဆိုတာ သူသဘောနဲ့သူဖြစ်သွားပြီ သူ့ကို အာဏာလုံးဝလွဲအပ်ထားပြီ၊ တရားစီရင်ရေး တရားသူကြီးတော့ရှိမယ် ဒါပေမယ့် စစ်ခုံရုံးနဲ့ စီရင်ရမယ့်ဥပဒေတွေ ပြဌာန်းထားတယ် ဧည့်စာရင်းတောင်မှ ရပ်ကွက်အုပ်ချုပ်ရေးမှုးရဲ့လုပ်ပိုင်ခွင့်တွေကိုတောင်မှ ဒါစစ်ခုံ ရုံးနဲ့ဆက်နွယ်မှု ကြေငြာထားတာတွေရှိတယ်။ ဒါကြောင့်အများကြီးသတိထားရမှာ ဒါကြောင့် ဧည့်စာရင်းစစ်တာလောက်နဲ့တောင်မှ စစ်ခုံရုံးရောက်ပြီးတော့မှ ထောင်တွေအများကြီးကျသွားနိုင်တယ်။
ကျွန်တော်တို့ ချင်းလူမျိုးတွေက ဧည့်သည်ဆိုတာ အိမ်မှာလာရင် နှင်ရိုးထုံးစံမရှိဘူးလေ၊ သင်းအုပ်ဆရာတွေဆိုရင် ပိုဆိုးတာပေါ့ ကျမ်းစာနဲ့အညီ ဧည့်သည်ဆိုတာ လက်ခံထားကြတာကိုး မသိသူဖြစ်စေ၊ သိသူဖြစ်စေ ဧည့်သည်ကိုလက်ခံ တာဆိုတော့ အဲ့တာမျိုးဆိုရင် ဧည့်သည်ကို ဧည့်စာရင်းစစ်လို့ ကိုယ်ကဧည့်စာရင်းက မတိုင်ရသေးဘူး စောစောက မှရောက်တယ် မတိုင်ရခင်မှာ စစ်ဆေးတယ်၊ စစ်ဆေးတော့လည်း ဧည့်စာရင်းမတိုင်ရသေးတာကို တွေ့တယ်၊ အဲ့မှာဆိုရင် အိမ်ရှင်ရောဧည့်သည်ရော နှစ်ယောက်စလုံးခံရမယ့်ကိစ္စဆိုတော့ စစ်အုပ်ချုပ်ရေးဆိုတာ ဥပဒေတွေသူတို့အမျိုးအစားတွေ အများကြီးပြဌာန်းထားတယ်။ အဲ့တာကို စစ်ခုံရုံးနဲ့ဆိုတော့ အုပ်ချုပ်ရေးရော တရားစီရင်ရေးရောအကုန်းက ကာကွယ်ရေး ရော လုံခြုံရေးရော တပ်မတော်လက်ထဲကို အပ်နှင်းလိုက်တယ်ဆိုတဲ့အဓိပ္ပာယ်သက်ရောက်တယ်။ တော်တော်လေးကို ကျဉ်းကြပ်ပြီးတော့ သွားရေးလာရေးကအစ နေရေးထိုင်ရေးကစ၊ ပြောရေးဆိုရေးကအစ အကုန်လုံးကျုံ့သွားပြီးတော့ အခြေအနေဟာ တော်တော်လေးကို လွတ်လပ်မှု တွေကတော့ တော်တော်လေးကို ကျုံ့သွားပြီဆိုတာကို သိရတာပေါ့။ အဲ့အကျိုးအဆက်ဆက်လက်ခံစားရမှာ ပိုဆိုးတာက ပြည်မဖက်နဲ့ ဆက်သွယ်ပြတ်သွားမယ်ဆိုရင်လည်း စားရေး၊ သောက်ရေးကအစ အတော်တော်လေးဒုက္ခရောက်မယ် အဲ့အတွက်လည်း တော်တော်လေးကို စိတ်ပူရတာ။
မေး။ ။ တခြားဘာများဖြည့်စွပ်ပြောချင်တာရှိပါလဲ။
ဖြေ။ ။ ဒီအချိန်မှာတော့ တွေ့ဆုံဆွေးနွေးမှုတော့ အရေးကြီးတယ်လို့ဒါပဲပြောချင်တယ်၊ ဘာပဲဖြစ်ဖြစ် ဘယ်လောက်ပဲ အပြိုင်ဆိုင်တိုက်နေတိုက်နေပါစေ နောက်ဆုံးတိုင်ပြည်ကတော်တော်လေးကို နာတဲ့အချိန်မှာ ပြန်လည်တွေ့ဆုံပြီးတော့ အဖြေပြန်ရှာရမှာပဲ တဖက်သတ်နိုင်တယ်၊ လုံးလုံးတဖက်ရှုံးသွားတယ် လုံးဝအစဖျောက်သွားပြီးဆိုတဲ့အဆင့်မရောက်ရင် တော့ နည်းနည်းပဲကျန်ရင်လည်းပဲ တွေ့ဆုံပွဲလုပ်ရမှာပဲ။ ဒါကြောင့် မြန်မြန်ဆန်ဆန် သက်ဆိုင်ရာ ခေါင်းဆောင်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီခေါင်းဆောင်တွေ၊ နစက အကြီးအကဲတွေ ဖြစ်နိုင်ရင် တွေ့ဆုံပြီးတော့ မြန်မြန်အဖြေရှာ နိုင်ရင်တော့ ဒါမှသာလျှင် ကျွန်တော်တို့တိုင်းပြည်မြန်မြန်ငြိမ်းချမ်းမယ်လို့ ယူဆပါတယ်။ သို့မဟုတ်ရင်တော့ အချိန်ကာလအားဖြင့် တော်တော်ကြာနိုင်တယ်၊ နဝတ ခေတ်လိုပိုပြီးတော့ အချိန်ကြာမြင့်စွာ လူ့သက်တမ်းတဝက်ချိုးလောက်ပြန်ပြီးတော့ဖြစ်သွားမှာကို စိုးရိမ်စရာအနေအထားဖြစ်တယ်လို့ ပြောချင်တယ်။