ချင်းပြည်နယ် မတူပီမြို့နယ် လိုင်လင်းပီမြို့တွင် ယနေ့စက်တင်ဘာလ ၂၅ ရက်ညနေပိုင်း ၅ နာရီခန့်ကစ၍ စစ်ကောင်စီတပ် ဖွဲ့နှင့် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MDF) တိုက်ပွဲဖြစ်ပွားနေသည်ဟု သိရသည်။
ယင်းတိုက်ပွဲကြောင့် မိဘပြည်သူများ လိုင်လင်းပီမြို့သို့ ၀င်ရောက်ခြင်း မပြုလုပ်ရန် စစ်ရေးသတိရှိကြရန်နှင့် နောက်ထပ်အသိပေးထုတ်ပြန်မှုမပြုလုပ်မီ ယခုထုတ်ပြန်ချက်ကို လိုက်နာ ဆောင်ရွက်ကြရန် အလေးအနက်သတိပေးအပ်သည်ဟု MDF က ယနေ့ရက်စွဲဖြင့် ထုတ်ပြန်သည်။
မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MDF) ပြောရေးဆိုခွင့်ရှိသူ ဒိုဝင်က “ကျွန်တော်တို့ ထိန်းချုပ်နယ်မြေဖြစ်တဲ့ လိုင်လင်းပီမြို့ကို စစ်ကောင်စီတွေက အဝင်ထွက်တွေ ရဲရဲတင်းတင်းလုပ်လာလို့ ကျွန်တ်ောတို့က အဲ့ဒီလုပ်လာတဲ့ အဲ့ဒီစစ်ကောင်စီကို ဝင်ရောက် ထိန်းသိမ်း ဖမ်းဆီးဖို့ လုပ်ရင်းနှင့် ကြိုတင်သတင်းပေါက်ကြားသွားမှုများဖြစ်နေမယ်လား မသိဘူး၊ အဲ့လိုမျိုးဖြစ်သွားတော့ သူတို့က အချိန်မီ လွတ်သွားတယ်။ အဲ့လိုလွတ်သွားတော့ သူတို့ဖက်ကနေ ရမ်းသမ်းပစ်ခတ်မှုတွေလုပ်လာတော့ ကျွန်တော်တို့ဖက်ကလည်း ကြိုကြားလောက်ပါပဲ ပစ်ခတ်မှုတော့ရှိတယ်။ ပြီးရင် ရွာသားတွေလည်း ထိန်လန့်နေရတော့ ပြည်သူတွေ ထိခိုက်၊ အသက်အန္ဒရာယ် ဆုံးရှုံးမှုတွေမကြုံရအောင်လို့ ကျွန်တော်တို့က ကြိုတင်ပြီးမှ သတိပေးတဲ့အနေနဲ့ ထုတ်ပြန်ပေးထားတာ ဖြစ်ပါတယ်” ဟု ပြောသည်။
တိုက်ပွဲဖြစ်ပွားသည့် ဖြစ်စဉ်အခြေအနေများအား ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။