• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»လူကုန်ကူးခံရသည်ဟုယူဆရသော အသက်မပြည့်ကလေးငယ် (၁၂) ဦးကို မီဇိုရမ်တွင်ဖမ်းဆီးရမိ

လူကုန်ကူးခံရသည်ဟုယူဆရသော အသက်မပြည့်ကလေးငယ် (၁၂) ဦးကို မီဇိုရမ်တွင်ဖမ်းဆီးရမိ

0
By Editor on May 9, 2019 Khonumthung

By မိုး​ကျော်​ – လူကုန်ကူးခံရသည်ဟု ယူဆရ​​သော ဘင်္ဂလား​​ဒေရှ့်  ဒုက္ခသည် စခန်းမှ အသက်မပြည့် က​​လေးငယ် ​၁၂ ဦးကို မီဇိုရမ်ပြည်နယ် မြို့တော်အိုက်ဇောလ် Edenthar ရပ်ကွက်တွင် ရဲနှင့် Young Mizo Association (YMA) တို့ ပူးပေါင်းပြီး ပြီးခဲ့သည့် မေလ ၅ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။

ယခုလို လူကုန်းကူးခံရသည်ဟုယူဆရသော အသက်မပြည့် အမျိုးသမီး ၈ ဦးနှင့် အမျိုးသား ၄ တို့ကို Edenthar ရပ်ကွက်ရှိ Pi Denghliri နေအိမ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မီဇိုရမ်နေ့စဉ်ထုတ်သတင်းစာတွင် ဖော်ပြသည်။

အဆိုပါ လူကုန်ကူးခြင်းခံနေရသည်ဟုယူဆရသော လူမျိုးခြား ၁၂ ဦးတို့ တည်းခိုးရာအိမ်ပိုင်ရှင် Pi Denghliri ပြောဆိုချက်အရ အမဖြစ်သူ၏ သမီး ကလေးမြို့နယ် တာဟန်းရပ်ကွက်တွင်နေထိုင်သူက Madiki က ကျမနေအိမ်တွင် တည်းခိုခိုင်းရန်နှင့် ကားဖြင့်လာခေါ်မည်ဖြစ်ကြောင်း ပြောဆိုသည်ဟု ထွက်ဆိုခဲ့ပြီး ယခုအကြိမ်သည် ငါးကြိမ်မြောက်ရှိပြီဖြစ်ကြောင်းလည်း ထွက်ဆိုခဲ့သည်။

ယခုလို ဖမ်းဆီးခံထားရသော ၁၂ ဦးတို့မှာ တရားဝင်နေထိုင်ခွင့်အထောက်အထားတစ်ခုမှမရှိကြောင်း၊ ကုလားစကားလည်း မတတ်ကြကြောင်း သိရပြီး၊ ၎င်းတို့ကို ဘင်္ဂလား​​ဒေရှ့်​ ဒုက္ခသည် စခန်းမှ အာ​​သံပြည်နယ်သို့ ခေါ်ဆောင်လာကြပြီး၊ ထို့​နောက်​ မီဇိုရမ်ပြည်နယ်ကို ပြန်လည်ပို့ဆောင်ခဲ့ကြောင်းေ​ဒသထုတ် သတင်းစာတွင် ထပ်မှန်ဖော်ပြသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး မီဇိုရမ်ပြည်နယ် Young Mizo Association (YMA) ဥက္ကဌ Pu Vanlalruata က ဒီ လူကုန်ကူးမှုနှင့် ပတ်သက်ပြီး ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့က မီဇိုရမ်ရဲများနှင့် တွေ့ဆုံးဆွေးနွေးမှုများပြုလုပ်ခဲ့ပြီဖြစ်ကြောင်း၊ အထောက် အထားတစုံတခုမှမရှိတဲ့သူများကို မီဇိုရမ်-သာသံပြည်နယ် Vairengte ဂိတ် နှင့် အိန္ဒိယ-မြန်မာနယ်စပ် ဇိုးခေါထား စစ်ဆေးရေး ဂိတ်ကနေတဆင့် ဝင်ထွက်သွားလာသည့်ကိစ္စကို မီဇိုရမ်အစိုးရအနေဖြင့် သေချာ စစ်ဆေး ကြပ်မတ်ဆောင်ရွက်သင့်ကြောင်း ပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်တွင် မြန်မာနိုင်ငံသားတစ်ဦးထံ Crystal Meth စိတ်ကြွမူးယစ်ဆေးတစ်မျိုး ဖမ်းမိ

ဂန့်ဂေါမြို့နယ်ထဲက ပျူစောထီးနှင့်စကစ စခန်းကို PDF နှင့် CDF တို့ ပူးပေါင်းတိုက်ခိုက်၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

မီဇိုရမ်တွင် ချင်းစစ်ဘေးရှောင်လူငယ်တစ်ဦးသေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 21, 2023

“ကျွန်တော်တို့က စစ်ကောင်စီနဲ့ ဘယ်သောအခါမှ နိုင်ငံရေးအရပဲဖြစ်ဖြစ် စစ်ရေးအရပဲဖြစ်ဖြစ် ပူးပေါင်းထားတာ မရှိပါဘူး”

September 21, 2023

ချင်းပြည်နယ်က စိုးရိမ်ဖွယ်ရာ တကျော့ပြန် ငှက်ဖျားရောဂါ

September 13, 2023

တူမီးကို “ထီ” အဖြစ်ပြောင်းလဲပြီး နွေဦးတော်လှန်ရေးကို အားဖြည့်ပါဝင်ခဲ့သူ (သို့) ချင်းတော်လှန်ရေးလူငယ်…

September 9, 2023

ကျန်းမာရေး အကာအကွယ် မဲ့နေဆဲ တောင်ဇလပ်မြေ

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.