• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»သမ္မာကျမ်းစာကို ဖေးမီးနစ်ရှုထောင့်မှလေ့လာသည့် “အာဗြဟံ၏ဘုရားမှ ဟာဂရ၏ဘုရားသို့” စာအုပ် နေနူးအဖွဲ့မှ ထုတ်ဝေမည်

သမ္မာကျမ်းစာကို ဖေးမီးနစ်ရှုထောင့်မှလေ့လာသည့် “အာဗြဟံ၏ဘုရားမှ ဟာဂရ၏ဘုရားသို့” စာအုပ် နေနူးအဖွဲ့မှ ထုတ်ဝေမည်

0
By Editor on January 29, 2019 Khonumthung

By လားနွန် – ချင်းအမျိုးသမီးအရေးလှုပ်ရှားသည့် နေနူး (Ninu) အဖွဲ့က သမ္မာကျမ်းစာကို ဖေးမီးနစ်ရှုထောင့်မှလေ့လာသည့် “အာဗြဟံ ၏ဘုရားမှ ဟာဂရ၏ဘုရားသို့” ဆိုသည့် စာအုပ်ကို ထုတ်ဝေမည်ဖြစ်ပြီး ပထမဆုံးအကြိမ် စာအုပ်မိတ်ဆက်ခြင်းအခမ်းအနားကို ချင်းပြည်နယ်၊ မတူပီမြို့ အမျိုးသမီးများအဖွဲ့ရုံး၌ ဖေဖော်ဝါရီလ (၂) ရက်နေ့တွင် ပြုလုပ်သွားမည်ဟု သိရသည်။

ကျား/မ (အမျိုးသားနှင့် အမျိုးသမီး) ရေးရာနှင့် ပတ်သက်သည့် သင်တန်းများတွင် ခရစ်ယာန်အချင်းချင်းကြား တွင် ကျားမတန်းတူမှုကို လက်မခံကြသည့် အဖြစ်အပျက်များ ကြုံတွေ့နေသည့်အတွက် သမ္မာကျမ်းစာကို ပြန်လည်လေ့လာ၍ ဆွေးနွေးနိုင်ရန် ရည်ရွယ်ပြီး ထုတ်ဝေရခြင်းဖြစ်သည်ဟု နေနူးအဖွဲ့ ဒါရိုက်တာ Mai Len Nei Cer ကပြောသည်။

“ကျမ်းစာကတော့ အမျိုးသားတွေကပဲရေးသားတာဖြစ်တယ် ဘာသာပြန်တဲ့လူတွေလည်း အမျိုးသားတွေပဲဖြစ်တယ်ပေါ့ အများသောအားဖြင့် ဘုရားကျောင်းတွေမှာ ခရစ်ယာန်အသိုင်းဝိုင်းတွေမှာ ပါစတာလည်း အမျိုးသားတွေပဲများတယ် အဲတာကို အမျိုးသမီးတွေအနေနဲ့ ဒီစာအုပ်တွေကိုလေ့လာခြင်းအားဖြင့် ဘုရားသခင်က တကယ်ကို ဘာပြောချင်လဲ သိလာလိမ့်မယ် ပြီးတော့ အသင်းတော်တွေထဲမှာ အမျိုးသမီးတွေခွဲခြားခံရတာပိုနည်းလာပြီးတော့ ကျားမတန်းတူ ညီမှု တွေလည်းရှိလာလိမ့်မယ်လို့ ကျွန်မတို့မျှော်လင့်ထားတယ်” ဟု Mai Len Nei Cer ကပြောသည်။

ယခုထွက်ရှိမည့် စာအုပ်တွင် ချင်းဓမ္မပညာရှင်၊ အမှုတော်ဆောင် ၁၉ ယောက်တို့၏ သမ္မာကျမ်းစာအား ဖီးမီးနစ် (ယောက်ျားများနှင့် တန်းတူအခွင့်အရေးရလိုသည့်အမျိုးသမီးဝါဒ ထောက်ခံအားပေးသူ) ရှုထောင်မှ လေ့လားထားသည့် အတွေးအမြင်များစုစည်းမှုတို့ပါဝင်မည်ဖြစ်သည်။

အဆိုပါ စာအုပ်ကို နယ်ဘက်တွင် အရင် ဖြန့်ချိမည်ဖြစ်ပြီး တစ်အုပ်ကို ကျပ် ၃၀၀၀ ဖြင့် ရောင်းချသွားမည်ဟု သိရသည်။

ချင်းအမျိုးသမီးအရေးလှုပ်ရှားသည့် နေနူးအဖွဲ့သည် “အိမ်ရှင်ဖြစ်ခွင့်မရှိသည့် ဧည့်သည်များ” ဆိုသည့် ချင်းဓလေ့ထုံးတမ်းများကို အမျိုးသမီးရှုထောင့်မှလေ့လာသည့် စာအုပ်ကိုလည်း ၂၀၁၈ ခုနှစ်တုန်းက ထုတ်ဝေခဲ့ပြီးဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ်မှာ ထိခိုက်ပျက်စီးမှုထပ်တိုးစာရင်း ICNCC က ထုတ်ပြန်၊ တပြည်နယ်လုံးမှာ အိမ်ခြေ ၃၀၀၀ နီးပါး ပျက်စီးမှုရှိ

မဏိပူရ်ပြည်နယ်က ချင်းအနွယ်ဝင်စစ်ဘေးရှောင်များကူညီရေးအတွက် မီဇိုရမ်ဝန်ကြီးချုပ်ထံ ရူပီး ၃ သိန်းလှူဒါန်း

နွေဦးတော်လှန်ရေး ၂ နှစ်တာအတွင်း CNDF ရဲဘော် ၃၂ ဦးကျဆုံး

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.