• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»“သရက်ချောင်းမြို့နယ်၊ အောက်သရက် ချောင်း ကျေးရွာအနီးမှာ အပြစ်မဲ့ပြည်သူများ လိုက်ပါ လာသောတဲ့ကား ၁ စီးကို PDF အကြမ်းဖက်များမှ မိုင်းဆွဲ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် ဆိုတဲ့” သတင်းအမှား

“သရက်ချောင်းမြို့နယ်၊ အောက်သရက် ချောင်း ကျေးရွာအနီးမှာ အပြစ်မဲ့ပြည်သူများ လိုက်ပါ လာသောတဲ့ကား ၁ စီးကို PDF အကြမ်းဖက်များမှ မိုင်းဆွဲ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် ဆိုတဲ့” သတင်းအမှား

0
By Editor on November 23, 2022 Khonumthung

FactCheck

အဲ့သတင်းအမှားကို Ko Sitt ဆိုတဲ့အကောင့်ကနေပြီး “၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့ ည ၉ နာရီခန့်တွင် မြိတ်-ထားဝယ်ကားလမ်း၊ မိုင်တိုင်အမှတ် (၅၂) အနီး၊ သရက်ချောင်းမြို့နယ်၊ အောက်သရက်ချောင်း ကျေးရွာ အနီးတွင် မြိတ်ဘက်မှ ထားဝယ်ဘက်သို့ ထွက်ခွာလာသော အပြစ်မဲ့ အရပ်သားပြည်သူ ၇ ဦး စီးနင်းလိုက်ပါလာသည့် ဖောကား ၁ စီးအား PDF အကြမ်းဖက်အဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ခြင်းအပြင် လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အရပ်သား ပြည်သူ ၄ ဦး ဒဏ်ရာရပြီး ၎င်းတို့အနက် ၂ ဦးမှာ စိုးရိမ်ရကြောင်း သိရသည်။ ဒဏ်ရာရ ပြည်သူများအား သရက်ချောင်းမြို့နယ်၊ ရငဲတိုက်နယ်ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှု ခံယူလျက်ရှိပြီး အပြစ်မဲ့ပြည်သူများအား ပြင်းထန်စွာ တိုက်ခိုက်ခဲ့သော PDF အကြမ်းဖက်သမားများ ဆုတ်ခွာရာသို့ တပ်မတော်စစ်ကြောင်းများမှ လိုက်လံရှင်းလင်းလျက်ရှိကြောင်း သိရသည်။” လို့ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

ဆက်လက်ပြီး “ပြည်သူ့ကာကွယ်ရေးတပ်အမည်ခံ PDF အကြမ်းဖက်အဖွဲ့များအနေဖြင့် ယခုကဲ့သို့ အပြစ်မဲ့ အရပ်သားပြည်သူများအပေါ် အကြမ်းဖက် တိုက်ခိုက် _တ်ဖြတ်ခြင်းများ ကျူးလွန်နေမှုများကြောင့် ပြည်သူအများမှ ရွံရှာမုန်းတီးနေကြကြောင်း သိရပြီး ၎င်းတို့လှုပ်ရှားမှုသတင်းများရပါက နီးစပ်ရာ တပ်မတော်စစ်ကြောင်းနှင့် လုံခြုံရေးအဖွဲ့များထံ သတင်းပေးပို့ကြပါရန် တိုက်တွန်းလိုက်ရပါသည်။” လို့ရေးသားထားတာဖြစ်ပါတယ်။

ဒီသတင်းအမှားနဲ့ပတ်သက်ပြီး ညီနောင်မဟာမိတ်များအဖွဲ့က ကြေညာချက်တစ်စောင်ထုတ်ပြန်ပြီး အဲဒီဖြစ်စဉ်မှာ ပြည်သူလူထုစီးလာတဲ့ ကားမဟုတ်ဘဲ စစ်ကောင်စီလက်ကိုင်တုတ် ပျူစောထီး တွေမောင်းနှင်လာတဲ့ကားကို တိုက်ခိုက်တာသာဖြစ်တယ်လို့ ဆိုပါတယ်။

ညီနောင်မဟာမိတ်များအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ “ထား၀ယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စော်ဖျားကျေး ရွာနေ ပျူစောထီးအဖွဲ့စီးနင်းမောင်းနှင်လာတဲ့ ကားတစ်စီးကို ကင်းရှေ့ရွာ နဲ့ ဆေးဖြတ်ကုန်းရွာ ကြားမှာ ထား၀ယ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်နဲ့အတူ ညီနောင်မဟာမိတ်များအဖွဲ့က ပူးပေါင်း တိုက်ခိုက်ခဲ့ကြပါတယ်။

တိုက်ပွဲကြောင့် ညီနောင်မဟာမိတ်များအဖွဲ့မှ ရဲဘော်တစ်ဦး ခြေတောက်ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပြီး ပျူစောထီးအဖွဲ့ဘက်က ထိခိုက်ကျဆုံးမှုကိုတော့ မသိရသေးပါဘူး။

တိုက်ပွဲမှာ ထား၀ယ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်နဲ့အတူ ညီနောင်မဟာမိတ်များ ဖြစ်ကြတဲ့ D.D.F၊ ဒေါင်းမင်းစစ်ဆင်ရေးတို့ ပူးပေါင်းပါဝင်ခဲ့ပါတယ်။

စော်ဖျားကျေးရွာမှ ပျူစောထီးအဖွဲ့ဟာ ကျေးရွာအတွင်း ကြက်ဝိုင်း၊ လောင်းကစားဝိုင်းများထောင်ခြင်း၊ ရပ်ရွာရှိမင်္ဂလာဆောင်ပွဲများတွင် ဆတ်ကြေးတောင်းခံခြင်း၊ ကွမ်းခြံ၊ ရာဘာခြံများအတွင်း ခြံအလုပ်များမလုပ်နိုင်စေရန် ခြိမ်းခြောက်ခြင်း၊ ကျေးရွာအတွင်းနေအိမ်အချို့မှ ပစ္စည်းများသိမ်းယူပြီး အိမ်များမီးရှို့ခြင်းတွေကို ပြုလုပ်ခဲ့တယ်လို့လည်း” ညီနောင်မဟာမိတ်များအဖွဲ့ကထုတ်ပြန်ထားပါတယ်။

“ပြည်သူတွေကို ဒုက္ခပေး စိတ်အနှောက်အယှက်ဖြစ်စေတဲ့ လုပ်ရပ်တွေကို ဆက်လက်လုပ်ကိုင်ပါက မိမိတို့ ညီနောင်မဟာမိတ်များအဖွဲ့မှ ပိုမိုပြင်းထန်သော တိုက်ခိုက်မှုတွေ ပြုလုပ်သွားမယ်လို့လည်းထုတ်ပြန်ချက်မှာရေးသားထားပါတယ်။”

ဒါကြောင့် Ko Sitt ဆိုတဲ့အကောင့်မှာရေးထားသလို အရပ်သားပြည်သူတွေစီးလာတဲ့ကားကို မိုင်ဆွဲတိုက်ခိုက်ခဲ့တာမဟုတ်ပါဘူး။ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့များကို မိုက်ဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

သတင်းများဖတ်ရှုတဲ့အခါ သတင်းတုသတင်းအမှားများကို စီစစ်ဖတ်ရှု့ကြဖို့တိုက်တွန်းလိုက်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CNA နှင့် YPDF တို့အကြား ကာကွယ်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

CDF-Kanpetlet အတွက် “နွားနောက် တစ်ကောင်ယူ၊ ခေါ်နူးအတွက် လှူ” ကံစမ်းမဲအစီစဉ်စတင်

အရေးတော်ပုံအောင်မြင်သည့်အထိ လက်တွဲတိုက်ပွဲဝင်ကြရန် ပြည်သူလူထုကို CNF တိုက်တွန်း

Leave A Reply Cancel Reply

  • Featured Article
March 22, 2023

ချင်းနိုင်ငံရေးပါတီများ စစ်ကောင်စီလက်အောက်မှာ ပါတီမှတ်ပုံတင်သင့် မတင်သင့် သူတို့ဘာပြောလဲ

March 21, 2023

နယ်ချဲ့တော်လှန်ရေးခေါင်းဆောင်နှင့် ချင်းအမျိုးသားခေါင်းဆောင် ဦးဝမ္မသူးမောင်း – အပိုင်း (၂)

March 20, 2023

နယ်ချဲ့တော်လှန်ရေးခေါင်းဆောင် နှင့် ချင်းအမျိုးသားခေါင်းဆောင် ဦးဝမ္မသူးမောင်းအကြောင်း – (အပိုင်း ၁)

March 19, 2023

ချင်းအမျိုးသားရေး ပြန်လည်စည်းလုံးရေး လှုပ်ရှားမှုများသမိုင်း (အပိုင်း ၂)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.