• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Featured»“သေတဲ့သူကလည်း မရာဖြစ်နေမယ်၊ ငိုတဲ့သူကလည်း မရာဖြစ်နေမယ်၊ ဒုက္ခရောက်တဲ့သူကလည်း မရာဖြစ်နေမယ်၊ ဒါကအဆုံးသတ်ရမှဖြစ်မယ်”

“သေတဲ့သူကလည်း မရာဖြစ်နေမယ်၊ ငိုတဲ့သူကလည်း မရာဖြစ်နေမယ်၊ ဒုက္ခရောက်တဲ့သူကလည်း မရာဖြစ်နေမယ်၊ ဒါကအဆုံးသတ်ရမှဖြစ်မယ်”

0
By Editor on October 17, 2022 Featured

မြန်မာ့နွေးဦးတော်လှန်ရေးမှာ စစ်အာဏာရှင်စနစ်ကို တော်လှန်နေကြသော ချင်းပြည်နယ်က မရာမျိုးနွယ်စုထဲက လက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့ဖြစ်တဲ့ Chinland Defense Force- Mara (CDF-Mara) နဲ့ Mara Administrative Territorial Council – MATC/MDF တပ်ဖွဲ့တို့ဟာ ယခင်အစောပိုင်းကတည်းက အငြင်းပွားမှုတွေ ဖြစ်ပွားနေခဲ့ရာကနေ အောက်တိုဘာလ ၃ ရက်နေ့ကစလို့ နှစ်ဖက်အကြားစစ်ရေး အခြေအနေတင်းမှာလာခဲ့ပြီးနောက် အောက်တိုဘာလ ၉ ရက်နေ့က ငဖိုင်ပီးကျေးရွာမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြပါတယ်။

အဲဒီပစ်ခတ်မှုကြောင့် နှစ်ဖက်ထိခိုက်သေဆုံးမှုမရှိခဲ့ပေမယ့် ငဖိုင်ပီးကျေးရွာက ဒေသခံပြည်သူ ၆၀၀ ကျော်ဟာ စစ်ရေးပဋိက္ခကြောင့် တဖက်အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း နိုင်ငံတဝန်းလုံးမှာ စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင်ဆန့်ကျင် တော်လှန်ခဲ့ကြပြီး ချင်းပြည်နယ်မှာလည်း မြို့နယ်ကိုအခြေခံပြီး ဖွဲ့စည်းတဲ့ လက်နက်ကိုင်အဖွဲ့နဲ့ မျိုးနွယ်စုကိုအခြေခံပြီး ဖွဲ့စည်းတဲ့ လက်နက်ကိုင်တပ်ဖွဲ့စုစုပေါင်း ၁၈ ဖွဲ့ကျော်ရှိပါတယ်။ CDF-Mara နဲ့ MATC/MDF တို့ဟာ မရာမျိုးနွယ်စုကို အခြေခံပြီး ဖွဲ့စည်းထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်ကြပါတယ်။

ဘာကြောင့် မျိုးနွယ်စုတူ လက်နက်ကိုင်တပ်ဖွဲ့တွေအကြား ပဋိပက္ခဖြစ်နေရတာပါလဲ။ သူတို့တပ်ဖွဲ့ ၂ ဖွဲ့ကြား မပြေလည်မှု တွေ၊ အငြင်းပွားမှုတွေက ဘာကြောင့်ပါလဲ။ ဖြေရှင်းဖို့ ဘယ်လိုလုပ်ဆောင်ဖို့လိုအပ်ပါသလဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး Mara Administrative Territorial Council – MATC/MDF ရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်ဆာကို ခိုနူမ်းသုန်ကဆက်သွယ်မေး မြန်းထားပါတယ်။

မေး။ ။ CDF-Mara နဲ့ MATC/MDF အကြား အဓိက အဆင်မပြေမှု၊ အငြင်းပွားမှုတွေဟာ ဘာတွေပါလဲ။

ဖြေ။ ။ CDF-Mara နင့် MDF က အဓိက မကြည်လည်တဲ့အချက်လက်တွေက နံပါတ်တစ် ပုဂ္ဂိုလ်ရေးတွေပါတယ်။ ပုဂ္ဂိုလ်ရေးတွေပါတယ်ဆိုတာက အခု CDF-Mara က စစ်ဦးစီးချုပ် နင့် MDF စစ်ဦးစီးချုပ်က ပုဂ္ဂိုရေးအရ သူတို့မှာ အပြိုင်အဆိုင် မကြည်လည်မှုတွေရှိတယ်။ နံပါတ်နှစ်က ထိပ်ပိုင်းကလူတွေ ပွင့်ပွင့်လင်း လင်းပြောရရင် အခု CDF-Mara တွေက နောက်ပိုင်းမှ ပေါ်လာတဲ့ဟာ၊ သူတို့ရဲ့ ကျောထုတ်နောက်ခံတွေက Dr.Sasa တို့ပေါ့။ အဲ့ဒီသမိုင်းတွေ အများကြီး ရှိတယ်။ အဲ့ဒီကြားမှာ ကျွန်တော်တို့ ပူးပေါင်းဖို့ တော်လှန်ရေး အဖွဲ့ဝင်တွေ အကုန်လုံးစုပေါင်းပြီးတော့ တစ်စုတစ်စည်း မရာမှာ တပ်ဖွဲ့တစ်ခုနဲ့လုပ်ရအောင် ဆိုပြီးမှ ပြေပြေ လည်လ ည်လုပ်လာခဲ့တဲ့ဟာကို ဒီလိုခေါင်းဆောင်ပိုင်းတစ်ချို့တွေက ဒီရေရှည်နိုင်ငံရေးပုံရိပ်အတွက် သူတို့ စဉ်းစားပြီး လုပ်လာတဲ့အချိန်မှာ အခု နောက်ပိုင်းကြမှ CDF-Mara ဆိုပြီးမှ တပ်ပြန်ဖွဲ့ပြီးတော့ ဖြစ်သွား တယ်။

မေး။ ။ စစ်အာဏာရှစ်စနစ်ကို ဆန့်ကျင်တော်လှန်နေတဲ့ မရာမျိုးနွယ်စုအချင်းချင်းကြားမှာ ဘာကြောင့် ခုလို ပဋိပက္ခတွေ ဖြစ်နေရတာလဲ။

ဖြေ။ ။ ဒီဟာက ပဋိပက္ခတွေကတော့ နောက်ကွယ်ကလူတွေမရှိရင် ဘာမှ ပြသနာမရှိဘူး။ CDF ဘက်ကလည်း သူ တို့နောက်ကွယ်ကလူတွေ အဖွဲ့စည်းနှစ်ခုလောက်ရှိတယ်လေ၊ နောက်တစ်ချက်က ကျွန်တော်တို့ အစက ဒီလောက်မ ဟုတ်ဘူး အခုနောက်ပိုင်းဖြစ်လာတဲ့ဟာက အရင်တုန်းက ငဖိုင်သဲမှာ CDF-Mara ဘက်တစ်ယောက်သေတယ် ဆိုတာ ဆရာတို့အကုန်လုံးသိမှာပါ။ အဲ့ဒီတုန်းက ဖြစ်တဲ့ဟာက အခုနောက်ပိုင်းတော်တော်လေး အကျိုးဆက်၊ သက်ရောက်မှုကရှိ လာတယ်။ သေသွားတဲ့ သူ့အမျိုးထဲက မကျေနပ်တဲ့အပိုင်းတွေ အများကြီးရှိလာတယ် အဲ့နောက်ပိုင်းသူတို့ရဲ့ လှုပ်ရှားမှု တွေက ဘယ်လိုဖြစ်လာသလဲဆိုတော့ ကျွန်တော်တို့ MATC/MDF က ကစက နဲ့ ပူးပေါင်းတယ်ဆိုပြီးမှ Lobby တွေလုပ်ပြီး ဝိုင်းပြီးတိုက်ခိုက်တယ်၊ MDF အနေနဲ့ စကစ နဲ့ ပေါင်းတယ်လို့ ယုံကြည်ကြတယ်လေ၊ ဒါကတော့ ကျနော်တို့ တော်တော် လေးဝမ်းနည်းတယ်၊ ကျွန်တော်တို့နဲ့ ဒီစကစ နဲ့ ပေါင်းပါတယ်ဆိုတဲ့ အထောက်အထားပြပါဆိုလည်း တစ်ယောက်မှ မပြနိုင်ဘူး၊ ဆိုတော့ ကျွန်တော်တို့က ဝမ်းတော့နည်းတယ် ကျွန်တော်တို့ မရာအချင်းချင်းမှာဖြစ်တယ်၊ ဝမ်းနည်းတယ်၊ စိတ်လည်းမကောင်းဘူး။
နောက်တစ်ချက်က ကျွန်တော်တို့ တော်တော်လေးကို စိတ်ထိခိုက်ရတဲ့အကြောင်းရင်းက မရာအမျိုးသားအချင်းချင်းဖြစ်နေ တဲ့ဟာကို အနောက်ကနေ မီးမွှေးပြီး ပင့်ပေးကြတော့ CDF-Mara ဘက်ကနေပါဝင်ပြီးမှ တိုက်ခိုက်ပေးနေတဲ့ အဖွဲ့စည်း တွေ ကျွန်တော်တို့ကို တော်တော်လေးအခဲမကြည်တဲ့ပုံစံမျိုးတွေဖြစ်နေတယ်။ ကျွန်တော်တို့က ဘယ်တော့မှ ပစ်ဖို့လုံးဝ မရည်ရွယ်ဘူး CDF-Mara အင်အားကို ကျွန်တော်တို့သိတယ်။ ပစ်လောက်ရတဲ့အနေအထားတောင်မရှိဘူး သူတို့ရဲ့ အင်အားနဲ့ လက်နက်ဟာ သို့သော်လည်း ကျွန်တော်တို့ ဘာမှမလုပ်ဘူးအခုချိန်ထိ။

မေး။ ။ ဒီကိစ္စကိုနှစ်ဖက်တပ်ဖွဲ့အကြား ညှိနှိုင်းဖို့ကော်ကြိုးစားခဲ့ကြသလား။ ဘယ်နှစ်ကြိမ်လောက်ညှိနှိုင်းဖို့ကြိုးစား ခဲ့တာလဲ။ ဘာတွေက အဟန့်အတားဖြစ်စေတာလဲ။

ဖြေ။ ။ အဲဒီနေရာမှာ ကျနော်တို့လည်းအံ့သြတယ်၊ ကျွန်တော်တို့ဘက်က တရားဝင်ကမ်းလှမ်းတာက နှစ်ကြိမ်၊ ကြား ကနေ ကမ်းလှမ်းတာက ၄/၅ ကြိမ်မကလောက်ဘူး။ ကျွန်တော်တို့ကိုယ်တိုင် ချိန်းထားတဲ့ အထိသွားတယ် တစ်ယောက်မှ မလာဘူး အရှက်ကွဲပြီးတော့ ပြန်လာရတယ်။ နောက်တစ်ကြိမ် ပြန်ပြောတယ် သူတို့ဘက်က လက်မခံဘူး။ နောက်ပိုင်း ဒီမရာအသိုင်းဝိုင်းမှာရှိတဲ့ လူကြီးတွေကအစ အကုန်လုံးက တွေ့ဆုံဆွေး‌နွေးဖို့ကြိုးစားကြတယ်။ သူတို့ဘက်က လုံးဝပယ်ချ တယ်။ လုံးဝမရဘူးဆိုတော့ ကျွန်တော်တို့ ကြိုးစားခဲ့သမျှဟာ လုံးဝအရာမထင်ဘူး။ ဆိုတော့ ဒါက တော်တော်လေးကို မရိုးသားမှုတွေ နောက်ကွယ်ရာမှာ အများကြီးရှိမယ်လို့တော့ ကျွန်တော်ယုံကြည်တယ်။

မေး။ ။ မရာမျိုးနွယ်စု အချင်းချင်းကြားမှာ ခုလိုမပြေလည်မှုတွေဖြစ်နေတာဟာ ချင်းပြည်သူတွေက စိတ်မကောင်း ဖြစ်ကြတယ်၊ ဒီလိုဖြစ်တာကိုမလိုလားကြဘူး။ တစ်ဖွဲ့နဲ့တစ်ဖွဲ့သင့်မြတ်ပြီးနေသွားစေချင်ကြတယ်။ ဆိုတော့ ဆရာ တို့နှစ်ဖွဲ့အကြားမပြေလည်မှုဟာ အဆုံးသတ်ဖို့အတွက် ဘာတွေဆောင်ရွက်ဖို့လိုမလဲ။ နှစ်ဖက်စလုံးအတွက်ပေါ့။

ဖြေ။ ။ နှစ်ဖက် မပြေလည်မှုတွေ အဆုံးသတ်ဖို့ဆိုလို့ရှိရင် ကျွန်တော်တို့က မတွေ့ဆုံပဲနဲ့တော့ အဆုံးသတ်လို့မရဘူး လေ၊ ဘယ်တော်လှန်ရေးမှာပဲဖြစ်ဖြစ် ဘယ်ပဋိပက္ခတွေမှာပဲဖြစ်ဖြစ် မတွေ့ဆုံပဲ စကားမပြောပဲနဲ့တော့ ကိုယ့်သဘော၊ သူ့သဘောချပြဆွေးနွေးလို့မရဘူး။ အရင်ဆုံးတွေ့ဖို့လိုတယ်။ အဲ့ဒီလိုတွေ့မယ်ဆိုရင် ချင်းပြည်နယ်မှာ ဖြစ်တဲ့အတွက် ကြောင့် ချင်းမျိုးနွယ်စုဖြစ်တဲ့အတွက်ကြောင့် တာဝန်ယူပြီးတော့ လုပ်ပေးမယ့်သူလိုတယ်။ အဖွဲ့စည်းလား၊ လူပုဂ္ဂိုလ်လား။ အဲ့ဒီလုပ်တဲ့နေရာမှာလည်း မျှမျှတတလုပ်ဖို့လိုတယ်။ နောက်ကွယ်ကနေ အသုံးမချပဲနဲ့ပေါ့နော်။ မရာပြည်သူတွေကို တကယ့်တကယ် စေတနာထားပေးတဲ့အဖွဲ့အစည်းတွေ မရာပြည်သူ့ရဲ့သဘောထားကိုလည်း ပွင့်ပွင့်လင်းလင်း လက်ခံနို င်ရမယ့်သူ အဖွဲ့စည်းတွေဖြစ်ဖို့လိုတယ်။ ဆိုတော့ အခုန ကျွန်တော်ပြောသလိုပဲ အဆုံးသတ်မှဖြစ်မယ်။ သေတဲ့သူက လည်း မရာဖြစ်နေမယ်၊ ငိုတဲ့သူကလည်း မရာဖြစ်နေမယ်၊ ဒုက္ခရောက်တဲ့သူကလည်း မရာဖြစ်နေမယ်၊ ဒါကမကြိုက်ရင်လ ည်း အဆုံးသတ်ရမှဖြစ်မယ်၊ ဥပမာ ရာထူးရာခံလိုချင်တယ်ဆိုရင် ကျွန်တော်တို့လည်း ထွက်ပေးမယ်၊ ရာထူးကဘာလုပ်မှာ လဲ၊ အဲ့တာကြောင့် ဘယ်လိုဘဲ ဖြစ်ဖြစ် ဒီဟာကို ချင်းလူထုက သင်ခန်းစာယူဖို့ သတင်းစကားပါးချင်တယ်။ ကျွန်တော် တို့ကြားမှာ ဒီလိုမျိုးမဖြစ်အောင်၊ ချင်းပြည်နယ် အနာဂတ်ရဲ့ နိုင်ငံရေးကို လက်ဝါကြီးအုပ်ဖို့၊ သွေးခွဲမှု၊ သွေးထိုးမှုတွေ နိုင်ငံရေးကစားကွက်တွေ သတိထားဖို့လိုလိမ့်မယ်၊ ကြိုးစားပြီး ရိုးသားကြဖို့လိုလိမ့်မယ်။

မေး။ ။ ဆိုတော့ ဘယ်လိုအဖွဲ့အစည်း၊ ဘယ်လိုပုဂ္ဂိုလ်မျိုးတွေက ကြားဝင်ဆောင်ရွက်ပေးမယ်ဆိုရင် အဆင် ပြေနိုင်မလဲ။

ဖြေ။ ။ လူပုဂ္ဂိုလ်ကျတော့ ကျွန်တော်သိပ်မပြောတတ်ဘူး။ ဒါပေမယ့် ဒီချင်းပြည်နယ်မှာကြတော့ CJDC (ချင်းလက်န က်ကိုင်ပူးပေါင်းကော်မတီ) တစ်ခုပဲရှိတယ်လေ၊ ဆိုတော့ CJDC မှာရှိတဲ့ တာဝန်ရှိတဲ့သူတွေက စုံစမ်းဖို့အရေးကြီးတယ်။ စုံစမ်းတဲ့နေရာမှာလည်း ကျွန်တော်တို့ဘက်က ဖိအားမပေးဘူး၊ CDF-Mara ဘက်ကလည်း ဝင်မစွပ်နဲ့ ကျွန်တော်တို့လည်း ဝင်မစွပ်ဘူး၊ လွတ်လွတ်လပ်လပ်တစ်နယ်လုံးကို အဖြစ်ပျက်မှန်ကို စုံစမ်းပါစေ၊ မရာပြည်သူလူထုရဲ့သဘောထားကိုလည်း စုံစမ်းမေးမြန်းပါ၊ ရရှိလာတဲ့အချက်လက်တွေကို တိတိကျကျမှန်မှန်ကန်ကန် ပွင့်ပွင့်လင်းလင်းထုတ်ပြန်စေချင်တယ် အဲ့တာ ကိုလည်း အကုန်လုံးကလက်ခံနိုင်ရမယ်၊ သမာသမတ်ရှိရှိလုပ်ဖို့ အဖြစ်နိုင်ဆုံးအဖွဲ့စည်းကတော့ CJDC ပဲဖြစ်ပါ လိမ့်မယ်။

မေး။ ။ တခြားဘာများဖြည့်စွပ်ပြောချင်တာရှိပါလဲ။

ဖြေ။ ။ ကျွန်တော်ကတော့ စိုးရိမ်မိတယ် ကျွန်တော်တို့မရာပြည်နယ်တစ်ခုတည်းအတွက်မဟုတ်ဘူး၊ ချင်းပြည်နယ်တ စ်ခုလုံး ချင်းလူမျိုးတွေ၊ လက်နက်ကိုင်အကုန်လုံးတွေမှာ ကျွန်တော်တို့ မရာတွေလိုဖြစ်မှာ တော်တော်လေးစိုးရိမ်နေတယ်။ ကျွန်တော်တို့ကတော့ ရှေ့ဆက်ပြီးညှိနှိုင်းဖို့ အဖြေရှာဖို့ ကျွန်တော်တို့က အမြဲတမ်း တံခါးဖွင့်ပေးတယ် လက်ခံတယ် ကြိုဆိုတယ်။

Zawgyi

“ေသတဲ့သူကလည္း မရာျဖစ္ေနမယ္၊ ငိုတဲ့သူကလည္း မရာျဖစ္ေနမယ္၊ ဒုကၡေရာက္တဲ့သူကလည္း မရာျဖစ္ေနမယ္၊ ဒါကအဆုံးသတ္ရမွျဖစ္မယ္”

ျမန္မာ့ေႏြးဦးေတာ္လွန္ေရးမွာ စစ္အာဏာရွင္စနစ္ကို ေတာ္လွန္ေနၾကေသာ ခ်င္းျပည္နယ္က မရာမ်ဳိးႏြယ္စုထဲက လက္နက္ကိုင္အဖြဲ႔ ၂ ဖြဲ႔ျဖစ္တဲ့ Chinland Defense Force- Mara(CDF-Mara) နဲ႔ Mara Administrative Territorial Council – MATC/MDF တပ္ဖြဲ႔တို႔ဟာ ယခင္အေစာပိုင္းကတည္းက အျငင္းပြားမႈေတြ ျဖစ္ပြားေနခဲ့ရာကေန ေအာက္တို ဘာလ ၃ ရက္ေန႔ကစလို႔ ႏွစ္ဖက္အၾကားစစ္ေရး အေျခအေနတင္းမွာလာခဲ့ၿပီးေနာက္ ေအာက္တိုဘာလ ၉ ရက္ေန႔က ငဖိုင္ပီးေက်းရြာမွာ ပစ္ခတ္မႈျဖစ္ပြားခဲ့ၾကပါတယ္။

အဲဒီပစ္ခတ္မႈေၾကာင့္ ႏွစ္ဖက္ထိခိုက္ေသဆံုးမႈမရွိခဲ့ေပမယ့္ ငဖိုင္ပီးေက်းရြာက ေဒသခံျပည္သူ ၆၀၀ ေက်ာ္ဟာ စစ္ေရး ပဋိကၡေၾကာင့္ တဖက္အိႏိၵယႏိုင္ငံမီဇိုရမ္ျပည္နယ္ကို ထြက္ေျပးတိမ္းေရွာင္ခဲ့ၾကရပါတယ္။ ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈျဖစ္ပြားၿပီးေနာက္ပိုင္း ႏိုင္ငံတ၀န္းလံုးမွာ စစ္အာဏာရွင္စနစ္ကို လက္နက္ကိုင္ဆန္႔က်င္ ေတာ္လွန္ခဲ့ၾကၿပီး ခ်င္းျပည္နယ္မွာလည္း ၿမိဳ႕နယ္ကိုအေျခခံၿပီး ဖြဲ႔စည္းတဲ့ လက္နက္ကိုင္အဖြဲ႔နဲ႔ မ်ဳိးႏြယ္စုကိုအေျခခံၿပီး ဖြဲ႔စည္းတဲ့ လက္နက္ကိုင္တပ္ဖဲြ႕စုစုေပါင္း ၁၈ ဖြဲ႔ေက်ာ္ရွိပါတယ္။ CDF-Mara နဲ႔ MATC/MDF တို႔ဟာ မရာမ်ဳိးႏြယ္စုကို အေျခခံၿပီး ဖြဲ႔စည္းထားတဲ့ လက္နက္ကိုင္တပ္ဖြဲ႔ေတြျဖစ္ၾကပါတယ္။

ဘာေၾကာင့္ မ်ဳိးႏြယ္စုတူ လက္နက္ကိုင္တပ္ဖဲြ႕ေတြအၾကား ပဋိပကၡျဖစ္ေနရတာပါလဲ။ သူတို႔တပ္ဖြဲ႔ ၂ ဖြဲ႔ၾကား မေျပလည္မႈ ေတြ၊ အျငင္းပြားမႈေတြက ဘာေၾကာင့္ပါလဲ။ ေျဖရွင္းဖို႔ ဘယ္လိုလုပ္ေဆာင္ဖို႔လိုအပ္ပါသလဲ။ ဒီကိစၥနဲ႔ပတ္သက္ၿပီး Mara Administrative Territorial Council – MATC/MDF ရဲ႕ေျပာေရးဆိုခြင့္ရွိသူ ဦးခိုင္ဆာကို ခိုႏူမ္းသုန္ကဆက္သြယ္ေမး ျမန္းထားပါတယ္။

အေမး။ ။ CDF-Mara နဲ႔ MATC/MDF အၾကား အဓိက အဆင္မေျပမႈ၊ အျငင္းပြားမႈေတြဟာ ဘာေတြပါလဲ။

အေျဖ။ ။ CDF-Mara နင့္ MDF က အဓိက မၾကည္လည္တဲ့အခ်က္လက္ေတြက နံပါတ္တစ္ ပုဂၢိဳလ္ေရးေတြပါတယ္။ ပုဂၢိဳလ္ေရးေတြပါတယ္ဆိုတာက အခု CDF-Mara က စစ္ဦးစီးခ်ဳပ္ နင့္ MDF စစ္ဦးစီးခ်ဳပ္က ပုဂၢိဳေရးအရ သူတို႔မွာ အၿပိဳင္အဆိုင္ မၾကည္လည္မႈေတြရွိတယ္။ နံပါတ္ႏွစ္က ထိပ္ပိုင္းကလူေတြ ပြင့္ပြင့္လင္း လင္းေျပာရရင္ အခု CDF-Mara ေတြက ေနာက္ပိုင္းမွ ေပၚလာတဲ့ဟာ၊ သူတို႔ရဲ႕ ေက်ာထုတ္ေနာက္ခံေတြက Dr.Sasa တို႔ေပါ့။ အဲ့ဒီသမိုင္းေတြ အမ်ားႀကီး ရွိတယ္။ အဲ့ဒီၾကားမွာ ကြၽန္ေတာ္တို႔ ပူးေပါင္းဖို႔ ေတာ္လွန္ေရး အဖြဲ႕ဝင္ေတြ အကုန္လုံးစုေပါင္းၿပီးေတာ့ တစ္စုတစ္စည္း မရာမွာ တပ္ဖြဲ႕တစ္ခုနဲ႔လုပ္ရေအာင္ ဆိုၿပီးမွ ေျပေျပ လည္လ ည္လုပ္လာခဲ့တဲ့ဟာကို ဒီလိုေခါင္းေဆာင္ပိုင္းတစ္ခ်ိဳ႕ေတြက ဒီေရရွည္ႏိုင္ငံေရးပံုရိပ္အတြက္ သူတို႔ စဥ္းစားၿပီး လုပ္လာတဲ့အခ်ိန္မွာ အခု ေနာက္ပိုင္းၾကမွ CDF-Mara ဆိုၿပီးမွ တပ္ျပန္ဖြဲ႕ၿပီးေတာ့ ျဖစ္သြား တယ္။

အေမး။ ။ စစ္အာဏာရွစ္စနစ္ကို ဆန႔္က်င္ေတာ္လွန္ေနတဲ့ မရာမ်ိဳးႏြယ္စုအခ်င္းခ်င္းၾကားမွာ ဘာေၾကာင့္ ခုလို ပဋိပကၡေတြ ျဖစ္ေနရတာလဲ။

အေျဖ။ ။ ဒီဟာက ပဋိပကၡေတြကေတာ့ ေနာက္ကြယ္ကလူေတြမရွိရင္ ဘာမွ ျပသနာမရွိဘူး။ CDF ဘက္ကလည္း သူ တို႔ေနာက္ကြယ္ကလူေတြ အဖြဲ႕စည္းႏွစ္ခုေလာက္ရွိတယ္ေလ၊ ေနာက္တစ္ခ်က္က ကြၽန္ေတာ္တို႔ အစက ဒီေလာက္မ ဟုတ္ဘူး အခုေနာက္ပိုင္းျဖစ္လာတဲ့ဟာက အရင္တုန္းက ငဖိုင္သဲမွာ CDF-Mara ဘက္တစ္ေယာက္ေသတယ္ ဆိုတာ ဆရာတို႔အကုန္လုံးသိမွာပါ။ အဲ့ဒီတုန္းက ျဖစ္တဲ့ဟာက အခုေနာက္ပိုင္းေတာ္ေတာ္ေလး အက်ိဳးဆက္၊ သက္ေရာက္မႈကရွိ လာတယ္။ ေသသြားတဲ့ သူ႔အမ်ိဳးထဲက မေက်နပ္တဲ့အပိုင္းေတြ အမ်ားႀကီးရွိလာတယ္ အဲ့ေနာက္ပိုင္းသူတို႔ရဲ႕ လႈပ္ရွားမႈ ေတြက ဘယ္လိုျဖစ္လာသလဲဆိုေတာ့ ကြၽန္ေတာ္တို႔ MATC/MDF က ကစက နဲ႔ ပူးေပါင္းတယ္ဆိုၿပီးမွ Lobby ေတြလုပ္ၿပီး ဝိုင္းၿပီးတိုက္ခိုက္တယ္၊ MDF အေနနဲ႔ စကစ နဲ႔ ေပါင္းတယ္လို႔ ယုံၾကည္ၾကတယ္ေလ၊ ဒါကေတာ့ က်ေနာ္တို႔ ေတာ္ေတာ္ ေလးဝမ္းနည္းတယ္၊ ကြၽန္ေတာ္တို႔နဲ႔ ဒီစကစ နဲ႔ ေပါင္းပါတယ္ဆိုတဲ့ အေထာက္အထားျပပါဆိုလည္း တစ္ေယာက္မွ မျပႏိုင္ဘူး၊ ဆိုေတာ့ ကြၽန္ေတာ္တို႔က ဝမ္းေတာ့နည္းတယ္ ကြၽန္ေတာ္တို႔ မရာအခ်င္းခ်င္းမွာျဖစ္တယ္၊ ဝမ္းနည္းတယ္၊ စိတ္လည္းမေကာင္းဘူး။

ေနာက္တစ္ခ်က္က ကြၽန္ေတာ္တို႔ ေတာ္ေတာ္ေလးကို စိတ္ထိခိုက္ရတဲ့အေၾကာင္းရင္းက မရာအမ်ိဳးသားအခ်င္းခ်င္းျဖစ္ေန တဲ့ဟာကို အေနာက္ကေန မီးေမႊးၿပီး ပင့္ေပးၾကေတာ့ CDF-Mara ဘက္ကေနပါဝင္ၿပီးမွ တိုက္ခိုက္ေပးေနတဲ့ အဖြဲ႕စည္း ေတြ ကြၽန္ေတာ္တို႔ကို ေတာ္ေတာ္ေလးအခဲမၾကည္တဲ့ပံုစံမ်ိဳးေတြျဖစ္ေနတယ္။ ကြၽန္ေတာ္တို႔က ဘယ္ေတာ့မွ ပစ္ဖို႔လုံးဝ မရည္႐ြယ္ဘူး CDF-Mara အင္အားကို ကြၽန္ေတာ္တို႔သိတယ္။ ပစ္ေလာက္ရတဲ့အေနအထားေတာင္မရွိဘူး သူတို႔ရဲ႕ အင္အားနဲ႔ လက္နက္ဟာ သို႔ေသာ္လည္း ကြၽန္ေတာ္တို႔ ဘာမွမလုပ္ဘူးအခုခ်ိန္ထိ။

အေမး။ ။ ဒီကိစၥကိုႏွစ္ဖက္တပ္ဖြဲ႔အၾကား ညႇိႏႈိင္းဖို႔ေကာ္ႀကိဳးစားခဲ့ၾကသလား။ ဘယ္ႏွစ္ႀကိမ္ေလာက္ညႇိႏႈိင္းဖို႔ႀကိဳးစား ခဲ့တာလဲ။ ဘာေတြက အဟန႔္အတားျဖစ္ေစတာလဲ။

အေျဖ။ ။ အဲဒီေနရာမွာ က်ေနာ္တို႔လည္းအံ့ၾသတယ္၊ ကြၽန္ေတာ္တို႔ဘက္က တရားဝင္ကမ္းလွမ္းတာက ႏွစ္ႀကိမ္၊ ၾကား ကေန ကမ္းလွမ္းတာက ၄/၅ ႀကိမ္မကေလာက္ဘူး။ ကြၽန္ေတာ္တို႔ကိုယ္တိုင္ ခ်ိန္းထားတဲ့ အထိသြားတယ္ တစ္ေယာက္မွ မလာဘူး အရွက္ကြဲၿပီးေတာ့ ျပန္လာရတယ္။ ေနာက္တစ္ႀကိမ္ ျပန္ေျပာတယ္ သူတို႔ဘက္က လက္မခံဘူး။ ေနာက္ပိုင္း ဒီမရာအသိုင္းဝိုင္းမွာရွိတဲ့ လူႀကီးေတြကအစ အကုန္လုံးက ေတြ႔ဆံုေဆြး‌ေႏြးဖို႔ႀကိဳးစားၾကတယ္။ သူတို႔ဘက္က လုံးဝပယ္ခ် တယ္။ လုံးဝမရဘူးဆိုေတာ့ ကြၽန္ေတာ္တို႔ ႀကိဳးစားခဲ့သမွ်ဟာ လုံးဝအရာမထင္ဘူး။ ဆိုေတာ့ ဒါက ေတာ္ေတာ္ေလးကို မ႐ိုးသားမႈေတြ ေနာက္ကြယ္ရာမွာ အမ်ားႀကီးရွိမယ္လို႔ေတာ့ ကြၽန္ေတာ္ယုံၾကည္တယ္။

အေမး။ ။ မရာမ်ိဳးႏြယ္စု အခ်င္းခ်င္းၾကားမွာ ခုလိုမေျပလည္မႈေတြျဖစ္ေနတာဟာ ခ်င္းျပည္သူေတြက စိတ္မေကာင္း ျဖစ္ၾကတယ္၊ ဒီလိုျဖစ္တာကိုမလိုလားၾကဘူး။ တစ္ဖြဲ႕နဲ႔တစ္ဖြဲ႕သင့္ျမတ္ၿပီးေနသြားေစခ်င္ၾကတယ္။ ဆိုေတာ့ ဆရာ တို႔ႏွစ္ဖြဲ႕အၾကားမေျပလည္မႈဟာ အဆုံးသတ္ဖို႔အတြက္ ဘာေတြေဆာင္႐ြက္ဖို႔လိုမလဲ။ ႏွစ္ဖက္စလုံးအတြက္ေပါ့။

အေျဖ။ ။ ႏွစ္ဖက္ မေျပလည္မႈေတြ အဆုံးသတ္ဖို႔ဆိုလို႔ရွိရင္ ကြၽန္ေတာ္တို႔က မေတြ႕ဆံုပဲနဲ႔ေတာ့ အဆုံးသတ္လို႔မရဘူး ေလ၊ ဘယ္ေတာ္လွန္ေရးမွာပဲျဖစ္ျဖစ္ ဘယ္ပဋိပကၡေတြမွာပဲျဖစ္ျဖစ္ မေတြ႔ဆံုပဲ စကားမေျပာပဲနဲ႔ေတာ့ ကိုယ့္သေဘာ၊ သူ႔သေဘာခ်ျပေဆြးေႏြးလို႔မရဘူး။ အရင္ဆုံးေတြ႕ဖို႔လိုတယ္။ အဲ့ဒီလိုေတြ႔မယ္ဆိုရင္ ခ်င္းျပည္နယ္မွာ ျဖစ္တဲ့အတြက္ ေၾကာင့္ ခ်င္းမ်ိဳးႏြယ္စုျဖစ္တဲ့အတြက္ေၾကာင့္ တာဝန္ယူၿပီးေတာ့ လုပ္ေပးမယ့္သူလိုတယ္။ အဖြဲ႕စည္းလား၊ လူပုဂၢိဳလ္လား။ အဲ့ဒီလုပ္တဲ့ေနရာမွာလည္း မွ်မွ်တတလုပ္ဖို႔လိုတယ္။ ေနာက္ကြယ္ကေန အသုံးမခ်ပဲနဲ႔ေပါ့ေနာ္။ မရာျပည္သူေတြကို တကယ့္တကယ္ ေစတနာထားေပးတဲ့အဖြဲ႕အစည္းေတြ မရာျပည္သူ႔ရဲ႕သေဘာထားကိုလည္း ပြင့္ပြင့္လင္းလင္း လက္ခံႏို င္ရမယ့္သူ အဖြဲ႕စည္းေတြျဖစ္ဖို႔လိုတယ္။ ဆိုေတာ့ အခုန ကြၽန္ေတာ္ေျပာသလိုပဲ အဆုံးသတ္မွျဖစ္မယ္။ ေသတဲ့သူက လည္း မရာျဖစ္ေနမယ္၊ ငိုတဲ့သူကလည္း မရာျဖစ္ေနမယ္၊ ဒုကၡေရာက္တဲ့သူကလည္း မရာျဖစ္ေနမယ္၊ ဒါကမႀကိဳက္ရင္လ ည္း အဆုံးသတ္ရမွျဖစ္မယ္၊ ဥပမာ ရာထူးရာခံလိုခ်င္တယ္ဆိုရင္ ကြၽန္ေတာ္တို႔လည္း ထြက္ေပးမယ္၊ ရာထူးကဘာလုပ္မွာ လဲ၊ အဲ့တာေၾကာင့္ ဘယ္လိုဘဲ ျဖစ္ျဖစ္ ဒီဟာကို ခ်င္းလူထုက သင္ခန္းစာယူဖို႔ သတင္းစကားပါးခ်င္တယ္။ ကြၽန္ေတာ္ တို႔ၾကားမွာ ဒီလိုမ်ိဳးမျဖစ္ေအာင္၊ ခ်င္းျပည္နယ္ အနာဂတ္ရဲ႕ ႏိုင္ငံေရးကို လက္ဝါႀကီးအုပ္ဖို႔၊ ေသြးခြဲမႈ၊ ေသြးထိုးမႈေတြ ႏိုင္ငံေရးကစားကြက္ေတြ သတိထားဖို႔လိုလိမ့္မယ္၊ ႀကိဳးစားၿပီး ႐ိုးသားၾကဖို႔လိုလိမ့္မယ္။

အေမး။ ။ ဆိုေတာ့ ဘယ္လိုအဖြဲ႔အစည္း၊ ဘယ္လိုပုဂၢိဳလ္မ်ဳိးေတြက ၾကား၀င္ေဆာင္ရြက္ေပးမယ္ဆိုရင္ အဆင္ ေျပႏိုင္မလဲ။

အေျဖ။ ။ လူပုဂၢိဳလ္က်ေတာ့ ကြၽန္ေတာ္သိပ္မေျပာတတ္ဘူး။ ဒါေပမယ့္ ဒီခ်င္းျပည္နယ္မွာၾကေတာ့ CJDC (ခ်င္းလက္န က္ကိုင္ပူးေပါင္းေကာ္မတီ) တစ္ခုပဲရွိတယ္ေလ၊ ဆိုေတာ့ CJDC မွာရွိတဲ့ တာဝန္ရွိတဲ့သူေတြက စုံစမ္းဖို႔အေရးႀကီးတယ္။ စုံစမ္းတဲ့ေနရာမွာလည္း ကြၽန္ေတာ္တို႔ဘက္က ဖိအားမေပးဘူး၊ CDF-Mara ဘက္ကလည္း ဝင္မစြပ္နဲ႔ ကြၽန္ေတာ္တို႔လည္း ဝင္မစြပ္ဘူး၊ လြတ္လြတ္လပ္လပ္တစ္နယ္လုံးကို အျဖစ္ပ်က္မွန္ကို စုံစမ္းပါေစ၊ မရာျပည္သူလူထုရဲ႕သေဘာထားကိုလည္း စုံစမ္းေမးျမန္းပါ၊ ရရွိလာတဲ့အခ်က္လက္ေတြကို တိတိက်က်မွန္မွန္ကန္ကန္ ပြင့္ပြင့္လင္းလင္းထုတ္ျပန္ေစခ်င္တယ္ အဲ့တာ ကိုလည္း အကုန္လုံးကလက္ခံႏိုင္ရမယ္၊ သမာသမတ္ရွိရွိလုပ္ဖို႔ အျဖစ္ႏိုင္ဆုံးအဖြဲ႕စည္းကေတာ့ CJDC ပဲျဖစ္ပါ လိမ့္မယ္။

ေမး။ ။ တျခားဘာမ်ားျဖည့္စြပ္ေျပာခ်င္တာရွိပါလဲ။

ေျဖ။ ။ ကြၽန္ေတာ္ကေတာ့ စိုးရိမ္မိတယ္ ကြၽန္ေတာ္တို႔မရာျပည္နယ္တစ္ခုတည္းအတြက္မဟုတ္ဘူး၊ ခ်င္းျပည္နယ္တ စ္ခုလုံး ခ်င္းလူမ်ိဳးေတြ၊ လက္နက္ကိုင္အကုန္လုံးေတြမွာ ကြၽန္ေတာ္တို႔ မရာေတြလိုျဖစ္မွာ ေတာ္ေတာ္ေလးစိုးရိမ္ေနတယ္။ ကြၽန္ေတာ္တို႔ကေတာ့ ေရွ႕ဆက္ၿပီးညႇိႏႈိင္းဖို႔ အေျဖရွာဖို႔ ကြၽန္ေတာ္တို႔က အၿမဲတမ္း တံခါးဖြင့္ေပးတယ္ လက္ခံတယ္ ႀကိဳဆိုတယ္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.