(004SS)
ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ ဟားခါးနှစ်ခြင်းအသင်းတော်ပိုင် မူကြိုကျောင်း ယနေ့မနက်ပိုင်းက မီးလောင်ပြာကျ သွားကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်ထံမှ သိရသည်။
ယနေ့ ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက် ၅ နာရီ ခွဲဝန်းကျင်တွင် ဟားခါးနှစ်ခြင်း အသင်းတော်ပိုင် မူကြိုစာသင်ကျောင်း မီးလောင်ခဲ့ရာ မီးသတ်ကားမရောက်လာမှီ နာရီတစ်ချက်အတွင်း ပြာကျခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
“မနက်အစောက စလောင်တာပေါ့၊ မီးသတ်ကားကတော့ ၊၆ နာရီကျော်လောက်မှာ ရောက်လာတယ် အဲချိန် အိမ်က အကုန် ပြကျသွားလုနီးပါးဖြစ်ပြီ နောက်ပြီး ဘေးအိမ်က ပြတင်းပေါက်တွေပျက်ဆီးနေပြီ အဲအိမ်ကိုတော့ မီးဆက်မလောင်သွား အောင် တားပေးနိုင်ခဲ့တယ်” ဟု မျက်မြင် ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ယခုလောင်ကျွမ်းသည့် အဆောက်အအုံတွင် အစောင့်များနေထိုင်ပြီး လူထိခိုက်ေသဆုံးမှု မရှိသလို ၎င်းတို့၏ ပစ္စည်း အချို့ ဆယ်ထုတ်နိုင်ခဲ့သော်လည်း ကျန်ပစ္စည်းများအားလုံး မီးထဲပါသွားသည်ဟု ဒေသခံများ ပြောပြချက်အရ သိရသည်။
မီးလောင်ရသည့်အကြောင်းအရင်းကို မသိရသေးသော်လည်း လျှပ်စစ်မီးမှ စတင်လောင်ကျွမ်းခြင်းဖြစ်နိုင်သည်ဟု မျက်မြင် ဒေသခံများက ယူဆကြသည်။ မီးလောင်ကျွမ်းသွားခဲ့သည့် မူကြိုကျောင်းသည် ပျဉ်ထောင် နှစ်ထပ်အိမ်ဖြစ်ပြီး မကြာမှီ ပြန်လည်ပြုပြင်ရန် ပြင်ဆင်ေနဆဲဟုလည်း သိရသည်။
Photo Crd