• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ဟားခါးမြို့တွင် CDM ကျောင်းဆရာမ ၂ ဦးအပါအဝင် ၅ ဦးဖမ်းဆီးခံရ

ဟားခါးမြို့တွင် CDM ကျောင်းဆရာမ ၂ ဦးအပါအဝင် ၅ ဦးဖမ်းဆီးခံရ

0
By Editor on November 28, 2021 Khonumthung

Unicode

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် နိုဝင်ဘာလ ၂၄ ရက်နေ့ညက မြို့တွင်း နေရာသုံးနေရာတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တို့အကြား ထိတွေ့မှုရှိခဲ့ပြီးနောက် ယမန်နေ့ နိုဝင်ဘာလ ၂၅ ရက်ညနေပို်င်းတွင် စစ်ကောင်စီတပ်ဖွဲ့များမှ CDM ကျောင်းဆရာမ ၂ ဦးအပါအဝင် ပြည်သူ ၅ ဦးကို ဖမ်းဆီးခဲ့သည်ဟု သိရသည်။

“ ဟိုနေ့က ရပ်ကွက်ထဲမှာ ပစ်ပြီးနောက်နေ့မှာ လူ ၅ ဦးကိုဖမ်းသွားတယ်။ ၂ ယောက်က ရွေး ကောက်ပွဲကော်မရှင်ရုံးက အမျိုးသား အဲ့နှစ်ယောက်ကို အစိုးရဝန်းထမ်းအိမ်ယာမှာ သွားဖမ်းတာ။ နောက်တစ်ယောက်က ခြင်းလုံးခတ်သွားတဲ့ MPT အရောင်းကိုယ်စားလှယ်တစ်ယောက်၊ CDM ကျောင်းဆရာမ ၂ ဦးလည်းပါတယ်” ဟု ဟားခါးမြို့ခံတစ်ဦးကပြောသည်။

လက်ရှိတွင် အဆိုပါဖမ်းဆီးခံရသူများကို ဟားခါးမြို့ ရဲစခန်းတွင်ထိန်းသိမ်းထားပြီး ရဲစခန်းတွင် စစ်ကောင်စီတပ်မှ ဖမ်းဆီးထားသူ အများအပြားလည်းရှိနေကြောင်းသိရသည်။

ယနေ့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များသည် ဟားခါးမြို့ အပြင်ဖ က်တစ်နေရာတွင် မွန်းလွဲ ၁၂ နာရီကစတင်ကာ အပြန်အလှန်ပစ်ခတ်မှုရှိခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုရှိမရှိမသိရပေ။

Zawgyi

ဟားခါးျမိဳ႕တြင္ CDM ေက်ာင္းဆရာမ ၂ ဦးအပါအဝင္ ၅ ဦးဖမ္းဆီးခံရ

ခ်င္းျပည္နယ္၊ ဟားခါးျမိဳ႕တြင္ ႏုိဝင္ဘာလ ၂၄ ရက္ေန႔ညက ျမိဳ႕တြင္း ေနရာသုံးေနရာတြင္ စစ္ေကာင္စီ တပ္ဖြဲ႔ဝင္ႏွင့္ ခ်င္းကာကြယ္ေရးတပ္ဖြဲ႔တုိ႔အၾကား ထိေတြ႔မႈရွိခဲ့ျပီးေနာက္ ယမန္ေန႔ ႏိုဝင္ဘာလ ၂၅ ရက္ညေနပုိ္င္းတြင္ စစ္ေကာင္စီတပ္ဖြဲ႕မ်ားမွ CDM ေက်ာင္းဆရာမ ၂ ဦးအပါအဝင္ ျပည္သူ ၅ ဦးကုိ ဖမ္းဆီးခဲ့သည္ဟု သိရသည္။

“ ဟုိေန႔က ရပ္ကြက္ထဲမွာ ပစ္ျပီးေနာက္ေန႔မွာ လူ ၅ ဦးကုိဖမ္းသြားတယ္။ ၂ ေယာက္က ေရြး ေကာက္ပြဲေကာ္မရွင္ရုံးက အမ်ဳိးသား အဲ့ႏွစ္ေယာက္ကုိ အစုိးရဝန္းထမ္းအိမ္ယာမွာ သြားဖမ္းတာ။ ေနာက္တစ္ေယာက္က ျခင္းလုံးခတ္သြားတဲ့ MPT အေရာင္းကုိယ္စားလွယ္တစ္ေယာက္၊ CDM ေက်ာင္းဆရာမ ၂ ဦးလည္းပါတယ္” ဟု ဟားခါးျမိဳ႕ခံတစ္ဦးကေျပာသည္။

လက္ရွိတြင္ အဆုိပါဖမ္းဆီးခံရသူမ်ားကုိ ဟားခါးျမိဳ႕ ရဲစခန္းတြင္ထိန္းသိမ္းထားၿပီး ရဲစခန္းတြင္ စစ္ေကာင္စီတပ္မွ ဖမ္းဆီးထားသူ အမ်ားအျပားလည္းရွိေနေၾကာင္းသိရသည္။

ယေန႔တြင္လည္း စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားႏွင့္ ခ်င္းကာကြယ္ေရးတပ္ဖြဲ႔မ်ားသည္ ဟားခါးျမိဳ႕ အျပင္ဖ က္တစ္ေနရာတြင္ မြန္းလြဲ ၁၂ နာရီကစတင္ကာ အျပန္အလွန္ပစ္ခတ္မႈ႐ွိခဲ့ၿပီး ႏွစ္ဖက္ထိခိုက္မႈ႐ွိမ႐ွိမသိရေပ။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထန်တလန်မြို့တွင် စစ်ကောင်စီတပ်သား ၆ ဦးကို ချင်းကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီး

“တမူးမြို့နယ်တွင် ပီဒီအက်(ဖ်) အကြမ်းဖက်သမားများက သားအမိ ၃ ဦးကို သေနတ်ဖြင့်ပစ်ခတ်သွား” ဆိုတဲ့သတင်းအမှား

“တမူးမြို့နယ် မလူကျေးရွာအတွင်းသို့ ပီဒီအက်(ဖ်) အကြမ်းဖက်သမား ၅၀ ဦးခန့် ဝင်ရောက်လာပြီး ငွေကြေးနှင့် တန်ဖိုးရှိပစ္စည်း များအားလုယက်ယူဆောင်ကာ နေအိမ်များအား မီးရှို့ဖျက်ဆီး” ဆိုတဲ့သတင်းအမှား

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.