ချင်းပြည်နယ် ဟားခါးမြို့နယ်အတွင်း တိရိစ္ဆာန်ရောဂါများ ကျရောက်ပြန့်ပွားမှုကြာင့် တိရိစ္ဆာန်များသယ်ယူပို့ဆောင်ခြင်းကို နိုဝင်ဘာလ ၁၀ ရက်နေ့ကစ၍ တားမြစ်ထားသည်ဟု CDF-Hakha တပ်ဖွဲ့က ထုတ်ပြန်သည်။
ဟားခါးမြို့နယ်အတွင်းဖြစ်ပွားသော ယင်းတိရိစ္ဆာန်ရောဂါကြောင့် ပြည်သူများ ရှုံးဆုံးနစ်နာမှုရှိနေသည့်အတွက် နောက်ထပ် အမိန့်စာမထုတ်ပြန်ခင်အချိန်ထိ ဟားခါးမြို့နယ်အတွင်း တိရိစ္ဆာန်များ သယ်ယူပို့ဆောင်ခြင်းကို တားမြစ်ပိတ်ပင်လိုက်သည်ဟု နိုဝင်ဘာ ၉ ရက်နေ့စွဲဖြင့် CDF-Hakha က ထုတ်ပြန်ခြင်းဖြစ်သည်။
ဟားခါးမြို့တွင် ပြီးခဲ့တဲ့လက အမျိုးအမည်မသိရောဂါတမျိုးကြောင့် ဝက်အကောင် တစ်ရာခန့် သွေးအန်ပြီးသေဆုံးခဲ့ကြောင်း ဝက်ရောဂါ ကာကွယ်ဆးထိုးပေးနေတဲ့အဖွဲ့၏အဆိုအရ သိရသည်။
ထို့သို့ ချင်းပြည်နယ်အတွင်း ဝက်ရောဂါကျရောက်ပြန့်ပွားမှုကြောင့် အိမ်နီးချင်း မီဇိုရမ်ပြည်နယ်ကလည်း ချင်းပြည်နယ်ဘက်မှ တိရိစ္ဆာန်တင်သွင်းခွင့် ယာယီပိတ်ပင်ထားသည်ဟု သိရသည်။