Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကြားကာလ ခူမီးချင်းမျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ ဒုတိယ ဥက္ကဌ ဦးအိုက်ထွန်း ကွယ်လွန်

ကြားကာလ ခူမီးချင်းမျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ ဒုတိယ ဥက္ကဌ ဦးအိုက်ထွန်း ကွယ်လွန်

0
By Editor on January 14, 2025 Khonumthung

(002MG)

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ် ကြားကာလခူမီးချင်းမျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ (IKACC) ၏ ဒုတိယဥက္ကဋ္ဌ ဦးအိုက်ထွန်း (Lui Thawn La) သည် ယနေ့ ဇန်နဝါရီလ (၁၄) မနက်ပိုင်းတွင် ကွယ်လွန်သွားသည်ဟု သိရသည်။

ဦးအိုက်ထွန်းသည် အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပိုးလစ်မြို့က နေအိမ်တွင် ကွယ်လွန်သွားခြင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၄၉ နှစ်ရှိကာ ဇနီးနှင့်အတူ သားနှစ်ဦး၊ သမီးနှစ်ဦး ကျန်ရစ်ခဲ့သည်ဟု သိရသည်။

ပလက်ဝမြို့နယ် ကြားကာလ ခူမီးချင်းမျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ (IKACC) ၏ ထုတ်ပြန်ချက်ထဲတွင် ဒုတိယ ဥက္ကဋ္ဌ ဦးအိုက်ထွန်း (Lui Thanwn La) ကွယ်လွန်ခြင်းကြောင့် ကျန်ရစ်သူ မိသားစုနှင့် ထပ်တူဝမ်းနည်းရပါကြောင်း ဖော်ပြထားသည်။

အတိုင်ပင်ခံကောင်စီ (IKACC) ၏ ဒုတိယဥက္ကဋ္ဌ ဦးအိုက်ထွန်း(Lui Thanwn La) သည် IKACC ၏ ဒုတိယ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့်အပြင် အခြားလူမှုအဖွဲ့အစည်းများတွင်လည်း ပါဝင် ဆောင်ရွက်နေသူဖြစ်ကြောင်း သိရှိရသည်။

ကြားကာလခူမီးချင်းမျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်း ပြီးနောက်ပိုင်း တော်လှန်ရေးကာလအတွင်း ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၏ နိုင်ငံရေးဦး ဆောင်အဖွဲ့အစည်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် လျှောက်ထားနိုင်ပြီဟုဆို

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 10, 2026

ဇမ်ပီးရွာရှိ ZRA-EC စခန်းကို ZNA က ဝင်ရောက်တိုက်ခိုက်ရာ ZRA-EC ရဲဘော်တစ်ဦးသေဆုံး

September 10, 2026

ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် လျှောက်ထားနိုင်ပြီဟုဆို

September 9, 2026

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

September 9, 2026

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.