မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီး မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေး စတင်လာသည့်အချိန်မှာ ချင်းပြည်နယ်၏မြို့တော် ဟားခါးမြို့မှာလည်း ဖေဖော်ဝါရီလ ၈ ရက်နေ့ကစ၍ ထောင်နှင့်ချီသော ဒေသခံပြည်သူများက လမ်းမပေါ်ထွက် ဆန့်ကျင်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ ဟားခါးမြို့ ဆန္ဒဖော်ထုတ်မှုကို အဓိကဦးဆောင်သူများတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်သည့် ဆလိုင်းငွန်ဆန်းအောင်လည်း ပါဝင်သည်။
ဆလိုင်းငွန်ဆန်းအောင်သည် ရန်ကုန်တက္ကသိုလ်တွင် Master တန်းတက်ရောက်နေသူတစ်ဦးဖြစ်ပြီး ချင်းစာပေနဲ့ယဉ်ကျေးမှု ကောင်မတီမှာလည်း ဦးဆောင်သူတစ်ဦးဖြစ်သည်။ ထို့အပြင် သူသည် ချင်းသတင်းဌာနတစ်ခုဖြစ်သည့် The Chinland Post သတင်းဌာတွင် ၃ နှစ်ခန့် အယ်ဒီတာလုပ်ကိုင်ခဲ့သည့် သတင်းသမားတစ်ဦးလည်း ဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဟားခါးမြို့မှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ဆန္ဒဖော်ထုတ်မှုကို ဦးဆောင်သူထဲက ထင်ရှားတဲ့လူငယ်တစ်ဦးဖြစ်ကာ စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ခဲ့ပြီးနောက် တော်လှန်ရေးနယ်မြေထဲ ရောက်ရှိသွားပြီး ယခုလက်ရှိမှာ Chinland Defense Force – Hakha တပ်ဖွဲ့ရဲ့ ဦးဆောင်သူတစ်ဦးလည်ဖြစ်သည်။ ချင်းလူငယ်တစ်ယောက်အနေနဲ့ ဘာကြောင့် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ဆုံးဖြတ်ခဲ့ရတာပါလဲ။ သူ့၏ အနာဂတ် အိမ်မက် မျှော်မှန်းချက်များက ဘာတွေလဲ။ Khonumthung သတင်းဌာနက ဆလိုင်းငွန်ဆန်းအောင်ကို ဆက်သွယ်မေးမြန်းထားသည်။
မေး- ပထမဦးဆုုံးအနေနဲ့ လက်နက်ကိုင်တော်လှန်ရေးကို ဘာကြောင့် ရွေးချယ်ဖြစ်ခဲ့တာလဲ။
ဖြေ- ကျွန်တော်ဒီလက်နက်ကိုင်ကို် ရွေးချယ်ခဲ့တာမဟုတ်ဘူးပေါ့။ ကျွန်တော်တို့က နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ပဲ ဖြေရှင်းချင်တယ်။ ဖေဖော်ဝါရီ တစ်ရက်နေ့မှာ အာဏာသိမ်းလာတော့ အတွင်းကနေ နည်းနည်းစည်းရုံးရေး တွွေဝင်တယ််။ သူငယ်ချင်းတွေကို ညှိကြည့််တယ်။ ၈ ရက်နေ့မှာကျတော့ တချို့ပြည်နယ်တွေလည်း မနက် ဖြန်ထွက်တော့မယ်ပေါ့။ မြစ်ကြီးနားဖက်မှာလည်း အဆက်သွယ်ရတယ် မနက်ဖြန်လောက်မှာထွက်တော့ မယ်။ မန္တလေးဘက်ဆိုရင်ထွက်တော့မယ်ပေါ့။ ပြည်နယ်တွေမှာ မထွက်ကြသေးဘူး ဘာလုပ်မလဲပေါ့။ ၈ ရက်နေ့ ညနေပိုင်းမှာ စည်းဝေးခေါ်တယ်။ ကျွန်တော့်သူငယ်ချင်း၊ အပေါင်းအသင်းတွေကို ခေါ်ပြီးမှ အဲ့ကနေ တခါတည်း မနက်ဖြန်လောက်ကိုထွက်မယ်ဆိုပြီး ကျွန်တော်တို့ ဆုံးဖြတ်ချက်ချခဲ့တယ်။ လမ်းပေါ်ထွက်ပြီးတဲ့ နောက်ပိုင်းမှာ ကျွန်တော်တို့က ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းလုပ်ပြီးမှ ကျွန်တော်တို့လိုချင်တဲ့နိုင်ငံ ရေးအဖြေကို တောင်းခဲ့တယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့က အကြမ်းဖက်နည်းနဲ့ တုံ့ပြန်မှုရလာတဲ့အ ခါမှာ ကျွန်တော်တို့ မှာ ရွေးချယ်စရာမရှိလို့ဒီလမ်းကို ရွေးရတာပါ။
မေး- လက်နက်ကိုင်လမ်းစဉ်ကို ရောက်အောင်တွန်းပို့ပေးတဲ့အဓိကအကြောင်းရင်းကဘာဖြစ်မလဲ။
ဖြေ- ကျွန်တော်တို့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူတွေကို ဖမ်းဆီးထားတယ်။ ညှင်းပန်းနှိပ်စက်တယ်။ ပြီးတော့ ကျွန်တော်တို့ နိုင်ငံရေးသမိုင်းကို ကြည့်တဲ့အခါမှာ ကျွန်တော်တို့က ငြိမ်းချမ်းစွာနို်င်ငံရေးအဖြေကိုရချင်လို့ ကျွန်တော်တို့လိုချင်တဲ့ နိုင်ငံရေးပန်းတိုင်ကိုရောက်အောင် ကျွန်တော်တို့က ငြိမ်းချမ်းစွာတောင်းဆိုခဲ့တယ်။ ဒါပေမယ့် သမိုင်းအစဉ်အဆက်မရခဲ့ဘူး။ အဲ့တော့ဒီတခါမှာလည်း ရကောင်းရနိုင်မလာပေါ့။ သူတို့လည်း သင်ခန်းစာရလောက်ပြီပေါ့ ဒါပေမယ့် ဒီတခါမှာလည်း ဘာမှမထူးဘူးပေါ့။ ဒါကြောင့် ဒါဟာကျနော်တို့အတွက် သမို်င်းပေးတာဝန်တခုဖြစ် ခံယူချက်ရှိတယ်။ ကျွန်တော်တို့မျက်မြင်ကိုယ်တိုင်လည်း ခံစားပြီး ကြုံလာရတဲ့ အခါမှာ ဒီဟာက ကျွန်တော်တို့ လိုချင်တဲ့နိုင်ငံရေးအဖြေကို ရနိုင်ဖို့အတွက် လက်နက်ကိုင်လမ်းစဉ်တစ်ခုပဲ ကျန်ရှိတော့တယ်ဆိုတဲ့ ခံယူချက်ပဲကျွန်တော်တို့မှာ အပြည့်အဝရှိတယ် အဲ့တာက အဓိကပေါ့။
မေး- တချို့တွေက အခုချိန်မှာ စစ်ရေးအရမဖြေရှင်းသင့်ဘူးလို့ပြောနေတဲ့သူတွေရှိတယ်။ နောက်တခုက တွေ့ဆုံဆွေးနွေးပြီးတော့ပဲ အဖြေရှာသင့်တယ်လို့လည်း ပြောနေတဲ့သူတွေရှိတယ်။ ဒီအပေါ်မှာ ဘာပြော ချင်လဲ။
ဖြေ- တွေ့ဆုံဆွေးနွေးပြီးမှ အဖြေရှာဖို့အတွက် ကြိုးစားခဲ့တဲ့သူတွေလည်း ရှိခဲ့ဖူးပါတယ်။ ဦးခင်ညွှန့်ခေတ်က လုပ်ခဲ့ဖူးတာပဲ။ အဲ့တော့ လက်နက်ကိုင်တွေကို မက်လုံးတွေပေးပြီး သူတို့ရဲ့နိုင်ငံရေးပန်းတိုင်တွေကို လမ်းလွဲ အောင်လုပ်ဖို့က တပ်မတော်ရဲ့နည်းဗျူးဟာအကြီးမားဆုံးတစ်ခုဖြစ်တယ်။ အရင်ကလည်း လုပ်ခဲ့ဖူးပါတယ်။ အဲ့တော့ တချို့လက်နက်ကို်င်တွေတော်တော်များများ သူတိို့ရဲ့ နိုင်ငံရေးပန်းတိုင်တွေလမ်းပျောက်ပြီးမှ စီးပွားရေးနယ်မှာ ဝင်သွားတဲ့သူတွေရှိတယ်ဆိုတာ ကျွန်တော်တို့ သမိုင်းမှာအထင်အရှားတွေ့ရပါတယ်။ အဲ့တော့ ဒီတခါမှာလည်း ကျွန်တော်တို့က NCA လည်း ကျွန်တော်တို့ မျက်မြင်ကိုယ်တွေ့ပဲ။ ဘာအဖြေရှိလို့လဲ။ ပြောချင်တာက ဒီတခေါက်တော့ သိသင့်ပြီပေါ့ ကျွန်တော်တို့က အသိတရားရသင့်ပြီ။ ဘာဖြစ်လို့လဲဆိုတော့ အနှစ် ၇၀ လုံးလုံးရှိနေပြီ ဒီအာဏာရှင်တွေရဲ့ သမိုင်းစဉ်တလျှောက်ဆွေးနွေးပွဲတော့ လုပ်ခဲ့ကြတာပဲ။ ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ လိုချင်တဲ့နိုင်ငံရေးအဖြေကို ဒီဆွေးနွေးပွဲကနေ ဘာတစ်ခုမှရလာတာ မရှိဘူးလေ။
မေး- ဒါဆိုရင် တော်လှန်ရေးပန်းတိုင်က ဘာလဲပေါ့။ ဘယ်လောက်ထိအောင်မြင်မယ်လို့ ဆရာ့အနေနဲ့ ယုံကြည်မှုရှိလဲ။
ဖြေ- ကျွန်တော်တို့ကျတော့ တိုင်းရင်းသားတမျိုးနဲ့တမျိုးက တူချင်မှတူမယ်။ ရခိုင်က ဘာလိုိိချင်လဲ၊ ကချင်က ဘာလိုချင်လဲ။ ချင်းကဘာလိုချင်လဲ။ ကိုယ့်အတိုင်းအတာနဲ့တော့ ရှိမှာပါ။ တိုင်းရင်းသားတစ်ခုထဲမှာ လည်း တိုင်းရင်းသားခေါင်ဆောင်တွေထဲမှာ ဖယ်ဒရယ်လိုချင်တဲ့သူတွေရှိမယ်။ Independent လိုချင်တဲ့သူ တွေရှိ ရင်ရှိမယ်။ ဒါပေမယ့် ဒီခေတ်မှာ ဘာအသင့်တော်ဆုံးလဲဆိုတာ နိုင်ငံရေးကရှိတာပေါ့နော်။ ပြီးတော့ အခုကျွန် တော်တို့က ဒီမြန်မာပြည်ကနေခွဲထွက်ဖို့ကို လိုိချင်တာမဟုတ်ဘူး။ ဒါပေမယ့် ပြည်ထောင်စုဆိုတဲ့အခါမှာ ကိုယ့် ပြည်ထောင်တွေကိုစုတဲ့ပြည်ထောင်စုဖြစ်တယ်။ ဒါကြောင့် ပြည်ထောင်စုရှိသင့်တယ်။ အဲ့တော့ ကိုယ့်ပြည် ထောင်ကိုစုနိုင်ဖို့အတွက်က အရင်ဆုံးကိုယ့်ပြည်ထောင်ကိုရဖို့လိုတယ်။ ကျွန်တော်တို့ချင်းအနေနဲ့တော့ တော်လှန်ရေးလမ်းစဉ်မှာက ၇၅% တော့ ခရီးရောက်ပြီလို့ ကျွန်တော်ယူဆပါတယ်။
မေး- ဒါဆိုရင် ဒီလိုမျိုးတော်လှန်ရေးအောင်မြင်ဖို့ဆိုရင် ဘာတွေအဓိကလိုအပ်လဲ။
ဖြေ- ကျနော်တို့က ပထမကမ္ဘာစစ်လို၊ ဒုတိယကမ္ဘာစစ်လို သူများနိုင်ငံ၊ သူများပိုင်နက်ကိုကျူးကျော်ပြီး တိုက်ရတာမျိုးမဟုတ်ဘူး၊ ကျွန်တော်တို့ကတော့ ခုခံတော်လှန်စစ်တစ်ခုဖြစ်တယ်။ နောက်တခုက ကျွန်တော်တို့က ဓမ္မနဲ့ အဓမ္မကြားမှာဖြစ်နေတဲ့ဟာဖြစ်တယ်။ အဲ့တော့ ဒီဟာက လက်နက်ကိုင်ပြီးတော်လှန်တဲ့ လမ်းစဉ်တစ်ခုထဲနဲ့ မလုံလောက်ဘူးပေါ့။ CDM လည်းလိုအပ်တယ်။ တခြားပြည်သူဖက်ကလိုက်နာနိုင်တာ အများကြီးရှိတယ်။ ဘာလို့လဲဆိုရင် စစ်တို်က်တာတစ်ခုထဲမဟုတ်ဘူး။ Revolution ကြီးတစ်ခုဖြစ်နေတယ်။ အဲ့တာကြောင့် ပြည်သူတွေရဲ့ ပံ့ပိုးမှုလည်း လိုအပ်တယ်။ ဒါပေမယ့် လူအင်အားကတော့ ရှိနေတဲ့လူအင်အားနဲ့ လုံလောက်ပါတယ်။ လက်နက်သာ တပ်ဆင်ပေးနိုင်မယ်ဆိုရင်တော့ သိန်းဂဏန်းလောက်ထွက်မှာ သေချာပါတယ်။ ဒါပေမယ့် လက်နက်က လိုအပ်သ လောက် မထွက်နိုင်သေးဘူးပေါ့။တော်တော်တော့ရှိနေပြီ ဒါပေမယ့် လိုချင်သလောက်မဟုတ်သေးဘူးပေါ့။ လိုအပ်သလောက်တော့ ရခါနီးနေပြီ။ ဘက်ပေါင်းစုံကနေ ခုခံတော်လှန်ဖို့လိုတယ်။ အဲ့ဒါကြောင့်မို့ ပြည်သူတွေရဲ့ အားပေးမှုလိုအပ်နေ တယ်။ လက်နက်အင်အားလည်း ဆက်လက်လိုအပ်နေပါတယ်။
မေး- တဖက်က စစ်ကောင်စီဖက်က လက်နက်အင်အားလည်းများတယ်။ ပြီးတော့ အင်အားလည်းကြီးတယ်ပေါ့ သူတို့ကို ရင်ဆိုင်ဖို့အတွက် ဆရာတို့အနေနဲ့ဘယ်လိုမျိုးပြင်ဆင်မှုတွေရှိလဲ။
ဖြေ- စစ်တိုက်တယ်ဆိုတာက စိတ်ဓာတ်တိုက်ဆင်ပွဲဖြစ်တယ်၊ စိတ်ဓာတ်ရေးရာကအဓိကဖြစ်နေတယ်၊ ကျွန်တော်တို့က နေပြည်တော်ကိုသွားပြီးတိုက်တာမဟုတ်ဘူး။ ရန်ကုန်ကိုသွားပြီး တိုက်တာမဟုတ်ဘူး။ ကိုယ့်နယ်မြေကို လာရောက်ကျူးကျော်တဲ့သူတွေကို တိုက်တာဖြစ်တယ်။ ဒါကြောင့်ကိုယ့်နယ် မြေမှာ ကျွမ်းကျင်မှု၊ လက်နက်အင်အားကသူတို့လို ကျွန်တော်တို့ကမရှိရင်တောင်မှ စိတ်ဓာတ်အင်းအားနဲ့ ဒီချိန်ထိ ကျွန်တော်တို့သွားလာတဲ့ခရီးမှာ တော်တော်များများကို နိုင်နေပြီဆိုတာသိရတယ်။ ဒါကြောင့် ဆက်လက်ပြီးမှ လည်း လက်နက်ပိုင်းလည်းတည်ဆောက်နေတယ် အဓိကတော့ စိတ်ဓာတ်ပိုင်းပဲဖြစ်ပါတယ်။
မေး- ဒီတော်လှန်ရေးကာလမှာ ဘယ်လိုပေးဆပ်မှုမျိုးကြုံခဲ့ရလဲ။
ဖြေ- ကျွန်တော်တို့က အသက်စွန့်ဖို့သွားတာမဟုတ်ပဲနဲ့ အသက်ကို ၇၅% လောက်တော့ စွန့်ပြီးသားအနေနဲ့ သွားတာပေါ့နော်။ ဒီစစ်ကြောင်းတခုသွားတဲ့နေရာမှာက ကိုယ်အရှင်လတ်လတ်နဲ့ ပြန်လာမယ်ဆိုတာက ၂၅% လောက်တောင်မှ မျော်လင့်ချက်မရှိဘူးပေါ့။ဒါကတော့ ပေးဆပ်မှုတစ်ခုပေါ့နော်။ ဒုတိယတချက်ကျတော့ ကျွန်တော်နဲ့ အတူစား၊ အတူအိပ် အတူသွားလာတဲ့သူငယ်ချင်းတော်တော်များများလည်း ကျွန်တော့်ရှေ့မှာ ဆုံးရှုံးခဲ့တဲ့သူငယ်ချင်းတွေရှိတယ်။ ကျွန်တော်အတွက်တော့ ဒီငွေရေးကြေးရေးနဲ့ ဆုံးဖြတ်လို့မရတဲ့၊ တန်ဖိုး ဖြတ်လို့မရတဲ့ ကျွန်တော်နဲ့ အရင်းနှီးဆုံး၊ အနီးကပ်ဆုံးမှာနေတဲ့ အားကုုိးရတဲ့ ညီငယ်လေးတွေ၊ သူငယ်ချင်းတွေ ဆုံးရှုံးရတာက ကျွန်တော့်အတွက်တော့ အကြီးမားဆုံးပေးဆပ်မှု တစ်ခုလို့ ခံယူပါတယ်။
မေး- ကိုဆလိုင်းငွန်ဆန်းအောင်ဆိုရင် CDF-Hakha မှာလည်း ခေါင်းဆောင်အနေနဲ့ ထမ်းဆောင်နေတယ်။ ဒီတော်လှန်ရေးနဲ့အပေါ် ကိုယ့်ရဲယုံကြည်ချက်၊ ခံစားချက်ကို ပြောပေးပါအုံး။
ဖြေ- ခံစားချက်လို့ပြောတဲ့အခါမှာ စိတ်နာတာတစ်ခုထဲနဲ့ တော်လှန်ရေးကို လုပ်လို့မရဘူးပေါ့။ ကိုယ့်သမိုင်းကို အမှန်းတိုင်းသိမှ ပြီးတော့ လူသားတစ်ဦးအပေါ်မှာစိတ်နာတာမဟုတ်ပဲနဲ့ နိုင်ငံရေးယန္တာရားမမှန်ကန်တဲ့ ယန္တာရားတစ်ခုကို ကျွန်တော်တို့က တိုက်ခိုက်တာဖြစ်တယ်။ တွန်းလှန်တာဖြစ်တယ်။ ဒုတိယတခုက အခုဒီတခေါက်တော့ တိုင်းရင်းသားတခုထဲမဟုတ်တော့ဘူး မြေပြန့်က ဗမာတိုင်းရင်းသားတွေလည်း နိုင်ငံရေးအမြင်ပွင့်လာပြီပေါ့ အဲ့တာကြောင့် ကျနော်တို့တော်တော်လေး မျှော်လင့်ချက်ရှိတယ်။ ဒီတွန်းအားကို အကုန်ုလုံးပြိုင်တူတွန်း နေ မယ်ဆိုရင်တော့ ဒီဟာက ရလဒ်တစ်ခုဖြစ်လာမယ်ဆိုတာခံယူထားတယ်။
မေး- ချင်းပြည်နယ်မှာ စစ်ကောင်စီက စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တာတွေ့ရတယ်၊ ချင်းပြည်န ယ်ကနေ စစ်ကောင်စီတွေကို အပြီးသတ်တိုက်ထုတ်နိုင်မယ်လို့ ယုံကြည်ချက်ရှိလား။
ဖြေ- ချင်းပြည်နယ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့အင်အားက တကယ်ကြီး လာတယ်၊ အဲ့တာကြောင့်ပဲ အဓိက ထိုးစစ်ဆင်လာတယ်လို့မြင်တယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ရဲ့ ပထဝီအနေ အထားအရ ကျွန်တော်တို့ရဲ့ မြေပြင်မှာက ကျွမ်းကျင်တယ်။ ကျွန်တော်တို့ ချင်းတွေဆိုတာ ငယ်ငယ််ကတည်းက အကုန်လုံးသေနတ်ကိုင်ပြီးသားတွေ ဒီစစ်ကောင်စီတွေကို ကျွန်တော်တို့က မတွန်းလှန်နိုင်စရာမရှိဘူးဆိုတော့ အပြည့်အဝယုံကြည်တယ်။ အချိန်ကတော့ ဘယ်လောက်ကြာမယ်ဆိုတာ ကတော့ သူတို့ဒီထက်ပိုပြီး ဘယ်လို အင်အားထပ်တိုးတယ်ဆို တဲ့အပေါ်လဲ အဓိကကျမယ်။ ကျွန်တော်တို့ ချင်းလူမျိုးတစ်ခုထဲ ကိုပဲသူတို့မှာ ရှိသမျှအင်အားသုံးပြီး တိုက်လာတယ်ဆိုရင်တော့ အတော်လေးခက်မှာပေါ့။ ဒါပေမယ့် PDF တွေရော၊ တခြားတိုင်းရင်းသားညီနောင်တွေရော ဒီလိုမျိုးထိုးစစ်ဆင်ကြတယ်ဆိုရင်တော့ ဒါကတော့ သိပ်မကြာခင်မှာအဆုံးသတ်သွားနိုင်မှာပါ။
အပိုင်း (၂) ကို နောက်လတွင် ဆက်လက်ဖော်ပြသွားမည်။
Zawgyi
“အၾကမ္းဖက္နည္းနဲ႔ တုံ႔ျပန္မႈရလာတဲ့အခါမွာ ကြ်န္ေတာ္တုိ႔ မွာ ေရြးခ်ယ္စရာမရွိလုိ႔ဒီလမ္းကုိ ေရြးရတာပါ”
Chinland Defense Force – Hakha ေျပာေရးဆိုခြင့္ရွိသူ ဆလိုင္းငြန္ဆန္းေအာင္ႏွင့္ ဆက္သြယ္ေမးျမန္းခ်က္
ခိုႏူမ္းသုန္သတင္း၊ ၂၅ ေဖေဖာ္ဝါရီ ၂၀၂၂
ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္တပ္က အာဏာသိမ္းၿပီး ျမန္မာႏိုင္ငံတစ္၀န္းလံုးမွာ စစ္အာဏာ ရွင္စနစ္ကို ဆန္႔က်င္တဲ့ ေႏြဦးေတာ္လွန္ေရးစတင္လာသည့္အခ်ိန္မွာ ခ်င္းျပည္နယ္၏ ၿမိဳ႕ေတာ္ ဟားခါးၿမိဳ႕မွာ လည္း ေဖေဖာ္ဝါရီလ ၈ ရက္ေန႔ကစ၍ ေထာင္ႏွင့္ခ်ီေသာေဒသခံျပည္သူမ်ားက လမ္းမေပၚထြက္ ဆန္႔က် င္ဆႏၵေဖာ္ထုတ္ခဲ့ၾကသည္။ ဟားခါးၿမိဳ႕ဆႏၵေဖာ္ထုတ္မႈကို အဓိကဦးေဆာင္သူမ်ားတြင္ တကၠသိုလ္ေက်ာင္း သားတစ္ဦး ျဖစ္သည့္ ဆလိုင္းငြန္ဆန္းေအာင္လည္းပါ၀င္သည္။
ဆလိုင္းငြန္ဆန္းေအာင္သည္ ရန္ကုန္တကၠသိုလ္တြင္ Master တန္းတက္ေရာက္ေနသူတစ္ဦးျဖစ္ၿပီး ခ်င္းစာေပနဲ႔ယဥ္ေက်းမႈမေကာင္မတီမွာလည္း ဦးေဆာင္သူတစ္ဦးျဖစ္သည္။ ထို႔အျပင္ သူသည္ ခ်င္းသတင္းဌာနတစ္ခုျဖစ္သည့္ The Chinland Post သတင္းဌာတြင္ ၃ ႏွစ္ခန္႔အယ္ဒီတာလုပ္ကိုင္ခဲ့သည့္ သတင္းသမားတစ္ဦးလည္းျဖစ္ပါတယ္။
စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ဟားခါးၿမိဳ႕မွာ စစ္အာဏာရွင္စနစ္ ဆန္႔က်င္ဆႏၵေဖာ္ထုတ္မႈကို ဦးေဆာင္သူ ထဲက ထင္ရွားတဲ့လူငယ္တစ္ဦးျဖစ္ကာ စစ္ေကာင္စီက ဖမ္း၀ရမ္းထုတ္ခဲ့ၿပီးေနာက္ ေတာ္လွန္ေရးနယ္ ေျမထဲေရာက္ရွိသြားၿပီး ယခုလက္ရွိမွာ Chinland Defense Force – Hakha တပ္ဖြဲ႔ရဲ႕ ဦးေဆာင္သူတစ္ဦး လည္ျဖစ္သည္။ ခ်င္းလူငယ္တစ္ေယာက္ အေနနဲ႔ ဘာေၾကာင့္ လက္နက္ကိုင္လမ္းစဥ္ကို ေရြးခ်ယ္ဆံုးျဖတ္ခဲ့ရ တာပါလဲ။ သူ႔၏ အနာဂတ္အိမ္မက္ ေမွ်ာ္ မွန္းခ်က္မ်ားက ဘာေတြလဲ။ Khonumthung သတင္းဌာနက ဆလိုင္းငြန္ဆန္းေအာင္ကို ဆက္သြယ္ေမးျမန္း ထားသည္။
ေမး- ပထမဦးဆုံုးအေနနဲ႔ လက္နက္ကုိင္ေတာ္လွန္ေရးကုိ ဘာေၾကာင့္ေရြးခ်ယ္ျဖစ္ခဲ့တာလဲ။
ေျဖ- ကြ်န္ေတာ္ဒီလက္နက္ကုိင္ကုိ္ ေရြးခ်ယ္ခဲ့တာမဟုတ္ဘူးေပါ့။ ကြ်န္ေတာ္တုိ႔က ႏုိင္ငံေရးကုိႏုိင္ငံေရးနည္း နဲ႔ပဲ ေျဖရွင္းခ်င္တယ္။ ေဖေဖာ္ဝါရီ တစ္ရက္ေန႔မွာ အာဏာသိမ္းလာေတာ့ အတြင္းကေန နည္းနည္းစည္းရုံးေရး ေတြြဝင္တယ္္။ သူငယ္ခ်င္းေတြကုိ ၫွိၾကည့္္တယ္။ ၈ ရက္ေန႔မွာက်ေတာ့ တခ်ဳိ႕ျပည္နယ္ေတြလည္း မနက္ ျဖန္ထြက္ေတာ့မယ္ေပါ့။ ျမစ္ၾကီးနားဖက္မွာလည္း အဆက္သြယ္ရတယ္ မနက္ျဖန္ေလာက္မွာထြက္ေတာ့ မယ္။ မႏၱေလးဘက္ဆုိရင္ထြက္ေတာ့မယ္ေပါ့။ ျပည္နယ္ေတြမွာ မထြက္ၾကေသးဘူး ဘာလုပ္မလဲေပါ့။ ၈ ရက္ေန႔ ညေနပုိင္းမွာ စည္းေဝးေခၚတယ္။ ကြ်န္ေတာ့္သူငယ္ခ်င္း၊ အေပါင္းအသင္းေတြကုိ ေခၚျပီးမွ အဲ့ကေန တခါတည္း မနက္ျဖန္ေလာက္ကုိထြက္မယ္ဆုိျပီး ကြ်န္ေတာ္တုိ႔ ဆုံးျဖတ္ခ်က္ခ်ခဲ့တယ္။ လမ္းေပၚထြက္ျပီးတဲ့ ေနာက္ပုိင္းမွာ ကြ်န္ေတာ္တုိ႔က ျငိမ္းခ်မ္းစြာ စီတန္းလွည့္လည္ျခင္းလုပ္ျပီးမွ ကြ်န္ေတာ္တုိ႔လုိခ်င္တဲ့ႏုိင္ငံ ေရးအေျဖကုိ ေတာင္းခဲ့တယ္။ ဒါေပမယ့္လည္း ကြ်န္ေတာ္တုိ႔က အၾကမ္းဖက္နည္းနဲ႔ တုံ႔ျပန္မႈရလာတဲ့အ ခါမွာ ကြ်န္ေတာ္တုိ႔ မွာ ေရြးခ်ယ္စရာမရွိလုိ႔ဒီလမ္းကုိ ေရြးရတာပါ။
ေမး- လက္နက္ကုိင္လမ္းစဥ္ကုိ ေရာက္ေအာင္တြန္းပုိ႔ေပးတဲ့အဓိကအေၾကာင္းရင္းကဘာျဖစ္မလဲ။
ေျဖ- ကြ်န္ေတာ္တုိ႔ ျငိမ္းခ်မ္းစြာ ဆႏၵထုတ္ေဖာ္သူေတြကုိ ဖမ္းဆီးထားတယ္။ ညွင္းပန္းႏွိပ္စက္တယ္။ ျပီးေတာ့ ကြ်န္ေတာ္တုိ႔ ႏုိင္ငံေရးသမုိင္းကုိ ၾကည့္တဲ့အခါမွာ ကြ်န္ေတာ္တုိ႔က ျငိမ္းခ်မ္းစြာႏုိ္င္ငံေရးအေျဖကုိရခ်င္လုိ႔ ကြ်န္ေတာ္တို႔လုိခ်င္တဲ့ ႏုိင္ငံေရးပန္းတုိင္ကုိေရာက္ေအာင္ ကြ်န္ေတာ္တုိ႔က ျငိမ္းခ်မ္းစြာေတာင္းဆုိခဲ့တယ္။ ဒါေပမယ့္ သမုိင္းအစဥ္အဆက္မရခဲ့ဘူး။ အဲ့ေတာ့ဒီတခါမွာလည္း ရေကာင္းရႏုိင္မလာေပါ့။ သူတုိ႔လည္း သင္ခန္းစာရေလာက္ျပီေပါ့ ဒါေပမယ့္ ဒီတခါမွာလည္း ဘာမွမထူးဘူးေပါ့။ ဒါေၾကာင့္ ဒါဟာက်ေနာ္တို႔အတြက္ သမုိ္င္းေပးတာဝန္တခုျဖစ္ ခံယူခ်က္ရွိတယ္။ ကြ်န္ေတာ္တုိ႔မ်က္ျမင္ကုိယ္တုိင္လည္း ခံစားၿပီး ၾကဳံလာရတဲ့ အခါမွာ ဒီဟာက ကြ်န္ေတာ္တုိ႔ လုိခ်င္တဲ့ႏုိင္ငံေရးအေျဖကုိ ရႏုိင္ဖို႔အတြက္ လက္နက္ကုိင္လမ္းစဥ္တစ္ခုပဲ က်န္ရွိေတာ့တယ္ဆုိတဲ့ ခံယူခ်က္ပဲကြ်န္ေတာ္တုိ႔မွာ အျပည့္အဝရွိတယ္ အဲ့တာက အဓိကေပါ့။
ေမး- တခ်ဳိ႕ေတြက အခုခ်ိန္မွာ စစ္ေရးအရမေျဖရွင္းသင့္ဘူးလုိ႔ေျပာေနတဲ့သူေတြရွိတယ္။ ေနာက္တခုက ေတြ႔ဆုံေဆြးေႏြးျပီးေတာ့ပဲ အေျဖရွာသင့္တယ္လုိ႔လည္း ေျပာေနတဲ့သူေတြရွိတယ္။ ဒီအေပၚမွာ ဘာေျပာ ခ်င္လဲ။
ေျဖ- ေတြ႔ဆုံေဆြးေႏြးျပီးမွ အေျဖရွာဖုိ႔အတြက္ ၾကိဳးစားခဲ့တဲ့သူေတြလည္း ရွိခဲ့ဖူးပါတယ္။ ဦးခင္ညႊန္႔ေခတ္က လုပ္ခဲ့ဖူးတာပဲ။ အဲ့ေတာ့ လက္နက္ကုိင္ေတြကုိ မက္လုံးေတြေပးျပီး သူတုိ႔ရဲ႕ႏုိင္ငံေရးပန္းတုိင္ေတြကုိ လမ္းလြဲ ေအာင္လုပ္ဖုိ႔က တပ္မေတာ္ရဲ႕နည္းဗ်ဴးဟာအၾကီးမားဆံုးတစ္ခုျဖစ္တယ္။ အရင္ကလည္း လုပ္ခဲ့ဖူးပါတယ္။ အဲ့ေတာ့ တခ်ဳိ႕လက္နက္ကုိ္င္ေတြေတာ္ေတာ္မ်ားမ်ား သူတိုိ႔ရဲ႕ ႏုိင္ငံေရးပန္းတုိင္ေတြလမ္းေပ်ာက္ျပီးမွ စီးပြားေရးနယ္မွာ ဝင္သြားတဲ့သူေတြရွိတယ္ဆုိတာ ကြ်န္ေတာ္တုိ႔ သမုိင္းမွာအထင္အရွားေတြ႔ရပါတယ္။ အဲ့ေတာ့ ဒီတခါမွာလည္း ကြ်န္ေတာ္တုိ႔က NCA လည္း ကြ်န္ေတာ္တုိ႔ မ်က္ျမင္ကုိယ္ေတြ႔ပဲ။ ဘာအေျဖရွိလုိ႔လဲ။ ေျပာခ်င္တာက ဒီတေခါက္ေတာ့ သိသင့္ျပီေပါ့ ကြ်န္ေတာ္တုိ႔က အသိတရားရသင့္ျပီ။ ဘာျဖစ္လုိ႔လဲဆုိေတာ့ အႏွစ္ ၇၀ လုံးလုံးရိွေနျပီ ဒီအာဏာရွင္ေတြရဲ႕ သမုိင္းစဥ္တေလ်ွာက္ေဆြးေႏြးပြဲေတာ့ လုပ္ခဲ့ၾကတာပဲ။ ကြ်န္ေတာ္တုိ႔ တုိင္းရင္းသားေတြရဲ႕ လုိခ်င္တဲ့ႏုိင္ငံေရးအေျဖကုိ ဒီေဆြးေႏြးပြဲကေန ဘာတစ္ခုမွရလာတာမရွိ ဘူးေလ။
ေမး- ဒါဆုိရင္ ေတာ္လွန္ေရးပန္းတုိင္က ဘာလဲေပါ့။ ဘယ္ေလာက္ထိေအာင္ျမင္မယ္လုိ႔ ဆရာ့အေနနဲ႔ ယုံၾကည္မႈရွိလဲ။
ေျဖ- ကြ်န္ေတာ္တုိ႔က်ေတာ့ တုိင္းရင္းသားတမ်ဳိးနဲ႔တမ်ဳိးက တူခ်င္မွတူမယ္။ ရခုိင္က ဘာလုိိိခ်င္လဲ၊ ကခ်င္က ဘာလုိခ်င္လဲ။ ခ်င္းကဘာလုိခ်င္လဲ။ ကုိယ့္အတုိင္းအတာနဲ႔ေတာ့ ရွိမွာပါ။ တုိင္းရင္းသားတစ္ခုထဲမွာ လည္း တုိင္းရင္းသားေခါင္ေဆာင္ေတြထဲမွာ ဖယ္ဒရယ္လုိခ်င္တဲ့သူေတြရွိမယ္။ Independent လုိခ်င္တဲ့သူ ေတြရွိ ရင္ရွိမယ္။ ဒါေပမယ့္ ဒီေခတ္မွာ ဘာအသင့္ေတာ္ဆုံးလဲဆုိတာ ႏုိင္ငံေရးကရွိတာေပါ့ေနာ္။ ျပီးေတာ့ အခုကြ်န္ ေတာ္တုိ႔က ဒီျမန္မာျပည္ကေနခြဲထြက္ဖုိ႔ကုိ လုိိခ်င္တာမဟုတ္ဘူး။ ဒါေပမယ့္ ျပည္ေထာင္စုဆုိတဲ့အခါမွာ ကုိယ့္ ျပည္ေထာင္ေတြကုိစုတဲ့ျပည္ေထာင္စုျဖစ္တယ္။ ဒါေၾကာင့္ ျပည္ေထာင္စုရွိသင့္တယ္။ အဲ့ေတာ့ ကုိယ့္ျပည္ ေထာင္ကုိစုႏုိင္ဖုိ႔အတြက္က အရင္ဆုံးကိုယ့္ျပည္ေထာင္ကုိရဖုိ႔လုိိတယ္။ ကြ်န္ေတာ္တုိ႔ခ်င္းအေနနဲ႔ေတာ့ ေတာ္လွန္ေရးလမ္းစဥ္မွာက ၇၅ % ေတာ့ ခရီးေရာက္ျပီလုိ႔ ကြ်န္ေတာ္ယူဆပါတယ္။
ေမး- ဒါဆုိရင္ ဒီလုိမ်ဳိးေတာ္လွန္ေရးေအာင္ျမင္ဖုိ႔ဆုိရင္ ဘာေတြအဓိကလိုအပ္လဲ။
ေျဖ- က်ေနာ္တို႔က ပထမကမၻာစစ္လုိ၊ ဒုတိယကမၻာစစ္လုိ သူမ်ားႏုိင္ငံ၊ သူမ်ားပုိင္နက္ကုိက်ဴးေက်ာ္ျပီး တုိက္ရတာမ်ဳိးမဟုတ္ဘူး၊ ကြ်န္ေတာ္တုိ႔ကေတာ့ ခုခံေတာ္လွန္စစ္တစ္ခုျဖစ္တယ္။ ေနာက္တခုက ကြ်န္ေတာ္တုိ႔က ဓမၼနဲ႔ အဓမၼၾကားမွာျဖစ္ေနတဲ့ဟာျဖစ္တယ္။ အဲ့ေတာ့ ဒီဟာက လက္နက္ကုိင္ျပီးေတာ္လွန္တဲ့ လမ္းစဥ္တစ္ခုထဲနဲ႔ မလုံေလာက္ဘူးေပါ့။ CDM လည္းလုိအပ္တယ္။ တျခားျပည္သူဖက္ကလုိက္နာႏုိင္တာ အမ်ားၾကီးရွိတယ္။ ဘာလုိ႔လဲဆုိရင္ စစ္တုိ္က္တာတစ္ခုထဲမဟုတ္ဘူး။ Revolution ၾကီးတစ္ခုျဖစ္ေနတယ္။ အဲ့တာေၾကာင့္ ျပည္သူေတြရဲ႕ ပံ့ပုိးမႈလည္း လုိအပ္တယ္။ ဒါေပမယ့္ လူအင္အားကေတာ့ ရွိေနတဲ့လူအင္အားနဲ႔ လုံေလာက္ပါတယ္။ လက္နက္သာ တပ္ဆင္ေပးႏုိင္မယ္ဆုိရင္ေတာ့ သိန္းဂဏန္းေလာက္ထြက္မွာ ေသခ်ာပါတယ္။ ဒါေပမယ့္ လက္နက္က လုိအပ္သ ေလာက္ မထြက္ႏုိင္ေသးဘူးေပါ့။ေတာ္ေတာ္ေတာ့ရွိေနျပီ ဒါေပမယ့္ လုိခ်င္သေလာက္မဟုတ္ေသးဘူးေပါ့။ လုိအပ္သေလာက္ေတာ့ ရခါနီးေနျပီ။ ဘက္ေပါင္းစုံကေန ခုခံေတာ္လွန္ဖုိ႔လုိတယ္။ အဲ့ဒါေၾကာင့္မုိ႔ ျပည္သူေတြရဲ႕ အားေပးမႈလုိအပ္ေန တယ္။ လက္နက္အင္အားလည္း ဆက္လက္လုိအပ္ေနပါတယ္။
ေမး- တဖက္က စစ္ေကာင္စီဖက္က လက္နက္အင္အားလည္းမ်ားတယ္။ ျပီးေတာ့ အင္အားလည္းၾကီးတယ္ေပါ့ သူတုိ႔ကုိ ရင္ဆုိင္ဖုိ႔အတြက္ ဆရာတုိ႔အေနနဲ႔ဘယ္လုိမ်ဳိးျပင္ဆင္မႈေတြရွိလဲ။
ေျဖ- စစ္တုိက္တယ္ဆိုတာက စိတ္ဓာတ္တိုက္ဆင္ပြဲျဖစ္တယ္၊ စိတ္ဓာတ္ေရးရာကအဓိကျဖစ္ေနတယ္၊ ကြ်န္ေတာ္တုိ႔က ေနျပည္ေတာ္ကုိသြားျပီးတုိက္တာမဟုတ္ဘူး။ ရန္ကုန္ကုိသြားျပီး တုိက္တာမဟုတ္ဘူး။ ကုိယ့္နယ္ေျမကုိ လာေရာက္က်ဴးေက်ာ္တဲ့သူေတြကုိ တုိက္တာျဖစ္တယ္။ ဒါေၾကာင့္ကုိယ့္နယ္ ေျမမွာ ကြ်မ္းက်င္မႈ၊ လက္နက္အင္အားကသူတုိ႔လုိ ကြ်န္ေတာ္တုိ႔ကမရွိရင္ေတာင္မွ စိတ္ဓာတ္အင္းအားနဲ႔ ဒီခ်ိန္ထိ ကြ်န္ေတာ္တုိ႔သြားလာတဲ့ခရီးမွာ ေတာ္ေတာ္မ်ားမ်ားကုိ ႏုိင္ေနျပီဆုိတာသိရတယ္။ ဒါေၾကာင့္ ဆက္လက္ျပီးမွ လည္း လက္နက္ပိုင္းလည္းတည္ေဆာက္ေနတယ္ အဓိကေတာ့ စိတ္ဓာတ္ပိုင္းပဲျဖစ္ပါတယ္။
ေမး- ဒီေတာ္လွန္ေရးကာလမွာ ဘယ္လိုေပးဆပ္မႈမ်ဳိးၾကံဳခဲ့ရလဲ။
ေျဖ- ကြ်န္ေတာ္တုိ႔က အသက္စြန္႔ဖုိ႔သြားတာမဟုတ္ပဲနဲ႔ အသက္ကုိ ၇၅ % ေလာက္ေတာ့ စြန္႔ျပီးသားအေနနဲ႔ သြားတာေပါ့ေနာ္။ ဒီစစ္ေၾကာင္းတခုသြားတဲ့ေနရာမွာက ကုိယ္အရွင္လတ္လတ္နဲ႔ ျပန္လာမယ္ဆုိတာက ၂၅% ေလာက္ေတာင္မွ ေမ်ာ္လင့္ခ်က္မရွိဘူးေပါ့။ဒါကေတာ့ ေပးဆပ္မႈတစ္ခုေပါ့ေနာ္။ ဒုတိယတခ်က္က်ေတာ့ ကြ်န္ေတာ္နဲ႔ အတူစား၊ အတူအိပ္ အတူသြားလာတဲ့သူငယ္ခ်င္းေတာ္ေတာ္မ်ားမ်ားလည္း ကြ်န္ေတာ့္ေရွ႕မွာ ဆုံးရႈံးခဲ့တဲ့သူငယ္ခ်င္းေတြရွိတယ္။ ကြ်န္ေတာ္အတြက္ေတာ့ ဒီေငြေရးေၾကးေရးနဲ႔ ဆုံးျဖတ္လုိ႔မရတဲ့၊ တန္ဖုိး ျဖတ္လုိ႔မရတဲ့ ကြ်န္ေတာ္နဲ႔ အရင္းႏွီးဆုံး၊ အနီးကပ္ဆုံးမွာေနတဲ့ အားကုုိးရတဲ့ ညီငယ္ေလးေတြ၊ သူငယ္ခ်င္းေတြ ဆုံးရႈံးရတာက ကြ်န္ေတာ့္အတြက္ေတာ့ အၾကီးမားဆုံးေပးဆပ္မႈ တစ္ခုလုိ႔ ခံယူပါတယ္။
ေမး- ကိုဆလိုင္းငြန္ဆန္းေအာင္ဆိုရင္ CDF-Hakha မွာလည္း ေခါင္းေဆာင္အေနနဲ႔ ထမ္းေဆာင္ေနတယ္။ ဒီေတာ္လွန္ေရးနဲ႔အေပၚ ကုိယ့္ရဲယုံၾကည္ခ်က္၊ ခံစားခ်က္ကုိ ေျပာေပးပါအုံး။
ေျဖ- ခံစားခ်က္လုိ႔ေျပာတဲ့အခါမွာ စိတ္နာတာတစ္ခုထဲနဲ႔ ေတာ္လွန္ေရးကုိ လုပ္လုိ႔မရဘူးေပါ့။ ကုိယ့္သမုိင္းကုိ အမွန္းတုိင္းသိမွ ျပီးေတာ့ လူသားတစ္ဦးအေပၚမွာစိတ္နာတာမဟုတ္ပဲနဲ႔ ႏုိင္ငံေရးယႏၱာရားမမွန္ကန္တဲ့ ယႏၱာရားတစ္ခုကုိ ကြ်န္ေတာ္တုိ႔က တုိက္ခုိက္တာျဖစ္တယ္။ တြန္းလွန္တာျဖစ္တယ္။ ဒုတိယတခုက အခုဒီတေခါက္ေတာ့ တုိင္းရင္းသားတခုထဲမဟုတ္ေတာ့ဘူး ေျမျပန္႔က ဗမာတုိင္းရင္းသားေတြလည္း ႏုိင္ငံေရးအျမင္ပြင့္လာျပီေပါ့ အဲ့တာေၾကာင့္ က်ေနာ္တို႔ေတာ္ေတာ္ေလး ေမ်ွာ္လင့္ခ်က္ရွိတယ္။ ဒီတြန္းအားကုိ အကုန္ုလုံးျပိဳင္တူတြန္း ေန မယ္ဆုိရင္ေတာ့ ဒီဟာက ရလဒ္တစ္ခုျဖစ္လာမယ္ဆုိတာခံယူထားတယ္။
ေမး- ခ်င္းျပည္နယ္မွာ စစ္ေကာင္စီက စစ္အင္အားအလံုးအရင္းနဲ႔ ထုိးစစ္ဆင္တာေတြ႔ရတယ္၊ ခ်င္းျပည္န ယ္ကေန စစ္ေကာင္စီေတြကုိ အျပီးသတ္တုိက္ထုတ္ႏုိင္မယ္လုိ႔ ယုံၾကည္ခ်က္ရွိလား။
ေျဖ- ခ်င္းျပည္နယ္က အာဏာသိမ္းျပီးေနာက္ပုိင္းမွာ လက္နက္ကိုင္တပ္ဖြဲ႔ေတြရဲ႕အင္အားက တကယ္ႀကီး လာတယ္၊ အဲ့တာေၾကာင့္ပဲ အဓိက ထုိးစစ္ဆင္လာတယ္လုိ႔ျမင္တယ္။ ဒါေပမယ့္လည္း ကြ်န္ေတာ္တုိ႔ရဲ႕ ပထဝီအေန အထားအရ ကြ်န္ေတာ္တုိ႔ရဲ႕ ေျမျပင္မွာက ကြ်မ္းက်င္တယ္။ ကြ်န္ေတာ္တုိ႔ ခ်င္းေတြဆုိတာ ငယ္ငယ္္ကတည္းက အကုန္လုံးေသနတ္ကုိင္ျပီးသားေတြ ဒီစစ္ေကာင္စီေတြကုိ ကြ်န္ေတာ္တုိ႔က မတြန္းလွန္ႏုိင္စရာမရွိဘူးဆုိေတာ့ အျပည့္အဝယုံၾကည္တယ္။ အခ်ိန္ကေတာ့ ဘယ္ေလာက္ၾကာမယ္ဆုိတာ ကေတာ့ သူတုိ႔ဒီထက္ပုိျပီး ဘယ္လုိ အင္အားထပ္တုိးတယ္ဆုိ တဲ့အေပၚလဲ အဓိကက်မယ္။ ကြ်န္ေတာ္တုိ႔ ခ်င္းလူမ်ဳိးတစ္ခုထဲ ကုိပဲသူတုိ႔မွာ ရွိသမ်ွအင္အားသုံးျပီး တုိက္လာတယ္ဆုိရင္ေတာ့ အေတာ္ေလးခက္မွာေပါ့။ ဒါေပမယ့္ PDF ေတြေရာ၊ တျခားတုိင္းရင္းသားညီေနာင္ေတြေရာ ဒီလုိမ်ဳိးထိုးစစ္ဆင္ၾကတယ္ဆုိရင္ေတာ့ ဒါကေတာ့ သိပ္မၾကာခင္မွာအဆုံးသတ္သြားႏုိင္မွာပါ။
အပိုင္း (၂) ကို ေနာက္လတြင္ ဆက္လက္ေဖာ္ျပသြားမည္။