• Home
  • Featured
  • English
  • Headline
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»အကြမ်းဖက်သမားများရဲ့ ဘာသာရေးအပေါ် အကြမ်းဖက်နေတဲ့လုပ်ရပ်များ ရှေ့ဆက်မလုပ်ဆောင်နိုင်ဖို့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးမှ အင်တိုက်အားတိုက် ပူပေါင်းပါဝင်တားဆီးပေးကြရန် မေတ္တာရပ်ခံ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းအသွင် ဖြစ်ပွားအောင် NUG, CPRH ဦးဆောင်သူများက ရည်ရွယ်ချက်ရှိရှိ ပုံဖော်လုပ်ဆောင်လာနေတယ်လို့ ဖော်ပြရေးသားတဲ့ သတင်းအမှား

အကြမ်းဖက်သမားများရဲ့ ဘာသာရေးအပေါ် အကြမ်းဖက်နေတဲ့လုပ်ရပ်များ ရှေ့ဆက်မလုပ်ဆောင်နိုင်ဖို့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးမှ အင်တိုက်အားတိုက် ပူပေါင်းပါဝင်တားဆီးပေးကြရန် မေတ္တာရပ်ခံ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းအသွင် ဖြစ်ပွားအောင် NUG, CPRH ဦးဆောင်သူများက ရည်ရွယ်ချက်ရှိရှိ ပုံဖော်လုပ်ဆောင်လာနေတယ်လို့ ဖော်ပြရေးသားတဲ့ သတင်းအမှား

0
By Editor on December 31, 2021 Khonumthung

ထိုသတင်းအမှားမှာ “ဒီဇင်ဘာ ၆ ရက်နေ့မှာ ချင်းပြည်နယ်၊ ဖလမ်းမြို့၊ လုံပီး သာသနရကိ္ခတာ ပရိယတ္တိသာသနာပြု စာသင်တိုက်ကျောင်းဆရာတော်၊ မြို့နယ်သံဃာ့နာယကဥက္ကဠ ဆရာတော် ဘဒ္ဒန္တဉာဏိကဟာ ဖလမ်းမြို့နယ် လူငယ်သင်တန်းကျောင်းမှ ဒုဦးစီးမှူး ဦးချစ်စန်း မောင်းနှင်းတဲ့ မော်တော်ယဉ်နဲ့ ဖလမ်းမြို့ရှိကျောင်းတိုက်ကို ပြန်လည်ထွက်ခွာလာစဉ် လမ်းခရီးမှာ PDF အမည်ခံအကြမ်းဖက်သမားများရဲ့ ဖမ်းဆီးမှုခံခဲ့ရပြီး ညနေပိုင်းမှာပြန်လွှတ်ပေးမယ့် အတူလိုက်ပါခဲ့တဲ့ ဒုဦးစီးမှူး ဦးချစ်စန်းမှာ အကြမ်းဖက်သမားများရဲ့ ဆက်လက်ဖမ်းဆီးထားခြင်းကိုခံရပြီး ပျောက်ဆုံးလျက်ရှိတယ်လို့” ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

“အကြမ်းလုပ်ရပ်များကြောင့် ရဟန်းသံဃာ ၁၄ ပါးပျံလွန်တော်မှုခဲ့ပြီး အချို့ဒေသများမှာ ဘုန်းတော်ကြီးကျောင်းများအား မီးရှို့ဖျက်ဆီးခြင်း၊ အကြမ်းဖက်တိုက်ခိုက်ခြင်းများကို လုပ်ဆောင်ခဲ့တယ်လို့” ဖော်ပြထားပါတယ်။

ဒီသတင်းအမှားမှာ ဖော်ပြထားသလို ဘုန်းတော်ကြီးကျောင်းများအား မီးရှို့ဖျက်ဆီးခြင်း၊ အကြမ်းဖက်တိုက်ခိုက်ခြင်းများကို PDF များအနေနဲ့ လုပ်ဆောင်ခဲ့ခြင်းမျိုးမရှိဘူးလို့ CNDF တာဝန်ရှိသူကပြောကြားသွားပါတယ်။

သတင်းအချက်အလက်တွေအရ စစ်ကောင်စီများဘက်ကသာ လူနေအိမ်များနဲ့ ခရစ်ယာန်ဘုရားကျောင်းများကို ချင်းပြည်နယ်မှာ မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်နေတာဖြစ်ပါတယ်။

အထက်ပါသတင်းအမှားကို NHP News Agency က ရေးသားဖော်ပြထားတာဖြစ်ပြီးတော့ Like & React ပြုလုပ်သူ ၃၁ ယောက်ရှိပြီး ပြန်လည်မျှဝေသူ အယောက် ၆၀ ရှိပါတယ်။

ဒီသတင်းအမှားဟာ ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းအသွင် ဖြစ်ပွားမှုကို တားဆီးသလိုဟန်နဲ့ ခေါင်းစဉ်ပေးရေးသားထားသလိုထင်ရပြီး အမှန်တကယ်မှာတော့ ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းအသွင် ဖြစ်ပွားအောင် ပြုလုပ်နေတဲ့ သတင်းအမှားတစ်ပုဒ်ဖြစ်တဲ့အတွက် သတင်းတု၊ သတင်းအမှားတွေကို သေချာစွာ ဖတ်ရှု့ဆင်ခြင်သင့်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပြည်သူ့ရင်ခွင်ခိုလှုံမည့်သူများအတွက် အထူးခြွင်းချက်ကာလအဖြစ် မူဝါဒချမှတ်ဖော်ဆောင်နေကြောင်း NUG၊ CNF နှင့် တော်လှန်ရေးအင်အားစုများ ပူးတွဲကြေညာ

စကစ လက်နက်ကြီးကြောင့် ဖလမ်းမြို့နယ်က အသက် ၁၀၀ ကျော်အရွယ် အဖွားအိုတစ်ဦး သေဆုံး

ကလေးမြို့မြောက်ပိုင်း၊ ဒိုးဝိုင်းချောင်းရွာဖက်တွင် စစ်ကောင်စီက လက်နက်ကြီးများပစ်ခတ်နေသောကြောင့် ပြည်သူများထွက်ပြေးတိမ်းရှောင်နေကြရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 29, 2023

အနာဂတ်ချင်းပြည်ထောင်တည်ဆောက်ရေး ကနဦးခြေလှမ်းအစ (သို့) ရိခေါဒါရ်မြို့

November 29, 2023

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ၏ သောက

November 24, 2023

“ရိခေါဒါရ်မြို့မှာ ပြည်သူ့အုပ်ချုပ်ရေး တည်တည်ငြိမ်ငြိမ်နဲ့ စတင်အကောင်အထည်ဖော်ဖို့ ဒေသခံအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမှုတွေပြုနေပါပြီ”

November 3, 2023

ချင်းရဲဘော်တွေနဲ့ တော်လှန်ဂီတ 

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.