(02MG)
အင်အား ၆၀ ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့များ ကလေးမြို့မှ ချင်းပြည်နယ် တီးတိန်းမြို့နယ် သိုင်ငင်းကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာနေသည်ဟု သိရသည်။
စစ်ကောင်စီတပ်ဖွဲ့များသည် ကလေး-တီးတိန် ကားလမ်းပေါ်ရှိ သိုင်းငင်းကျေးရွာမရောက်ခင် ဟိန်ဇိန်ကျေးရွာအောက်ဖက်ရှိ ကော်ဖီခြုံအနီးသို့ ရောက်ရှိနေကြပြီဖြစ်ကာ အနီးနားပြည်သူများအနေဖြင့် ဘေးကင်းလုံခြုံရာသို့ ခေတ္တရှောင်ပေးကြရန် CDF/CDM Siyin က ယနေ့ အသိပေးထုတ်ပြန်ထားပါသည်။
“သိုင်းငင်းပြန်ရဖို့ လောလောဆယ် ရဲအင်အားနဲ့ သူတို့ကြိုးစားနေတယ် ၊ထိတွေ့မူတော့မရှိသေးဘူး၊ အခုက ကော်ဖီခြံနား ရောက်နေပြီ ဒီတိုင်းဆက်သွားရင်တော့ ဒီနေ့တော့ ရောက်နိုင်ပေမယ့် ရောက်နိုင်ဖို့တော့ နည်းနည်းခက်လိမ့်မယ် ကျွန်တော်တို့ကလည်း ဒီတိုင်းပြီးသွား မှာမဟုတ်ဘူး” ဟု တီးတိန်မြို့နယ်အတွင်း လှုပ်ရှားနေသော PDF-Zoland က တာ၀န်ရှိသူတစ်ဦးကပြောသည်။
ကလေး-တီးတိန် လမ်းမကြီးပေါ်ရှိ သိုင်းငင်းကျေးရွာက စစ်ကောင်စီတပ်စခန်းကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ဇန်န၀◌ါရီ ၁၆ ရက်မနက်ပိုင်းက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြသည်။
စစ်ရေးနှင့် စီးပွားရေးအရ အချက်အချာကျသော သိုင်းငင်းကို ဆုံးရှုံးလိုက်ရသော စစ်ကောင်စီတပ်ဖွဲ့သည် သိုင်းငင်းကို ပြန်လည်ရရှိရေးအတွက် စစ်ကြောင်းထိုးလာခြင်းဖြစ်နိုင်ပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာနိုင်သည်ဟု သိရသည်။