• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»အစိုးရသစ္မွာ တိုင္းရင္းသားပါတီမ်ားေနရာေပးလာမည္ဟု ေမွ်ာ္လင့္ေၾကာင္း ခ်င္းလူမႈေရး၀န္ႀကီးဆို

အစိုးရသစ္မွာ တိုင္းရင္းသားပါတီမ်ားေနရာေပးလာမည္ဟု ေမွ်ာ္လင့္ေၾကာင္း ခ်င္းလူမႈေရး၀န္ႀကီးဆို

0
By Editor on December 23, 2020 Khonumthung

#Unicode

By လားနွန် – ချင်းပြည်နယ်တွင် အသစ်တက်လာမည့် အစိုးရအဖွဲ့သစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်များသာမက ဒေသတွင်းတိုင်းသားပါတီများကိုလည်း ပြန်လည်ဖိတ်ခေါ်ပါဝင်စေမည်ဟု မျှော်လင့်ကြောင်း လက်ရှိ ချင်းပြည်နယ်၏ လူမှုရေး ဝန်ကြီး ဦးပေါင်လွန်မင်းထန်ကပြောသည်။

“ ဒီနှစ် ၂၀၂၀ – ၂၀၂၅ အစိုးရသက်တမ်းမှာလည်းပဲ တိုင်းရင်းသားတွေကဏ္ဍကို မမေ့ပဲ ကျနော်တို့ဆက်လက််ပြီးတော့ ပါဝင်ခွင့်ရဖို့တော့လိုမယ်ထင်တယ် အဲလိုပါမှပဲ အဝေးကနေကြည့်မယ်ဆိုခြင်းထက် အထဲကနေလုပ်ခြင်းက ပိုပြီးတော့ အိမ်ရှင်စိတ်ရှိတယ် အဲဒါကြောင့် ဒီနှစ်မှာတော့ တိုင်းရင်းသားတွေကို ခေါ်ပြီးတော့ ဖိတ်ပြီးတော့ ကျနော်တို့ ပါဝင်ခွင့်ရဖို့ ဒါကျနော့်အနေနဲ့ လိုချင်ပါတယ် ဒါမှလည်းပဲ အခု CNLD ကတစ်ယောက် ZCD ကတစ်ယောက် ဒီနှစ်ယောက်ရှိနေရုံလေးနဲ့ ပါတီတွေက ဒီအစိုးရမှာ ပါဝင်ခွင့်ရမယ်ဆိုရင် ပြည်ထောင်စု ဦးဆောင်တဲ့ ပါတီနဲ့ ကျနော်တို့ Link (အဆက်အသွယ်) ရှိသွားတာပေါ့ အဲဒါကြောင့် အဲလိုမျိုးဖြစ်ဖို့ ပူးပေါင်းဖို့ပေ့ါ ကျနော့်အနေနဲ့ လိုချင်ပါတယ် အဲလိုဖြစ်ဖို့လည်းမျှော်လင့်ပါတယ်” ဟု ချင်းပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်ကပြောသည်။

ဦးပေါင်လွန်မင်းထန်သည် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတုန်းက ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ်(ZCD) ပါတီကိုယ်စားပြုအနေဖြင့် ချင်းပြည်နယ် တွန်းဇံမြို့နယ်ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်မြေမှ ရွေးချယ်ခံရပြီး NLD ပါတီက အစိုးရဖွဲ့စည်းသည့်အခါ ချင်းပြည်နယ်၏ လူမှုရေးဝန်ကြီး အဖြစ်ခန့်အပ်ခံခဲ့ရသည်။ ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင်လည်း ZCD ပါတီမှ တွန်းဇံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မြေတွင် ဝင်ရောက်ယှဉ်ပြိုင်ကာ ထပ်မံအနိုင်ရရှိခဲ့သည်။

ချင်းနိုင်ငံရေးလေ့လာသူတစ်ဦးဖြစ်သည့် Chin MATA အဖွဲ့မှ ကိုအင်ဒရူးထားတွောင်ကလည်း NLD ပါတီအနေဖြင့် အစိုးရသစ်ဖွဲ့စည်းသည့်အခါ ဒေသတွင်တိုင်းရင်းသားပါတွေကိုလည်း နေရာပေးသင့်သည်ဟု ပြောသည်။

“ NLD အနေနဲ့ အစိုးရဖွဲ့တဲ့အခါမှာ တိုင်းရင်းသားပါတီတွေကိုလည်း နေရာပေးသင့်ပါတယ်၊ ဒုတိယပင်လုံညီလာခံတုန်း လည်း အနိုင်မရတဲ့ပါတီတွေမပါဆိုတဲ့ပုံစံမျိူးလုပ်လိုက်တဲ့အခါမှာ နိုင်ငံရေးပါတီအချင်းချင်းကို ခွဲခြားသလိုဖြစ်သွားတာ၊ အခုအစိုးရသစ်ဖွဲ့တဲ့အခါမှာလည်း တိုင်းရင်းသားပါတွေကိုလည်း နေရာပေးသင့်တယ် ဒါပေမယ့် NLD နိုင်ငံရေးစိတ် စေတနာပေါ်မှာတော့မူတည်မှာပေါ့’’ ဟု ကိုအင်ဒရူးထားတွောင်ကပြောသည်။

ချင်းပြည်နယ်တွင် အစိုးရသစ်ဖွဲ့စည်းသည့်အခါ ပြည်သူကို နံဘတ် ၁ ထားရှိပြီး လာဘ်ပေးလာဘ်ယူကင်းရှင်းသည့် အစိုးရမျိုးဖြစ်စေချင်ကြောင်း ချင်းတောင်သဘာဝနှင့် သယံဇာတစောင့်ကြည့်ရေးအဖွဲ့ ဦးဆောင်ပါဝင်သူ ကိုလျန်တွမ်ကပြောသည်။

“ပြည်သူလူထုရဲ့လိုအပ်ချက်ကို တန်ဖိုးထားတဲ့လေးစားတဲ့ အစိုးရဖြစ်စေချင်တယ် ပြီးတော့ လာဘ်ပေးလာဘ်ယူမှု ကင်းရှင်းတဲ့အစိုးရ ချင်းပြည်နယ်အတွက် လိုအပ်ချက်တွေအများကြီးရှိတယ် စွမ်းဆောင်ရည်ရှိတဲ့အစိုးရ ပြည်သူတွေနဲ့နီးစပ်တဲ့ နားလည်တဲ့ပုဂ္ဂိုလ် စီမံခန့်ခွဲမှုပိုင်းမှာလည်း စီမံတတ်တဲ့လူ မီဒီယာတွေနဲ့ ထိတွေ့ဆက်ဆံတတ်တဲ့ စွမ်းဆောင်ရေးလည်းရှိမယ် ပြီးတော့ ပြည်ထောင်စု ချပေးမှ ဆိုတဲ့ ပုံစံ အထက်ကနေ အမိန့်ကိုစောင့်နေတဲ့အစိုးရမဟုတ်ဘဲနဲ့ လိုအပ်ချက်အရ လိုအပ်သလိုသတ္တိရှိရှိရပ်တည်နိုင်တဲ့ ပြောရဲဆိုရဲတဲ့အစိုးရမျိုးဖြစ်သင့်တယ် ဖြစ်စေချင်တယ်” ဟု ကိုလျန်တွမ်ကပြောသည်။

မဲဆန္ဒနယ်မြေ (၃၉) နေရာရှိသည့် ချင်းပြည်နယ်မှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ (NLD) က (၃၆) နေရာအနိုင်ရရှိခဲ့ပြီး၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ် (ZCD) က (၂) နေရာ၊ ချင်းအမျိူးသားဒီမို ကရေစီအဖွဲ့ချူပ်(CNLD) က (၁) နေရာအနိုင်ရရှိခဲ့သည်။

#Zawgyi

By လားႏြန္ – ခ်င္းျပည္နယ္တြင္ အသစ္တက္လာမည့္ အစိုးရအဖြဲ႕သစ္တြင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီ၀င္မ်ားသာမက ေဒသတြင္းတိုင္းသားပါတီမ်ားကိုလည္း ျပန္လည္ဖိတ္ေခၚပါ၀င္ေစမည္ဟု ေမွ်ာ္လင့္ေၾကာင္း လက္ရွိ ခ်င္းျပည္နယ္၏ လူမႈေရး ၀န္ႀကီး ဦးေပါင္လြန္မင္းထန္ကေျပာသည္။

“ ဒီႏွစ္ ၂၀၂၀ – ၂၀၂၅ အစိုးရသက္တမ္းမွာလည္းပဲ တိုင္းရင္းသားေတြက႑ကို မေမ့ပဲ က်ေနာ္တို႔ဆက္လက္္ၿပီးေတာ့ ပါ၀င္ခြင့္ရဖို႔ေတာ့လိုမယ္ထင္တယ္ အဲလိုပါမွပဲ အေ၀းကေနၾကည့္မယ္ဆိုျခင္းထက္ အထဲကေနလုပ္ျခင္းက ပိုၿပီးေတာ့ အိမ္ရွင္စိတ္ရွိတယ္ အဲဒါေၾကာင့္ ဒီႏွစ္မွာေတာ့ တိုင္းရင္းသားေတြကို ေခၚၿပီးေတာ့ ဖိတ္ၿပီးေတာ့ က်ေနာ္တို႔ ပါ၀င္ခြင့္ရဖို႔ ဒါက်ေနာ့္အေနနဲ႔ လိုခ်င္ပါတယ္ ဒါမွလည္းပဲ အခု CNLD ကတစ္ေယာက္ ZCD ကတစ္ေယာက္ ဒီႏွစ္ေယာက္ရွိေန႐ုံေလးနဲ႔ ပါတီေတြက ဒီအစိုးရမွာ ပါ၀င္ခြင့္ရမယ္ဆိုရင္ ျပည္ေထာင္စု ဦးေဆာင္တဲ့ ပါတီနဲ႔ က်ေနာ္တို႔ Link (အဆက္အသြယ္) ရွိသြားတာေပါ့ အဲဒါေၾကာင့္ အဲလိုမ်ိဳးျဖစ္ဖို႔ ပူးေပါင္းဖို႔ေပ့ါ က်ေနာ့္အေနနဲ႔ လိုခ်င္ပါတယ္ အဲလိုျဖစ္ဖို႔လည္းေမွ်ာ္လင့္ပါတယ္” ဟု ခ်င္းျပည္နယ္လူမႈေရး၀န္ႀကီး ဦးေပါင္လြန္မင္းထန္ကေျပာသည္။

ဦးေပါင္လြန္မင္းထန္သည္ ၂၀၁၅ ခုႏွစ္ေရြးေကာက္ပြဲတုန္းက ဇိုမီးဒီမိုကေရစီအဖြဲ႔ခ်ဴပ္(ZCD) ပါတီကိုယ္စားျပဳအေနျဖင့္  ခ်င္းျပည္နယ္ တြန္းဇံၿမိဳ႕နယ္ျပည္နယ္လႊတ္ေတာ္မဲဆႏၵနယ္ေျမမွ ေရြးခ်ယ္ခံရၿပီး NLD ပါတီက အစိုးရဖြဲ႔စည္းသည့္အခါ ခ်င္းျပည္နယ္၏ လူမႈေရး၀န္ႀကီး အျဖစ္ခန္႔အပ္ခံခဲ့ရသည္။ ၂၀၂၀ ခုႏွစ္အေထြေထြေရြးေကာက္ပြဲတြင္လည္း ZCD ပါတီမွ တြန္းဇံၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ မဲဆႏၵနယ္ေျမတြင္ ၀င္ေရာက္ယွဥ္ၿပိဳင္ကာ ထပ္မံအႏိုင္ရရွိခဲ့သည္။ 

ခ်င္းႏိုင္ငံေရးေလ့လာသူတစ္ဦးျဖစ္သည့္ Chin MATA အဖြဲ႔မွ ကိုအင္ဒ႐ူးထားေတြာင္ကလည္း NLD ပါတီအေနျဖင့္ အစိုးရသစ္ဖြဲ႔စည္းသည့္အခါ ေဒသတြင္တိုင္းရင္းသားပါေတြကိုလည္း ေနရာေပးသင့္သည္ဟု ေျပာသည္။ 

“ NLD အေနနဲ႔ အစိုးရဖြဲ႔တဲ့အခါမွာ တိုင္းရင္းသားပါတီေတြကိုလည္း ေနရာေပးသင့္ပါတယ္၊ ဒုတိယပင္လံုညီလာခံတုန္း လည္း အႏိုင္မရတဲ့ပါတီေတြမပါဆိုတဲ့ပံုစံမ်ဴိးလုပ္လိုက္တဲ့အခါမွာ ႏိုင္ငံေရးပါတီအခ်င္းခ်င္းကို ခြဲျခားသလိုျဖစ္သြားတာ၊ အခုအစိုးရသစ္ဖြဲ႔တဲ့အခါမွာလည္း တိုင္းရင္းသားပါေတြကိုလည္း ေနရာေပးသင့္တယ္ ဒါေပမယ့္ NLD ႏိုင္ငံေရးစိတ္ ေစတနာေပၚမွာေတာ့မူတည္မွာေပါ့’’ ဟု ကိုအင္ဒ႐ူးထားေတြာင္ကေျပာသည္။ 

ခ်င္းျပည္နယ္တြင္ အစိုးရသစ္ဖြဲ႔စည္းသည့္အခါ ျပည္သူကို နံဘတ္ ၁ ထားရွိၿပီး လာဘ္ေပးလာဘ္ယူကင္းရွင္းသည့္ အစိုးရမ်ိဳးျဖစ္ေစခ်င္ေၾကာင္း ခ်င္းေတာင္သဘာ၀ႏွင့္ သယံဇာတေစာင့္ၾကည့္ေရးအဖြဲ႕ ဦးေဆာင္ပါ၀င္သူ ကိုလ်န္တြမ္ကေျပာသည္။

“ျပည္သူလူထုရဲ႕လိုအပ္ခ်က္ကို တန္ဖိုးထားတဲ့ေလးစားတဲ့ အစိုးရျဖစ္ေစခ်င္တယ္ ၿပီးေတာ့ လာဘ္ေပးလာဘ္ယူမႈ ကင္းရွင္းတဲ့အစိုးရ ခ်င္းျပည္နယ္အတြက္ လိုအပ္ခ်က္ေတြအမ်ားႀကီးရွိတယ္ စြမ္းေဆာင္ရည္ရွိတဲ့အစိုးရ ျပည္သူေတြနဲ႔နီးစပ္တဲ့ နားလည္တဲ့ပုဂၢိဳလ္ စီမံခန္႔ခြဲမႈပိုင္းမွာလည္း စီမံတတ္တဲ့လူ မီဒီယာေတြနဲ႔ ထိေတြ႕ဆက္ဆံတတ္တဲ့ စြမ္းေဆာင္ေရးလည္းရွိမယ္ ၿပီးေတာ့ ျပည္ေထာင္စု ခ်ေပးမွ ဆိုတဲ့ ပံုစံ အထက္ကေန အမိန္႔ကိုေစာင့္ေနတဲ့အစိုးရမဟုတ္ဘဲနဲ႔ လိုအပ္ခ်က္အရ လိုအပ္သလိုသတၱိရွိရွိရပ္တည္ႏိုင္တဲ့ ေျပာရဲဆိုရဲတဲ့အစိုးရမ်ိဳးျဖစ္သင့္တယ္ ျဖစ္ေစခ်င္တယ္” ဟု ကိုလ်န္တြမ္ကေျပာသည္။

မဲဆႏၵနယ္ေျမ (၃၉) ေနရာရွိသည့္ ခ်င္းျပည္နယ္မွာ ၂၀၂၀ အေထြေထြေရြးေကာက္ပြဲတြင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ ခ်ဳပ္ပါတီ (NLD) က (၃၆) ေနရာအႏိုင္ရရွိခဲ့ၿပီး၊ ဇိုမီးဒီမိုကေရစီအဖြဲ႔ခ်ဴပ္ (ZCD) က (၂) ေနရာ၊ ခ်င္းအမ်ဴိးသားဒီမို ကေရစီအဖြဲ႔ခ်ဴပ္(CNLD) က (၁) ေနရာအႏိုင္ရရွိခဲ့သည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသော Mr. World Noble King 2023 ပြိုင်ပွဲတွင် ချင်းလူငယ်တစ်ဦးမှ ဆု ၂ ဆုဆွတ်ခူး

ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲခံရသော ချင်းပြည်နယ်က ဘာသာရေးဆရာတော်တစ်ပါးကို စစ်ကောင်စီက အမှုပိတ်သိမ်းပြီး ပြန်လွှတ်

တမူးမြို့ရွေးကောက်ပွဲ ကော်မရှင်ရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မီးရှို့

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.