ရေး – 001RB
“ဆန်ကုန်မှာကို အမြဲစိုးရိမ်ရတယ် ထမင်းကျန်တွေကိုလည်း မလွှင့်ပစ်ရဲဘူး ထမင်းချက်တဲ့အခါမှာ ပြန်ပြန်ပြီး ရောချက်ရတယ်” လို့ ပုံမှန်လခ၀င်ငွေမရှိတော့တဲ့ ဒေါ်နီလန်း (နာမည်လွဲ) ဟာ သူတို့မိသားစုညနေစာ စားဖို့အတွက် ဆန်တွေ ပြာနေ ရင်း ပြောဆိုနေတာပါ။
မိသားစု၀င် ၃ ယောက်ရှိတဲ့ သူတို့မိသားစုဟာ ဆန်တစ်အိတ်ကို ခြိုးခြံချွေတာပြီးစားရင် တစ်လကျော်ကျော် လောက်စားရ ပြီး သူများလို မိသားစု၀င်သိပ်မများတာကြောင့် ခံသာသေးတယ်လို့ဆိုရမှာပါ။
ဒေါ်နီလန်းတို့ ဇနီးမောင်နှံဟာ ချင်းပြည်နယ် မတူပီမြို့နယ်ကဖြစ်ကြပြီး စစ်အာဏာသိမ်းမှုမဖြစ်ပွားခင်ကတော့လင်မယား နှစ်ယောက်စလုံး အစိုးရ၀န်ထမ်းကျောင်းဆရာ၊ဆရာမတွေပါ။
အဲဒီအခါတုန်းကတော့ လင်မယားနှစ်ယောက်စလုံး ပုံမှန် လစာ၀င်ငွေလေးတွေရှိကြတော့ စား၀တ်နေရေးအတွက် အဆင် ပြေနေပေမယ့် စစ်ဘေးရှောင်စခန်းရောက်တဲ့နောက်ပိုင်မှာတော့ အတော်လေးအခက်အခဲနဲ့ကြုံနေရတယ်လို သူမက ဆိုပါတယ်။
“ရွာမှာကျတော့ နည်းနည်းပါးပါးကိုယ်ရတဲ့လစာလေးနဲ့ အေးဆေးနေလို့ရတယ်ပေါ့ ဒီမှာကျတော့ စိတ်ပင်ပန်းလူပင်ပန်းရ တယ် သူများလုပ်သလိုလဲ မလုပ်တတ်ဘူး အဲဒီခါကျလို့ရှိရင် စိတ်လည်းပင်ပန်းတယ် လူလည်းပင်ပန်းတယ် စိတ်ဆင်းရဲ ရတယ် ကိုယ်ကမလုပ်လို့ရှိရင်လည်း မစားရပြန်ဘူး အတော်လေးစိတ်ဖိစီးမှုများတယ်၊ အဆင်ပြေသလိုလုပ်ကြရတာပေါ့ မလောက်လို့ရှိရင်လည်း လောက်သလိုစားကြရတာပေါ့”
သူတို့မိသားစုဟာ အခြားသော မြန်မာနိုင်ငံကစစ်ဘေးရှောင်တွေနည်းတူ အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ်ထဲက စစ်ဘေးရှောင်စခန်းတစ်ခုမှာနေထိုင်ကြရတာပါ။
အစပိုင်းမှာတော့ မီဇိုရမ်ပြည်နယ်ရဲ့မြို့တော် အိုင်ဇောလ်နဲ့ မိုင် ၃၀ လောက်ေ၀◌းတဲ့ Sihhmui ကျေးရွာထဲမှာ အိမ်ငှားပြီး နေထိုင်ခဲ့ကြ ပေမယ့် လစဉ်အိမ်ငှါးခပေးဖို့ဆိုတာ သူတို့တွက်ကြီးမားတဲ့၀◌န်ထုတ်တစ်ခုလိုဖြစ်ခဲ့ပါတယ်။
နောက်ပိုင်းမှာ Sihhmui ကျေးရွာတာ၀◌န်ရှိသူတွေက စစ်ဘေးရှောင်တွေအတွက် မြေနေရာပေးလာပြီး စစ်ဘေးရှောင်တွေကကိုယ့်ဘာသာကိုယ်အိမ်ဆောက်ကြပြီး နေထိုင်လာကြတဲ့အခါမှာ အိမ်ငှါးခအတွက် စိုးရိမ်သောကမဖြစ်ရတော့ဘူးလို့ ဆိုပါတယ်။
ပေ ၃၀ ပတ်လည်လောက်ရှိတဲ့ ၀◌ါးထရံတွေနဲ့ကာထားတဲ့ တဲသာသာအိမ်ကလေးမှာ ဒေါ်နီလန်းတို့ မိသားစု ၃ ယောက် နေထိုင်ကြတာ ခုဆိုရင် တစ်နှစ်လောက်ရှိပါပြီ။
ဒီ Sihhmui စစ်ဘေးရှောင်စခန်းမှာ စခန်း ၁ နဲ့ ၂ ရှိပြီးတော့ စစ်ရှောင်စခန်း ၁ မှာ အိမ်ခြေ ၂၀ နဲ့ လူဦးရေ ၁၀၀ ကျော် စခန်း ၂ မှာ အိမ်ခြေ ၆၀ ကျော်နဲ့ လူဦးရေ ၂၀၀ ကျော်နေထိုင်ကြပါတယ်။ ဒီစစ်ဘေးရှောင်စခန်းမှာ ဒေါနီလန်းတို့အပါအ၀◌င် CDM ၀◌န်ထမ်းစစ်ဘေးေရှာင် ၁၀ ယောက်ကျော်ရှိပြီးတော့ အများစုကတော့ သူတို့ဒေသမှာတိုက်ပွဲကြောင့် စစ်ဘေး ရှောင်လာကြသူတွေပါ။
စစ်ဘေးရှောင်ပြည်သူတွေဟာ မျှစ်ပေါ်တဲ့အချိန်ဆို မျှချိူးပြီး ရောင်းတာ၊ တောင်ယာထဲက ဟင်းသီးဟင်းရွက်တွေ ခူးခတ်ပြီး ၀မ်းရေးအတွက် ကိုယ့်နည်းကိုယ်ဟန်နဲ့ ဖြေရှင်းနေကြရတာဖြစ်ပါတယ်။
“ကိုယ့်ဘာသာကိုယ်ရှာစားတယ် ဟင်းတွေကျတော့ ကိုယ့်ဘာသာကိုယ်တောထဲမှာရှာပေါ့နော ရှာစားကြတယ် ဆန်ကျတော့ ၀◌ယ်တာပေါ့ တစ်အိတ်၀◌ယ်တာ မိသားစုတအားကြီးမများတဲ့အခါကျတော့ တစ်လနီးပါးစားရတယ် မျှစ်တွေသွား ရှာတယ်၊ အခင်းတွေဘာတွေမှာပေါ့နော အငှားလိုက်တဲ့အခါ အခင်းထဲက ဟင်းတွေဘာတွေခူးပြီးတော့မှပေါ့ နော ကိုယ်စား ဖို့အတွက်တော့ ခူးခိုင်းကြတယ်လေ ပိုက်ဆံရှိရင်တော့ စေ◌ျးထဲမှာ နည်းနည်းပါးပါး၀ယ်စားပေါ့” လို့ဒေါ်နီလန်းကပြောပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်ဖေဖော်၀ါရီလ ၁ ရက်နေ့က စစ်အာဏာသိမ်းမှုဖြစ်ပွားတဲ့နောက်မှာ တနိုင်ငံလုံးကပြည်သူတွေဟာ စစ်အာဏာရှင်စနစ်ကို နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီထဲမှာ အစိုးရ၀န်ထမ်းတွေဟာလည်း “ရုံးမ တက်နဲ့ရုန်းထွက်” ဆိုတဲ့ကြွေးကျော်သံနဲ့အတူ အကြမ်းမဖက်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာပါ၀င်လာခဲ့ကြပါတယ်။
ချင်းပြည်နယ်ဟာ မြန်မာတစ်နိုင်ငံလုံးမှာ CDM လှုပ်ရှားမှုအားအကောင်းဆုံးပြည်နယ်တစ်ခုဖြစ်ပြီး အရပ်ဖက်အဖွဲ့အစည်း တွေရဲ့ အဆိုအရ ချင်းပြည်နယ်က အစိုးရ၀န်ထမ်း ၇၀ ရာခိုင်နှုန်းကျော်ဟာ CDM ပြုလုပ်ပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင် တော်လှန်မှုမှာပါခဲ့ကြပါတယ်။
အဲဒီထဲမှာ ဒေါ်နီလန်းတို့ဇနီးမောင်နှံဟာလည်း ၂၀၂၁ ခုနှစ်မေလထဲ CDM လှုပ်ရှားမှုမှာပါ၀◌င်လာခဲ့ကြတာပါ။
ဒေါ်နီလန်းရဲ့အမျိုးသားဖြစ်သူ ဦးဘွဲ့လျန် (နာမည်လွဲ) ဟာ အရင်ကတော့ NUG ကနေ အသိမှတ်ပြုတဲ့ စစ်ဘေးရှောင် စခန်း မှာ ဖွင့်တဲ့ကျောင်းမှာကျောင်းဆရာလုပ်အားပေးနဲ့လုပ်ခဲ့ပေမယ့် ခုတော့ မြေမြုပ်မိုင်းကြောင့် ခြေတစ်ဖက်ပြတ်သွားတဲ့ ဖခင်ဖြစ်သူကို ပြုစုနေရာတာကြောင့် အဲဒီအလုပ်ကလည်းနားခဲ့ရပါတယ်။
CDM မလုပ်ခင်ဘ၀မှာ ပုံမှန်လစာ၀◌င်ငွေနဲ့ အဆင်ပြေခဲ့ပေမယ့် ခုအခါမှာတော့ ဒီဖက်မှာ အလုပ်ကလည်း အတည် တကျ မရှိ ၀င်ငွေပုံမှန်မရှိတာကြောင့် အခက်အခဲမျိုးစုံရင်ဆိုင်နေရပြီး သူ့အနေနဲ့ CDM ၀◌င်ရတာဟာ တခါတလေမှာ အင်မတန်မှ ဆုံးရှုံးမှုကြီးမားတယ်လို ခံစားရတယ်လို့ ဦးဘွဲ့လျန်ကပြောပါတယ်။
“ကျနော်တို့အတွက် CDM ၀င်ရခြင်းကအဓိပ္ပါယ်က တခါတလေမှာကျတော့ စိတ်နာကျင်မှုအနေနဲ့ ခံစားရတယ် ကိုယ့်ဘာသာကိုယ် ရုန်းကန်ပြီးတော့ စားရခြင်းဖြစ်တယ် သူများနိုင်ငံဆိုတော့ ကိုယ့်အမျိုးတွေလည်းမရှိတဲ့အခါကျတော့ ကိုယ့်ဘ၀နဲ့ပဲ တောထဲမှာသွားပြီးတော့ ၀◌ါးမျှစ်တွေပေါတဲ့ချိန် ၀◌ါးမျှစ်တွေသွားရှာ မိသားစုစား၀◌တ်နေရေးအတွက်ရော တဖက်မှာ အဖေ့ရဲ့ ကျန်းမာရေး ဆေးဖိုး၀◌ါးဖိုး၀ယ်ဖို့ ကိုယ်ကမရှာလို့ရှိရင် ဘယ်သူကရှာမလဲ ရှိသမျှအလုပ်မှန်သမျှ မလုပ်ဖူးတဲ့အလုပ်မှန်သမျှလုပ်တတ်အောင်ကြိုးစားရတာပေါ့ ကိုယ့်ရဲ့ဘ၀အတွက် ဒီလိုမျိုးပဲရုန်းကန်ရခြင်းဖြစ်တယ်”
ဉီးဘွဲ့လျန်ဟာ CDM ပြုလုပ်ပြီးနောက် မီဇိုရမ်ပြည်နယ်ကိုရောက်ရှိလာတဲ့အချိန်မှာ CDM ၀န်ထမ်းတွေကို ငွေကြေး အထောက်အပံ့အနည်းငယ်ရရှိကြတယ်လို့ ကြားသိခဲ့ပေမယ့် သူ့အနေနဲ့ တစ်ကြိမ်တခါမှမရရှိခဲ့ဘူးလို့ ဆိုပါတယ်။ သူ့ဇနီး ဒေါ်နီလန်းကတော့ ရူပီး ၂၅၀၀ တစ်ကြိမ်တော့ရရှိပြီး နောက်ထပ်ဘာအကူအညီမှ မရရှိခဲ့ဘူးလို့ ဆိုပါတယ်။
အိန္ဒိယနိုင်ငံမှာ မြန်မာနိုင်ငံကနေ ထွက်ပြေးခိုလုံလာကြတဲ့ CDM ၀◌န်ထမ်း အယောက် ၁၀၀၀ ကျော်လောက်ရှိတယ်လို့ အရပ်ဖက်အဖွဲ့အစည်းတချို့က ခန့်မှန်းထားကြပါတယ်။ အဲဒီထဲက ၃ ပုံတစ်ပုံလောက်ကတော့ စား၀◌တ်နေရေးအခက်အပြင် အခြားသောအကြောင်းရင်းအမျိုးမျိုးတွေကြောင့် နေရပ်ပြန်သွားကြတယ်လို့သိရပါတယ်။
NUG အစိုးရအနေနဲ့ CDM ပေါ်လစီတွေကို စတင်ရေးစွဲတဲ့နေရာမှာ တော်လှန်ရေးအလွန်ကာလနဲ့ Non CDM တွေကို ဘယ်လိုပြစ်ဒဏ်ပေးမယ်ဆိုတဲ့အချက်တွေသာပါ၀◌င်ပေမယ့် တော်လှန်ရေးကာလ CDM တွေရဲ့အခွင့်အရေး၊ ဘယ်လို ကာကွယ်မလဲဆိုတာတွေ မတွေ့ရဘူးလို့ CDM ၀◌န်ထမ်းတွေရဲ့ အကြောင်းကို သုတေသနလုပ်နေတဲ့ CDM ဆရာမ မေရီကတော့ ခုလိုပြော ဆိုပါတယ်။
“အကြာမ်းမဖက်အာဏာဖီဆန်ရေးကို ပြည်သူတွေနဲ့ ကျမ၀◌န်ထမ်းတွေစခဲ့တာပေါ့နော် ၀န်ထမ်းတွေပဲလားဆိုတော့ မဟုတ်ဘူး ကျောင်းသူ ကျောင်းသားတွေလည်းပါတယ် ယခုထိပေါ့နော် တခါတလေကျရင် တော်လှန်ရေးမှာ ကျမတို့ ဦးစားပေးရမယ့်အပိုင်းလေးတွေ ခေါင်းထဲမှာရှိတယ်ဆိုပေမယ့် တချို့သောအရာတွေကို ဦးစားပေးရမယ်ဆိုတာမျိုးကြောင့် ကျမတို့ CDM ကိစ္စကလည်း မေးမှိန်သွားတာရှိတယ် ကျမတို့ကတော့ အမေ့လျှော့ခံတွေဆိုတာ မှန်ပါတယ် ကျမတို့ ကိုယ်တိုင်ကလည်း အမေ့လျှော့ခံနေရတယ် ၂၀၂၂ အစအပိုင်းလောက်မှာ CDM ပေါ်လစီတွေ ရေးဆွဲခဲ့ကြတယ် ကျမတို့ CDM တွေကလည်း တော်တော်မျှော်လင့်ခဲ့ကြတယ် CDM ပေါ်လစီတွေပြန်ဖတ်ကြည့်တဲ့အခါမှာ တော်လှန်ရေးပြီးသွားရင် After revolution ကိုပဲကျမတို့စဉ်းစားတယ် တော်လှန်ရေးပြီးသွား CDM တွေကို ဘယ်လိုရာထူးပြီးမယ် ဘယ်လိုဆုချ မယ်ဆိုတဲ့ဟာပေါ့နော် Non CDM တွေကိုဘယ်လိုအရေးယူမယ် ဆိုတဲ့ဟာလောက်ပဲပါတာပေါ့နော် ကျမတို့ မျှော်လင့် ထားတာက ဒီတော်လှန်ရေးကဘယ်လောက်ကြာမယ်မသိဘူး ဒီ CDM ပေါ်လစီထဲမှာ ကြားကာလတော်လှန်ရေး ကာလမှာ CDM တွေရဲ့ အခွင့်အရေးတွေ ဘယ်လိုပံ့ပိုးမယ် ဘယ်လိုကာကွယ်မလဲ အဲဒါတွေကိုမတွေ့ရဘူး”
NUG အစိုးရအနေနဲ့ သူ့၀◌န်ကြီးဌာနအလိုက် ကာကွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးလက်အောက်မှာရှိတဲ့ CDM ၀◌န်ထမ်း တွေကို ကူညီထောက်ပံ့မှုတချို့တော့ရှိတယ်လို့သိရပါတယ်။ ဒါပေမယ့် ယခုချိန်ထိ ကူညီထောက်ပံ့မှုမရရှိတဲ့ CDM ၀◌န် ထမ်းတွေဟာ ဒုနဲ့ဒေးရှိနေတယ်လို့ဆိုရမှာပါ။
CDM ၀◌န်ထမ်းတွေရဲ့ အခြေအနေကို သေချာလေ့လာပြီး သေချာကိုင်တွယ်ဖြေရှင်းမပေးနိုင်ဘူးဆိုရင် အခြေအနေက ပိုပို ဆိုးလာနိုင်မယ်လို့လည်း ဆရာမမေရီကထောက်ပြပါတယ်။
“ကျမတို့ မိဘ ဆွေမျိုး အသိုင်း၀န်းတွေကနေလည်း တချို့ဆိုရင် ခံနေရတာလည်းရှိမယ် မင်းတို့နွေဦးတော်လှန်ရေးက ခဏလေးနဲ့ပြီးမယ်ဆို အခုဘယ်လောက်ရှိနေပြီ မင်းအလုပ်လည်းမရှိဘူး ထောက်ပံ့ကြေးလည်းရမနေဘူးဆိုတဲ့ စိတ်ပိုင်း ဆိုင်ရာခံစားရတယ် ကျမတို့ရဲ့ Professional လိုင်းကို လက်တွေ့ကျင့်သုံးမှုမလုပ်နိုင်တဲ့အကျတော့ ကျမတို့ရဲ့စွမ်းဆောင်ရေ တွေကျဆင်းလာတယ် ကိုယ့်ကိုကိုယ်ယုံကြည်မှုနည်းလာတာ ကိုယ်ကဘာမှမဟုတ်တော့ဘူးဆိုတဲ့ဟာ ခံစားလာရတာပေါ့ နော် ကိုယ့်ရဲ့ပတ်၀◌န်းကျင်မှာပဲ တော်လှန်ရေးကဖြစ်နေသလားလို့ထင်ရတယ် တခြားနေရာမှာပုံမှန်လိုလည်ပတ်နေတယ် ကိုယ့်အသိုင်းအ၀◌န်းကလူတွေလည်းပဲ စကစအသိုင်းအ၀◌န်းမှာ ပြန်ပြီးမှအလုပ်လုပ်နေတာတွေမြင်ရတော့ ကိုယ်ပဲအရူး လား ဆိုတဲ့ဟာတွေဖြစ်လာတယ် CDM ကတော်လှန်ရေးနဲ့အတူသွားနေတယ် အဆုံးထိတော့သွားနေမှာပဲ ဒါပေမယ့် ဒီလိုပုံစံတိုင်းသာ သွားနေမယ်ဆိုရင် မစုစည်းနိုင်ပဲနဲ့ ပိုပိုပြီးမှအကွဲအပြဲတွေဖြစ်လာနိုင်တယ်”
အစိုးရ၀◌န်ထမ်းတွေဟာ ရုံးမတက်နဲ့ရုန်းထွက် ဆိုတဲ့ ကြွေးကြော်သံနဲ့အတူ တော်လှန်ရေး တပ်ဦးအဖြစ် ရှေ့တန်းက ထွက်ပြီး ရဲရဲ၀◌ံ့၀◌ံ့ချီတက်ခဲ့ကြပြီး အဓိကနေရာမှာ ပါ၀◌င်ခဲ့ကြပေမယ့် ခုအခါမှာတော့ အလုပ်လက်မဲ့ဘ၀ နဲ့ စစ်ဘေးဒုက္ခသည်ဘ၀ကို အလိုအလျောက်ရောက်ရှိသွားခဲ့ကြရတယ်လို့ဆိုရမှာပါ။
အိမ်ထောင်ဦးစီးတာ၀◌န်ကိုယူထားရတဲ့ ဦးဘွဲ့လျန်ဟာ ဒီလိုအခြေအနေတွေကြောင့်ပဲ Non CDM ပြန်လုပ်ပြီး ကိုယ့်တိုင်းပြည်ပဲပြန်ဖို့ အကြိမ်ကြိမ်တွေးနေမိတယ်လို့ဆိုပါတယ်။
“ ဘာဖြစ်လို့ ကိုယ့်ရဲ့မိသားစုကိုမကျွေးမွေးနိုင်သလဲဆိုတဲ့စိတ်တွေ ပေါ်လာတဲ့အခါမှာ တဖက်မှာလည်း ဘာလုပ်ငန်း လည်း မရှိ ဘာမှမလုပ်တတ်တဲ့အခါကျတော့ အတော်လေးကို စိတ်ဓာတ်ကျသွားတာ ပြီးလို့ရှိရင် ကိုယ့်ရဲ့တိုင်း ပြည်ပဲပြန်ရင် ကောင်းမလား Non CDM ပဲပြန်၀◌င်ရင်ကောင်းမလား ဆိုတဲ့အတွေးတွေ တခါတလေမှာပေါ်လာတယ်”
မြန်မာ့နွေဦးတော်လှန်ရေးဟာ ဘယ်လောက်ထိကြာဦးမှာလဲ ဘယ်သူမှခန့်မှန်းလို့မရနိုင်တဲ့ အဖြေရှာမရတဲ့ ပုစ္ဆာတစ်ခု လိုဖြစ်နေပြီး ဒီလိုအခြေအနေမျိုးမှာ အမေ့လျော့ခံ CDM ၀◌န်ထမ်းတွေရဲ့ ဘ၀ဟာလည်း အချိန်မလွန်ခင် မကုစားနိုင်ဘူး ဆိုရင်တော့ ပိုပိုပြီး ဆိုးလာမယ့်အခြေအနေမှာရှိနေပါတယ်…….။