• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»အရက်ပိတ်မည့်အစား ဘာသာရေးအဆုံးအမဖြင့် ထိန်းသိမ်းကြပ်မတ်သင့်ဟု ပြည်ထောင်စုဝန်ကြီးပြော

အရက်ပိတ်မည့်အစား ဘာသာရေးအဆုံးအမဖြင့် ထိန်းသိမ်းကြပ်မတ်သင့်ဟု ပြည်ထောင်စုဝန်ကြီးပြော

0
By Editor on May 24, 2019 Khonumthung

အရက်ရောင်းချခွင့်ပိတ်သိမ်းခြင်းသည် နိုင်ငံတကာအတွေ့အကြုံအရ အောင်မြင်မှုမရှိသည့်အတွက် အရက်ကို မြို့နယ်တစ်မြို့နယ်တည်းက ပိတ်မည့်အစား ဘာသာရေးပုဂ္ဂိုလ်များက ဘာသာရေး၏အဆုံးအမဖြင့် ထိန်းသိမ်းကြပ်မတ်ကာ ယစ်မျိုးဥပဒေနှင့်အညီဆောင်ရွက်ပါက အားလုံးအဆင်ပြေမည်ဟု ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဒုတိယဝန်ကြီး ဉီးတင်မြင့်ကပြောသည်။

မေလ ၂၂ ရက်နေ့က ကျင်းပသော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး န၀မနေ့တွင် ထန်တလန်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီရွှေလျန်းက ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တွင် တရားဝင်ခွင့်ပြုချက်ပေးကာ လုပ်ကိုင်စေသော ယစ်မျိုးလိုင်စင် ချထားပေးခြင်းများအား အပြီးတိုင် ပိတ်သိမ်းပေးရန် အစီအစဉ် ရှိ၊ မရှိမေးမြန်းခဲ့သည့် ကိစ္စနှင့်စပ်လျဉ်း၍ ဒု-၀န်ကြီးက ထိုကဲ့သို့ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ထန်တလန်မြို့နယ် ယစ်မျိုးအကြံပေးအဖွဲ့၏ ဆုံးဖြတ်ချက်အရ ထန်တလန်မြို့နယ်တွင် ယစ်မျိုးလိုင်စင်ချထားပေးခြင်းကို အပြီးတိုင်ပိတ်သိမ်း ပေးရန် သင့်လျော်ခြင်းရှိ/မရှိကို တင်ပြရာတွင် ပိတ်လိုက်ပါက ပိုမိုပြီး တရားမဝင်ယစ်မျိုး၊ တရားမဝင် အရက်များဝင်လာပြီး ပိုအန္တရာယ် ရှိလာသည့်အတွက် မသင့်လျော်ကြောင်း ပြည်ထောင်စု ၀န်ကြီးကပြောသည်။

“မြို့မိမြို့ဖများနှင့် ဘာသာရေးအသင်းအဖွဲ့များ၏ မေတ္တာရပ်ခံချက်အရ လုံးဝ ပိတ်သိမ်းခြင်းသည် သက်ဆိုင်ရာအတွေ့အကြုံရ နိုင်ငံတကာတွင် အမေရိကန်၊ အိန္ဒိယ အပါအဝင် အရက်မှောင်ခိုကြီးထွားသည့်အတွက်ကြောင့် စီမံချက်ဖြင့် နိုင်ငံတော်အစိုးရက ပိတ်သိမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပါကြောင်း၊ အထူးသဖြင့် ဒီမိုကရေစီနိုင်ငံကဲ့သို့ နေရာမျိုးတွင် ဘာသာစုံ၊ လူမျိုးစုံရှိသည့်နေရာတွင် အရက်ကို တစ်မြို့နယ်တည်း ပိတ်မည့် အစား ဘာသာရေးပုဂ္ဂိုလ်များက ဘာသာရေး၏အဆုံးအမဖြင့် ထိန်းသိမ်းကြပ်မတ်ရန်နှင့် နောက်တစ်ခါ Task Force များဖြင့် ဥပဒေနှင့်အညီ ဖမ်းဆီးခြင်း၊ အရေးယူခြင်းများနှင့် ယစ်မျိုးဥပဒေနှင့်အညီ ဆောင်ရွက်မည်ဆိုပါက အားလုံးအဆင်ပြေမည်” ဟု ဒု ၀န်ကြီးက လွှတ်တော်တွင် ပြန်လည်ဖြေကြားခဲ့သည်။

သို့သော်လည်း သက်ဆိုင်သည့် ပွဲလမ်းသဘင်နေ့ရက်များ၊ ချင်းအမျိုးသားနေ့စသည့် နေ့ကြီးနေ့ရက် များ၊ အပတ်စဉ် ဘုရားကျောင်းတက်ရသည့်တနင်္ဂနွေနေ့များတွင် ယစ်မျိုးရောင်းချမှု မရှိစေရေးကိုကြပ်မတ်ဆောင်ရွက်လျက်ရှိသည်ဟု ၀န်ကြီးကဆက်ပြောသည်။

ထန်တလန်မြို့ အရပ်ဖက်လူမှုအဖွဲ့အစည်းမှ ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦး ရှန်ဘိခ်ကျူံးက နိုင်ငံတော်အစိုးရအနေဖြင့် အရက်ကို အပြီးတိုင်ပိတ်သိမ်းနိုင်ခြင်းမရှိပါက မကောင်းသည့်အရက်များ ရောင်းချခြင်းမရှိစေရေးကို အထူးကြပ်မတ်ဆောင်ရွက်သင့်သည်ဟု ခိုနူမ်းသုန်ကိုပြောသည်။

“အစိုးရအနေနဲ့ မပိတ်ပေးနိုင်ရင်တောင်မှ လိုင်စင်ပေးတဲ့ဆိုင်တွေက အိုဘီလို့ခေါ်တဲ့ မကောင်းတဲ့အရက်တွေ ရောင်းနေတာ ဒါကြောင့် မကောင်းတဲ့အရက်တွေကို ကြပ်ကြပ်မတ်မတ် စစ်ဆေးဆောင်ရွက်ပြီး ထိထိရောက်ရောက် အရေးယူဖို့လိုမယ် ပြီးတော့ ၁၈ နှစ်အောက်ကလေးတွေကိုလည်း လုံးဝမရောင်းပေးဖို့လိုပါတယ်’’ ဟု ဦးရှိန်ဘိခ်ကျူံကပြောသည်။

ထန်တလန်မြို့တွင် အရက်ပပျောက်စေနိုင်ရေးအတွက် ထန်တလန်မြို့ ဘာသာရေးအဖွဲ့အစည်းများစုပေါင်းပြီး ယခင်က အစိုးရမှ ချပေးသော ယစ်မျိုးလိုင်စင်ကို ၀ယ်ယူကာ အရက်ကို ၁၀ နှစ်နီးပါးခန့်ပိတ်ပင်ခဲ့ကြသည်။ အဆိုပါနည်းလမ်းသည် အောင်မြင်မှုအတိုင်းအတာတစ်ခုအထိရှိခဲ့သော်လည်း နောက်ပိုင်းတွင် ရပ်နားခဲ့ကြသည်ဟု သိရသည်။

ယခုလက်ရှိ ထန်တလန်မြို့ပေါ်တွင် လိုင်စင်ရအရက်ဆိုင် ၃ ဆိုင်ရှိကာ အလွယ်တကူအရက်ဝယ်ယူရနိုင်သည့်အတွက် လူငယ်အတော်များများ ပျက်စီးကုန်ပြီး မကောင်းသည့်အရက် သောက်သုံးမှုကြောင့် ကျန်းမာရေးထိခိုက်သူလည်း များလာသည်ဟု ဦးရှန်ဘိခ်ကျူံကပြောသည်။

“သက်ဆိုင်ရာကလည်း လိုင်စင်ရအရက်ဆိုင်ကို စစ်ဆေးမှုလည်းမရှိ မကောင်းတာရော ကောင်းတာရော ကြိုက်သလိုရောင်းနေကြတော့ လူငယ်တွေတအားပျက်စီးတာ လူသေလည်းပိုများလာတယ် သေတဲ့လူကလည်း အရက်သမားတွေပဲ၊ ဆေးရုံမှာဆိုလည်းပဲ ဥပမာလူနာ ၂၀ ရှိတယ်ဆိုပါစို့ ၈ ယောက်လောက်က အရက်သမားတွေဖြစ်နေတာ ဒါကြောင့် ဒီအရက်ကို မပိတ်ပေးနိုင်ရင်တောင်မှ သေသေချာချာ စည်းကမ်းတကျ ကြပ်မတ်ဖို့လိုပါတယ်’’ ဟု ၎င်းကပြောဆိုပါသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသော Mr. World Noble King 2023 ပြိုင်ပွဲတွင် ချင်းလူငယ်တစ်ဦးမှ ဆု ၂ ဆုဆွတ်ခူး

ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲခံရသော ချင်းပြည်နယ်က ဘာသာရေးဆရာတော်တစ်ပါးကို စစ်ကောင်စီက အမှုပိတ်သိမ်းပြီး ပြန်လွှတ်

တမူးမြို့ရွေးကောက်ပွဲ ကော်မရှင်ရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မီးရှို့

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.