Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»အသက်မွေးဝမ်းကျောင်းသင်တန်းတက်ရောက်သည့် လူငယ် ၃၀ ကျော် အလုပ်အကိုင်ရရှိကြ

အသက်မွေးဝမ်းကျောင်းသင်တန်းတက်ရောက်သည့် လူငယ် ၃၀ ကျော် အလုပ်အကိုင်ရရှိကြ

0
By Editor on July 30, 2019 Khonumthung

By လားနွန် – ချင်းပြည်နယ် ဟားခါးမြို့အခြေစိုက် ချင်းအရပ်ဖက်လူမှုအဖွဲ့အစည်းကွန်ယက် (CCSN) ၏ ဦးဆောင်ဖြင့် ပြုလုပ်ခဲ့သော အသက်မွေးဝမ်းကျောင်းကျွမ်းကျင်မှုဆိုင်ရာ သင်တန်းသို့ တက်ရောက်ခဲ့ကြသည့် သင်တန်းသား ၃၇ ဦးတို့သည် ယခုအခါ အလုပ်ကိုင်ရရှိကြပြီဟု သိရသည်။

အဆိုပါသင်တန်းကို ပြီးခဲ့သည့် ဇန်န၀ါရီလစတင်၍ ဇွန်လအထိ ၆ လကြာပြုလုပ်ခဲ့ကြပြီး ဆိုင်ကယ်သင်တန်းတွင် အမျိုးသား (၂၁) ယောက်၊ လျှပ်စစ်ဝိုင်ယာသွယ်တန်းသင်တန်းတွင် အမျိုးသား (၄၅) ယောက်၊ အိမ်တွင်းလက်မှုပညာသင်တန်းတွင် အမျိုးသမီး (၈၁) ယောက်၊ အလုပ်အကိုင်ဝန်ဆောင်မှုပေးခြင်းတွင် အမျိုးသား (၃) ယောက်နှင့် အမျိုးသမီး (၁) ယောက်ပါ စုစုပေါင်း (၁၅၁) ယောက် တက်ရောက်ခဲ့ကြသည်။

၎င်းတို့အနက် သင်တန်းသား လူငယ် (၃၇) ယောက်တို့သည် ယခုအခါ ၎င်းတို့တတ်ကျွမ်းသည့် လုပ်ငန်း အသီးသီးတွင် အလုပ်ရရှိနေကြပြီဟု CCSN မှ ဒါရိုက်တာ ဦးယာကုတ်ထန်ကပြောသည်။

“ကျနော်တို့ ၀န်ဆောင်မှုပေးတဲ့သူတွေထဲမှာ NGO မှာ အလုပ်ရရှိသူက အမျိုးသမီးတစ်ယောက် အမျိုးသားသုံးယောက် အဲဒါကျနော်တို့အလုပ်အကိုင်ရှာဖွေပေးနိုင်တယ် ပြီးရင်လျှပ်စစ်ဝိုင်ယာသွယ်တန်းခြင်း သင်တန်း (၄၅) ဦးကနေ အဲဒီထဲမှာ (၆) ယောက်ကတော့ ဒီကုမ္ပဏီမှာ အခုအစိုးရလျှပ်စစ်လုပ်ငန်းမှာပေါ့နော် နေ့စားအနေနဲ့လုပ်တဲ့သူတွေရှိတယ် လစာနဲ့လုပ်တဲ့သူတွေရှိတယ် နေ့စားမှာတော့ တစ်သောင်းခွဲကနေ နှစ်သောင်းကြားသူတို့အလုပ်ရကြတယ် ဆိုင်ကယ်ပြုပြင်သင်တန်းမှာတော့ တချို့လူတွေကတော့ သူတို့ဆွေမျိုးတွေလုပ်ပေးတာတော့ရှိတယ် ဒါပေမဲ့ တစ်ယောက်ကတော့ ဆိုင်ကယ်ပြင်ဆိုင်မှာအလုပ်လစာရတယ် ပြီးရင် အမျိုးသမီး ၁၉ ယောက်ကတော့ ဆပ်ပြာထုတ်တာတို့ လက်မှုပညာ (၁၅) မျိုးလောက်သူတို့ထုတ်လုပ်နိုင်တယ် သူတို့အတွက် အပိုဝင်ငွေရရှိနိုင်ခဲ့တယ် ပြီးတော့ အိမ်တွင်းလက်မှုလုပ်ငန်းကျွမ်းကျင်တဲ့ (၇) ယောက်ကို ကျနော်တို့က သင်တန်းဆရာမအဖြစ် အသုံးပြုတယ် သူတို့ကိုတိုင်လည်းပြန်ထုတ်လုပ်တယ် အားလုံးပေါင်းဆိုရင်တော့ (၃၇) ယောက်က အလုပ်အကိုင်ရရှိတယ်” ဟု ဦးယာကုတ်ထန်ကပြောသည်။

ချင်းပြည်နယ်တွင် နှစ်စဉ် ၁၀ တန်းအောင်မြင်သူ ၁၉ ရာခိုင်နှုန်းလောက်သာရှိပြီး ၈၁ ရာခိုင်နှုန်းရှိသော လူငယ်များသည် ၁၀ တန်မအောင်မြင်ဘဲ အလုပ်အကိုင်အခွင့်အလမ်းပိတ်သွားသည့် အနေအထားမျိုးမဖြစ်ရလေအောင် ယခုကဲ့သို့ အသက်ဝမ်းကျောင်းဆိုင်ရာကျွမ်းကျင်သင်တန်းများကို ပြုလုပ်ရခြင်းဖြစ်သည်ဟု ဦးယာကုတ်ထန်ကပြောသည်။

“အဓိကတော့ ဆယ်တန်းမအောင်တဲ့ပုဂ္ဂိုလ်တွေအတွက် ရည်ရွယ်ပြီးကျနော်တို့လုပ်တာ နှစ်စဉ်ဆယ်တန်းအောင်တဲ့သူတွေက အများဆုံး (၁၉) ရာခိုင်နှုန်းလောက်ပဲအောင်တာဆိုတော့ ကျန်တဲ့ (၈၁) ရာခိုင်နှုန်းကတော့ ဆယ်တန်းမအောင်သေးတဲ့ တချို့လူတွေက ရုန်းကန်နေကြတာပေါ့နော် အဲလိုမျိုးသူတွေကို အလုပ်လက်မဲ့မဖြစ်ရလေအောင် တခြားနည်းလမ်းတွေကျွမ်းကျင်မှုဆိုင်ရာတွေလည်းလိုအပ်တယ်ဆိုတဲ့ အတွေးအခေါ်အမြင်တွေရှိတဲ့အတွက်ကြောင့် ပြီးရင်အမျိုးသမီးကလည်း တစ်ချို့တော့ အိမ်ထောင်ကျပြီဆိုရင် သူတို့က အိမ်တွင်းရေးကိစ္စပဲလုပ်ပြီးတော့ တစ်ခြားဝင်ငွေရတဲ့သူတွေကအရမ်းနည်းတယ် အဲလိုမျိုးသူတို့က အိမ်ထောင်ကျတဲ့ နောက်ပိုင်းမှာပဲဖြစ်ဖြစ် သူတို့ပုံမှန်ဝင်ငွေရရှိလာရင် သူတို့အမျိုးသားတွေဆီမှာပိုက်ဆံတောင်းစရာမလိုပဲ မိသားစုအရေးကိစ္စကို အလုပ်အကိုင်ဝန်ဆောင်မှုပေးနိုင်ဖို့အတွက်ဆိုတဲ့ဟာတွေ ကျနော်တို့ကရည်ရွယ်တယ် အမျိုးသမီးတွေကိုမြင့်တင်ပေးဖို့ ပြီးရင် လူငယ်တွေလည်းအလုပ်လက်မဲ့ကို လျော့ချအောင်ရည်ရွယ်ပြီးလုပ်တာဖြစ်တယ်” ဟု ဦးယာကုတ်ထန်ကပြောသည်။

ချင်းပြည်နယ်သည် အလုပ်ကိုင်အခွင့်အလမ်းအလွန်နည်းပါးသည့်ပြည်နယ်ဖြစ်ပြီး ဘွဲ့ရလူငယ်များပင်လျှင် အလုပ်မရှိကြသည့်အတွက် နိုင်ငံခြားထွက်ပြီးအလုပ်လုပ်နေကြရသည်။ လူငယ်အများစုသည် တောင်ယာလုပ်ငန်းလည်း လုပ်ကိုင်လိုစိတ်မရှိကြသည့်အတွက် နိုင်ငံခြားသို့ထွက်ပြီးအလုပ်လုပ်သူပိုများ လာသည်ဟု သိရသည်။
ထို့ကြောင့် ချင်းပြည်နယ်အစိုးရအနေဖြင့် လူငယ်များအလုပ်အကိုင်အခွင့်အလမ်းပိုမိုရရှိလာနိုင်ရေးအတွက် မူဝါဒများချမှတ်ကာ ဆောင်ရွက်ပေးသင့်သည်ဟု ဦးယာကုတ်ထန်ကပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

NUZ တွင် “အသက်မွေးဝမ်းကျောင်းနှင့် အထက်တန်းလွန်ပညာရေးဆိုင်ရာ ဒီပလိုမာဘွဲ့” သင်တန်းသစ် အောက်တိုဘာလ ၃ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများ၏ပစ်ခတ်မှုကြောင့် Rev. Dal Thawn Tuang ကွယ်လွန်ခြင်းဟု ZFU/PDF Zoland ထုတ်ပြန်

ချင်းလူငယ်နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦး ကင်ဆာရောဂါဖြင့်ကွယ်လွန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 19, 2026

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

September 19, 2026

NUZ တွင် “အသက်မွေးဝမ်းကျောင်းနှင့် အထက်တန်းလွန်ပညာရေးဆိုင်ရာ ဒီပလိုမာဘွဲ့” သင်တန်းသစ် အောက်တိုဘာလ ၃ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်

September 18, 2026

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများ၏ပစ်ခတ်မှုကြောင့် Rev. Dal Thawn Tuang ကွယ်လွန်ခြင်းဟု ZFU/PDF Zoland ထုတ်ပြန်

September 18, 2026

တီးတိန်မှာ နှစ်ခြင်းအသင်းတော် ချင်းဓမ္မဆရာကို စစ်တပ်က ပစ်သတ်မှု အမေရိကန်အစိုးရ အရေးယူပေးရန် BRI တောင်းဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.