• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Leaderboard Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»အာဇာနည်နေ့အခမ်းအနားသို့ မြန်မာအမျိုးသားဝတ်စုံဝတ်ပြီး တက်ရောက်ရန် ဖိတ်ကြားမှု ချင်းပါတီကန့်ကွက်
အာဇာနည်နေ့အခမ်းအနားသို့ မြန်မာအမျိုးသားဝတ်စုံဝတ်ပြီး တက်ရောက်ရန် ဖိတ်ကြားမှု ချင်းပါတီကန့်ကွက်
0
By Editor on July 10, 2020 Khonumthung
#Zawgyi
လာမည့်ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၃) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့  မြန်မာအမျိုးသားဝတ်စုံ(တိုက်ပုံအနက်၊ ခေါင်းပေါင်း) ၀တ်ဆင်ပြီး တက်ရောက်ရန် ဖိတ်ကြားမှုအပေါ် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် CNLD ပါတီက ကန့်ကွက်လိုက်သည်။
ရန်ကုန်မြို့ ဗဟန်းမြို့နယ် အာဇာနည်ဗိမာန်တွင် ကျင်းပပြုလုပ်မည့် အဆိုပါအခမ်းအနားသို့ တက်ရောက်ရန် နိုင်ငံရေးပါတီများအား ရွေးကောက်ပွဲကော်မရှင်နှင့် အစိုးရအဖွဲ့တို့မှ ပြီးခဲ့သည့်အပတ်က ဖိတ်စာဖြင့် ဖိတ်ကြားခဲ့သော်လည်း ယင်းဖိတ်စာထဲတွင် တက်ရောက်မည့်ပုဂ္ဂိုလ်များအနေဖြင့် မြန်မာအမျိုးသားဝတ်စုံ ၀တ်ဆင်ရမည်ဟု ပါရှိသည်ဟု CNLD ပါတီအထွေထွေအတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်ကပြောသည်။
အာဇာနည်နေ့အခမ်းအနား ဖိတ်ကြားလွှာထဲတွင် ၀တ်ဆင်ရမည့်ဝတ်စုံဟုဆိုကာ အမျိုးသားများအနေဖြင့် မြန်မာအမျိုးသားဝတ်စုံ၊ အမျိုးသမီးများအနေဖြင့် မြန်မာအမျိုးသမီးဝတ်စုံဟု ဖော်ပြထားပြီး တိုင်းရင်းသားလူမျိုးများအား အကျူံးဝင်ခြင်းရှိမရှိကိုမူ တိတိကျကျမသိရပေ။
ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ပါတီအနေဖြင့် အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်မည် မတက်ရောက်မည်ကို ပါတီအတွင်း ပြန်လည်ညှိနှိုင်းရမည်ဖြစ်ပြီး အကယ်၍တက်ရောက်မည်ဆိုပါက ကိုယ့်ချင်းအမျိုးသားဝတ်စုံဝတ်ဆင်ကာ တက်ရောက်မည်ဟု ဆလိုင်းကျဲအိုဘိခ်ထောင်ကဆက်ပြောသည်။
#Unicode
လာမည့်ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၃) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ ့ မြန်မာအမျိူးသားဝတ်စုံ(တိုက်ပုံအနက်၊ ခေါင်းပေါင်း) ဝတ်ဆင်ပြီး တက်ရောက်ရန် ဖိတ်ကြားမှုအပေါ် ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် CNLD ပါတီက ကန့်ကွက်လိုက်သည်။
ရန်ကုန်မြို့ ဗဟန်းမြို့နယ် အာဇာနည်ဗိမာန်တွင် ကျင်းပပြုလုပ်မည့် အဆိုပါအခမ်းအနားသို့ တက်ရောက်ရန် နိုင်ငံရေးပါတီများအား ရွေးကောက်ပွဲကော်မရှင်နှင့် အစိုးရအဖွဲ့တို့မှ ပြီးခဲ့သည့်အပတ်က ဖိတ်စာဖြင့် ဖိတ်ကြားခဲ့သော်လည်း ယင်းဖိတ်စာထဲတွင် တက်ရောက်မည့်ပုဂ္ဂိုလ်များအနေဖြင့် မြန်မာအမျိူးသားဝတ်စုံ ဝတ်ဆင်ရမည်ဟု ပါရှိသည်ဟု CNLD ပါတီအထွေထွေအတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်ကပြောသည်။
“ဒီနိုင်ငံဟာ လူမျိုးပေါင်းစုံနဲ့ဖွဲ့စည်းတဲ့နိုင်ငံဖြစ်တယ်၊ရိုးရာယဉ်ကျေးမှုဝတ်စုံ အမျိုမျိုးရှိကြတယ်။ နိုင်ငံတော်အဆင့် အ ခမ်းအနားမှာ လူမျိုးတစ်မျိုးရဲ့ ဝတ်စုံကိုပဲ ဝတ်ရမည်ဆိုတာကိုတော့ လုံးဝ ကန့်ကွတ်ပါတယ်။ ဒါဟာ Burmanization ခေါ် ဗမာလူမျိုးနဲ့ ယဉ်ကျေးမှုသွတ်သွင်းခြင်းလို့ ယူဆပါတယ်” ဟု ဆလိုင်းကျဲအိုဘိခ်ထောင်ကပြောသည်။
အာဇာနည်နေ့အခမ်းအနား ဖိတ်ကြားလွှာထဲတွင် ဝတ်ဆင်ရမည့်ဝတ်စုံဟုဆိုကာ အမျိူးသားများအနေဖြင့် မြန်မာအမျိူးသားဝတ်စုံ၊ အမျိူးသမီးများအနေဖြင့် မြန်မာအမျိူးသမီးဝတ်စုံဟု ဖော်ပြထားပြီး တိုင်းရင်းသားလူမျိူးများအား အကျူံးဝင်ခြင်းရှိမရှိကိုမူ တိတိကျကျမသိရပေ။
ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ်ပါတီအနေဖြင့် အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်မည် မတက်ရောက်မည်ကို ပါတီအတွင်း ပြန်လည်ညှိနှိုင်းရမည်ဖြစ်ပြီး အကယ်၍တက်ရောက်မည်ဆိုပါက ကိုယ့်ချင်းအမျိူးသားဝတ်စုံဝတ်ဆင်ကာ တက်ရောက်မည်ဟု ဆလိုင်းကျဲအိုဘိခ်ထောင်ကဆက်ပြောသည်။
“ကျွန်တော်ကတော့ လူမျိုးတစ်မျိုးရဲ့ ရိုးရာဝတ်စုံဖြစ်တဲ့ တိုက်ပုံ၊ ခေါင်းပေါင်းနဲ့ ပုဆိုးကို… မိမိသဘောနဲ့ ဝတ်ချင်လို့ပဲ ဝတ်မယ်။ ဝတ်ခိုင်းလို့ကတော့ ဘယ်တော့မှမဝတ်ဘူး။ နိုင်ငံတော်က အခြား လူမျိုးများရဲ့ ရိုးရာဝတ်စုံကို အသိအမှတ်မပြုဘူးလား၊ ဗမာ/မြန်မာလူမျိုးရဲ့ ဝတ်စုံကိုပဲ အသိအမှတ်ပြုတာလား၊ စဉ်းစားစရာဖြစ်လာတယ် ”ဟု ဆလိုင်းကျဲအိုဘိခ်ထောင်ကပြောသည်။
လွန်ခဲ့သည့် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီ ၃၇ မိနစ်တွင် ရန်ကုန်မြို့နယ်ရှိ ဝန်ကြီးများရုံးတွင် ဗိုလ်ချူပ်အောင်ဆန်းနှင့် သူ၏ ဝန်ကြီးများ အစည်းအဝေးပြုလုပ်နေစဉ်တွင် လက်နက်သမားတစ်စုကလုပ်ကြံသတ်ဖြတ်ခဲ့ကြခြင်းဖြစ်သည်။ အဆိုပါလုပ်ကြံသတ်မှတ်ဖြတ်မှုတွင် ဗိုလ်ချူပ်အောင်ဆန်း၊ ဒီးဒုတ်ဦးဘချိူ၊ ဦးဘဝင်း၊ မန်းဘခိုင်၊ သခင်မြ၊ ဦးရာဇတ်၊ စဝ်စံထွန်း၊ ဦးအုန်းမောင်နှင့် ရဲဘော်ကိုထွေးတို့ သေဆုံးခဲ့ကြသည်။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website
Related Posts
စစ်ကောင်စီတပ်ဖွဲ့က ကလေးတောင်ပိုင်းကျေးရွာများကို ထပ်မံမီးရှို့
ကလေးမြို့တွင် စစ်ကောင်စီတပ်စွဲထားသည့် (၃) နေရာ ဝင်ရောက်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၇ ဦးသေဆုံး
တာဟန်းစျေးအနီး နေအိမ်တစ်လုံးပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ
Leave A Reply Cancel Reply
  • Featured Article
May 18, 2022
“မင်းအောင်လှိုင်ရဲ့စိတ်ရင်းမှာ တကယ့်တကယ် တိုင်းပြည်ရဲ့၊ နိုင်ငံတော်ရဲ့ပြဿနာကို ဖြေရှင်းဖို့ရည်ရွယ်ချက်ဆိုတာ မရှိပါဘူး”
May 3, 2022
“စကစ ရဲ့ ဖိတ်ခေါ်မှုအပေါ် တွေဝေနေစရာမလိုဘူး ကိုယ့်ရပ်တည်ချက်အပေါ် မြဲမြဲရပ်တည်ဖို့ ပြောချင်တယ်”
April 29, 2022
ထန်တလန် စစ်ဘေးရှောင်တို့ မျှော်နေရသည့် အိမ်ပြန်ခွင့်
April 18, 2022
“ကျွန်တော်တို့စီမှာ ခိုင်လုံတဲ့အထောက်အထား တွေရှိတယ်၊ အကြမ်းဖက်အဖွဲ့နဲ့ပေါင်းစည်းပြီးတော့မှ ကျွန်တော်တို့လုပ်ဆောင်ချက်အပေါ်မှာ နှောက်ယှက်တာမျိုးရှိတာ ကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တာဖြစ်တယ်”
Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.
Type above and press Enter to search. Press Esc to cancel.