အိန္ဒိယနယ်စပ် ချင်းပြည်နယ် ဖလမ်းမြို့နယ် ရိခေါဒါရ်မြို့အနီးတွင် တောင်ယာသွားသော အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိကာ ပေါက်ကွဲမှုကြောင့် သေဆုံးသွားသည်ဟု သိရသည်။
ဧပြီလ ၁၉ ရက် မနက် ၉ နာရီအချိန့်ခန့်တွင် ရိခေါဒါရ်မြို့ အမှတ် (၂) ရပ်ကွက်တွင်နေထိုင်သူ အသက် ၆၉ အရွယ်ရှိ ပူးလန်ဇာဆွပ်သည် မြို့ပြင်ဘက်တောင်ယာသွားရာတွင် မြေမြှုပ်မိုင်းနင်းမိကာ ပေါက်ကွဲမှုကြောင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။
ရိခေါဒါရ်မြို့အမှတ် ၂ ရပ်ကွက် သချုင်းကုန်းအနီး စစ်ကောင်စီတပ်စခန်းနှင့် မလှမ်းမကမ်းနေရာတွင် မြေမြှုပ်မိုင်းနင်းမိ ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ပူးလန်ဇာဆွပ်၏ ခန္ဓာကိုယ်တခုံးလုံးနီးပါး ကြေမွပျက်စီးသွားခဲ့သည်ဟု သူကဆိုသည်။