• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Leaderboard Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»အိန္ဒိယရောက် မြန်မာနိုင်ငံသားများ နယူးဒေလီမြို့ UNHCR ရုံးရှေ့တွင် ဆန္ဒဖော်ထုတ်

အိန္ဒိယရောက် မြန်မာနိုင်ငံသားများ နယူးဒေလီမြို့ UNHCR ရုံးရှေ့တွင် ဆန္ဒဖော်ထုတ်

0
By Editor on March 29, 2022 Khonumthung

အိန္ဒိယနိုင်ငံတွင် ခိုလုံနေကြသည့် စစ်ဘေးဒုက္ခသည်များအား လူသားချင်းစာနာမှုနှင့် အကာအကွယ်ရရှိရေးအတွက် နယူးဒေလီမြို့ရှိ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး (UNHCR) ရုံးရှေ့တွင် ယနေ့ မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံသား လူဦးရေ ၅၀၀ ကျော်က ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

မြန်မာ့နိုင်ငံရေး၊ စစ်ရေးအခြေအနေကြောင့် အိန္ဒိယနိုင်ငံသို့ စစ်ဘေးဒုက္ခသည် အဖြစ် ထွက်ပြေးတိမ်းရှောင်လာသူဦးရေ တနေ့ထက်တနေ့တိုးများလာနေပြီး ယင်းစစ်ဘေးဒုက္ခသည်များအား ကာကွယ်မှုပေးရန်နှင့် လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့များပေးအပ်ရန်အတွက် ဆန္ဒပြတောင်ဆိုခဲ့ကြခြင်းဖြစ်သည်ဟု နယူးဒေလီအခြေစိုက် Myanmar Refugee Demand Committee အဖွဲ့မှတာဝန်ရှိသူ မစင်ဒီက ပြောသည်။

“အဓိက ရည်ရွယ်ချက်က (၃) ချက်ပါ။ နံပါတ် (၁) အိန္ဒိယရောက်မြန်မာ Refugee တွေအတွက် resettlement (ပြန်လည် နေရာချထားရေး) ရရှိဖို့ဖြစ်တယ်။ နံပါတ် (၂) အခု ယာယီကဒ်ရတဲ့သူကို RSD အင်တာဗျူးအမြန်ဆုံးလုပ်ပြီးတော့ စမတ်ကဒ် ထုတ်ပေးဖို့ဖြစ်တယ်။ နံပါတ် (၃) အသစ်ရောက်လာတဲ့ Refugee တွေကို ယာယီကဒ်၊ Blue card, Asylum Seeker card အမြန်ဆုံး ရဖို့ဖြစ်တယ်။ အဲဒီ (၃) ချက်အပြင် Refugee တွေကို ကာကွယ်မှုနှင့်လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့တွေ အမြန်ပေးဖို့ စသည့်အချက်များကို တောင်းဆိုခဲ့တာဖြစ်တယ်။” ဟု မစင်ဒီကပြောသည်။

နယူးဒေလီမြို့အခြေစိုက် UNHCR ရုံးရှေ့တွင် ယနေ့ပြုလုပ်သော ဆန္ဒပြပွဲတွင် လူဦးရေ ၅၀၀ ခန့်ပါဝင်ပြီး အနက်ရောင် ဝတ်စုံဝတ်ဆင်ခဲ့ကြသည်ဟု သိရသည်။ လက်ရှိတွင် အိန္ဒိယနိုင်ငံ နယူးဒေလီတွင် စစ်ဘေးဒုက္ခသည် ၆၀၀၀ ကျော် ရှိကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တာဟန်းရပ်ကွက်တွင် နေအိမ်တလုံးပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၊ အိမ်ရှင်အမျိုးသားဒဏ်ရာရ

သေဘောထိုစခန်းသိမ်းစစ်ပွဲတွင် မြန်မာ့တပ်မတော်က နီပိတ် ၆ ဦးကို အရှင်လက်ရဖမ်းဆီးဆိုတဲ့သတင်းအမှား

ထန်တလန်မြို့တွင်းတိုက်ပွဲ စစ်ကောင်စီတပ်သား ၆ ယောက်သေဆုံး

Leave A Reply Cancel Reply

  • Featured Article
May 18, 2022

“မင်းအောင်လှိုင်ရဲ့စိတ်ရင်းမှာ တကယ့်တကယ် တိုင်းပြည်ရဲ့၊ နိုင်ငံတော်ရဲ့ပြဿနာကို ဖြေရှင်းဖို့ရည်ရွယ်ချက်ဆိုတာ မရှိပါဘူး”

May 3, 2022

“စကစ ရဲ့ ဖိတ်ခေါ်မှုအပေါ် တွေဝေနေစရာမလိုဘူး ကိုယ့်ရပ်တည်ချက်အပေါ် မြဲမြဲရပ်တည်ဖို့ ပြောချင်တယ်”

April 29, 2022

ထန်တလန် စစ်ဘေးရှောင်တို့ မျှော်နေရသည့် အိမ်ပြန်ခွင့်

April 18, 2022

“ကျွန်တော်တို့စီမှာ ခိုင်လုံတဲ့အထောက်အထား တွေရှိတယ်၊ အကြမ်းဖက်အဖွဲ့နဲ့ပေါင်းစည်းပြီးတော့မှ ကျွန်တော်တို့လုပ်ဆောင်ချက်အပေါ်မှာ နှောက်ယှက်တာမျိုးရှိတာ ကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တာဖြစ်တယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.