အိန္ဒိယ-မြန်မာ နယ်စပ်ကျေးရွာ ၄ ရွာမှ စစ်ဘေးရှောင်ပြည်သူများကို ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံးမှ အခြေခံစားသောက်ကုန်များ ထောက်ပံ့ကူညီပေးခဲ့ကြသည်ဟု သိရသည်။
အိန္ဒိယ-မြန်မာနယ်စပ်ရှိ Jang Ngou Bung, Bong Mol, Lhang Cham, Ngah Mun စသည့်ကျေးရွာ ၄ ရွာမှ အိမ်ခြေ ၂၆၀ ထံ ဆီ၊ ဆား၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အားလူး၊ ငါးသေတ္တာဗူး၊ ပဲရာဇာနှင့် အခြေခံဆေးဝါးများကို ကူညီထောက်ပံပေးခဲ့သည်ဟု Kuki Women Center Tamu က ထုတ်ပြန်သည်။