• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»အိန္ဒိယ-မြန်မာနယ်စပ်တွင် စစ်ဘက်ဆိုင်ရာအသုံးဆောင်ပစ္စည်းနှင့် အတူ ပတ်သက်ဆက်နွယ်သူ ၄ ဦးကို ဖမ်းမိ

အိန္ဒိယ-မြန်မာနယ်စပ်တွင် စစ်ဘက်ဆိုင်ရာအသုံးဆောင်ပစ္စည်းနှင့် အတူ ပတ်သက်ဆက်နွယ်သူ ၄ ဦးကို ဖမ်းမိ

0
By Editor on October 28, 2022 Khonumthung

အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် ရှာဟာခရိုင် Niawtlang ကျေးရွာတွင် စစ်ဘက်ဆိုင်ရာအသုံးဆောင်ပစ္စည်းနှင့် အတူ ပတ်သက်ဆက်နွယ်သူ ၄ ဦးကို အာသံရိုင်ဖယ်နှင့် မီဇိုရမ်ရဲပူးပေါင်းတပ်ဖွဲ့က အောက်တိုဘာလ ၂၆ ရက်နေ့က ဖမ်းဆီးရ မိခဲ့သည်ဟု Times of India တွင်ဖော်ပြသည်။

IG Assam Rifles (အရှေ့ပိုင်း) လက်အောက်ခံ 23 Sector AR ၏ Lunglei တပ်ရင်းနှင့် မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်းစစ်ဆင်ရေးတွင် အောက်တိုဘာလ ၂၆ ရက်နေ့က 125/Kenbo ဆိုင်ကယ် ၄ စီးနှင့်အတူ အမျိုးသား ၄ ဦးကို စစ်ဆေးရှာဖွေရာတွင် ဖမ်းဆီးရမိ ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဖမ်းဆီးရမိသည့် ပစ္စည်းများမှာ ဂြိုလ်တုဖုန်းတစ်လုံး၊ ကျည်ကာအကျီငါးခု၊ လက်ထိတ်၊ လက်ကိုင်ဖုန်းငါးလုံး၊ ဆင်းမ်က တ်ရှစ်ကတ်၊ .၂၂ ရိုင်ဖယ်ကျည် ၁၀၀ ကျော်၊ လေသေနတ်၊မြန်မာငွေကျပ် ၂,၇၉,၇၀၀၊ စင်္ကာပူငွေ (၂ဒေါ်လာ)၊ ဒစ်ဂျစ်တယ် အာရုံခံကိရိယာများနှင့် အခြားပစ္စည်းများဟုသိရသည်။

အာသံရိုင်ဖယ်တပ်ဖွဲ့သည် အိန္ဒိယ-မြန်မာနယ်စပ်တွင် လုံခြုံရေးတင်းကြပ်ကာ ယခင်ကလည်း လက်နက်ခဲယမ်းအမြောက် အများ မကြာခဏဖမ်းဆီးလေ့ရှိသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

လက်နက်ကြီးကြောင့် ၃ နှစ်ရွယ်ကလေးငယ်တစ်ဦးအပါအဝင် လူ ၄ ဦးဒဏ်ရာရ

ချင်း-လူရှိုင်း-ကူကီးမျိူးနွယ်များ အုပ်ချုပ်မှုတစ်ခုအောက်မှာ ပြန်လည်စုစည်းနေထိုင်ရေး ဆောင်ရွက်မည်ဟုဆို

တီးတိန်မြို့နယ် တက်လွေး TeekLui ကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်ပြာကျ

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.