(03PT)
အိန္ဒိယ-မြန်မာ နယ်စပ် တီအိုချောင်းထဲက သဲနှင့် ကျောက်များကို စက်ဖြင့်ထုတ်ယူမှုကို တားမြစ်ထားကြောင်း HPO/CDF-Hualngoram က ဇူလိုင် ၂၀ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
တီအိုချောင်းသည် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကိုခြားထားသည့် ချောင်းကြီးတစ်ခုဖြစ်ပြီး ယခင်နှစ်ပေါင်းများစွာ ကပင် ယင်းချောင်းထဲက သဲ၊ ကျောက်များ ထုတ်ယူခဲ့ရာမှ ယခုအချိန်တွင် စက်ကြီးများဖြင့် ထုတ်ယူမှုပိုများ လာသည့်နောက် ချောင်းကမ်းပါးပြိုကျမှုများ ဖြစ်ပေါ်လျက်ရှိခြင်းကြောင့် ယခုလို တားဖြစ်ထားရခြင်း ဖြစ်ကြောင်း Hualngoram Peoples Organization/ CDF-Hualngoram တာဝန်ရှိသူ ကပြောသည်။
“အဓိကတော့ စက်ကြီးတွေနဲ့ မယူဖို့ပေါ့နော်။ စက်ကြီးတွေနဲ့ ယူတဲ့အခါကျတော့ အလွန်အကျွံဖြစ်တာပေါ့နော်။ လူအားနှင့် လူတစ်ဦးတစ်ယောက်အနေနဲ့ယူတာတော့ ခွင့်ပြုတယ်။ စက်ကြီးတွေနဲ့ အသကုန်ယူနေတဲ့ အခါကျတော့ သဲနှင့် ကျောက်တွေက နဂိုမူလအတိုင်းမရှိနေတော့ဘူး။ ဒီချောင်းက အရင်လိုမဟုတ်တော့ပဲ မြေတွေကျွံလာတယ် ကမ်းပါးတွေပြိုလာတယ်။ ချောင်းကမ်းပါးနှင့် အိမ်တွေနဲ့ တော်တော်လေး ကပ်လာတဲ့ အနေထားရှိတယ်။ နှစ်ဖက်စလုံးမှာရှိတဲ့ ပြည်သူတွေအတွက် ဆိုးကျိုးဖြစ်လာတယ် ” ဟု HPO/CDF-Hualngoram တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ယခုလို တီအိုချောင်းကမ်းပါး ရေးတိုက်စားမှုဘေးအန္ဒရယ်ကို ကြိုတင်ကွာကွယ်နိုင်ရေးအတွက် စက်ကြီးဖြင့် သဲကျောက်ထုတ်ယူခြင်းမပြုလုပ်ရန် အိန္ဒိယဖက်ချမ်း က ချောင်းအနီးတစ်ဝိုက်ရှိ ကျေးရွာ ၁၀ ခုမှ ဒေသအဖွဲ့စည်း Vanhnuailiana Group YMA နှင့် မြန်မာဖက်ချမ်းက HPO/CDF-Hualngoram တို့မှ အစည်းဝေးဆုံးဖြတ်ချက်အရ ပူးတွဲသဘောထူ ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း သိရသည်။
တီအိုချောင်းထဲက သဲတစ်ကျင်းကို အိန္ဒိယငွေ ရူပီး ၄၅၀၀ နှင့် ပေးဝယ်နေကြပြီး၊ ဝယ်ယူသူများမှာ မြန်မာဖက် ရိခေါဒါရ်မြို့ခံများထက် အိန္ဒိယ်ဖက်က ဝယ်ယူမှု ပိုများပြီး မီဇိုရမ်ပြည်နယ် အိုင်ဇော်မြို့အထိ ဝယ်ယူသူရှိ ကြောင်း သိရသည်။
ယခုလို စက်ကြီးဖြင့် သဲ၊ ကျောင်ထုတ်လုပ်ငန်းကို တရားမဝင် လုပ်ဆောင်ကြသူများမှာ အိန္ဒိယဖက်က အများဆုံးဖြစ်ပြီး မြန်မာပြည်ဖက်မှာ ကျောင်ထုတ်လုပ်ငန်းရှင် တစ်ဦးသာ ရှိကြောင်း လည်း သိရသည်။