#Unicode
By ရစ်ချက် – မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံ အရှေ့မြောက် မီဇိုရမ်ပြည်နယ်နှင့် မဏိပူရ် ပြည်နယ် တို့တွင် သွားရောက်အလုပ်လုပ်ကိုင်နေကြသည့် မြန်မာယက္ကန်း လုပ်သားများသည် Covid-19 ဂယက်ကြောင့် လုပ်ငန်းပြတ်လတ်မှု များလာပြီး ကိုယ့်အစီစဉ်ဖြင့် နေရပ်ပြန်သွားကြသူများပြားလာကြောင်း သိရသည်။
ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မီဇိုရမ်ပြည်နယ်တွင် Covid-19 ကြောင့် Lockdown ချထားမှု (၃) လ ကျော်ရှိနေပြီဖြစ်ကာ အလုပ်ရှင်များမှ လုပ်ငန်းများမချပေးနိုင်တော့သည့်အတွက် လုပ်ငန်းပြတ်လတ် သော လုပ်သားများစွာရှိသည့်အပြင် အခြားသောအခက်အခဲအမျိုးမျိုးကြောင့် လတ်တလော နှစ်ပတ်အတွင်း အယောက် (၁၀၀) ခန့်သည် ကိုယ့်အစီစဉ်ဖြင့်နေရပ်ပြန်သွားကြပြီဟု မြန်မာယက္ကန်းသမားတစ်ဦးက ယခုလို ပြောသည်။
“Lockdown ချထားတာကလည်း (၃) လကျော်ရှိပြီဆိုတော့ အခြေအနေက မတူကြဘူး။ လုပ်ငန်းချပေးနိုင်တဲ့ အလုပ်ရှင်တွေရှိသလို လုံးလုံးကို မချပေးနိုင်တော့တဲ့ အလုပ်ရှင်တွေလည်းရှိတယ်။ စားစရိတ်ရရုံလောက်ဘဲ အလုပ်ကို လုပ်ခိုင်းတဲ့ အလုပ်ရှင်တွေလည်းရှိတယ်။ အများသောအားဖြင့် လုပ်ငန်းပြတ်လတ်မှုကြောင့် ပြန်ကြတာများတယ်။ တချို့က သားသမီးတွေကျောင်းအပ်ဖို့ ပြန်ကြတယ်။ ပြီးခဲ့တဲ့အရင်ပတ်က ကား (၇) စီးနဲ့ အယောက် (၆၀) ကျော် ပြန်တယ်။ ပြီးခဲ့တဲ့အပတ်က ကား (၅) စီးနှင့် အယောက် (၅၀) လောက်ထပ်ပြီးတော့ ပြန်တယ်။ နောက်ထပ် ပြန်မယ့်သူ တွေလည်း အများကြီးရှိသေးတယ်’’ ဟု အထက်ပါယက္ကန်းသမားကပြောသည်။
နေရပ်ပြန်သွားကြသည့် မြန်မာယက္ကန်းသမားများသည် မြန်မာ-အိန္ဒိယချစ်ကြည်ရေးတံတား ရိ-ဇိုခေါထား ဂိတ်ပိတ်ထားမှုကြောင့် အောက်လမ်းမှ (၃) နာရီကျော် မိမိအထုတ်အပိုးများထမ်းကာ နယ်စပ်ကိုဖြတ်ကျော်ကြရသည်ဟု နေရပ်ပြန်သွားသူတစ်ဦးကပြောပြသည်။
“နှစ်နိုင်ငံချစ်ကြည်ရေးတံတားပေါ်ကနေပြန်လို့မရတော့ ကျနော်တို့စီးတဲ့ကားက နယ်စပ်အထိမသွားဘူး။ နယ်စပ် မရောက်ခင် Melbuk ကျေးရွာ(မီဇိုရမ်ဘက်)မှ ဆင်းရတယ်။ အဲဒီကနေ ချင်းပြည်နယ် နယ်စပ်ဘက်ရောက်ဖို့ မိမိအထုတ်အပိုးတွေကိုထမ်းပြီး (၂) နာရီကျော် ခြေလျှင်နဲ့သွားရတယ်။ မိုးတွင်းဆိုတော့ ချောင်းရေကလည်း နည်းနည်းကြီးတယ်၊ ရင်ဘတ် လောက်အထိရှိတယ်။ အမျိုးသမီးတွေနှင့်ကလေးတွေလည်းပါတော့ စိုးရိမ်ရတာပေါ့။” ဟု ၎င်းကပြောသည်။
မီဇိုရမ်အခြေစိုက် မြန်မာလူမှုရေးအသင်းအဖွဲ့အနေဖြင့် မြန်မာယက္ကန်းအလုပ်သမားများ တရားဝင်ပြန် နိုင်ရေးအတွက် အလုပ်သမားနာမည်စာရင်းများကောက်ယူကာ မီဇိုရမ်ပြည်နယ်အစိုးရသော်လည်းကောင်း၊ စစ်ကိုင်းတိုင်းအစိုးရထံသော်လည်းကောင်း တင်ပြထားပြီဖြစ်သော်လည်း ယခုအချိန်အထိ အကောင်ထည်ဖော်ဆောင်ပေးခြင်းမရှိသေးဘူးဟု
မြန်မာလူမှုရေးအသင်းပြောရေးဆိုခွင့်ရှိသူတစ်ဦးက ခိုနူမ်းသုန်ကိုပြောသည်။
“မြန်မာလူမှုရေးအသင်းအနေနဲ့ ကိုယ့်နိုင်ငံသားတွေ ခုလိုအောက်လမ်းကနေပြန်သွားကြတာ စိုးရိမ်တယ်။ ငွေလည်း ကုန်တယ်၊ အန္တာရာယ်လည်းများတယ်။ ဒါကြောင့် တရားဝင်ပြန်နိုင်အောင် အလုပ်သမားစာရင်းတွေကို ကောက်ယူပြီး မီဇိုရမ်အစိုးရကိုတင်ပြထားတယ်။ မီဇိုရမ်အစိုးရဘက်ကတော့ အဆင်ပြေတယ်။ မြန်မာပြည်ဘက်က နယ်စပ်အထိ လာကြိုရင် လွတ်ပေးမယ်လို့ပြောတယ်။ အလုပ်သမားအများစုက မုံရွာနယ်ကလူတွေဖြစ်တဲ့အခါမှာ စစ်ကိုင်းတိုင်း အစိုးရကိုလည်း တောင်းခံထားတယ်။ ခုချိန်ထိတော့ ဘာအကြောင်းပြန်မှုမှမရှိသေးဘူး။”ဟု မြန်မာ့လူမှုရေးအသင်းပြောရေးဆိုခွင့်ရှိသူက ပြောသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မဏိပူရ် ပြည်နယ်အတွင်းနေထိုင်ကြသော မြန်မာယက္ကန်းလုပ်သားများသည်လည်း Covid-19 ဂယက်ကြောင့် လုပ်ငန်းများပြတ်လတ်ပြီး အခက်အခဲ များစွာကြုံတွေနေကြရကြောင်း မဏီပူပြည်နယ် Churachandpur မှာနေထိုင်တဲ့ မြန်မာယက္ကန်းအလုပ်ရှင်က ယခုလိုပြောသည်။
“လုပ်ငန်းပြတ်တာက (၃) လ လောက်ရှိပြီး။ ကျနော်တို့ခတ်တဲ့အထည်တွေက တခြားမြို့မှာပေးသွင်းရတော့ ဒီကာလ မှာက ဘယ်မှသွားလို့မရတော့ အထည်တွေလည်း မပေးနိုင်ဘူး။ မဏီပူရ်ပြည်နယ်က ယက္ကန်းအလုပ်ရှင်အများ စုဟာ ကိုယ့်မြန်မာနိုင်ငံသားတွေဖြစ်နေတော့ ပိုပြီးအခက်တွေ့တာပေါ့။ အခုရက်ပိုင်း စစ်ကိုင်းတိုင်းအစိုးရက တရားဝင် ပြန်ခေါ်တော့ ပြန်ကြတဲ့သူတွေများတယ်။ အယောက် (၂၀၀) လောက်တော့ ကျန်သေးတယ်”ဟု ၎င်းက ပြောသည်။
မီဇိုရမ်ပြည်နယ်နှင့် မဏိပူရ်ပြည်နယ်တွင် အလုပ်လုပ်နေကြသည့် ယက္ကန်းသမားအများစုသည် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ နှင့် ရွှေဘိုမြို့နယ်တို့မှဖြစ်ကြပြီး ၎င်းတို့တရားဝင်နေရပ်ပြန်နိုင်ရေးနှင့် ပတ်သက်၍ မြန်မာ့လူမှုရေးအသင်းမှတဆင့် စစ်ကို်င်းတိုင်း အစိုးရအဖွဲ့ထံသို့ အကူအညီတောင်းခဲ့ရာ တမူး-မိုးလေဘက်မှ ပြန်လာမည်ဆိုပါက နယ်စပ်အထိ တာဝန်ယူကြိုဆိုနိုင်သော်လည်း ရိ-ဇိုခေါထားနယ်စပ်မှပြန်လာမည်ဆိုပါက ချင်းပြည်နယ်အတွင်းဖြစ်သည့် အတွက် နယ်စပ်အထိကြိုဆိုရန်ခက်ခဲကြောင်း စစ်ကို်င်းတိုင်းအစိုးရအဖွဲ့ ကပြောဆိုခဲ့သည်။
#Zawgyi
By ရစ္ခ်က္ – ျမန္မာနိုင္ငံႏွင့္ အိမ္နီးခ်င္းနိုင္ငံျဖစ္ေသာ အိႏၵိယနိုင္ငံ အေရွ႕ေျမာက္ မီဇိုရမ္ျပည္နယ္ႏွင့္ မဏိပူရ္ ျပည္နယ္ တို႔တြင္ သြားေရာက္အလုပ္လုပ္ကိုင္ေနၾကသည့္ ျမန္မာယကၠန္း လုပ္သားမ်ားသည္ Covid-19 ဂယက္ေၾကာင့္ လုပ္ငန္းျပတ္လတ္မႈ မ်ားလာၿပီး ကိုယ့္အစီစဥ္ျဖင့္ ေနရပ္ျပန္သြားၾကသူမ်ားျပားလာေၾကာင္း သိရသည္။
ခ်င္းျပည္နယ္ႏွင့္ နယ္နိမိတ္ခ်င္းထိစပ္ေနေသာ မီဇိုရမ္ျပည္နယ္တြင္ Covid-19 ေၾကာင့္ Lockdown ခ်ထားမႈ (၃) လ ေက်ာ္ရွိေနၿပီျဖစ္ကာ အလုပ္ရွင္မ်ားမွ လုပ္ငန္းမ်ားမခ်ေပးနိုင္ေတာ့သည့္အတြက္ လုပ္ငန္းျပတ္လတ္ ေသာ လုပ္သားမ်ားစြာရွိသည့္အျပင္ အျခားေသာအခက္အခဲအမ်ိဳးမ်ိဳးေၾကာင့္ လတ္တေလာ ႏွစ္ပတ္အတြင္း အေယာက္ (၁၀၀) ခန႔္သည္ ကိုယ့္အစီစဥ္ျဖင့္ေနရပ္ျပန္သြားၾကၿပီဟု ျမန္မာယကၠန္းသမားတစ္ဦးက ယခုလို ေျပာသည္။
“Lockdown ခ်ထားတာကလည္း (၃) လေက်ာ္ရွိၿပီဆိုေတာ့ အေျခအေနက မတူၾကဘူး။ လုပ္ငန္းခ်ေပးနိုင္တဲ့ အလုပ္ရွင္ေတြရွိသလို လုံးလုံးကို မခ်ေပးနိုင္ေတာ့တဲ့ အလုပ္ရွင္ေတြလည္းရွိတယ္။ စားစရိတ္ရ႐ုံေလာက္ဘဲ အလုပ္ကို လုပ္ခိုင္းတဲ့ အလုပ္ရွင္ေတြလည္းရွိတယ္။ အမ်ားေသာအားျဖင့္ လုပ္ငန္းျပတ္လတ္မႈေၾကာင့္ ျပန္ၾကတာမ်ားတယ္။ တခ်ိဳ႕က သားသမီးေတြေက်ာင္းအပ္ဖို႔ ျပန္ၾကတယ္။ ၿပီးခဲ့တဲ့အရင္ပတ္က ကား (၇) စီးနဲ႔ အေယာက္ (၆၀) ေက်ာ္ ျပန္တယ္။ ၿပီးခဲ့တဲ့အပတ္က ကား (၅) စီးႏွင့္ အေယာက္ (၅၀) ေလာက္ထပ္ၿပီးေတာ့ ျပန္တယ္။ ေနာက္ထပ္ ျပန္မယ့္သူ ေတြလည္း အမ်ားႀကီးရွိေသးတယ္’’ ဟု အထက္ပါယကၠန္းသမားကေျပာသည္။
ေနရပ္ျပန္သြားၾကသည့္ ျမန္မာယကၠန္းသမားမ်ားသည္ ျမန္မာ-အိႏၵိယခ်စ္ၾကည္ေရးတံတား ရိ-ဇိုေခါထား ဂိတ္ပိတ္ထားမႈေၾကာင့္ ေအာက္လမ္းမွ (၃) နာရီေက်ာ္ မိမိအထုတ္အပိုးမ်ားထမ္းကာ နယ္စပ္ကိုျဖတ္ေက်ာ္ၾကရသည္ဟု ေနရပ္ျပန္သြားသူတစ္ဦးကေျပာျပသည္။
“ႏွစ္နိုင္ငံခ်စ္ၾကည္ေရးတံတားေပၚကေနျပန္လို႔မရေတာ့ က်ေနာ္တို႔စီးတဲ့ကားက နယ္စပ္အထိမသြားဘူး။ နယ္စပ္ မေရာက္ခင္ Melbuk ေက်းရြာ(မီဇိုရမ္ဘက္)မွ ဆင္းရတယ္။ အဲဒီကေန ခ်င္းျပည္နယ္ နယ္စပ္ဘက္ေရာက္ဖို႔ မိမိအထုတ္အပိုးေတြကိုထမ္းၿပီး (၂) နာရီေက်ာ္ ေျခလၽွင္နဲ႔သြားရတယ္။ မိုးတြင္းဆိုေတာ့ ေခ်ာင္းေရကလည္း နည္းနည္းႀကီးတယ္၊ ရင္ဘတ္ ေလာက္အထိရွိတယ္။ အမ်ိဳးသမီးေတြႏွင့္ကေလးေတြလည္းပါေတာ့ စိုးရိမ္ရတာေပါ့။” ဟု ၎ကေျပာသည္။
မီဇိုရမ္အေျခစိုက္ ျမန္မာလူမႈေရးအသင္းအဖြဲ႕အေနျဖင့္ ျမန္မာယကၠန္းအလုပ္သမားမ်ား တရားဝင္ျပန္ နိုင္ေရးအတြက္ အလုပ္သမားနာမည္စာရင္းမ်ားေကာက္ယူကာ မီဇိုရမ္ျပည္နယ္အစိုးရေသာ္လည္းေကာင္း၊ စစ္ကိုင္းတိုင္းအစိုးရထံေသာ္လည္းေကာင္း တင္ျပထားၿပီျဖစ္ေသာ္လည္း ယခုအခ်ိန္အထိ အေကာင္ထည္ေဖာ္ေဆာင္ေပးျခင္းမရွိေသးဘူးဟု
ျမန္မာလူမႈေရးအသင္းေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ခိုႏူမ္းသုန္ကိုေျပာသည္။
“ျမန္မာလူမႈေရးအသင္းအေနနဲ႔ ကိုယ့္နိုင္ငံသားေတြ ခုလိုေအာက္လမ္းကေနျပန္သြားၾကတာ စိုးရိမ္တယ္။ ေငြလည္း ကုန္တယ္၊ အႏၲာရာယ္လည္းမ်ားတယ္။ ဒါေၾကာင့္ တရားဝင္ျပန္နိုင္ေအာင္ အလုပ္သမားစာရင္းေတြကို ေကာက္ယူၿပီး မီဇိုရမ္အစိုးရကိုတင္ျပထားတယ္။ မီဇိုရမ္အစိုးရဘက္ကေတာ့ အဆင္ေျပတယ္။ ျမန္မာျပည္ဘက္က နယ္စပ္အထိ လာႀကိဳရင္ လြတ္ေပးမယ္လို႔ေျပာတယ္။ အလုပ္သမားအမ်ားစုက မုံရြာနယ္ကလူေတြျဖစ္တဲ့အခါမွာ စစ္ကိုင္းတိုင္း အစိုးရကိုလည္း ေတာင္းခံထားတယ္။ ခုခ်ိန္ထိေတာ့ ဘာအေၾကာင္းျပန္မႈမွမရွိေသးဘူး။”ဟု ျမန္မာ့လူမႈေရးအသင္းေျပာေရးဆိုခြင့္ရွိသူက ေျပာသည္။
အလားတူ စစ္ကိုင္းတိုင္းေဒသႀကီး တမူးၿမိဳ႕ႏွင့္ နယ္နိမိတ္ခ်င္းထိစပ္ေနေသာ မဏိပူရ္ ျပည္နယ္အတြင္းေနထိုင္ၾကေသာ ျမန္မာယကၠန္းလုပ္သားမ်ားသည္လည္း Covid-19 ဂယက္ေၾကာင့္ လုပ္ငန္းမ်ားျပတ္လတ္ၿပီး အခက္အခဲ မ်ားစြာၾကဳံေတြေနၾကရေၾကာင္း မဏီပူျပည္နယ္ Churachandpur မွာေနထိုင္တဲ့ ျမန္မာယကၠန္းအလုပ္ရွင္က ယခုလိုေျပာသည္။
“လုပ္ငန္းျပတ္တာက (၃) လ ေလာက္ရွိၿပီး။ က်ေနာ္တို႔ခတ္တဲ့အထည္ေတြက တျခားၿမိဳ႕မွာေပးသြင္းရေတာ့ ဒီကာလ မွာက ဘယ္မွသြားလို႔မရေတာ့ အထည္ေတြလည္း မေပးနိုင္ဘူး။ မဏီပူရ္ျပည္နယ္က ယကၠန္းအလုပ္ရွင္အမ်ား စုဟာ ကိုယ့္ျမန္မာနိုင္ငံသားေတြျဖစ္ေနေတာ့ ပိုၿပီးအခက္ေတြ႕တာေပါ့။ အခုရက္ပိုင္း စစ္ကိုင္းတိုင္းအစိုးရက တရားဝင္ ျပန္ေခၚေတာ့ ျပန္ၾကတဲ့သူေတြမ်ားတယ္။ အေယာက္ (၂၀၀) ေလာက္ေတာ့ က်န္ေသးတယ္”ဟု ၎က ေျပာသည္။
မီဇိုရမ္ျပည္နယ္ႏွင့္ မဏိပူရ္ျပည္နယ္တြင္ အလုပ္လုပ္ေနၾကသည့္ ယကၠန္းသမားအမ်ားစုသည္ စစ္ကိုင္းတိုင္းေဒသႀကီး မုံရြာ ႏွင့္ ေရႊဘိုၿမိဳ႕နယ္တို႔မွျဖစ္ၾကၿပီး ၎တို႔တရားဝင္ေနရပ္ျပန္နိုင္ေရးႏွင့္ ပတ္သက္၍ ျမန္မာ့လူမႈေရးအသင္းမွတဆင့္ စစ္ကို္င္းတိုင္း အစိုးရအဖြဲ႕ထံသို႔ အကူအညီေတာင္းခဲ့ရာ တမူး-မိုးေလဘက္မွ ျပန္လာမည္ဆိုပါက နယ္စပ္အထိ တာဝန္ယူႀကိဳဆိုနိုင္ေသာ္လည္း ရိ-ဇိုေခါထားနယ္စပ္မွျပန္လာမည္ဆိုပါက ခ်င္းျပည္နယ္အတြင္းျဖစ္သည့္ အတြက္ နယ္စပ္အထိႀကိဳဆိုရန္ခက္ခဲေၾကာင္း စစ္ကို္င္းတိုင္းအစိုးရအဖြဲ႕ ကေျပာဆိုခဲ့သည္။