• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ေက်းရြာခ်င္းဆက္လမ္းေဖာက္ရာတြင္ စြန႔္ပစ္ေျမစာပုံေၾကာင့္ ပန္းသီးၿခံ (၂၃) ဧက ပ်က္စီး

ေက်းရြာခ်င္းဆက္လမ္းေဖာက္ရာတြင္ စြန႔္ပစ္ေျမစာပုံေၾကာင့္ ပန္းသီးၿခံ (၂၃) ဧက ပ်က္စီး

0
By Editor on August 13, 2020 Khonumthung

#Unicode

By နှင်းနှင်း – ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ဆိုဇန်-ဖူနွမ်းလမ်းပိုင်းမှ ဒိမ်ပီးကျေးရွာအကြား ကျေးရွာချင်းဆက် လမ်းဖောက်လုပ်ရာတွင် မြေစာပုံများကို စနစ်တကျစွန့်ပစ်မှုမရှိသည့်အတွက် ဒေသခံပြည်သူများ၏ ပန်းသီးခြံ (၂၃) ဧက ပျက်စီးသွားသည်ဟု သိရသည်။

အဆိုပါကျေးရွာချင်းဆက်လမ်းကို ချင်းပြည်နယ် ကျေးလက်လမ်းဦးစီးဌာနဘတ်ဂျက်ဖြင့် John and Joshua ကုမ္ပဏီမှ ယခုနှစ်ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကစတင်ဖောက်လုပ်ခဲ့ခြင်းဖြစ်ပြီး လမ်းဖောက်လုပ်ရာတွင် စွန့်ပစ်မြေစာပုံများကြောင့် ဖူူနွမ်းကျေးရွာမှ တောင်သူ (၁၉) ဦးပိုင်ဆိုင်သော ပန်းသီးစိုက်ဧက (၂၃) ပျက်စီးသွားခဲ့ခြင်းဖြစ်သည်ဟု ဖူနွမ်းကျေးရွာမှ ပန်းသီးစိုက်တောင်သူ မစီစီလျားကပြောသည်။

“အသီးတွေလည်းပျက်ဆီးသွားတယ်ခူးလို့မရတော့ဘူး၊ အပင်တွေပါ အမြစ်တွေ ပါပျက်သွားတာ၊ အဲ့ဒီမြေစာပုံထဲ မှာအကုန်ပါသွားတာ ’’ ဟု မစီစီလျားကပြောသည်။

ယင်းပန်းသီးခြံများကို ဖူနွမ်းကျေးရွာသူရွာသားများက ၁၉၉၀ ခုနှစ်ကတည်းက စတင်စိုက်ပျိူးလာခဲ့ကြပြီး တစ်ဧကလျှင် နှစ်စဉ် ကျပ်သိန်း (၅၀ မှ ၂၀၀) အထိရရှိကြကာ ဒေသတွင်းအသက်မွေးဝမ်းကျောင်းအတွက် အဓိကမှီခိုအားထားနေကြ ရသည်။

“ကျွန်မတို့ဖက်ကတော့အသက်မွေးဝမ်းကျောင်းအဖြစ် အားနေရတယ်ဆိုတော့ ဘာမှစားစရာတောင်မကျန်တော့ဘူး၊ ခုတော့ပန်သီးခြံတွေပျက်ကုန်တော့ ရွာသူရွာသားတွေက လည်း အလုပ်လက်မဲ့ဖြစ်ပြီး ဘေးဝင်ငွေလည်းမရှိတော့ဘူး ဝမ်းစာအတွက် တကယ်ကိုဒုက္ခရောက်နေကြပြီ’’ ဟု မစီစီလျားကပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း မိုးရွာသွန်းမှုကြောင့် မြေပြိုကာ ပန်းသီးစိုက်ခင်းပျက်စီးသည့်အပြင် မြေပြိုသည့် မြေစာများ ရှင်းရာတွင်လည်း ပန်းသီးစိုက်ခင်းများအပေါ် စွန့်ပစ်ကြသည့်အတွက် ထပ်မံပျက်စီးကာ ပန်းသီးစိုက်ခင်းအား မှီခိုအားထားနေသည့် တောင်သူများ အငတ်ဘေးဆိုက်မည့်အခြေအနေဖြစ်နေသည်ဟု သိရသည်။

ယခုကဲ့သို့ ပန်းသီးစိုက်ခင်းများ ပျက်စီးမှုအပေါ် ချင်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကူညီဖြေရှင်းဆောင်ရွက်ပေးရန် ပန်းသီးစိုက်တောင်သူများက လိုလားနေကြသည်။

#Zawgyi

By ႏွင္းႏွင္း – ခ်င္းျပည္နယ္၊ တီးတိန္ၿမိဳ႕နယ္ ဆိုဇန္-ဖူႏြမ္းလမ္းပိုင္းမွ ဒိမ္ပီးေက်းရြာအၾကား ေက်းရြာခ်င္းဆက္ လမ္းေဖာက္လုပ္ရာတြင္ ေျမစာပုံမ်ားကို စနစ္တက်စြန႔္ပစ္မႈမရွိသည့္အတြက္ ေဒသခံျပည္သူမ်ား၏ ပန္းသီးၿခံ (၂၃) ဧက ပ်က္စီးသြားသည္ဟု သိရသည္။

အဆိုပါေက်းရြာခ်င္းဆက္လမ္းကို ခ်င္းျပည္နယ္ ေက်းလက္လမ္းဦးစီးဌာနဘတ္ဂ်က္ျဖင့္ John and Joshua ကုမၸဏီမွ ယခုႏွစ္ေဖေဖာ္ဝါရီလ ၂၅ ရက္ေန႔ကစတင္ေဖာက္လုပ္ခဲ့ျခင္းျဖစ္ၿပီး လမ္းေဖာက္လုပ္ရာတြင္ စြန႔္ပစ္ေျမစာပုံမ်ားေၾကာင့္ ဖူူႏြမ္းေက်းရြာမွ ေတာင္သူ (၁၉) ဦးပိုင္ဆိုင္ေသာ ပန္းသီးစိုက္ဧက (၂၃) ပ်က္စီးသြားခဲ့ျခင္းျဖစ္သည္ဟု ဖူႏြမ္းေက်းရြာမွ ပန္းသီးစိုက္ေတာင္သူ မစီစီလ်ားကေျပာသည္။

“အသီးေတြလည္းပ်က္ဆီးသြားတယ္ခူးလို႔မရေတာ့ဘူး၊ အပင္ေတြပါ အျမစ္ေတြ ပါပ်က္သြားတာ၊ အဲ့ဒီေျမစာပုံထဲ မွာအကုန္ပါသြားတာ ’’ ဟု မစီစီလ်ားကေျပာသည္။

ယင္းပန္းသီးၿခံမ်ားကို ဖူႏြမ္းေက်းရြာသူရြာသားမ်ားက ၁၉၉၀ ခုႏွစ္ကတည္းက စတင္စိုက္ပ်ိဴးလာခဲ့ၾကၿပီး တစ္ဧကလၽွင္ ႏွစ္စဥ္ က်ပ္သိန္း (၅၀ မွ ၂၀၀) အထိရရွိၾကကာ ေဒသတြင္းအသက္ေမြးဝမ္းေက်ာင္းအတြက္ အဓိကမွီခိုအားထားေနၾက ရသည္။

“ကၽြန္မတို႔ဖက္ကေတာ့အသက္ေမြးဝမ္းေက်ာင္းအျဖစ္ အားေနရတယ္ဆိုေတာ့ ဘာမွစားစရာေတာင္မက်န္ေတာ့ဘူး၊ ခုေတာ့ပန္သီးၿခံေတြပ်က္ကုန္ေတာ့ ရြာသူရြာသားေတြက လည္း အလုပ္လက္မဲ့ျဖစ္ၿပီး ေဘးဝင္ေငြလည္းမရွိေတာ့ဘူး ဝမ္းစာအတြက္ တကယ္ကိုဒုကၡေရာက္ေနၾကၿပီ’’ ဟု မစီစီလ်ားကေျပာသည္။

ၿပီးခဲ့သည့္ ဇူလိုင္လအတြင္းကလည္း မိုးရြာသြန္းမႈေၾကာင့္ ေျမၿပိဳကာ ပန္းသီးစိုက္ခင္းပ်က္စီးသည့္အျပင္ ေျမၿပိဳသည့္ ေျမစာမ်ား ရွင္းရာတြင္လည္း ပန္းသီးစိုက္ခင္းမ်ားအေပၚ စြန႔္ပစ္ၾကသည့္အတြက္ ထပ္မံပ်က္စီးကာ ပန္းသီးစိုက္ခင္းအား မွီခိုအားထားေနသည့္ ေတာင္သူမ်ား အငတ္ေဘးဆိုက္မည့္အေျခအေနျဖစ္ေနသည္ဟု သိရသည္။

ယခုကဲ့သို႔ ပန္းသီးစိုက္ခင္းမ်ား ပ်က္စီးမႈအေပၚ ခ်င္းျပည္နယ္အစိုးရအဖြဲ႕အေနျဖင့္ ကူညီေျဖရွင္းေဆာင္ရြက္ေပးရန္ ပန္းသီးစိုက္ေတာင္သူမ်ားက လိုလားေနၾကသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်မြို့နယ် တက်လွေး TeekLui ကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်ပြာကျ

မတူပီမြို့တွင် ၈ နှစ်ရွယ်ကလေးငယ်တစ်ဦး မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် ပြင်းထန် ဒဏ်ရာရရှိ

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ်မှာ ထိခိုက်ပျက်စီးမှုထပ်တိုးစာရင်း ICNCC က ထုတ်ပြန်၊ တပြည်နယ်လုံးမှာ အိမ်ခြေ ၃၀၀၀ နီးပါး ပျက်စီးမှုရှိ

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.