• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»“ပြည်ထောင်စုမှ ခွဲမထွက်ရ’’ ဟု တဖက်သတ်တားမြစ်မှု ပင်လုံသဘောတူညီချက်နှင့်ဆန့်ကျင် – CNF ဥက္ကဌ ပူးဇင်ကျူံး

“ပြည်ထောင်စုမှ ခွဲမထွက်ရ’’ ဟု တဖက်သတ်တားမြစ်မှု ပင်လုံသဘောတူညီချက်နှင့်ဆန့်ကျင် – CNF ဥက္ကဌ ပူးဇင်ကျူံး

0
By Editor on February 21, 2019 Khonumthung

“ပြည်ထောင်စုမှ ခွဲမထွက်ရ’’ ဟု တဖက်သတ်တားမြစ်ခြင်းသည် ပင်လုံသဘောတူညီချက်များနှင့် ဆန့်ကျင်နေပြီး ပြည်ထောင်စုကို အတူတကွထူထောင်ကြသော လူမျိုးများ၏ လွတ်လပ်သည့်ဆန္ဒကို ဆန့်ကျင်နေသည်ဟု ရန်ကုန်မြို့တွင်ကျင်းပပြုလုပ်သော (၇၁) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားတွင် ချင်းအမျိုးသားတပ်ဦး (CNF) ဥက္ကဌ ပူးဇင်ကျူံးက ပြောဆိုလိုက်သည်။

“ခွဲထွက်ခွင့်နဲ့ ခွဲမထွက်ရဆိုတဲ့ ပြည်ထောင်စုအဖွဲ့ဝင် လူမျိုးများရဲ့ မူလအခွင့်အရေးများဟာ ၎င်းလူမျိုးများရဲ့ ဆန္ဒ သဘော ထားအရသာ ဆုံးဖြတ်ချက်ချမှတ်ရမယ့် ကိစ္စဖြစ်ပြီး အခြားလူမျိုးတစ်မျိုး၊ အခြားအစုအဖွဲ့တစ်ခုမှ အတင်းလက်ခံ သဘော တူခိုင်းလို့ရတဲ့အရာမဟုတ်ဘူး’’ ဟု ပူးဇင်ကျူံးက ချင်းအမျိုးသားနေ့မိန့်ခွန်းတွင် ပြောဆိုခဲ့သည်။

တစ်နိုင်လုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးသဘောတူစာချူပ် (NCA) အရ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု၊ ပင်လုံဒုတိယအစည်းအဝေးတွင် ချင်းအမျိုးသားများအပါအ၀င် တိုင်းရင်းသားလူမျိုးများ နှစ်ပေါင်းများစွာတောင်းဆိုလာခဲ့သော “ကိုယ်ပိုင်ပြဌာန်းခွင့်” နှင့် “ပြည်ထောင်စုမှ မည်သည့်အခါမျှ ခွဲထွက်ခြင်းမပြုရ’’ ကို အလဲအလှယ်ပြုလုပ်ရန် တောင်းဆိုလာခြင်းကြောင့် နိုင်ငံရေးဆွေးနွေးမှုများ တစ်ဆို့သည့်အခြေအနေသို့ရောက်ရှိခဲ့ရသည်ဟု CNF ဥက္ကဌက ပြောသည်။

“ခွဲထွက်ခွင့်ကတိကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံပေါ်ပေါက်လာခဲ့တယ် ခွဲထွက်ခွင့်ဟာ ဗမာ၊ ရှမ်း၊ ကချင်၊ ချင်းလူမျိုးများအကြား ပြုလုပ်တဲ့ ပဍ္ဍိညာဉ်စာချူပ်၊ တရားဝင် သဘောတူညီချက်တစ်ရပ်ဖြစ်တယ်၊ ဒါကြောင့် ပင်လုံစာချူပ် လက်မှတ်ရေးထိုးခဲ့ကြတဲ့ ရှမ်း၊ ကချင်၊ ချင်းအမျိုးသားနယ်မြေများအတွက် ခွဲထွက်ခွင့်ဟာ မိမိတို့ရဲ့ ပကတိ မူလအခွင့်အရေးဖြစ်တယ်၊ အဲဒီ ပကတိမူလအခွင့်အရေးကို မည်သည့်အရာနဲ့မျှ တားဆီးပိတ်ပင်တားဆီးလို့မရပါဘူး’’ ဟု CNF ဥက္ကဌကပြောသည်။

ထို့ကြောင့် ချင်းအမျိုးသားအနေဖြင့် ပြည်ထောင်စုမှ ခွဲထွက်ရေးနှင့် ခွဲမထွက်ရေးကိစ္စသည် မိမိတို့ ချင်းလူမျိုးများ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်အပေါ်မှာသာ တည်မှီနေသည်ဟု သူကဆက်ပြောသည်။

ယနေ့ကျရောက်သော (၇၁) နှစ်မြောက်ချင်းအမျိုးသားနေ့အခမ်းအနားကို မြန်မာနိုင်ငံတစ်ဝန်းလုံးနှင့် နိုင်ငံတကာ တွင်လည်း စည်ကားသိုက်မြိုက်စွာ အသီးသီးဆင်နွဲကျင်းပခဲ့ကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်တွင် မြန်မာနိုင်ငံသားတစ်ဦးထံ Crystal Meth စိတ်ကြွမူးယစ်ဆေးတစ်မျိုး ဖမ်းမိ

ဂန့်ဂေါမြို့နယ်ထဲက ပျူစောထီးနှင့်စကစ စခန်းကို PDF နှင့် CDF တို့ ပူးပေါင်းတိုက်ခိုက်၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

မီဇိုရမ်တွင် ချင်းစစ်ဘေးရှောင်လူငယ်တစ်ဦးသေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 21, 2023

“ကျွန်တော်တို့က စစ်ကောင်စီနဲ့ ဘယ်သောအခါမှ နိုင်ငံရေးအရပဲဖြစ်ဖြစ် စစ်ရေးအရပဲဖြစ်ဖြစ် ပူးပေါင်းထားတာ မရှိပါဘူး”

September 21, 2023

ချင်းပြည်နယ်က စိုးရိမ်ဖွယ်ရာ တကျော့ပြန် ငှက်ဖျားရောဂါ

September 13, 2023

တူမီးကို “ထီ” အဖြစ်ပြောင်းလဲပြီး နွေဦးတော်လှန်ရေးကို အားဖြည့်ပါဝင်ခဲ့သူ (သို့) ချင်းတော်လှန်ရေးလူငယ်…

September 9, 2023

ကျန်းမာရေး အကာအကွယ် မဲ့နေဆဲ တောင်ဇလပ်မြေ

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.