Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ခ်င္း Covid-19 အေရး ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ႏွင့္ အျပန္အလွန္ေဆြးေႏြးမႈ အစီစဥ္ ေ၀ဖန္ခံေနရ

ခ်င္း Covid-19 အေရး ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ႏွင့္ အျပန္အလွန္ေဆြးေႏြးမႈ အစီစဥ္ ေ၀ဖန္ခံေနရ

0
By Editor on April 24, 2020 Headline

#Zawgyi

By လားႏြန္ – ခ်င္းျပည္နယ္၏ Covid-19 ေရာဂါအေျခအေနႏွင့္ ပတ္သက္၍ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ Facebook လူမႈကြန္ယက္စာမ်က္ႏွာမွတဆင့္ Video Conference (ဗီဒီယိုျဖင့္ အစည္းအေ၀း) အျပန္အလွန္ေဆြး ေႏြး မႈကို ယေန႔နံနက္ပိုင္းက ျပဳလုပ္ခဲ့ၾကေသာ္လည္း Covid-19 အေရးေဆာင္ရြက္ေနၾကသည့္ ခ်င္းအဖြဲ႔မ်ားက ေက်နပ္အားရမႈမရိွၾကဘူးဟု ေျပာဆိုၾကသည္။

ယေန႔နံနက္ပိုင္းကျပဳလုပ္ေသာ အဆိုပါ Video Conference တြင္ Covid-19 လူနာ (၅) ဦးရွိေနသည့္ တီးတိန္ၿမိဳ႕နယ္မွ တစ္ေယာက္မွပါ၀င္ျခင္းမရွိသည့္အျပင္ ျပည္သူလူထုမ်ားရင္ဆိုင္ၾကံဳေတြ႔ေနရသည့္အခက္အခဲမ်ားကို ေဆြးေႏြးထည့္သြင္းေျပာဆိုျခင္းမရွိၾကဘူးဟု တီးတိန္ျမိဳ႕ Covid-19 volunteer (ကိုဗစ္-၁၉ ေစတနာ့၀န္ထမ္း)အဖြဲ႔မွ ကိုမုန္းႏိုးက ေျပာသည္။

“ အဲဒီေဆြးေႏြးပြဲမွာ လူနာ (၅) ဦးေတြ႕တဲ့ တီးတိန္က တစ္ေယာက္မွပါမလာဘူး အဲဒါကေတာ္ေတာ္ေလးကိုအားနည္းတယ္ ၀မ္းလည္း၀မ္းနည္းတယ္ ဒုတိယခ်က္အေနနဲ႔ လက္ေတြ႕ပိုးေတြ႕လူနာရိွေနတဲ့ေနရာက လူေတြရဲ႕ ၾကံဳေတြ႕ေနတဲ့ အခက္အခဲက ဘာေတြလဲဆိုတာ လံုး၀ဘယ္သူမွမေျပာဘူး၊ သူတို႔ေျပာတဲ့အခ်က္ေတြက သိပ္ျပီးေတာ့ အားမရဘူး၊ က်ေနာ့္အေနနဲ႔ေတာ့ ခ်င္းျပည္နယ္ Covid-19 ေရာဂါနဲ႔ ပတ္သက္ျပီးေတာ့ အမွွန္အတိုင္း ေျပာဆိုခဲ့တယ္လို႔ေတာ့ က်ေနာ္မထင္ဘူး အစိုးရ ဒီလိုဒီလိုေျပာပါဆိုျပီး ေျပာခိုင္းတဲ့ပံုစံျဖစ္ေနတယ္” ဟု ကိုမုန္ႏိုးကေျပာသည္။

အဆိုပါ Video conference တြင္ အတိုင္ပင္ခံပုဂၢိဳလ္ႏွင့္အတူ ခ်င္းျပည္နယ္မွ ျပည္သူ႔က်န္းမာ ေရးဦးစီးဌာနမွ ညြန္ၾကားေရးမွဴးေဒါက္တာေအာင္ေငြစံ၊ ခ်င္းျပည္နယ္ စည္ပင္သာယာေရးအဖြဲ႔မွ ညြန္ၾကားေရးမွဴး ဦးတာန္ေအာင္ရွိန္ႏွင့္ Hakha Covid-19 Response Committee မွ မအားက်ဲရ္တို႔ ပါ၀င္ေဆြးေႏြးခဲ့ၾကျခင္းျဖစ္သည္။

COVID-19 Resources Center- Chin အဖြဲ႔မွ တာ၀န္ရွိသူတစ္ဦးျဖစ္သည့္ ကို Tha Tuang ကေတာ့ ယေန႔လိုမ်ဴိးအေရးႀကီးသည္ ေဆြးေႏြးမႈမ်ဴိးတြင္ Covid-19 ေရာဂါတုန္႔ျပန္ေရးပတ္သက္ၿပီး လက္ေတြလုပ္ေဆာင္ေနေသာအဖြဲ႔မ်ားပါ၀င္ေဆြးေႏြးသင့္သည္ဟု ေျပာဆိုပါသည္။

“Covid-19 သည္ Project မဟုတ္ပါဘူး Pandemic (ကပ္ေရာဂါ) ျဖစ္ပါတယ္ အဲဒီေတာ့ Pandemic ျဖစ္တဲ့ကိစၥကို က်ေနာ္တို႔ Pandemic ကို Preventive Measure (ၾကိဳတင္ကာကြယ္ေရးအတိုင္းအတာ) လုပ္ေနက်တဲ့အခါမွာဒီဟာက ေရာဂါကိုတုံ႔ျပန္တာျဖစ္တဲ့အတြက္ ေရာဂါတံု႕ျပန္ေနတဲ့အပိုင္းမွာ ပိုျပီးသက္ဆိုင္တဲ့သူေတြပါမယ္ဆိုရင္ေတာ့ အင္မတန္မွထိေရာက္လိုက္မယ္လို႔ျမင္တယ္” ဟု ကို Tha Tuang ကေျပာသည္။

ခ်င္းျပည္နယ္အစိုးရအဖြဲ႔ကေတာ့ Video Conference အတြက္ လူ (၈) ဦးေရြးခ်ယ္ထားေသာ္လည္း ျပည္နယ္အဆင့္လႊမ္းျခံဳျပီး ေဆြးေႏြးလုိ႔ရေအာင္ ျပည္ေထာင္စုမွ ျပန္လည္ေရြးခ်ယ္ျခင္းျဖစ္သည္ဟု ျပည္နယ္အစိုးရေျပာေရးဆိုခြင့္ရိွသူ စည္ပင္၀န္ၾကီးဦးစိုးထက္ကေျပာသည္။

“တကယ္ေတာ့ interview လုပ္ဖို႔က သံုးေယာက္ပဲေရြးမွာျဖစ္တဲ့အတြက္ေၾကာင့္  က်ေနာ္က လူ (၈) ေယာက္ကိုေရြးထားတာစီစဥ္ျပီးေတာ့ ေရြးတယ္ ဆရာ၀န္ေတြ ဆရာမေတြကိုလည္းေခၚလိုက္တယ္ ဒီဟာက ႏိုင္ငံေတာ္အဆင့္နဲ႔ေျပာရမွာျဖစ္တဲ့အတြက္ ျမိဳ႕တြင္းတစ္ျမိဳ႕ကြက္ကြက္ေလးေျပာလို႔လည္းမျဖစ္ဘူး တစ္ပိုင္းက ျပည္နယ္တစ္ခုလံုးမွာရိွတဲ့ က်န္းမာေရးနဲ႔ ဆိုင္တဲ့ဟာ ေနာက္ျပီးေတာ့ တစ္ခါျပည္နယ္ တစ္ခုလံုးမွာျခံဳငံုျပီးေတာ့ အခု COVID-19 ကာကြယ္ေရးလုပ္ေနတာ ကုသေရးလုပ္ေနတာ ဒါေတြအားလံုးျခံဳငံုဖို႔အတြက္ ျပည္နယ္က်န္းမာေရးမွဴးက အေကာင္းဆံုးျဖစ္မွာပဲဆိုျပီး ျပည္နယ္ က်န္းမာေရးကို ေဒါက္တာေအာင္ေငြစံကိို က်ေနာ္တို႔ျပည္ေထာင္စုကေန interview လုပ္ျပီးေတာ့ ေရြးလိုက္တာ၊ ဒီတိုင္းေရြးခ်ယ္တာမဟုတ္ ျပည္ေထာင္စုအစိုးရအဖြဲ႕နဲ႔ ဖုန္းနဲ႔ interview ေတြလုပ္တယ္ လုပ္တဲ့အေပၚမွာ ေျပာတာဆိုတာေလးနဲ႔ ျပည္နယ္တစ္ခုလံုးကိုလႊမ္းျခံဳႏိုင္တာမ်ိဳးကို သူတို႔ဟာသူတို႔ စဥ္းစားျပီးေရြးလိုက္တာပါ တီးတိန္ကမို႔မပါေစခ်င္တာ မဟုတ္ဘူး ဟားခါးမို႔ပါေစတာမဟုတ္ဘူး” ဟု စည္ပင္၀န္ၾကီး ဦးစိုးထက္ကေျပာသည္။

ႏုိင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ႏွင့္ ယေန႔အျပန္အလွန္ေဆြးေႏြးမႈတြင္ တီးတိန္ၿမိဳ႕ရွိ ပိုးေတြ႔လူနာမ်ား၏အေျခအေန၊ ႀကိဳတင္ကာကြယ္ေရးႏွင့္အသိပညာေပးမႈအေျခအေနမ်ားကို အဓိကေဆြးခဲ့ၾကသည္ကို ေတြ႔ရသည္။

ထို႔အျပင္ တီးတိန္၊ ဟားခါး၊ ဖလမ္း၊ မင္းတပ္ၿမိဳ႕ရွိျပည္သူ႔ေဆးရံုမ်ားတြင္ အထူးၾကပ္မတ္ကုသေရးဌာန(Intensive Care Unit)၊ Isolation Unit မ်ားထားရွိႏုိင္ေရးႏွင့္ တီးတိန္ၿမိဳ႕၏ လွ်ပ္စစ္မီးအေျခအေနမ်ားကိုလည္း တင္ျပခဲ့ၾကၿပီး ႏိုင္ငံေတာ္အတိုင္ပင္ခံက ဦးစားေပးေဆာင္ရြက္ေပးသြားမည္ ဟုေျပဆိုခဲ့သည္ကို ေတြ႔ရသည္။  

ယင္း Video conference တြင္ ႏုိင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္က “တီးတိန္ကိုအေလးထားရမယ္ တီးတိန္မွာ Case က (၅) ခုရိွေနျပီ ေနာက္ထပ္ ထပ္ေပၚမယ္ မေပၚမွန္းလည္း ေျပာလို႔မရဘူး အဲဒီေတာ့ ဘယ္လိုပဲေျပာေျပာ အဓိကက်တဲ့ေဆးရံုၾကီးထဲမွာ ဒါကေတာ့ က်မတို႔ က်န္းမာေရး၀န္ၾကီးဌာနနဲ႔ ေဆြးေႏြးလိုက္ပါမယ္ အျမန္ဆံုး Intensive Care Unit (ICU) ကို အတိုင္းတာတစ္ခုထိေပးႏိုင္ေအာင္ေတာ့ ျဖည့္ဆည္းေပးရမွာေပါ့ တီးတိန္မွာေတာ့ ဦးစားေပးျပီးေတာ့ က်န္းမာေရး၀န္ၾကီးဌာနနဲ႔ ေရရွည္မဟုတ္ရင္ေတာင္မွ ေရတိုဘယ္လိုစီစဥ္ေပးႏိုင္မလဲဆိုတာကိုေဆြးေႏြးလိုက္ပါမယ္ အဲဒါကိုေတာ့ တတ္ႏိုင္သေလာက္အျမန္ဆံုးေရာက္ေအာင္ေတာ့ လုပ္ေပးပါမယ္” ဟု ေျပာဆိုခဲ့သည္။

တီးတိန္ၿမိဳ႕ျပည္သူ႔ေဆးရံုတြင္ ယခုလက္ရွိ၌ Covid-19 ေရာဂါ ကူးစက္ခံထားရသည့္ လူနာ (၅) ဦးရွိၿပီး ၎တို႔အားလံုးမွာ Covid-19 ပထမလူနာႏွင့္ ထိေတြ႔ခဲ့ၾကသူမ်ားျဖစ္ၾကသည္။ Covid-19 ပထမဦးဆံုးလူနာသည္ (၆) ႀကိမ္ေျမာက္ စစ္ေဆးမႈ ျပဳလုပ္ရာတြင္ ေရာဂါမေတြ႔ေတာ့ဘဲ ဓာတ္ခြဲအေျဖ(negative) ထြက္ရွိၿပီဟုသိရသည္။

#Unicode

By လားနွန် – ချင်းပြည်နယ်၏ Covid-19 ရောဂါအခြေအနေနှင့် ပတ်သက်၍ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် Facebook လူမှုကွန်ယက်စာမျက်နှာမှတဆင့် Video Conference (ဗီဒီယိုဖြင့် အစည်းအဝေး) အပြန်အလှန်ဆွေး နွေး မှုကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြသော်လည်း Covid-19 အရေးဆောင်ရွက်နေကြသည့် ချင်းအဖွဲ့များက ကျေနပ်အားရမှုမရှိကြဘူးဟု ပြောဆိုကြသည်။

ယနေ့နံနက်ပိုင်းကပြုလုပ်သော အဆိုပါ Video Conference တွင် Covid-19 လူနာ (၅) ဦးရှိနေသည့် တီးတိန်မြို့နယ်မှ တစ်ယောက်မှပါဝင်ခြင်းမရှိသည့်အပြင် ပြည်သူလူထုများရင်ဆိုင်ကြုံတွေ့နေရသည့်အခက်အခဲများကို ဆွေးနွေးထည့်သွင်းပြောဆိုခြင်းမရှိကြဘူးဟု တီးတိန်မြို့ Covid-19 volunteer (ကိုဗစ်-၁၉ စေတနာ့ဝန်ထမ်း)အဖွဲ့မှ ကိုမုန်းနိုးက ပြောသည်။

“ အဲဒီဆွေးနွေးပွဲမှာ လူနာ (၅) ဦးတွေ့တဲ့ တီးတိန်က တစ်ယောက်မှပါမလာဘူး အဲဒါကတော်တော်လေးကိုအားနည်းတယ် ဝမ်းလည်းဝမ်းနည်းတယ် ဒုတိယချက်အနေနဲ့ လက်တွေ့ပိုးတွေ့လူနာရှိနေတဲ့နေရာက လူတွေရဲ့ ကြုံတွေ့နေတဲ့ အခက်အခဲက ဘာတွေလဲဆိုတာ လုံးဝဘယ်သူမှမပြောဘူး၊ သူတို့ပြောတဲ့အချက်တွေက သိပ်ပြီးတော့ အားမရဘူး၊ ကျနော့်အနေနဲ့တော့ ချင်းပြည်နယ် Covid-19 ရောဂါနဲ့ ပတ်သက်ပြီးတော့ အမှန်အတိုင်း ပြောဆိုခဲ့တယ်လို့တော့ ကျနော်မထင်ဘူး အစိုးရ ဒီလိုဒီလိုပြောပါဆိုပြီး ပြောခိုင်းတဲ့ပုံစံဖြစ်နေတယ်” ဟု ကိုမုန်နိုးကပြောသည်။

အဆိုပါ Video conference တွင် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ချင်းပြည်နယ်မှ ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှ ညွန်ကြားရေးမှူးဒေါက်တာအောင်ငွေစံ၊ ချင်းပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ ညွန်ကြားရေးမှူး ဦးတာန်အောင်ရှိန်နှင့် Hakha Covid-19 Response Committee မှ မအားကျဲရ်တို့ ပါဝင်ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

COVID-19 Resources Center- Chin အဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ကို Tha Tuang ကတော့ ယနေ့လိုမျိူးအရေးကြီးသည် ဆွေးနွေးမှုမျိူးတွင် Covid-19 ရောဂါတုန့်ပြန်ရေးပတ်သက်ပြီး လက်တွေလုပ်ဆောင်နေသောအဖွဲ့များပါဝင်ဆွေးနွေးသင့်သည်ဟု ပြောဆိုပါသည်။

“Covid-19 သည် Project မဟုတ်ပါဘူး Pandemic (ကပ်ရောဂါ) ဖြစ်ပါတယ် အဲဒီတော့ Pandemic ဖြစ်တဲ့ကိစ္စကို ကျနော်တို့ Pandemic ကို Preventive Measure (ကြိုတင်ကာကွယ်ရေးအတိုင်းအတာ) လုပ်နေကျတဲ့အခါမှာဒီဟာက ရောဂါကိုတုံ့ပြန်တာဖြစ်တဲ့အတွက် ရောဂါတုံ့ပြန်နေတဲ့အပိုင်းမှာ ပိုပြီးသက်ဆိုင်တဲ့သူတွေပါမယ်ဆိုရင်တော့ အင်မတန်မှထိရောက်လိုက်မယ်လို့မြင်တယ်” ဟု ကို Tha Tuang ကပြောသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့ကတော့ Video Conference အတွက် လူ (၈) ဦးရွေးချယ်ထားသော်လည်း ပြည်နယ်အဆင့်လွှမ်းခြုံပြီး ဆွေးနွေးလို့ရအောင် ပြည်ထောင်စုမှ ပြန်လည်ရွေးချယ်ခြင်းဖြစ်သည်ဟု ပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။

“တကယ်တော့ interview လုပ်ဖို့က သုံးယောက်ပဲရွေးမှာဖြစ်တဲ့အတွက်ကြောင့်  ကျနော်က လူ (၈) ယောက်ကိုရွေးထားတာစီစဉ်ပြီးတော့ ရွေးတယ် ဆရာဝန်တွေ ဆရာမတွေကိုလည်းခေါ်လိုက်တယ် ဒီဟာက နိုင်ငံတော်အဆင့်နဲ့ပြောရမှာဖြစ်တဲ့အတွက် မြို့တွင်းတစ်မြို့ကွက်ကွက်လေးပြောလို့လည်းမဖြစ်ဘူး တစ်ပိုင်းက ပြည်နယ်တစ်ခုလုံးမှာရှိတဲ့ ကျန်းမာရေးနဲ့ ဆိုင်တဲ့ဟာ နောက်ပြီးတော့ တစ်ခါပြည်နယ် တစ်ခုလုံးမှာခြုံငုံပြီးတော့ အခု COVID-19 ကာကွယ်ရေးလုပ်နေတာ ကုသရေးလုပ်နေတာ ဒါတွေအားလုံးခြုံငုံဖို့အတွက် ပြည်နယ်ကျန်းမာရေးမှူးက အကောင်းဆုံးဖြစ်မှာပဲဆိုပြီး ပြည်နယ် ကျန်းမာရေးကို ဒေါက်တာအောင်ငွေစံကို ကျနော်တို့ပြည်ထောင်စုကနေ interview လုပ်ပြီးတော့ ရွေးလိုက်တာ၊ ဒီတိုင်းရွေးချယ်တာမဟုတ် ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ ဖုန်းနဲ့ interview တွေလုပ်တယ် လုပ်တဲ့အပေါ်မှာ ပြောတာဆိုတာလေးနဲ့ ပြည်နယ်တစ်ခုလုံးကိုလွှမ်းခြုံနိုင်တာမျိုးကို သူတို့ဟာသူတို့ စဉ်းစားပြီးရွေးလိုက်တာပါ တီးတိန်ကမို့မပါစေချင်တာ မဟုတ်ဘူး ဟားခါးမို့ပါစေတာမဟုတ်ဘူး” ဟု စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ယနေ့အပြန်အလှန်ဆွေးနွေးမှုတွင် တီးတိန်မြို့ရှိ ပိုးတွေ့လူနာများ၏အခြေအနေ၊ ကြိုတင်ကာကွယ်ရေးနှင့်အသိပညာပေးမှုအခြေအနေများကို အဓိကဆွေးခဲ့ကြသည်ကို တွေ့ရသည်။

ထို့အပြင် တီးတိန်၊ ဟားခါး၊ ဖလမ်း၊ မင်းတပ်မြို့ရှိပြည်သူ့ဆေးရုံများတွင် အထူးကြပ်မတ်ကုသရေးဌာန(Intensive Care Unit)၊ Isolation Unit များထားရှိနိုင်ရေးနှင့် တီးတိန်မြို့၏ လျှပ်စစ်မီးအခြေအနေများကိုလည်း တင်ပြခဲ့ကြပြီး နိုင်ငံတော်အတိုင်ပင်ခံက ဦးစားပေးဆောင်ရွက်ပေးသွားမည် ဟုပြေဆိုခဲ့သည်ကို တွေ့ရသည်။  

ယင်း Video conference တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က “တီးတိန်ကိုအလေးထားရမယ် တီးတိန်မှာ Case က (၅) ခုရှိနေပြီ နောက်ထပ် ထပ်ပေါ်မယ် မပေါ်မှန်းလည်း ပြောလို့မရဘူး အဲဒီတော့ ဘယ်လိုပဲပြောပြော အဓိကကျတဲ့ဆေးရုံကြီးထဲမှာ ဒါကတော့ ကျမတို့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ဆွေးနွေးလိုက်ပါမယ် အမြန်ဆုံး Intensive Care Unit (ICU) ကို အတိုင်းတာတစ်ခုထိပေးနိုင်အောင်တော့ ဖြည့်ဆည်းပေးရမှာပေါ့ တီးတိန်မှာတော့ ဦးစားပေးပြီးတော့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ရေရှည်မဟုတ်ရင်တောင်မှ ရေတိုဘယ်လိုစီစဉ်ပေးနိုင်မလဲဆိုတာကိုဆွေးနွေးလိုက်ပါမယ် အဲဒါကိုတော့ တတ်နိုင်သလောက်အမြန်ဆုံးရောက်အောင်တော့ လုပ်ပေးပါမယ်” ဟု ပြောဆိုခဲ့သည်။

တီးတိန်မြို့ပြည်သူ့ဆေးရုံတွင် ယခုလက်ရှိ၌ Covid-19 ရောဂါ ကူးစက်ခံထားရသည့် လူနာ (၅) ဦးရှိပြီး ၎င်းတို့အားလုံးမှာ Covid-19 ပထမလူနာနှင့် ထိတွေ့ခဲ့ကြသူများဖြစ်ကြသည်။ Covid-19 ပထမဦးဆုံးလူနာသည် (၆) ကြိမ်မြောက် စစ်ဆေးမှု ပြုလုပ်ရာတွင် ရောဂါမတွေ့တော့ဘဲ ဓာတ်ခွဲအဖြေ(negative) ထွက်ရှိပြီဟုသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကွယ်ရေး အင်အားတိုးမြှင့်ဆောင်ရွက်နေဟု MRO/ CDF – မတူပီ ဆို

မင်းတပ်-ပအဖ က သစ်တောမူဝါဒ (မူကြမ်း) ကို ရေးဆွဲနေပြီး ပြည်သူများ အကြံပြုနိုင်

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တစ်လကျော်ကြာ ပြိုကျပျက်စီးနေသော ကျေးရွာချင်းဆက်လမ်းများကို PDF- Zoland ပြုပြင်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.