Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ချင်းပြည်က စစ်ရေးအရ ပူးပေါင်းဆောင်ရွက်သည့် CJDC ကို အပြီးဖျက်သိမ်း

ချင်းပြည်က စစ်ရေးအရ ပူးပေါင်းဆောင်ရွက်သည့် CJDC ကို အပြီးဖျက်သိမ်း

0
By Editor on December 18, 2023 Khonumthung

(006SV)

ချင်းအမျိုးသားတပ်မတော် (CNF/CNA)၊ မြို့နယ်နှင့် ဒေသအလိုက် ဖွဲ့စည်းထားသည့် ချင်းကာကွယ်ရေးအဖွဲ့များ စုပေါင်းဖွဲ့စည်းထားသော ချင်းလဲန်းပူးပေါင်းကာကွယ်ရေးကော်မတီ (CJDC) ကို အပြီး ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း CJDC တာဝန်ရှိသူများက ပြောသည်။

ဒီဇင်ဘာလ ၁၅ ရက်နှင့် ၁၆ ရက်တို့မှာ လွတ်မြောက်နယ်မြေတစ်နေရာတွင် ချင်းလဲန်းပူးပေါင်းကာကွယ်ရေးကော်မတီ (Chinland Joint Defense Committee- CJDC) အဖွဲ့ဝင်များသည် အစည်းအဝေး ပြုလုပ်ခဲ့ကြပြီး ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဌာနအောက်တွင် CJDC ကို ထည့်သွင်းမည်ကို ညှိနှိုင်း၍ မရသောကြောင့် ဖျက်သိမ်းလိုက်ရခြင်းဖြစ်သည်ဟု CNO/CNDF မှ ဒု-ဥက္ကဌ ဆလိုင်းပီတာထန်းက ပြောသည်။

“ကျနော်တို့ နောက်ဆုံး တက်ခဲ့တဲ့ CJDC အစည်းအဝေးမှာ ချင်းလဲန်းကောင်စီလည်း ပေါ်လာပြီး ဖြစ်တဲ့အတွက် ကြောင့်မို့လို့ ချင်းလဲန်းကောင်စီရဲ့ ကာကွယ်ရေးဌာနအောက်မှာ CJDC ဖျက်သိမ်းရေး၊ မဖျက်သိမ်းရေးဆိုတဲ့ အာဂျင်တာ တက်လာပါတယ်။ ပြီးတော့ ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာ CJDC ကို ထားဖို့၊ မထားဖို့ဆိုတဲ့ အဆိုနဲ့ တက်လာတဲ့အခါကြတော့ ကျနော်တို့ဘက်က မဖြစ်နိုင်သေးဘူးပေါ့နော်။ ကျနော်တို့က CJDC ကို သီးခြား လွတ်လပ် တဲ့ အဖွဲ့အစည်းအနေနဲ့ ထားဖို့ အဆိုပြုသော်ငြားလည်း တစ်ဖက်က ကာကွယ်ရေးဌာန အောက်မှာပဲ ထားရမယ်ဆိုတဲ့ အဆိုက အပြိုင်ဖြစ်လာတဲ့အခါမှာ ဘယ်လိုမှ တစ်ဖက်နဲ့ တစ်ဖက်က ဘယ်လိုမှ ညှိနှိုင်းလို့ မရတဲ့အခါမှာ ကျနော်တို့ ဘာပဲ ပြောပြောဆိုပြီး ဖျက်သိမ်းဖို့ ဖြစ်လာရတာပါ” ဟု CNO/CNDF မှ ဒုဥက္ကဌ ဆလိုင်းပီတာထန်းက ပြောသည်။

ချင်းပြည်နယ်အတွင်း စစ်ရေးအရ ပူးပေါင်းဆောင်ရွက်သည့် CJDC ကို ၂၀၂၁ ခုနှစ် ဩဂုတ်လတွင် EAO ဖြစ်သည့် ချင်းအမျိုးသားတပ်မတော် (CNF/CNA)၊ မြို့နယ်အလိုက်ချင်းကာကွယ်ရေးအဖွဲ့ (၉) ဖွဲ့၊ ဒေသနှင့် မျိုးနွယ်အလိုက် ချင်းကာကွယ်ရေးအဖွဲ့ (၇) နှင့် CDF -KKG တို့ ပူပေါင်း၍ စုစုပေါင်း ၁၈ ဖွဲ့ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့များသည် CJDC အနေဖြင့် အထူးကွန်မန်ဒိုတပ်ဖွဲ့ဖွဲ့စည်းခဲ့ကာ ချင်းပြည်နယ်အတွင်း ၂၀၂၁ ခုနှစ်မှ ၂၀၂၂ နှစ်ကုန်ပိုင်းအထိ ပူးတွဲစစ်ဆင်ရေးပြုလုပ်ကာ ဇိန်မှုစစ်ဆင်ရေး၊ သီမြစ် စစ်ဆင်ရေး၊ သီးဘွလ် စစ်ဆင်ရေး၊ ထန်တလန် စစ်ဆင်ရေး တို့အပါအဝင် တစ်ခြားသောစစ်ဆင်ရေးများကို အောင်မြင်စွာ ဖော်ဆောင်နိုင်ကြသည်ဟု သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၆ ရက်က ပထမအကြိမ် ချင်းလန်းကောင်စီညီလာမှာ ချင်းလဲန်းဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုခဲ့ပြီးနောက် ချင်းလဲန်းကောင်စီကို ဖွဲ့စည်းခဲ့ကြပြီး ရက်ပေါင်း ၆၀ အတွင်း အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရာစီးရင်ရေးစသည့် ချင်းပြည်အစိုးရ ယန္တရားကို အကောင်အထည်ဖော်မည်ဖြစ်သည်။

ချင်းပြည်အစိုးရအဖွဲ့တွင် ကာကွယ်ရေးဌာနကို ထားရှိမည်ဖြစ်ပြီး CJDC ကို ယင်းကာကွယ်ရေးဌာနအောက်တွင် ထားရှိမည်ကို ချင်းလဲန်းကောင်စီညီလာခံကို မတက်ရောက်ခဲ့သော အစုအဖွဲ့များမှ သဘောမတူညီခဲ့ကြပါ။

ပထမအကြိမ်ချင်းလဲန်း ကောင်စီညီ လာခံတွင် CDF အဖွဲ့ ၁၄ ဖွဲ့ ပါဝင်တက်ရောက်ပြီး ချင်းပြည်ညီလာခံကို ချင်းအမျိုးသားကောင်စီ (မင်းတပ်) / CDF- Mindat)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF)၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/PDF-Zoland) နှင့် ကန်ပက်လက်မြို့နယ်ကောင်စီ/ CDF – ကန်ပက်လက်တို့က တက်ရောက်ခဲ့ခြင်း မရှိပါ။

ထို့ကြောင့် ယခု နောက်ဆုံး CJDC အစည်းအဝေးတွင် နှစ်ဖက်ညှိနှိုင်းမှု မရရှိခဲ့သောကြောင့် အပြီးဖျက်သိမ်းလိုက်ခြင်းဖြစ်သည်ဟု သိရသည်။

ချင်းလဲန်းကောင်စီဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခြေခံမူများတွင် ချင်းအမျိုးသားတပ်မတော်သည် ချင်းပြည်၏ တစ်ခုတည်းသော အမျိုးသားတပ်မတော်ဖြစ်သည်၊ ချင်းအမျိုးသားတပ်မတော်နှင့် ဒေသန္တရကာကွယ်ရေးတပ်ဖွဲ့ များသည် ချင်းပြည်အစိုးရအဖွဲ့၊ ကာကွယ်ရေးဝန်ကြီးဌာန၏ တိုက်ရိုက် ကြီးကြပ်ကွက်ကဲမှုအောက်တွင်ရှိသည်ဟု ပြဌာန်းထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.