Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»အတုအယောင်ရွေးကောက်ပွဲကို တားဆီးရေး လုပ်ထုံးလုပ်နည်းဥပဒေကို ချင်းပြည်ကောင်စီ ပြဌာန်းကြောင်း ကြေညာ

အတုအယောင်ရွေးကောက်ပွဲကို တားဆီးရေး လုပ်ထုံးလုပ်နည်းဥပဒေကို ချင်းပြည်ကောင်စီ ပြဌာန်းကြောင်း ကြေညာ

0
By Editor on November 6, 2025 Khonumthung

ရွေးကောက်ပွဲဝင်ပြိုင်သည့် ချင်းလွှတ်တော်ကိုယ်စားလှယ်များ၏ ပိုင်ဆိုင်မှု အားလုံးကို ပြည်သူပိုင် သိမ်းဆည်းခွင့် ပြဌာန်း

(006SV)

အာဏာသိမ်းစစ်ကော်မရှင်က ဦးဆောင်ကျင်းပမည့် အတုအယောင်ရွေး ကောက်ပွဲကို ဆန့်ကျင်တားဆီးရေးအတွက် ပြည်သူ့ အခွင့်အရေး ကာကွယ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းကို ချင်းပြည်ကောင်စီက အတည်ပြုပြဌာန်းလိုက်ကြောင်း ယနေ့မှာ ကြေညာသည်။

ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၂၃) မှ ပေးအပ်သော လုပ်ပိုင်ခွင့်အရ ချင်းပြည်ကောင်စီသည် “အကြမ်းဖက် စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်တားဆီးရေးနှင့် ပြည်သူ့အခွင့်အရေး ကာကွယ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း”ကို နိုဝင်ဘာလ ၆ ရက်တွင် ပြဌာန်းအတည်ပြုလိုက်ခြင်းဖြစ်သည်။

စစ်တပ်သည် ၂၀၂၀ က ကျင်းပသော ရွေးကောက်ပွဲရလဒ်ကို ဖျက်ပြီး အကြမ်းဖက် အာဏာသိမ်းယူပြီးနောက် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုတို့ကို ကျူးလွန်လျက်ရှိရာမှ လက်ရှိတွင် အတုအယောင် ရွေးကောက်ပွဲကို ကျင်းပရန် စီစဉ်နေ သောကြောင့် ချင်းလူထု၏ ဒီမိုကရေစီအခွင့်အရေး နှင့် ပြည်သူ့အခြေခံအခွင့်အရေးများကို ကာကွယ်ပေးရန် အထူးလိုအပ်လာ၍ ပြဌာန်းသည်ဟု သိရသည်။

အဆိုပါလုပ်ထုံလုပ်နည်းကို ပြဌာန်းရသည် ရည်ရွယ်ချက် ၄ ချက်တွင် စစ်တပ်ရွေးကောက်ပွဲတွင် ပါဝင်သော မည်သူ့ကို မဆို အရေးယူနိုင်ရေးနှင့် အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်တားဆီးရေးအပြင် ယင်း၏ ရလဒ်နှင့် ယင်းရွေးကောက်ပွဲမှ ထွက်လာသော မည်သည့်အစိုးရယန္တရားကိုမဆို တရားဝင်မှု မရှိစေရေးအချက်တို့ ပါဝင်သည်ဟု သိရသည်။

ပြဌာန်းချက်တွင် ရွေးကောက်ပွဲအတွက် ချင်းနိုင်ငံရေးပါတီ တည်ထောင်၍ နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း၊ ချင်းပြည်အတွင်း ပါတီရုံးဖွင့်လှစ်ခြင်းတို့ကို တားမြစ်ကြောင်း၊ ပါတီတစ်ခုမှာဖြစ်စေ သို့မဟုတ် တသီးပုဂ္ဂလဖြစ်စေ ရွေးကောက်ပွဲဝင် ဝင်ရောက်ယှဉ် ပြိုင်ခြင်းကို တားမြစ်ထားသည်။

တားမြစ်ချက် ၈ ချက်တွင် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခြင်း၊ ဟောပြောခြင်း၊ စာတမ်းဖြန့်ဝေးခြင်း၊ လူမှုကွန်ယက်စာမျက် နှာမှတစ်ဆင့် ချင်းလူထုကို မဲဆွယ်စည်းရုံးခြင်းတို့ ပါဝင်ပြီး စစ်ဘေးရှောင်ချင်းပြည်သူများ ဆန္ဒမဲပေးခြင်း မပြုလုပ်ရန်ကိုလည်း ပြဌာန်းထားသည်။

စစ်ကော်မရှင်၏ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ပါက ယင်းကိုယ်စားလှယ်လောင်းများ၏ ပိုင်ဆိုင်မှု အားလုံးကို ပြည်သူပိုင်အဖြစ် သိမ်းဆည်းမည်ဖြစ်ကြောင်း ပြဌာန်းထားသည်။

အဆိုပါလုပ်ထုံးလုပ်နည်းပြဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်သူများကို ထောင်ဒဏ် ၁ နှစ်မှ ၅ နှစ်အထိ ချမှတ်နိုင်ကြောင်း၊ ငွေဒဏ် ကျပ် ကျပ် ၅ သိန်းမှ သိန်း ၂၀ အထိ ချမှတ်နိုင်ကြောင်း၊ ထောင်ဒဏ် နှင့် ငွေဒဏ် ပြစ်ဒဏ်နှစ်ရပ်စလုံးကိုလည်း ချမှတ်နိုင်ကြောင်း ပြဌာန်းထားးသည်။

ယင်းပြဌာန်းချက်ကို စစ်ကော်မရှင် ရွေးကောက်ပွဲ ဆန့်ကျင်ရေးအဖွဲ့များ၊ ချင်းပြည်အစိုးရ၏ ပြည်ထဲရေးနှင့် ကာကွယ်ရေး ဝန်ကြီးဌာနတို့ကို သက်ဆိုင်ရာ ဒေသအုပ်ချုပ်ရေးအဖွဲ့များ၊ တရားရေးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခွင့် တာဝန်လည်း အပ်နှင်းထားသည်ကို တွေ့ရှိရသည်။

ချင်းပြည်အစိုးရကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ CNA နှင့် CDF တပ်ဖွဲ့များကိုလည်း စစ်ကော်မရှင်ရွေးကောက်ပွဲကို ဆန့်ကျင်တားဆီးနိုင်ရေး လုပ်ပိုင်ခွင့်ပေးထားသည်ကို တွေ့ရသည်။

လာမည့် ရွေးကောက်ပွဲတွင် လွှတ်တော် ၃ ရပ်အတွက် ချင်းပြည်နယ်မှာ ကိုယ်စားလှယ်လောင်း ၂၈ နေရာအတွက် ကြံ့ခိုင်ရေးပါတီ၊ ချင်းပြည်သစ်ကွန်ဂရက်ပါတီ၊ ဇိုမီးအမျိုးသားပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီနှင့် ခူမီးအမျိုးသားပါတီက ကိုယ်စားလှယ်လောင်း ၈၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ချင်းနိုင်ငံရေးသမားတချို့သည် လွှတ်တော်ကိုယ်စားလှယ်နေရာများနှင့် ချင်းတိုင်းရင်းသားရေးရာ ဝန်ကြီးနေရာများအတွက် ချင်းပြည်နယ်ပြင်ပ တခြားတိုင်းနှင့်ပြည်နယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်မှုလည်း ရှိသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

UFC ချန်ပီယံ Joshua Van သွေးချင်းဌာနေ မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိ

UFC ကမ္ဘာ့ ချန်ပီယံ Joshua Van ကို မီဇိုရမ်ဝန်ကြီးချုပ်က တွေ့ဆုံဂုဏ်ပြု၊ Joshua Van ၏ အောင်မြင်မှုကြောင့် မီဇိုးလူငယ်များအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေဟုဆို

ဖလမ်းမှာ ပြည်သူ ၂ ဦးနှင့် ချင်းရဲဘော် ၂ ဦးတို့ကို စစ်တပ်က သတ်ဖြတ်ထားသည့် ရုပ်အလောင်းများ တွေ့ရှိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.