#Unicode
By Benezer – ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်မှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်း တွေကို သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အသီးသီးကနေ သြဂုတ်လ ၃၀ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ပါတယ်။
မဲဆန္ဒနယ်မြေ (၃၉) နေရှိတဲ့ ချင်းပြည်နယ်မှာတော့ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမယ့် လွှတ်တော်ကိုယ်စားလှယ် လောင်း (၂၁၀) ဦးရှိပါတယ်။ အဲဒီထဲက ထန်တလန်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မြေကနေ တစ်သီးပုဂ္ဂလအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့် အသက် (၂၇) နှစ်အရွယ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဆလိုင်းဒိုခါရ်ကို ခိုနူမ်းသုန်သတင်းဌာနက တွေ့ဆုံမေးမြန်းထားပါတယ်။
မေး။ ။ ပထမဦးဆုံးအနေနဲ့ ဘာကြောင့် ရွေးကောက်ပွဲဝင်ပြိုင်ရတာလဲဆိုသိချင်ပါတယ်။
ဖြေ။ ။ လက်ရှိမြန်မာနိုင်ငံတော်အခြေအနေက ကျွန်တော်တို့လိုချင်တဲ့ တိုင်းပြည်တခုဖော်ဆောင်နိုင်ဖို့အတွက် တိုက်ပွဲတွေကိုဝင်နေတဲ့ကာလတခုအဖြစ် ကျနော်ခံယူထားပါတယ်။ အဲဒီတော့ ဒီတိုက်ပွဲတွေဝင်နေတဲ့တလျှောက်မှာ နည်းလမ်းတွေအမျိုးမျိုးရှိတယ် ။ ဒီနည်းလမ်းတွေအများကြီးထဲမှာ ကျွန်တော်အနေနဲ့ လွှတ်တော်လမ်းကြောင်းကို ရွေးချယ်ပြီး တိုက်ပွဲဝင်နေတာကလည်း လက်ရှိမြန်မာနိုင်ငံအခြေအနေအရ အသင့်တော်ဆုံးတခုလို့ယူဆပါတယ်။ လွှတ်တော်လမ်းကြောင်းကိုရွေးချယ်ပြီးမှ ကိုယ့်လူမျိုး ကိုယ့်တိုင်းပြည်အတွက် တိုက်ပွဲဝင်ရခြင်းဖြစ်ပါတတယ်။
မေ။ ။ နိုင်ငံရေးပါတီတစ်ခုခုကနေ ကိုယ်စားပြုဝင်မပြိုင်ဘဲ ဘာကြောင့် တစ်ဦးပုဂ္ဂလအနေနဲ့ ဝင်ပြိုင်ရတာလဲ။
ဖြေ။ ။ (၁) တိုင်းပြည်အတွက် လွတ်လွတ်လပ်လပ်နဲ့ လွှတ်တော်မှာ တိုက်ပွဲဝင် နိုင်အောင် လွတ်လပ်စွာ လွှတ်တော်မှာ ပြည်သူ့အသံကို ဖော်ထုတ်နိုင်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ တသီးပုဂ္ဂလကိုရွေးချယ်ရခြင်းဖြစ်ပါတယ်။ (၂) အကျင့်ပျက်ခြစားမှုတွေကို ကျွန်တော့်အနေနဲ့တိုက်ဖျက်ချင်တဲ့ အတွက် ကျနော့်အတွေ့ကြုံအရ ပါတီဝင်သွားပြီဆိုရင် အကျင့်ပျက်ခြစားမှုတွေကို ပြည်သူနဲ့ ပူးပေါင်းပြီးမှ လွတ်လွတ် လပ်လပ် တိုက်ဖျက်လို့မရတော့တဲ့အခြေအနေမျိူး လည်းတွေ့ရတယ်၊ ဒါကြောင့် ပြည်သူလူထုနဲ့လွတ်လွတ်လပ်လပ်ပူးပေါင်းချင်လို့၊ (၃) နိုင်ငံရေးပါတီအချင်းချင်းအားပြို င်မှုတွေကြောင့် ဆုံးရှုံးနစ်နာမှုတွေများစွာတွေ့လာရတယ်။ ဒါကြောင့် ဘယ်ပါတီထဲကိုမှ မဝင်ဘဲ ဝင်ပြိုင်ရခြင်းဖြစ်ပါတယ်၊ (၄) တိုင်းပြည်အပြောင်းအလဲကို ဖော်ဆောင်တဲ့ အချိန်မှာ လွတ်တော်ကိုယ်စားလှယ်လောင်းဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ကျွန်တော်အနေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ မီဒီယာတွေ၊ NGO တွေနဲ့ပူးပေါင်းပြီးမှ တိုင်းပြည်အရေးကို လွတ်လပ် စွာလုပ်ချင်လို့ဖြစ်ပါတယ်။
မေး။ ။ ပြည်နယ်လွှတ်တော်တွေမှာ ဝင်မပြိုင်ဘဲ ဘာကြောင့် ပြည်သူ့လွှတ်တော်မှာ ဝင်ပြိုင်ဖို့ရွေးချယ်ရတာပါလဲ။
ဖြေ။ ။ ကျွန်တော့်အနေနဲ့ တိုင်းပြည်အတွက် လုပ်ဆောင်ချင်တဲ့ အချက် ၃ဝ ဆိုပြီး ရွေးကောက်ပွဲ ကြေညာစာတမ်းပုံစံမျိူးထုတ်ထားတာရှိပါတယ်၊ အဲ့ဒီဟာကိုကြည့်ရင် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မှာပဲ အကောင်အထည်ဖော်လို့ရတာပဲရှိတယ်၊ ပြည်နယ်လွှတ်တော်မှာဆို တခုမှ လုပ်လို့ရတဲ့ဟာမျိုးမရှိဘူး။ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မှာ တခုခုကိုရွေးရတော့မယ်ဆိုတော့ ကျွန်တော့်အနေနဲ့ အမျိုးသားလွတ်တော်ကို ရွေးချယ်ခွင့်မရှိဘူး ၊ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော့်အသက်ကန့်သတ်ချ က်ကြောင့် ကျွန်တော်က အသက် ၂ရနှစ်ပဲရှိသေးတယ်ဆိုတော့ ကျွန်တော့်အနေနဲ့ ပြည်သူလွှတ်တော် ကိုရွေးရခြင်းဖြစ်တယ်။
မေး။ ။ ချင်းပြည်နယ်ကိုကြည့်လိုက်ရင် ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းအများစုက အသက်ကြီးပိုင်းတွေ ပိုများတယ် ၊ ဆလိုင်းဒိုခါရ်အနေနဲ့ ဒီအသက်အရွယ်မှာဝင်ပြိုင်ရတဲ့ ရည်ရွယ်ချက်ရယ် လူငယ်တွေရဲ့ အခန်းကဏ္ဍအပိုင်းမှာ မှာရောဘာဆက်လုပ်သွားဖို့ရှိလဲ။
မေး။ ။ ကျွန်တော့်အနေနဲ့ ခံယူချက်တခုရှိတာက တိုင်းပြည်အကျိုးကိုလုပ်ဆောင်တဲ့အချိန်မှာ တိုင်းပြည်အတွက် အလုပ်လုပ်တဲ့အချိန်မှာ အသက်က အဓိက မဖြစ်ပါဘူးအသက်ကြီး သည်ဖြစ်စေ ငယ်သည်ဖြစ်စေပေါ့ ။ ဒါပေမယ့် ခေတ်နှင့် အညီ နည်းပညာပိုင်းဆိုင်ရာကို ကျွမ်းကျွမ်းကျင်ကျင် သုံးစေချင်တယ် ။ အခုလက်ရှိ ကျွန်တော်တို့မြန်မာနိုင်ငံ အခြေအနေအရ လူငယ်ပိုင်းတွေက ခေတ်နှင့်ညီတဲ့ IT နည်းပညာပိုင်းပဲဖြစ်ဖြစ် နိုင်ငံတကာ ပြောင်းလဲနေတဲ့ နိုင်ငံရေးစနစ်တွေကို လူကြီးပိုင်းထက် လူငယ်ပိုင်းကပိုပြီးတော့ ကျွမ်းကျင်တဲ့ အပိုင်းတွေတွေ့ရတယ်၊ လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေအရ လူငယ်တွေအနေနဲ့ များများ လွှတ်တော်ပိုင်းကို လမ်းကြောင်းရွေးချယ်ပြီးတော့ တိုင်းပြည်အရေးကို တိုက်ပွဲဝင်ဖို့လိုနေပြီလို့ ကျနော်ယူဆပါတယ်၊ ကျနော့်အနေနဲ့ဆိုရင်တော့ လွတ်တော်ကိုယ်စားလှယ်ဆိုတာက ပြည်သူတွေကို ကိုယ်စားပြုတဲ့ကိုယ်စားလှယ်ဆိုတော့ ပြည်သူနဲ့ နီးနီးကပ်ကပ်နဲ့နေပြီးမှ ပြည်သူ့လိုအပ်ချက်ကို ပြည်သူ့အသံကို လွှတ်တော်မှာဖြစ်စေ ၊ သက်ဆိုင်ရာဝန်ကြီးတွေဌာနကိုဖြစ်စေ သိအောင် ကြားအောင် အကောင်အထည်ဖော်ပေးအောင်တိုက်တွန်း လုပ်ဆောင်ပေးတဲ့လွှတ်တော်ကိုယ်စားလှယ်တွေကို လိုအပ်နေတယ်လို့ ကျွန်တော်ယူဆတယ်။
မေး။ ။ ချင်းပြည်နယ်ရဲ့ ယခုလက်ရှိလွှတ်တော်ကိုယ်စားလှယ်တွေ အရင်သက်တမ်းကလွှတ်တော်ကိုယ်စားလှယ်တွေ အပေါ် ဆလိုင်းဒိုခါရ်ရဲ့အမြင်သိချင်ပါတယ်။
ဖြေ။ ။ ခုလက်ရှိ သက်တမ်းနှစ်ခုအတွင်း မှာ ဆိုရင် ကျွန်တော်တို့လွှတ်တော်ကိုယ်စားလှယ်အတော်များများက အနိုင်ရပြီးရင် ပြည်သူနဲ့ဝေးသွားပြီးမှ ပါတီနဲ့နီးကပ်သွားတာရှိတယ်။ သူတို့တာဝန် အမှန်က ပြည်သူတွေနဲ့အနီးကပ်နေရမဲ့ဟာမျိုးဖြစ်တယ်၊ ကျွန်တော်တို့ချင်းလူမျိုးတွေ နေရာပေါင်းစုံမှာနေတဲ့ ချင်းလူမျိုးတွေ လိုအပ်ချက်က တခြားတိုင်းရင်းသားနဲ့မတူဘူး အရမ်းထူးခြားတယ်၊ ဒီအသံတွေ လိုအပ်ချက်တွေအကုန်လုံးကို သိအောင် လွှတ်တော်ကို တင်ပြပေးနိုင်တဲ့ကိုယ်စားလှယ်လောင်းတွေလိုအပ်တယ်။
မေး။ ။ လာမယ့်ရွေးကောက်ပွဲမှာ တကယ်လို့အနိုင်ရခဲ့မယ်ဆိုရင် ဆလိုင်းဒိုခါရ်အနေနဲ့ ဘာတွေဦးစားပေးလုပ်သွားဖို့ရှိ်လဲ။
ဖြေ။ ။ အခုကျွန်တော်အနေနဲ့ဆိုရင် လွတ်တော်လမ်းကြောင်းရွေးချယ်ပြီးမှ ပြည်သူ့အရေး ၊ ပြည်သူ့အတွက် ကိုတိုက်ပွဲဝင်ဖို့ဆုံးဖြတ်ထားတဲ့အတွက် ချင်းပြည်နယ်မှာ အခက်အခဲဆုံး ဖြစ်တဲ့ဟာက အကျင့် ပျက်ခြစားမှုတွေ ဖြစ်တယ် ဒီဟာကို များသောအားဖြင့် ကိုင်တွယ်ဖို့ကျွန်တော်ကြိုးစားသွားပါ့မယ်။ အဓိကအားဖြင့် အဲဟာကိုလုပ်နိုင်ဖို့ရန်အတွက် ပထမကျွန်တော်ပြောသွားသလို ကျေးရွာအလိုက် ကျေးရွာအလိုက် အကျင့်ပျက်ခြစားမှုပဲဖြစ်ဖြစ် ဒေသအတွင်းမှာ အကောင်အထည်ဖော်တဲ့ဟာပဲဖြစ်ဖြစ် တိုက်ရိုက် တင်ပြနိုင်ဖို့အတွက် ဒီကော်မတီကို ဖွဲ့ထားတဲ့ဟာကိုလည်း ကျစ်ကျစ်လစ်လစ်နဲ့လုပ်ဖို့ုဖြစ်တယ် နည်းပညာပိုင်းအထောက်အကူကို တခြားနေရာမှာပဲဖြစ်ဖြစ် NGOမှာပဲဖြစ်ဖြစ် အဖွဲ့စည်းတခုခုထံကနေယူပြီးတော့မှ ကောင်းကောင်းမွန်မွန်အလုပ်လုပ်နိုင်ေအောင်ကျွန်တော်ပြင်ဆင်ထားပါတယ်။
မေး။ ။ တစ်သီးပုဂ္ဂလအနေနဲ့ ဝင်ပြိုင်ရတာဆိုတော့ ဘယ်လိုအခက်အခဲ စိန်ခေါ်မှုတွေကြုံရလဲ။
ဖြေ။ ။ ကျွန်တော်အနေနဲ့ တသီးပုဂ္ဂလအနေနဲ့ ဝင်ပြိုင်တဲ့အခါကြတော့ လူသိများတဲ့လူငယ်မဟုတ်ဘူး ၊ ပြည်သူတွေ သိဖို့ ကျွန်တော်လုပ်ယူနေရတဲ့ အခါကြတော့ သူများတွေထက် တဆ ပြေးထွက် နေရတယ် ၊သူများတွေထက် တဆ အလုပ်လုပ်နေရတယ် ။တဆမက အဆပေါင်းများစွာလုပ်လုပ်ရတယ်ဆိုတော့ ဒီဟာက တော်ရုံတန်ရုံလေးနဲ့ လွယ်တဲ့ကိစ္စ မဟုတ်ဘူး ။ခရီးတွေလည်းကြမ်းတယ် ချင်းပြည်နယ်က သိတဲ့အတိုင်း၊ ကျွန်တော်သူငယ်ချင်းတွေနဲ့ပေါင်းပြီးတော့ ကျေးရွာတိုင်း ကျေးရွားတိုင်းကျွန်တော်တို့ကိုယ်တိုင်ရောက်နိုင်အောင် ကြိုးစားနေတယ်၊ အဓိက ပင်ပန်းတာက (၂) ခုရှိတယ် လမ်းပန်းဆက်သွယ်ရေးကြောင့် ခရီးအရမ်းပင်ပန်းတာရှိတယ်၊ အလုပ်နားချိန်နည်းတဲ့အတွက်ကြောင့် စိ်တ်ပင်ပန်းမှုတွေရှိတယ်၊ ဒါပေမယ့် ဒီဟာတွေက ကျွန်တော်တို့လိုအပ်ချက်တွေကို လွတ်တော်လမ်းကြောင်းရွေးပြီးမှ တိုက်ပွဲတိုက်နေရတဲ့အခါကြတော့ ဒီဟာတွေက မပြောပလောက်ပါဘူး၊ ဘာမှတော့မဖြစ်ပါဘူး။
မေး။ ။ ဘာများဖြည့်စွက်ပြောလိုတာရှိပါသေးလဲ။
ဖြေ။ ။ ကျွန်တော်တို့ တိုင်းပြည်အပြောင်းအလဲတွက်ဆိုရင် လူငယ်အင်အား လိုအပ်နေတာကိုတွေ့ရတယ်၊ ဘာလို့လဲဆိုရင်တော့ ပြည်သူတွေရဲ့ အသံကို နားထောင်နိုင်ဖို့အတွက် အင်အားလိုတယ် ၊ အဲ့ဒီအင်အားက အစိုးရနှစ်ဆက်အတွင်း လွတ််တော်ကိုယ်စားလှယ်လောင်းတွေမဖော်ပြသေးဘူး၊ IT နည်းပညာကို အသုံးပြုပြီးမှ ကျေးရွာ ပေါင်း ၉၀ မြို့နယ်တမြို့နယ်ထဲမှာ ရွာပေါင်း ၉ဝ လောက်ရှိကြတယ်ဆိုတော့ အဲ့မှာရှိတဲ့အုပ်ချုပ်ရေးမှုးတွေနဲ့ ပက်သက်ပြီးမှ နည်းပညာတွေအသုံးပြုပြီးမှ အချိတ်အဆက်လုပ်ရတဲ့ခါကြတော့ နည်းပညာပိုင်းကို ကျွမ်းကျင်တဲ့လူူူငယ်တွေလည်း လိုနေတယ် ၊ လွတ်တော်လမ်းကြောင်းမှာ အဆိုသွားတင်ပြတဲ့အခါကြတော့ ပြည်သူတွေလိုအပ်ချက်ကို ကျယ်ကျယ်ပြန့်ပြန့် သက်ဆိုင်ရာဝန်ကြီးဌာနသိရှိနိုင်ဖို့အရမ်းလိုအပ်ပါတယ်။ အဲ့တာကြောင့် ကျွန်တော်ပြောချင်တာက ၂၀၂၀ ထက် ၂၀၂၅ မှာ လွတ်တော်လမ်းကြောင်းကိုရွေးချယ်ပြီးမှ ကျွန်တော်တို့လူငယ်တွေ ကကျွန်တော်တို့တိုင်းပြည်အတွက် တိုက်ပွဲဝင်ဖို့ လုံးဝအချိန်တန်ပြီလို့ ပြောချင်တယ်။
#Zawgyi
By Benezer – ၂၀၂၀ ခုႏွစ္အေထြေထြေရြးေကာက္မွာ ၀င္ေရာက္ယွဥ္ၿပိဳင္ၾကမယ့္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြရဲ့ အမည္စာရင္း ေတြကို သက္ဆိုင္ရာေရြးေကာက္ပြဲေကာ္မရွင္အသီးသီးကေန ၾသဂုတ္လ ၃၀ ရက္ေန႔က ထုတ္ျပန္ေၾကညာလိုက္ၿပီျဖစ္ပါတယ္။
မဲဆႏၵနယ္ေျမ (၃၉) ေနရွိတဲ့ ခ်င္းျပည္နယ္မွာေတာ့ ေရြးေကာက္ပြဲ၀င္ေရာက္ယွဥ္ၿပိဳင္ၾကမယ့္ လႊတ္ေတာ္ကိုယ္စားလွယ္ ေလာင္း (၂၁၀) ဦးရွိပါတယ္။ အဲဒီထဲက ထန္တလန္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္မဲဆႏၵနယ္ေျမကေန တစ္သီးပုဂၢလအေနန႔ဲ ၀င္ေရာက္ယွဥ္ၿပိဳင္မယ့္ အသက္ (၂၇) ႏွစ္အရြယ္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဆလုိင္းဒိုခါရ္ကို ခိုႏူမ္းသုန္သတင္းဌာနက ေတြ႔ဆံုေမးျမန္းထားပါတယ္။
ေမး။ ။ ပထမဦးဆံုးအေနနဲ႔ ဘာေၾကာင့္ ေရြးေကာက္ပြဲ၀င္ၿပိဳင္ရတာလဲဆိုသိခ်င္ပါတယ္။
ေျဖ။ ။ လက္ရွိျမန္မာနိုင္ငံေတာ္အေျခအေနက ကၽြန္ေတာ္တို႔လိုခ်င္တဲ့ တိုင္းျပည္တခုေဖာ္ေဆာင္နိုင္ဖို႔အတြက္ တိုက္ပြဲေတြကိုဝင္ေနတဲ့ကာလတခုအျဖစ္ က်ေနာ္ခံယူထားပါတယ္။ အဲဒီေတာ့ ဒီတိုက္ပြဲေတြဝင္ေနတဲ့တေလၽွာက္မွာ နည္းလမ္းေတြအမ်ိဳးမ်ိဳးရွိတယ္ ။ ဒီနည္းလမ္းေတြအမ်ားႀကီးထဲမွာ ကၽြန္ေတာ္အေနနဲ႔ လႊတ္ေတာ္လမ္းေၾကာင္းကို ေရြးခ်ယ္ၿပီး တိုက္ပြဲဝင္ေနတာကလည္း လက္ရွိျမန္မာနိုင္ငံအေျခအေနအရ အသင့္ေတာ္ဆုံးတခုလို႔ယူဆပါတယ္။ လႊတ္ေတာ္လမ္းေၾကာင္းကိုေရြးခ်ယ္ၿပီးမွ ကိုယ့္လူမ်ိဳး ကိုယ့္တိုင္းျပည္အတြက္ တိုက္ပြဲဝင္ရျခင္းျဖစ္ပါတတယ္။
ေမ။ ။ ႏုိင္ငံေရးပါတီတစ္ခုခုကေန ကိုယ္စားျပဳ၀င္မၿပိဳင္ဘဲ ဘာေၾကာင့္ တစ္ဦးပုဂၢလအေနနဲ႔ ၀င္ၿပိဳင္ရတာလဲ။
ေျဖ။ ။ (၁) တိုင္းျပည္အတြက္ လြတ္လြတ္လပ္လပ္နဲ႔ လႊတ္ေတာ္မွာ တိုက္ပြဲဝင္ နိုင္ေအာင္ လြတ္လပ္စြာ လႊတ္ေတာ္မွာ ျပည္သူ႔အသံကို ေဖာ္ထုတ္နိုင္ဖို႔ဆိုတဲ့ရည္ရြယ္ခ်က္နဲ႔ တသီးပုဂၢလကိုေရြးခ်ယ္ရျခင္းျဖစ္ပါတယ္။ (၂) အက်င့္ပ်က္ျခစားမႈေတြကို ကၽြန္ေတာ့္အေနနဲ႔တိုက္ဖ်က္ခ်င္တဲ့ အတြက္ က်ေနာ့္အေတြ႕ၾကဳံအရ ပါတီဝင္သြားၿပီဆိုရင္ အက်င့္ပ်က္ျခစားမႈေတြကို ျပည္သူနဲ႔ ပူးေပါင္းၿပီးမွ လြတ္လြတ္ လပ္လပ္ တိုက္ဖ်က္လို႔မရေတာ့တဲ့အေျခအေနမ်ဴိး လည္းေတြ႔ရတယ္၊ ဒါေၾကာင့္ ျပည္သူလူထုနဲ႔လြတ္လြတ္လပ္လပ္ပူးေပါင္းခ်င္လို႔၊ (၃) ႏုိင္ငံေရးပါတီအခ်င္းခ်င္းအားၿပိဳ င္မႈေတြေၾကာင့္ ဆုံးရႈံးနစ္နာမႈေတြမ်ားစြာေတြ႕လာရတယ္။ ဒါေၾကာင့္ ဘယ္ပါတီထဲကိုမွ မဝင္ဘဲ ဝင္ၿပိဳင္ရျခင္းျဖစ္ပါတယ္၊ (၄) တိုင္းျပည္အေျပာင္းအလဲကို ေဖာ္ေဆာင္တဲ့ အခ်ိန္မွာ လြတ္ေတာ္ကိုယ္စားလွယ္ေလာင္းျဖစ္ၿပီးတဲ့ေနာက္ပိုင္းမွာ ကၽြန္ေတာ္အေနနဲ႔ အရပ္ဘက္လူမႈအဖြဲ႕အစည္းေတြ၊ မီဒီယာေတြ၊ NGO ေတြနဲ႔ပူးေပါင္းၿပီးမွ တိုင္းျပည္အေရးကို လြတ္လပ္ စြာလုပ္ခ်င္လို႔ျဖစ္ပါတယ္။
ေမး။ ။ ျပည္နယ္လႊတ္ေတာ္ေတြမွာ ၀င္မၿပိဳင္ဘဲ ဘာေၾကာင့္ ျပည္သူ႔လႊတ္ေတာ္မွာ ၀င္ၿပိဳင္ဖို႔ေရြးခ်ယ္ရတာပါလဲ။
ေျဖ။ ။ ကၽြန္ေတာ့္အေနနဲ႔ တိုင္းျပည္အတြက္ လုပ္ေဆာင္ခ်င္တဲ့ အခ်က္ ၃ဝ ဆိုၿပီး ေရြးေကာက္ပြဲ ေၾကညာစာတမ္းပံုစံမ်ဴိးထုတ္ထားတာရွိပါတယ္၊ အဲ့ဒီဟာကိုၾကည့္ရင္ ျပည္သူ႔လႊတ္ေတာ္နဲ႔ အမ်ိဳးသားလႊတ္ေတာ္မွာပဲ အေကာင္အထည္ေဖာ္လို႔ရတာပဲရွိတယ္၊ ျပည္နယ္လႊတ္ေတာ္မွာဆို တခုမွ လုပ္လို႔ရတဲ့ဟာမ်ိဳးမရွိဘူး။ ျပည္သူ႔လႊတ္ေတာ္နဲ႔ အမ်ိဳးသားလႊတ္ေတာ္မွာ တခုခုကိုေရြးရေတာ့မယ္ဆိုေတာ့ ကၽြန္ေတာ့္အေနနဲ႔ အမ်ိဳးသားလြတ္ေတာ္ကို ေရြးခ်ယ္ခြင့္မရွိဘူး ၊ ဘာျဖစ္လို႔လဲ ဆိုေတာ့ ကၽြန္ေတာ့္အသက္ကန႔္သတ္ခ် က္ေၾကာင့္ ကၽြန္ေတာ္က အသက္ ၂၇ႏွစ္ပဲရွိေသးတယ္ဆိုေတာ့ ကၽြန္ေတာ့္အေနနဲ႔ ျပည္သူလႊတ္ေတာ္ ကိုေရြးရျခင္းျဖစ္တယ္။
ေမး။ ။ ခ်င္းျပည္နယ္ကိုၾကည့္လိုက္ရင္ ေရြးေကာက္ပြဲကိုယ္စားလွယ္ေလာင္းအမ်ားစုက အသက္ႀကီးပိုင္းေတြ ပိုမ်ားတယ္ ၊ ဆလိုင္းဒိုခါရ္အေနနဲ႔ ဒီအသက္အရြယ္မွာဝင္ၿပိဳင္ရတဲ့ ရည္ရြယ္ခ်က္ရယ္ လူငယ္ေတြရဲ့ အခန္းက႑အပိုင္းမွာ မွာေရာဘာဆက္လုပ္သြားဖို႔ရွိလဲ။
ေမး။ ။ ကၽြန္ေတာ့္အေနနဲ႔ ခံယူခ်က္တခုရွိတာက တိုင္းျပည္အက်ိဳးကိုလုပ္ေဆာင္တဲ့အခ်ိန္မွာ တိုင္းျပည္အတြက္ အလုပ္လုပ္တဲ့အခ်ိန္မွာ အသက္က အဓိက မျဖစ္ပါဘူးအသက္ႀကီး သည္ျဖစ္ေစ ငယ္သည္ျဖစ္ေစေပါ့ ။ ဒါေပမယ့္ ေခတ္ႏွင့္ အညီ နည္းပညာပိုင္းဆိုင္ရာကို ကၽြမ္းကၽြမ္းက်င္က်င္ သုံးေစခ်င္တယ္ ။ အခုလက္ရွိ ကၽြန္ေတာ္တို႔ျမန္မာနိုင္ငံ အေျခအေနအရ လူငယ္ပိုင္းေတြက ေခတ္ႏွင့္ညီတဲ့ IT နည္းပညာပိုင္းပဲျဖစ္ျဖစ္ နိုင္ငံတကာ ေျပာင္းလဲေနတဲ့ နိုင္ငံေရးစနစ္ေတြကို လူႀကီးပိုင္းထက္ လူငယ္ပိုင္းကပိုၿပီးေတာ့ ကၽြမ္းက်င္တဲ့ အပိုင္းေတြေတြ႕ရတယ္၊ လက္ရွိျမန္မာနိုင္ငံရဲ့ အေျခအေနအရ လူငယ္ေတြအေနနဲ႔ မ်ားမ်ား လႊတ္ေတာ္ပိုင္းကို လမ္းေၾကာင္းေရြးခ်ယ္ၿပီးေတာ့ တိုင္းျပည္အေရးကို တိုက္ပြဲဝင္ဖို႔လိုေနၿပီလို႔ က်ေနာ္ယူဆပါတယ္၊ က်ေနာ့္အေနနဲ႔ဆိုရင္ေတာ့ လြတ္ေတာ္ကိုယ္စားလွယ္ဆိုတာက ျပည္သူေတြကို ကိုယ္စားျပဳတဲ့ကိုယ္စားလွယ္ဆိုေတာ့ ျပည္သူနဲ႔ နီးနီးကပ္ကပ္နဲ႔ေနၿပီးမွ ျပည္သူ႔လိုအပ္ခ်က္ကို ျပည္သူ႔အသံကို လႊတ္ေတာ္မွာျဖစ္ေစ ၊ သက္ဆိုင္ရာဝန္ႀကီးေတြဌာနကိုျဖစ္ေစ သိေအာင္ ၾကားေအာင္ အေကာင္အထည္ေဖာ္ေပးေအာင္တိုက္တြန္း လုပ္ေဆာင္ေပးတဲ့လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို လိုအပ္ေနတယ္လို႔ ကၽြန္ေတာ္ယူဆတယ္ ။
ေမး။ ။ ခ်င္းျပည္နယ္ရဲ့ ယခုလက္ရွိလႊတ္ေတာ္ကိုယ္စားလွယ္ေတြ အရင္သက္တမ္းကလႊတ္ေတာ္ကိုယ္စားလွယ္ေတြ အေပၚ ဆလိုင္းဒိုခါရ္ရဲ့အျမင္သိခ်င္ပါတယ္။
ေျဖ။ ။ ခုလက္ရွိ သက္တမ္းႏွစ္ခုအတြင္း မွာ ဆိုရင္ ကၽြန္ေတာ္တို႔လႊတ္ေတာ္ကိုယ္စားလွယ္အေတာ္မ်ားမ်ားက အနိုင္ရၿပီးရင္ ျပည္သူနဲ႔ေဝးသြားၿပီးမွ ပါတီနဲ႔နီးကပ္သြားတာရွိတယ္။ သူတို႔တာဝန္ အမွန္က ျပည္သူေတြနဲ႔အနီးကပ္ေနရမဲ့ဟာမ်ိဳးျဖစ္တယ္၊ ကၽြန္ေတာ္တို႔ခ်င္းလူမ်ိဳးေတြ ေနရာေပါင္းစုံမွာေနတဲ့ ခ်င္းလူမ်ိဳးေတြ လိုအပ္ခ်က္က တျခားတိုင္းရင္းသားနဲ႔မတူဘူး အရမ္းထူးျခားတယ္၊ ဒီအသံေတြ လိုအပ္ခ်က္ေတြအကုန္လုံးကို သိေအာင္ လႊတ္ေတာ္ကို တင္ျပေပးနိုင္တဲ့ကိုယ္စားလွယ္ေလာင္းေတြလိုအပ္တယ္။
ေမး။ ။ လာမယ့္ေရြးေကာက္ပြဲမွာ တကယ္လို႔အႏိုင္ရခဲ့မယ္ဆိုရင္ ဆလိုင္းဒိုခါရ္အေနနဲ႔ ဘာေတြဦးစားေပးလုပ္သြားဖို႔ရွိ္လဲ။
ေျဖ။ ။ အခုကၽြန္ေတာ္အေနနဲ႔ဆိုရင္ လြတ္ေတာ္လမ္းေၾကာင္းေရြးခ်ယ္ၿပီးမွ ျပည္သူ႔အေရး ၊ ျပည္သူ႔အတြက္ ကိုတိုက္ပြဲဝင္ဖို႔ဆုံးျဖတ္ထားတဲ့အတြက္ ခ်င္းျပည္နယ္မွာ အခက္အခဲဆုံး ျဖစ္တဲ့ဟာက အက်င့္ ပ်က္ျခစားမႈေတြ ျဖစ္တယ္ ဒီဟာကို မ်ားေသာအားျဖင့္ ကိုင္တြယ္ဖို႔ကၽြန္ေတာ္ႀကိဳးစားသြားပါ့မယ္။ အဓိကအားျဖင့္ အဲဟာကိုလုပ္နိုင္ဖို႔ရန္အတြက္ ပထမကၽြန္ေတာ္ေျပာသြားသလို ေက်းရြာအလိုက္ ေက်းရြာအလိုက္ အက်င့္ပ်က္ျခစားမႈပဲျဖစ္ျဖစ္ ေဒသအတြင္းမွာ အေကာင္အထည္ေဖာ္တဲ့ဟာပဲျဖစ္ျဖစ္ တိုက္ရိုက္ တင္ျပနိုင္ဖို႔အတြက္ ဒီေကာ္မတီကို ဖြဲ႕ထားတဲ့ဟာကိုလည္း က်စ္က်စ္လစ္လစ္နဲ႔လုပ္ဖို႔ုျဖစ္တယ္ နည္းပညာပိုင္းအေထာက္အကူကို တျခားေနရာမွာပဲျဖစ္ျဖစ္ NGOမွာပဲျဖစ္ျဖစ္ အဖြဲ႕စည္းတခုခုထံကေနယူၿပီးေတာ့မွ ေကာင္းေကာင္းမြန္မြန္အလုပ္လုပ္နိုင္ေေအာင္ကၽြန္ေတာ္ျပင္ဆင္ထားပါတယ္။
ေမး။ ။ တစ္သီးပုဂၢလအေနနဲ႔ ၀င္ၿပိဳင္ရတာဆိုေတာ့ ဘယ္လိုအခက္အခဲ စိန္ေခၚမႈေတြႀကံဳရလဲ။
ေျဖ။ ။ ကၽြန္ေတာ္အေနနဲ႔ တသီးပုဂၢလအေနနဲ႔ ဝင္ၿပိဳင္တဲ့အခါၾကေတာ့ လူသိမ်ားတဲ့လူငယ္မဟုတ္ဘူး ၊ ျပည္သူေတြ သိဖို႔ ကၽြန္ေတာ္လုပ္ယူေနရတဲ့ အခါၾကေတာ့ သူမ်ားေတြထက္ တဆ ေျပးထြက္ ေနရတယ္ ၊သူမ်ားေတြထက္ တဆ အလုပ္လုပ္ေနရတယ္ ။တဆမက အဆေပါင္းမ်ားစြာလုပ္လုပ္ရတယ္ဆိုေတာ့ ဒီဟာက ေတာ္႐ုံတန္႐ုံေလးနဲ႔ လြယ္တဲ့ကိစၥ မဟုတ္ဘူး ။ခရီးေတြလည္းၾကမ္းတယ္ ခ်င္းျပည္နယ္က သိတဲ့အတိုင္း၊ ကၽြန္ေတာ္သူငယ္ခ်င္းေတြနဲ႔ေပါင္းၿပီးေတာ့ ေက်းရြာတိုင္း ေက်းရြားတိုင္းကၽြန္ေတာ္တို႔ကိုယ္တိုင္ေရာက္နိုင္ေအာင္ ႀကိဳးစားေနတယ္၊ အဓိက ပင္ပန္းတာက (၂) ခုရွိတယ္ လမ္းပန္းဆက္သြယ္ေရးေၾကာင့္ ခရီးအရမ္းပင္ပန္းတာရွိတယ္၊ အလုပ္နားခ်ိန္နည္းတဲ့အတြက္ေၾကာင့္ စိ္တ္ပင္ပန္းမႈေတြရွိတယ္၊ ဒါေပမယ့္ ဒီဟာေတြက ကၽြန္ေတာ္တို႔လိုအပ္ခ်က္ေတြကို လြတ္ေတာ္လမ္းေၾကာင္းေရြးၿပီးမွ တိုက္ပြဲတိုက္ေနရတဲ့အခါၾကေတာ့ ဒီဟာေတြက မေျပာပေလာက္ပါဘူး၊ ဘာမွေတာ့မျဖစ္ပါဘူး။
ေမး။ ။ ဘာမ်ားျဖည့္စြက္ေျပာလိုတာရွိပါေသးလဲ။
ေျဖ။ ။ ကၽြန္ေတာ္တို႔ တိုင္းျပည္အေျပာင္းအလဲတြက္ဆိုရင္ လူငယ္အင္အား လိုအပ္ေနတာကိုေတြ႔ရတယ္၊ ဘာလို႔လဲဆိုရင္ေတာ့ ျပည္သူေတြရဲ့ အသံကို နားေထာင္နိုင္ဖို႔အတြက္ အင္အားလိုတယ္ ၊ အဲ့ဒီအင္အားက အစိုးရႏွစ္ဆက္အတြင္း လြတ္္ေတာ္ကိုယ္စားလွယ္ေလာင္းေတြမေဖာ္ျပေသးဘူး၊ IT နည္းပညာကို အသုံးျပဳၿပီးမွ ေက်းရြာ ေပါင္း ၉၀ ၿမိဳ႕နယ္တၿမိဳ႕နယ္ထဲမွာ ရြာေပါင္း ၉ဝ ေလာက္ရွိၾကတယ္ဆိုေတာ့ အဲ့မွာရွိတဲ့အုပ္ခ်ဳပ္ေရးမႈးေတြနဲ႔ ပက္သက္ၿပီးမွ နည္းပညာေတြအသုံးျပဳၿပီးမွ အခ်ိတ္အဆက္လုပ္ရတဲ့ခါၾကေတာ့ နည္းပညာပိုင္းကို ကၽြမ္းက်င္တဲ့လူူူငယ္ေတြလည္း လိုေနတယ္ ၊ လြတ္ေတာ္လမ္းေၾကာင္းမွာ အဆိုသြားတင္ျပတဲ့အခါၾကေတာ့ ျပည္သူေတြလိုအပ္ခ်က္ကို က်ယ္က်ယ္ျပန႔္ျပန႔္ သက္ဆိုင္ရာဝန္ႀကီးဌာနသိရွိႏုိင္ဖို႔အရမ္းလိုအပ္ပါတယ္။ အဲ့တာေၾကာင့္ ကၽြန္ေတာ္ေျပာခ်င္တာက ၂၀၂၀ ထက္ ၂၀၂၅ မွာ လြတ္ေတာ္လမ္းေၾကာင္းကိုေရြးခ်ယ္ၿပီးမွ ကၽြန္ေတာ္တို႔လူငယ္ေတြ ကကၽြန္ေတာ္တို႔တိုင္းျပည္အတြက္ တိုက္ပြဲ၀င္ဖို႔ လုံးဝအခ်ိန္တန္ၿပီလို႔ ေျပာခ်င္တယ္။