Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်နှင့် အမေရိကန်ရောက် ချင်းလူထုတွေ့ဆုံ၊ ချင်းညီညွတ်ရေးကို အဓိကထားပြောဆိုသွား

မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်နှင့် အမေရိကန်ရောက် ချင်းလူထုတွေ့ဆုံ၊ ချင်းညီညွတ်ရေးကို အဓိကထားပြောဆိုသွား

0
By Editor on September 5, 2024 Khonumthung

(005MK)

အမေရိကန်ပြည်ထောင်စုကိုရောက်ရှိနေသော မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာသည် စက်တင်ဘာလ ၄ ရက်နေ့က ချင်းလူမျိုးအများစုနေထိုင်သည့် အင်ဒီယားနားပြည်နယ်မှာ ချင်းလူထုတွေနှင့် Town Hall meeting တွေ့ ဆုံပွဲကျင်းပပြုလုပ်ပြီး ချင်းညီညွတ်ရေးကိစ္စကို အဓိကထားပြောဆိုသွားသည်။

Chin Community of Indiana ၏ဦးဆောင်မှုဖြင့် အင်ဒီယားနားပူးလစ်မြို့ Chin Evangelical Baptist Church မှာ ဒေသစံတော်ချိန်ည ၇ နာရီမှ ၉ နာရီအထိ ကျင်းပပြုလုပ်သော လူထုတွေ့ဆုံပွဲမှာ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်က အမေရိကန်ပြည်ထောင်စုမှာ ချင်းဘာသာရေးအသင်းတော်များ၊ အရပ်ဖက်အဖွဲ့အစည်းများအားလုံး ပူးပေါင်းဆောင်ရွက်မှုအားကောင်းလာစေရန် တိုက်တွန်းပြောဆိုသွားခဲ့သည်။

“အမေရိကန်မှာ မိမိတို့ညီအကိုကြားထဲမှာ အသင်းတော်အများအပြားရှိတာကိုတွေ့ရပါတယ်။ အသင်းတော်ဟာ စည်းလုံးညီညွတ်မှုအတွက်ဖြစ်မလာဘဲ စည်းလုံးညီညွတ်မှုကိုပြိုကွဲစေနိုင်တဲ့အရာ ဖြစ်လာမှာကို စိုးရိမ်စရာကောင်းပါ တယ် အိန္ဒိယနိုင်ငံမှာလည်း အသင်းတော်များ စည်းလုံးညီညွတ်ရေး ပူးပေါင်းဆောင်ရွက်ရေးကို သွားနေကြပါပြီ၊ အဲလိုပဲ မီဇိုရမ်ပြည်နယ်မှာလည်း အသင်းတော် ၈ ပါးဟာ Council of Churches in Mizoram ကိုဖွဲ့စည်းနိုင်ကြတော့ မှာပါ၊ အဲဒီလိုပဲ ဒီမှာ USA မှာရှိနေကြတဲ့ အသင်းတော်တွေကလည်း မိမိတို့အသင်းတော်ကိုယ်စီကို ဖျက်သိမ်းစရာမလိုဘဲ အားလုံးကိုလွှမ်းခြုံနိုင်တဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ့်အခင်းအကျင်းတစ်ခုကိုဖန်တီးနိုင်မယ်ဆိုရင် သိပ်ဝမ်းသာစရာဖြစ်မှာပဲ” ဟု မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ကပြောသည်။

အလားတူ အရပ်ဖက်အဖွဲ့အစည်းပိုင်းမှာလည်း အများအပြားရှိနေကြပြီး အားလုံးကိုလွှမ်းခြုံနိုင်သော အဖွဲ့အစည်း NGO တစ်ခုအဖြစ် ပူးပေါင်းဆောင်ရွက်သင့်သည်ဟုတိုက်တွန်းသွားသည်။

ချင်းပြည်နယ်ဘက်မှာဆိုလျှင်လည်း လက်နက်ကိုင်အဖွဲ့အစည်းအများအပြားရှိနေကြပြီး မြို့နယ်တစ်ခုတည်းမှာပင် CDF နှစ်ဖွဲ့/သုံးဖွဲ့အထိရှိနေကြပြီး တူညီသောမျိုးနွယ်စုများဖြစ်ကြသော်လည်း အတူတကွပူးပေါင်းဆောင်ရွက်နိုင် ခြင်းမရှိကြကြောင်းလည်း ကြားသိနေရသည်ဟု မီဇိုရမ်ဝန်ကြီးချုပ်ကပြောသည်။

ထို့အပြင် သွေးထွက်သံယိုမှုဖြစ်သည်အထိ အချင်းချင်းတိုက်ခိုက်နေမှုများကို ဝမ်းနည်းစွာကြားသိနေရပြီး စိတ်မကောင်းဖြစ်ရသလို နောက်နောင်ထပ်မဖြစ်ရန် ဆင်ခြင်ကြဖို့ကိုလည်း ဝန်ကြီးချုပ်ကပြောဆိုသွားသည်။

“မျိုးနွယ်စုတူတွေဖြစ်ကြပြီးတော့ အတူတကွပူးပေါင်းဆောင်ရွက်နိုင်ခြင်းမရှိကြဘူး၊ တခါတလေမှာတောင် ညီအကိုအချင်းချင်း သွေးထွက်သံယိုမှုဖြစ်တဲ့အထိ တိုက်ခိုက်ကြတယ် တကယ်ကိုဝမ်းနည်းစရာကောင်းသလို ရှက်ဖို့လည်း ကောင်းပါတယ်၊ နောက်နောင်မှာဒီလိုထပ်မဖြစ်ဖို့ ဆင်ခြင်ကြရအောင်ပါ” ဟု ဝန်ကြီးချုပ်က ပြောသည်။

မကြားသေခင်ရက်ပိုင်းက အမေရိကန်မှာအခြေစိုက် CBCUSA နှင့် CBANA ဘာသာရေးအဖွဲ့အစည်း ၂ ခုတို့မှ ချင်းစည်းလုံးညီညွတ်ရေးအတွက် စတင်ပူးပေါင်းဆောင်ရွက်နေကြောင်းကြားသိရသည့်အတွက်လည်း ဝမ်းသာကြောင်း ဝန်ကြီးချုပ်ကပြောသည်။

မီဇိုရမ်ပြည်နယ်ဘက်မှာလည်း ချင်းညီညွတ်ရေးနှင့်ပတ်သက်၍ Zo Reunification Organization (ZORO) အဖွဲ့က ဆက်လက်ဆောင်ရွက်နေသည်ဟုဆိုသည်။

အလားတူ ဖင်လန်နိုင်ငံအခြေစိုက် Crisis Management Initiative (CMI) အဖွဲ့အစည်းကလည်း အိန္ဒိယအစိုးရ၏ အသိမှတ်ပြုမှုနှင့်အတူ ချင်းညီညွတ်ရေးအတွက်ကြားဝင်ဆောင်ရွက်ပေးနေပြီး ယခုလကုန်ပိုင်းတွေ CMI နှင့် တွေ့ဆုံ ရန် နယူးဒေလီကို ခရီးသွားဖို့ရှိသည်ဟု မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်က ပြောဆိုသွားခဲ့သည်။

အမေရိကန်ပြည်ထောင်စုကို လာရောက်ရသည့် အဓိကအကြောင်းရင်းမှာ စည်းလုံးညီညွတ်ရေးရှာဖွေရန်ဖြစ်ပြီး မိမိတို့သည် ညီအကိုတွေဖြစ်ကြပြီး ပိုင်းခြား၍မရသောလူမျိုးများဖြစ်ကြကြောင်း အလေးအနက်မှာကြားချင်သည်ဟု ဝန်ကြီးချုပ်က ပြောသည်။

နိုင်ငံတိုင်းမှာ နယ်နိမိတ်ရှိကြစမြဲဖြစ်သော်လည်း လူမျိုးမှာနယ်နိမိတ်ဆိုတာမရှိဘဲ တနေ့နေ့တချိန်ချိန်မှာ ဘုရားရှင်၏ ခွန်အားနှင့်အတူ ကြီးမြတ်သောလူမျိုးတစ်မျိုးအဖြစ် အုပ်ချုပ်မှုတစ်ခု အောက်မှု ပြန်လည်ပေါ်ထွန်းလာမည်ဟု အပြည့် အဝ ယုံကြည်ကြောင်း မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်က သူ၏မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုသွားခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်၏ ချင်းပြည်အစိုးရတွင် ဝန်ကြီး ၂ ဦး ထပ်မံခန့်အပ်

ယာယီသမ္မတ ဦးမြင့်ဆွေ ကွယ်လွန်

၃ လအတွင်း တပ်ကြပ်တစ်ဦး အပါအဝင် စစ်ကောင်စီတပ်သား (၁၉) ဦး အလင်းဝင်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.