Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»သိုင်းငင်းရွာကို ဝင်ရောက်လာသော စစ်ကော်မရှင်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှုများပြား

သိုင်းငင်းရွာကို ဝင်ရောက်လာသော စစ်ကော်မရှင်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှုများပြား

0
By Editor on November 10, 2025 Khonumthung

(006SV)

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့မှ သိုင်းငင်းရွာကို စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်နှင့် ချင်းပူးပေါင်း တပ်တို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေရာ ယမန်နေ့က တိုက်ပွဲတွင် စစ်ကော်မရှင်တပ်က အထိအခိုက်အကျဆုံး များသည်ဟု သိရသည်။

နိုဝင်ဘာလ ၉ ရက်က စစ်ကော်မရှင်တပ် စစ်ကြောင်းသည် သိုင်းငင်ရွာကို ရောက်ရှိလာချိန်တွင် ချင်းပူးပေါင်း တပ်က မိုင်းထောင် တိုက်ခိုက်ခြင်းဖြစ်ပြီး စစ်ကော်မရှင်တပ်က ၂၀ ခန့် သေဆုံးပြီး ၇ ဦး အပြင်းအထန် ရရှိကြောင်း CDF CDM Siyin ပြောရေးဆိုခွင့်ရှိ သူ ဆလိုင်း ဒီကီက ပြောသည်။

“မနေ့က တိုက်ပွဲက ပြင်းထန်တယ်လို့ ပြောရမယ်။ မနေ့က ကျနော်တို့က သိုင်းငင်းကို ဆုတ်လိုက်ရတော့ အထွက်လမ်းတွေရော အဲဒီမှာက မိုင်းတွေ တော်တော်ထောင်ခဲ့ပါတယ်။ အဲဒီမှာ သူတို့က အတော်လေး အထိနာသွားတဲ့ သဘောရှိတယ်။ ကျနော်တို့ မြင်တွေ့ရတာက ၇ ဦးက ပွဲချင်းပြီး သေတယ်။ ပြီးတော့ ၂၀ ကျော်က အပြင်းအထန် ဒဏ်ရာ ရတယ်လို့ ကျနော်တို့ သိထားတယ်။ ဒါပေမယ့် ဒီမနက် (နိုဝင်ဘာလ ၁၀ရက်) အတွင်းသတင်းကနေ ပြန်ကြားတာက သေတာက အယောက် ၂၀ တဲ့၊ ၇ ဦးကတော့ အပြင်းအထန် ဒဏ်ရာ ရတာဆိုပြီးတော့ ပြောတယ်” ဟု ဆလိုင်း ဒီကီက ပြောသည်။

နိုဝင်ဘာလ ၇ ရက်ကလည်း လေထန်ကုန်း ခေါ် Fort White တွင် စစ်တပ်စစ်ကြောင်းနှင့် CDF CDM Siyin ချင်းပူးပေါင်းတပ်တို့ ထိတွေ့မှုဖြစ်ပွားပြီး စစ်တပ်ဘက်က ၄ ဦး သေဆုံးကြောင်း သိရသည်။

အထိနာသော စစ်တပ်သည် လေထန်ကုန်းတွင် ညအိပ်ပြီးနောက် နိုဝင်ဘာလ ၈ ရက်တွင် တီးတိန်- သိုင်းငင်း လမ်းမအတိုင်း မလာဘဲ တာဝါတိုင်းလမ်းမှ စစ်ကြောင်းထိုးကာ နိုဝင်ဘာလ ၉ ရက်တွင် သိုင်းငင်းကို ပြန်လည်ထိန်းချုပ်ခြင်းဖြစ်သည်ဟု သိရသည်။

တီးတိန်မြို့မှ သိုင်းငင်းသို့ အင်အား ၄၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော စစ်တပ်နှင့် ချင်းညီနောင်တပ်တို့ အောက်တိုဘာလ ၂၉ ရက်မှ နိုဝင်ဘာလ ၇ ရက်အထိ နေ့စဉ်တိုက်ပွဲ ဖြစ်ပွားရာမှာ စစ်တပ်ဘက်မှ ၄၀ ထက်မနည်း သေဆုံးကာ စစ်သုံ့ပန်းတချို့ကိုလည်း ဖမ်းဆီးရမိကြောင်း၊ လူသားဒိုင်းအဖြစ် ဖမ်းဆီးအသုံးပြုနေသော ဒေသခံ ၁၄ ဦးကိုလည်း ကယ်တင်နိုင်ခဲ့သည်ဟု ချင်းညီနောင် တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ချင်းညီနောင်တပ်ဖွဲ့နှင့် စစ်ကော်မရှင်တပ်တို့ကြား တိုက်ပွဲများ ဖြစ်ပွားပြီးနောက် နိုဝင်ဘာလ ၇ ရက်မှစတင်၍ ယနေ့အထိ စစ်ကော်မရှင်တပ်နှင့် ချင်းလဲန်းကောင်စီ ပူးပေါင်းတပ်တို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု ဆိုသည်။

လက်ရှိတွင် သိုင်းငင်းကို အင်အား ၃၀၀ ကျော်ဖြင့် ရောက်ရှိနေပြီးဖြစ်သည့် စစ်ကော်မရှင်တပ်၏ အခြေအနေကို စောင့်ကြည် နေဆဲသာဖြစ်ပြီး ပြည်သူများအနေဖြင့် ခရီးသွားလာမည်ဆိုပါက စစ်ရေးသတင်းကို အရင်ဆုံး စုံစမ်း၍ သွားလာရန် သတိပေး ထားသည်။

“သူတို့ရဲ့ စခန်းကုန်းကို ပြန်ပြင်မလား၊ မပြင်ဘူးလား၊ ထိုင်မလား၊ မထိုင်းဘူးလားဆိုတာ ကျနော်တို့လည်း စောင့်ကြည့်နေတုန်းပဲ၊၊ အခုလောလောဆယ်ကတော့‌ စောင့်ကြည့်နေတဲ့ အခြေအနေပဲ သိုင်းငင်းမှာပဲ ထိုင်းမလား၊ ကလေးဘက်ကို ဆင်းမလား၊ တီးတိန်ဘက်ကို ပြန်လှည့်မလား၊ ဖလမ်းဘက်ကို ဆင်းမလားဆိုတာ မသိရသေးတော့ အထူးသဖြင့် ပြည်သူတွေက တနေရာရာကို သွားမယ်ဆိုရင် စစ်ရေးသတင်းကို အရင်းဆုံးစုံစမ်းပြီးမှ သေချာမှ သွားဖို့ လာဖို့ အဲဒါကို သတိပေးပြောချင်ပါတယ်” ဟု CDF CDM Siyin ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း ဒီကီက ပြောသည်။

ကလေး မှ သိုင်းငင်းသို့ တက်လာသော စစ်ကြောင်းမှာလည်း ချင်းတော်လှန်ရေးတပ်ဖွဲ့နှင့် တိုက်ပွဲ ဖြစ်ပွားပြီး အထိနာသောကြောင့် မွှာလ်ပီးရွာတွင် ယနေ့အထိ ရပ်တန့်ထားသည်ဟု သိရသည်။

ယင်းစစ်ကြောင်းသည် ၁၂ ဘီးကား ၁စီး နှင့် အိမ်းစီးကား ၂ စီးတို့ဖြင့် စစ်တပ်အင်အားတချို့ကို ကလေးမြို့ဘက်သို့ တပ်ပြန်ဆုတ်ထားသည်ဟု ဒေသခံတချိုက ပြောသည်။

ကလေး- တီးတိန် – ဖလမ်း ကားလမ်းမပေါ်တွင် တည်ရှိပြီး စစ်ရေးအရ အချက်အချာ ကျသော သိုင်းငင်းရွာကို စစ်ကော်မရှင် တပ်သည် ကလေးမြို့နှင့် တီးတိန်မြို့မှ နှစ်ဖက်ညှပ်၍ အင်အားရာချီဖြင့် စစ်ကြောင်းထိုးလာ၍ ချင်းတော်လှန်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်။

လက်ရှိ စစ်ကော်မရှင်တပ်၏ စစ်ကြောင်းထိုးမှုတွင် စစ်ရေးအရ အချက်အချာကျသော ကနေဒီတောင် စစ်စခန်းနှင့် သိုင်းငင်းရွာ စခန်းတို့ကို ချင်းတော်လှန်ရေးတပ်များ လက်လွှတ်ထားရသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

ရခိုင်ရေဘေးအတွက် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MTC / MDF က ကျပ်သိန်း ၅၀ ထောက်ပံ့ကူညီ

မလေးရှားမှာ ချင်းလူမျိုးအပါအဝင် အထောက်အထားမဲ့နိုင်ငံခြားသားအများအပြားဖမ်းဆီးခံနေရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 18, 2026

မံဆောင်းတံတား ပြန်လည်အသုံးပြုဖြတ်သန်းနိုင်ပြီ

July 17, 2026

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

July 17, 2026

စစ်တပ်ထိန်းချုပ်သည့် ဖလမ်းမြို့တွင် နေရပ်ပြန်ပြည်သူများ နှိပ်စက်သတ်ဖြတ်ခံရမှုနှင့် အကြောင်းရင်းမသိ သေဆုံးမှုများလာ၍ စိုးရိမ်မှုမြင့်တက်

July 16, 2026

နိုင်ငံ၏ အုပ်ချုပ်ရေးသည် နေပြည်တော်မှာပဲ သီးသန့်မရှိတော့ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံအပြီး SCEF က ထုတ်ပြန်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.