Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သည့်အဖွဲ့က ချင်းနှစ်ဖွဲ့ သင့်မြတ်နိုင်ရေး ကြားဝင်ညှိနှိုင်မှု စတင်ဆောင်ရွက်

မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သည့်အဖွဲ့က ချင်းနှစ်ဖွဲ့ သင့်မြတ်နိုင်ရေး ကြားဝင်ညှိနှိုင်မှု စတင်ဆောင်ရွက်

0
By Editor on February 6, 2025 Khonumthung

(006SV)

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာ၏ ဦးဆောင်မှုဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းတခုက ချင်းပြည်ကောင်စီ (CC) နှင့် ICNCC/ချင်းညီနောင်အဖွဲ့တို့ကြား ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးမှုများကို ကြားဝင်ညှိနှိုင်းပေးနေကြောင်း သိရသည်။

ချင်းတော်လှန်ရေးနှစ်ဖွဲ့အကြားက ပြန်လည်ပေါင်းစည်းရေးအခြေအနေများကို ယနေ့ ဖေဖော်ဝါရီလ ၆ ရက်တွင် အွန်လိုင်းက ပြုလုပ်သည့် ချင်းပြည်ကောင်စီ ၁ နှစ်ပြည့် သတင်းစာရှင်းလင်းပွဲတွင် ချင်းပြည်ကောင်စီ အတွင်းရေးမှူးက အသိပေးခြင်း ဖြစ်သည်။

“လတ်တလောက အိန္ဒိယအခြေစိုက်အနေနဲ့ မီဇိုရမ်မှာရှိတဲ့ ဝန်ကြီးချုပ်ကနေ ကွက်ကဲပြီးတော့ Advocacy Team (ပူးပေါင်းဆောင်ရွက်နိုင်ရေးအဖွဲ့) ကို အကုန်လုံးပေါင်းပြီး လုပ်ထားတယ်။ အဲဒီအဖွဲ့ကနေ ကျနော်တို့ကို တဖွဲ့ချင်းစီဖြစ်စေ၊ နှစ်ဖွဲ့ပေါင်းပြီးဖြစ်စေ ပထမအဆင့် တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့ကြပါတယ်။ အဲဒီကမှတဆင့် ကြားထဲမှာ ယုံကြည်မှုတွေ တည်ဆောက်ကြမယ်။ အချင်းချင်းပူးပေါင်းဆောင်ရွက်လို့ ရတဲ့ ကဏ္ဍတွေကို အရင်ဦးဆုံး လုပ်ကြမယ်။ အဲဒီကမှ တဆင့် တက်ပြီးတော့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်သွားဖို့လည်း ရှိပါတယ်ဆိုတဲ့ ဟာကို ဖြေကြားလိုပါတယ်” ဟု ချင်းပြည်ကောင်စီ အတွင်းရေးမှူး ဆလိုင်းပေါလ်က ပြောသည်။

မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သည့် Advocacy Team ကို ဖွဲ့စည်းပြီး ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်၍ ချင်းအင်အားစု နှစ်ခုကို ပြေလည်နိုင်ရေးအတွက် ကြားဝင်ညှိနှိုင်းပေးမှုတွေ ဆောင်ရွက်နေခြင်းဖြစ်သည်ဟု သိရသည်။

ချင်းပြည်ကောင်စီ နှင့် ICNCC/ချင်းညီနောင်အဖွဲ့တို့ကို ပေါင်း၍ တပြိုက်နက် တွေ့ဆုံမှုကို တကြိမ် ပြုလုပ်ထားပြီး ရလဒ် အနေဖြင့် မကြာမီ ထပ်မံ တွေ့ဆုံဆွေးနွေးရန် သဘောတူထားပြီဖြစ်ကြောင်း သိရသည်။

ယင်း Advocacy Team ကို မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်က ဦးဆောင်ပြီး မီဇိုရမ်ပြည်နယ်ထဲက အရပ်ဖက်အဖွဲ့အစည်းများ (CSO)၊ အစိုးရမဟုတ်သော အဖွဲ့အစည်း (NGO)များ ပူးပေါင်း၍ ဖွဲ့စည်းကာ ဆောင်ရွက်နေခြင်းဖြစ်သည်ဟု သိရသည်။

“၂၀၂၄ ကနေ စပြီးတော့ တတိယအဖွဲ့အစည်း‌အဖြစ် တရားဝင်အသိအမှတ်ပြုထားတဲ့ အဖွဲ့တွေ ရှိပါတယ်။ တော်တော် များများကနေ ညှိနှိုင်းဆောင်ရွက်မှုတွေလည်း ရှိပါတယ်။ တချို့ နေရာတွေမှာ ပူးပေါင်းဆောင်ရွက်လို့ ရနိုင်တဲ့ နေရာတွေမှာ လက်မှတ်ရေးထိုးတာတွေလည်း ရှိပါတယ်။ အဓိက အားဖြင့် ကျနော်တို့ရဲ့ ဆွေးနွေးမှုတွေက လတ်တလောမှာ အကောင်အထည် ဖော် ဆောင်ရွက်နိုင်တဲ့ ဆွေးနွေးမှု ပုံစံ ဆောင်ရွက်သွားဖို့ ရှိတယ်။ ကျနော်တို့ကြားမှာ တော်တော်များများ သဘောထား ကွဲလွဲမှု တွေ ရှိတဲ့ဟာက ကျနော်တို့ ရေရှည်လုပ်ငန်းစဉ်အနေနဲ့ တဆင့်ချင်းစီ ဆွေးနွေးသွားဖို့လည်း ရှိတယ်။ အဲဒီဟာလည်း ကျနော်တို့မှာ တတိယကြားခံအဖွဲ့တွေက လိုအပ်တာတွေ စီမံဆောင်ရွက်ပေးနေတဲ့ မဟာဗျူဟာလုပ်ငန်းစဉ်တွေ ရှိပါတယ်။ အဲဒီဟာအတိုင်းပဲ ဆက်ပြီးတော့ နှစ်ဖွဲ့က သဘောတူထားတဲ့ ကြားခံတတိယအဖွဲ့ကနေ ညှိနှိုင်းပေးတဲ့အတိုင်းပဲ လုပ်ဆောင်သွားဖို့ ရှိပါတယ်။ လက်ရှိမှာလည်း အဲဒီနည်းလမ်းအတိုင်းပဲ သွားပါတယ်” ဟု ဆလိုင်းပေါလ်ကပြောသည်။

ချင်းအင်အားစုများ ပြန်လည်ပေါင်းစည်းနိုင်ရေးအတွက် ချင်းငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးအဖွဲ့ (Chin Peace and Reconciliation Initiative) ၊ Zo Reunification Organization (ZORO)၊ Crisis Management Initiative (CMI) အပါအဝင် ပြည်တွင်းပြည်ပ အရပ်ဖက်အဖွဲ့အစည်းတွေကလည်း ကြိုးပမ်းဆောင်ရွက်နေသည်။

၂၀၂၄ခုနှစ် စက်တင်ဘာလထဲက ZORO အဖွဲ့၏ ကြားဝင်ညှိနှိုင်းပေးမှုတွင် ချင်းပြည်အစိုးရနှင့် ICNCC/ ချင်းညီနောင် တို့ကြားမှာ သဘောထားကွဲလွှဲမှုများ လက်နက်နှင့် ဖြေရှင်းသည့် နည်းလမ်းကို အသုံးမပြုကြဖို့၊ ထပ်မံတွေ့ဆုံဆွေးနွေးမှု ပြုလုပ်ကြဖို့ အပါအဝင် အချက် ၅ ချက်ကို သဘောတူခဲ့ကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.