Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ရွှေ့ပြောင်းတောင်ယာစနစ်မှ အမြဲတမ်းစိုက်ပျိုးရေးစနစ်သို့ ပြောင်းလဲကြရန် လွှတ်တော်ဥက္ကဌ တိုက်တွန်း

ရွှေ့ပြောင်းတောင်ယာစနစ်မှ အမြဲတမ်းစိုက်ပျိုးရေးစနစ်သို့ ပြောင်းလဲကြရန် လွှတ်တော်ဥက္ကဌ တိုက်တွန်း

0
By Editor on July 26, 2019 Khonumthung

ချင်းပြည်နယ်တွင် ရွှေ့ပြောင်းတောင်ယာစနစ်ကို အဓိကထား ပြုလုပ်ကြရာတွင် အမြတ်အစွန်းနည်းပါးသည့် အပြင် သဘာဝ ပတ်ဝန်းကျင် ပြုန်းတီးမှုဖြစ်နေသောကြောင့် အမြဲတမ်းစိုက်ပျိုးရေးစနစ်ကို ကျင့်သုံးပြုလုပ် ကြရန် ပြည်နယ်လွှတ်တော် ဥက္ကဌက ချင်းပြည်သူများအား တိုက်တွန်းလိုက်သည်။

“ချင်းပြည်နယ်မှာ ရှေးဖိုးဘွားကတည်းက ရွှေ့ပြောင်းတောင်ယာစနစ်ကို ကျင့်သုံးကြတယ်။ ရွှေ့ပြောင်း တောင်ယာ စနစ်မှာ ပြောင်းဖူးတွေစိုက်တယ်။ ပြောင်းဖူး တစ်ဧကစိုက်ပျိုးမယ်ဆိုရင် တစ်နှစ်မှာ ကျပ်ငွေ တစ်သိန်း နှစ်သိန်းတောင် အမြတ်မရဘူး” ဟု ချင်းပြည်နယ်လွှတ်တော် ဥက္ကဌ ဦးဇိုဘွေးက ဆိုပါသည်။

လက်ရှိချင်းပြည်နယ် အစိုးရလက်ထက်တွင် လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းကို အဓိကထား လုပ်ဆောင် နေသည်နှင့်အညီ တောင်သူများ စိုက်ပျိုးရေးစနစ်ပြောင်းလဲစေဖို့ လုပ်ငန်းများ မဆောင်ရွက်နိုင်သေးသော်လည်း ယခုလမ်းပန်းဆက်သွယ်ရေးအခြေအနေ တိုးတက်လာနေပြီဖြစ်သည့်အတွက် စိုက်ပျိုးရေးလုပ်ငန်းကို စတင် အကောင်အထည်ဖေါ်ဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဌက ခိုနုမ်းသုန်သတင်းဌာနကို ပြောကြားခဲ့သည်။

လွှတ်တော်ဥက္ကဌက ゞင်းနေထိုင်သည့် လွှတ်တော်အိမ်နေရာတွင် စပျစ်ပင်စိုက်ပျိုးနေပြီး ပြည်သူများလေ့လာ နိုင်ရန်နှင့် ပြည်သူများပညာပေးသည့်အနေဖြင့် လက်တွေ့အကောင်အထည်ဖေါ်ဆောင်ရွက်ပေးနေကြောင်း သိရသည်။
ချင်းပြည်တောင်ပိုင်း မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်များတွင် အမြဲတမ်းစိုက်ပျိုးရေးစနစ်ဖြစ်သည့် ဝဥ စိုက်ခင်းများ စိုက်ပျိုးကြကာ တစ်နှစ်တွင် ဝင်ငွေ ကျပ်သိန်း ၁၀ဝ ခန့် ရရှိနေကြပြီဖြစ်ရာ ယခု ဟားခါးနှင့် ထန်တလန်မြို့နယ်များတွင်လည်း စတင်စိုက်ပျိုးနေပြီဖြစ်ကြောင်း သိရသည်။

ယခုလက်ရှိ ချင်းပြည်နယ်တွင် တောင်သူ (၇၅) ရာခိုင်းနှုန်းသည် ရွှေ့ပြောင်းတောင်ယာစနစ်ကို ကျင့်သုံးလုပ်ကိုင်နေကြပြီး နှစ်စဉ် ဧကပေါင်း သိန်းနှင့်ချီ ရွှေ့ပြောင်းတောင်ယာ ပြုလုပ်ကရာ မြေဆီမြေသြဇာဆုံးရှုံးခြင်း၊ သဘာဝ ပတ်ဝန်းကျင်ပြုန်းတီးမှုဖြစ်ပွားလျက်ရှိကြောင်းသိရသည်။
ရွှေ့ပြောင်းတောင်ယာစနစ်မှ အမြဲတမ်းစိုက်ပျိုးရေးစနစ်သို့ ပြောင်းလဲကျင့်သုံးကြရန် တောင်သူများကို တိုက်တွန်းနေသော်လည်း ထိုကဲ့သို့ပြောင်းလဲကျင့်သုံးရန်အတွက် လိုအပ်သည့် နည်းပညာနှင့် ကူညီထောက်ပံ့မှုကိုမူ ပြည်နယ်အစိုးရက ပေးအပ်ခြင်းမရှိသေးကြောင်းသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.