Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»အမေရိကန်အခြေစိုက် BACI ၏ CEO နှင့် မလေးရှားရောက် ချင်းအဖွဲ့အစည်းဦးဆောင်သူများ ဒုက္ခသည်အရေးဆွေးနွေး

အမေရိကန်အခြေစိုက် BACI ၏ CEO နှင့် မလေးရှားရောက် ချင်းအဖွဲ့အစည်းဦးဆောင်သူများ ဒုက္ခသည်အရေးဆွေးနွေး

0
By Editor on September 9, 2025 Khonumthung

(004SS)

အမေရိကန်အခြေစိုက် BACI ၏ CEO ဖြစ်သူ Mr. Elaisa Vahnie နှင့် မလေးရှားရောက် ချင်းအဖွဲ့အစည်း/အသင်းတော် ခေါင်းဆောင်များသည် ဒုက္ခသည်များအရေးနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို ယမန်နေ့က ပြုလုပ်ခဲ့ကြသည်ဟု မလေးရှားရောက် ချင်းဒုက္ခသည်များအရေး ဆောင်ရွက်နေသောအဖွဲ့ ACR က ထုတ်ပြန်သည်။

အဆိုပါတွေ့ဆုံပွဲကို မလေးရှားရှိ ချင်းဒုက္ခသည်အဖွဲ့အစည်းများဖြစ်သည့် ACR နှင့် CRC တို့၏ ဦးဆောင်မှုဖြင့် Malaysia Lautu Christian Fellowship ဘုရားကျောင်းတွင် ကျင်းပခဲ့သည်။

တွေ့ဆုံပွဲတွင် ၂၀၂၅ ခုနှစ်အတွက် အမေရိကန်မှ ချီးမြှင့်သော Martin Luther King လူသားချင်းစာနာမှု ဆုရရှိထားသည့် Burmese American Community Institute (BACI) ၏ CEO ဖြစ်သူ Mr. Elaisa Vahnie က ၂၀၂၆ ခုနှစ်အတွင်း အမေရိ ကန်နိုင်ငံမှ ဒုက္ခသည်များ လက်ခံမည့် အစီအစဉ်များနှင့် မူဝါဒများကို ရှင်းလင်းပြောကြားခဲ့‌ကြောင်း ACR ၏ ဖော်ပြချက် အရ သိရသည်။

ထို့အပြင် Mr. Vahnie သည် စက်တင်ဘာလ ၁၆ ရက်နေ့တွင်လည်း ချင်းဒုက္ခသည်များအရေးနှင့် ပတ်သက်ပြီး မလေးရှား ရှိ UNHCR၊ အမေရိကန်သံရုံးတို့နှင့် သွားရောက်တွေ့ဆုံမည်ဟု ACR က ဖော်ပြထားသည်။

ထို့နောက် မလေးရှားရောက် ဒုက္ခသည်များနှင့် လူထုတွေ့ဆုံပွဲကိုလည်း ပြုလုပ်သွားမည်ဖြစ်ကာ အသေးစိတ်ကို မကြာမီ ကြေညာသွားမည်ဟု မလေးရှားရောက် ချင်းဒုက္ခသည်များအရေး ဆောင်ရွက်နေသူ ACR ၏ ဖော်ပြချက်အရ သိရသည်။

မလေးရှားနိုင်ငံတွင် ချင်းလူမျိုး ၈၀,၀၀၀ ကျော် ရောက်ရှိနေပြီး ၂၀,၀၀၀ ကျော်သည် ဒုက္ခသည်ကတ် ကိုင်ဆောင်ထား သူများဖြစ်သည်ဟု သိရသည်။

ယခုနှစ်ဆန်းပိုင်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ အမိန့်ကြောင့် အမေရိကန်နိုင်ငံသို့ ဒုက္ခသည်အဖြစ် ပြည့်ဝင်ခွင့်ရရှိ ထားသည့် မလေးရှားမှ ချင်းဒုက္ခသည်များ၏ လေယာဉ်ခရီးစဉ်နှင့် ပြည်ဝင်ခွင့်များ ရုတ်သိမ်းခံလိုက်ရသလို RSD ဟုခေါ် သော ဒုက္ခသည် အဆင့်အတန်းသတ်မှတ်သည့် အင်တာဗျူးရက်ချိန်းရရှိပြီး‌သူ အများအပြားကိုလည်း ဖျက်သိမ်းခံခဲ့ကြရ သည်။

လက်ရှိတွင် မလေးရှားရောက် ချင်းလူမျိုးများအပါအဝင် မြန်မာနိုင်ငံသားများသည် အထောက်အထားမဲ့ နေထိုင်မှုဖြင့် မလေးရှားရဲတပ်ဖွဲ့များ၏ ရှာဖွေ ဖမ်းဆီးမှုများ မကြာခဏ ကြုံတွေ့နေကြရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် လျှောက်ထားနိုင်ပြီဟုဆို

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 10, 2026

ဇမ်ပီးရွာရှိ ZRA-EC စခန်းကို ZNA က ဝင်ရောက်တိုက်ခိုက်ရာ ZRA-EC ရဲဘော်တစ်ဦးသေဆုံး

September 10, 2026

ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် လျှောက်ထားနိုင်ပြီဟုဆို

September 9, 2026

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

September 9, 2026

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.