Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»၂၀၂၀ ရွေးကောက်ပွဲအလွန် အသစ်တက်လာမယ့် အစိုးရသစ်အပေါ် တီးတိန်မြို့ဒေသခံတွေ ဘာတွေမျှော်လင့်လဲ
၂၀၂၀ ရွေးကောက်ပွဲအလွန် အသစ်တက်လာမယ့် အစိုးရသစ်အပေါ် တီးတိန်မြို့ဒေသခံတွေ ဘာတွေမျှော်လင့်လဲ
0
By Editor on August 6, 2020 Headline
#Unicode
၂၀၂၀ ခုနှစ်ပါတီစုံအထွေထွေ ရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပပြုလုပ်ကြတော့မှာပါ။ ချင်းပြည်နယ်မှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် ဒုတိယအများဆုံးမြို့နယ်ဖြစ်တဲ့ တီးတိန်မြို့က ဒေသခံပြည်သူတွေရဲ့ ၂၀၂၀ ရွေးကောက်ပွဲ ရင်ခုန်သံက ဘယ်လိုရှိနေပါသလဲ။ ဘယ်လိုလွှတ်တော်ကိုယ်စားလှယ်မျိူးကို သူတို့လိုချင်နေတာပါလဲ။ ဘယ်လိုအစိုးရမျိူးကိုသူတို့မျှော်လင့်နေကြတာပါလဲ။
အသစ်တက်လာမည့် အစိုးရသစ်ကို တီးတိန်မြို့အတွက် ဘာတွေလုပ်ပေးစေချင်ပါသလဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး တီးတိန်မြို့ပေါ်က အရပ်ဘက်အဖွဲ့အစည်းတွေ ဒေသခံပြည်သူတစ်ချိူ့ရဲ့သဘောထားအမြင်တွေကို စုစည်းတင်ပြလိုက်ရပါတယ်။
ကိုမုန်နိုး (အထွေထွေအတွင်းရေးမှူး)
Tedim Youth Fellowship
ခုတက်လာမဲ့အစိုးရသစ်တီးတိန်မြို့ အတွက်ဆိုရင်တော့ လျှပ်စစ်မီး ပေါ့ ၊ ဒီ လျှပ်စစ်မီးကလည်း ကြံခိုင်ရေးပါတီ တက်လာတုန်းကလည်းရမယ်ရမယ်နဲ့ ၊ခု NLDတက်လာတော့လည်းရမယ်ရမယ်နဲ့ ဒီတိုင်းပဲ အချိန်ကုုန်တယ်။ အဓိက လျှပ်စစ်မီးကအတော်လေးလိုတယ် လျှပ်စစ်မီးရှိမှ သာလျှင် စီးပွားရေးမှာဖြစ်ဖြစ် ၊ ပညာရေးမှာဖြစ်ဖြစ် နည်းပညာပိုင်းကပိုကောင်းလာမှာ လျှပ်စစ်မီးမရသေးသရွေ့ ဒီတိုင်းပဲဖြစ်မယ်။ နောက်တစ်ခုက သောက်သုံးရေပေါ့ ။တီးတိန်ကလည်း အိမ်ခြေတိုးတက်လာတယ် လူဦးရေလည်းတိုးတက်လာတော့သောက်သုံးရေကလည်းမလောက်တော့ဘူး။သောက် သုံးရေရရှိဖို့လုပ်ပေးစေချင်တယ်။
အတော်လေအရေးကြီးတဲ့အပိုင်းက ဘက်ဂျက်ခွဲဝေတဲ့အပိုင်းမှာ မျှှမျှတတခွဲဝေစေချင်ပါတယ်၊ ပြည်နယ်ရဲ့မြို့တော်ဖြစ်လို့ ဘတ်ဂျက်ပိုပေးတာတို့ ခရိုင်ဖြစ်လို့ဘတ်ဂျက်ပိုပေးတာတို့ဆိုတဲ့ပုံစံမျိူးမဟုတ်ဘဲနဲ့ လိုအပ်တဲ့နေရာမှာ လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်တဲ့ လိုအပ်တဲ့နေရာမှာ လိုအပ်သလို ဘတ်ဂျက်ခွဲနိုင်တဲ့ အစိုးရမျိုးကိုလိုချင်တယ်၊ နောက်တခုက ပြည်သူလူထုနဲ့တသားတည်းဖြစ်တဲ့ အစိုးရဖြစ်ဖို့လည်းလိုတယ်။
ဒေါ်ဂမ်ခန့်ဒိမ်း (ချင်းပြည်နယ် တာဝန်ခံ)
Social Action for Communities Changes (SACC)
မြန်မာနိုင်ငံမှာနေထိုင်တဲ့လူအားလုံးကလေ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာသွားနေတာဆိုတော့ ဒါပေမယ့် ကျမတို့တီးတိန်မှာ လူ့အခွင့်အရေးချိူးဖောက်ခြင်းခံရတယ်လို့ ကျမယူဆပါတယ် ဘာလို့လဲဆိုတော့ မြေပြန့်မှာရတဲ့လျှပ်စစ်မီး ကျမတို့တီးတိန်မှာမရဘူး ဒီတန်းတူညီမျှမှုဆိုတဲ့အခွင့်အရေးက ကျမတို့အရမ်းရှုံးဆုံးတယ်၊ ဒါကြောင့် တက်လာမယ့်အစိုးရသစ်အနေနဲ့ တကယ်ကိုလုပ်ပေးစေချင်ပါတယ်။
တာန် လန့်ဇခွါလ် ( တီးတိန်မြို့လူငယ်တစ်ဦး)
COVID-19 Emergency Committee- Tedim CSOs Volunteer
ဒီအစိုးရသက်တမ်းမှာ ထူးထူးထွေထွေပြောင်းလဲမှုတွေသိပ်မရှိဘူး ။ဒီ NLD တက်လာတဲ့အခါကြတော့ အနည်းငယ်ပြောင်းလဲမှု့တွေရှိတယ်။ ဥပမာအားဖြင့် ရွာဖက်မှာ လမ်းလုပ်ပေးတာတွေရှိတယ်။ လမ်းပန်ဆက်သွယ်ရေးနည်းနည်းပိုကောင်း လာတာတယ် ။ ဒါပြီးခဲ့တဲ့အစိုးရရဲ့ သက်တမ်းအခြေအနေပေါ့ ။ တက်လာမယ့် ခု၂၀၂၀ ရွေးကောက်ပွဲမှာကျွန်တော်တို့မျှော်လင့်တာ ချင်းပြည်နယ်အတိုင်းအတာနဲ့ဆိုရင် တီးတိန်မြို့ဟာ အဓိကခရိုင်လည်းမရသေးဘူး၊ ။ကော်လိပ်တို့ လည်းရတာမရှိသေးဘူး ကျွန်တော်က ဒီဒေသခံတယောက်ဆိုတော့ ဒီလိုမျိုး ခရိုင်ဖြစ်ဖြစ် ၊ ကော်လိပ်ဖြစ်ဖြစ်ရ စေချင်ပါတယ်။
မညောင်နွမ်းကိမ် (တီးတိန်မြို့လူငယ်အမျီူးသမီး)
တီးတိန်မြို့က အိမ်ခြေတွေလည်းများနေပြီတော့ လူဦးရေးလည်းများနေပြီဆိုတော့ လူဦးရေများတာနဲ့မျှ ၂၄နာရီမီးနဲ့ရေရရှိဖိုနဲ့ ။သောက်ရေသုံးရေအကုန်လုံး အိမ်တိုင်းလိုလို အဆင်ပြေပြေသုံးနိုင်ဖို့ အဲ့၂မျိုးတော့ ရရှိစေချင်တယ်။
ကိုထောင်းရှန်းတုန်း (ဥက္ကဌ)
Tedim Youth Fellowship
အဓိိကကတော့ တီးတိန််မြို့အတွက် ဒေသဖွွံ့ဖြိုးရေးပဲဖြစ်ဖြစ်၊ လိုအပ်ချက်များကိုတကယ်ဦးစားပေးတဲ့ ကိုယ်စာလှယ်တွေကိုရွေးချင်တယ်၊ ဘာဖြစ်လို့လဲဆိုတော ကျွန်တော်တို့ ပြီးခဲ့တဲ့ကိုယ်စာလှယ်တွေဆိုရင် များသောအားဖြင့် သူတို့ရဲ့မြို့၊ သူတို့ရဲဲ့ရွာ လောက်ပဲဦးစားပေးပြီးတော့ အလုပ်လုပ်ကြတယ် ၊ ဒီတီးတိန်ုမြို့ကိုထားခဲ့ကြတယ်၊ ဒါပေမယ့် တကယ်တမ်း နယ်ကလူ ရွာကလူတွေက အခက်အခဲတခုခုရှိခဲ့ရင်ကျွန်တော်တို့ တီးတိန်မြို့ကိုပဲတက်လာကြတယ်၊ ကျွန်တော်တို့ရဲ့ တီးတိန်မြိုပေါ့်က ဘာမှ ဖွွွွွံဖြိုးရေးကအစ ဒေသရဲ့လိုအပ်ချက်တွေက ဘာမှမပြည့်စုံတော့ ကျွန်တော်တို့ အဆင်မပြေရင် သူတို့လည်းဘာမှအဆင်မပြေဘူး၊ တီးတိန်မြို့ပေါ်ကဖွံ့ဖြိုးမှ လည်းနယ်ကအတွက် လည်းပိုပြီးတော့ အဆင်ပြေလာမှာ ပေါ့ ၊ ဒါကိုကျွန်တော်တို့ ခေါင်းဆောင်ကြီးတွေက ဒီတီးတိန်မြို့ကို ထားခဲ့ကြတယ်၊ ပစ်ထားကြတယ်၊ ဦးစားမပေးဘူး၊ ဒါကြောင့် လာမယ့်ရွေးကောက်ပွဲမှာတော့ အဲဒီကို ကတိပေးနိုင်မယ့်လူ တီးတိန်းမြို့အတွက်ဘာတွေ လုပ်ပေးနိုင်မလဲ ၊တကယ်လည်း ဖြစ်နိုင်ချေရှိနိုင်မဲ့ လူပုဂ္ဂိုလ်ကို ရွေးချယ်ဖို့ ဆုံးဖြတ်ထားပါတယ်။
ဒေါ်ကျိန်ငိုက်နဲမ့် (စျေးသည်)
မီးကမရဘူး ၂ ရက်နေမှ တခါလာတာဆိုတော့ မီးကိုအရမ်းလိုချင်တယ်၊ မီးကခဏခဏပျက်တယ်၊ ရေများရင်လည်းပျက်တယ်၊ ရေနည်းရင်လည်းပျက်တယ်၊ မဟာဓာတ်အားလိုင်းက မရောက်သေးဘူးဆိုတော့ လျှပ်စစ်မီးကောင်းကောင်းရချင်ပါတယ်။
#Zawgyi
အတော်လေအရေးကြီးတဲ့အပိုင်းက ဘက်ဂျက်ခွဲဝေတဲ့အပိုင်းမှာ မျှမျှတတခွဲဝေစေချင်ပါတယ်၊ ပြည်နယ်ရဲ့မြို့တော်ဖြစ်လို့ ဘတ်ဂျက်ပိုပေးတာတို့ ခရိုင်ဖြစ်လို့ဘတ်ဂျက်ပိုပေးတာတို့ဆိုတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ လိုအပ်တဲ့နေရာမှာ လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်တဲ့ လိုအပ်တဲ့နေရာမှာ လိုအပ်သလို ဘတ်ဂျက်ခွဲနိုင်တဲ့ အစိုးရမျိုးကိုလိုချင်တယ်၊ နောက်တခုက ပြည်သူလူထုနဲ့တသားတည်းဖြစ်တဲ့ အစိုးရဖြစ်ဖို့လည်းလိုတယ်။
မြန်မာနိုင်ငံမှာနေထိုင်တဲ့လူအားလုံးကလေ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာသွားနေတာဆိုတော့ ဒါပေမယ့် ကျမတို့တီးတိန်မှာ လူ့အခွင့်အရေးချိုးဖောက်ခြင်းခံရတယ်လို့ ကျမယူဆပါတယ် ဘာလို့လဲဆိုတော့ မြေပြန့်မှာရတဲ့လျှပ်စစ်မီး ကျမတို့တီးတိန်မှာမရဘူး ဒီတန်းတူညီမျှမှုဆိုတဲ့အခွင့်အရေးက ကျမတို့အရမ်းရှုံးဆုံးတယ်၊ ဒါကြောင့် တက်လာမယ့်အစိုးရသစ်အနေနဲ့ တကယ်ကိုလုပ်ပေးစေချင်ပါတယ်။
အဓိကကတော့ တီးတိန်မြို့အတွက် ဒေသဖွံ့ဖြိုးရေးပဲဖြစ်ဖြစ်၊ လိုအပ်ချက်များကိုတကယ်ဦးစားပေးတဲ့ ကိုယ်စာလှယ်တွေကိုရွေးချင်တယ်၊ ဘာဖြစ်လို့လဲဆိုတော ကျွန်တော်တို့ ပြီးခဲ့တဲ့ကိုယ်စာလှယ်တွေဆိုရင် များသောအားဖြင့် သူတို့ရဲ့မြို့၊ သူတို့ရဲ့ရွာ လောက်ပဲဦးစားပေးပြီးတော့ အလုပ်လုပ်ကြတယ် ၊ ဒီတီးတိန်ုမြို့ကိုထားခဲ့ကြတယ်၊ ဒါပေမယ့် တကယ်တမ်း နယ်ကလူ ရွာကလူတွေက အခက်အခဲတခုခုရှိခဲ့ရင်ကျွန်တော်တို့ တီးတိန်မြို့ကိုပဲတက်လာကြတယ်၊ ကျွန်တော်တို့ရဲ့ တီးတိန်မြိုပေါ့်က ဘာမှ ဖွံဖြိုးရေးကအစ ဒေသရဲ့လိုအပ်ချက်တွေက ဘာမှမပြည့်စုံတော့ ကျွန်တော်တို့ အဆင်မပြေရင် သူတို့လည်းဘာမှအဆင်မပြေဘူး၊ တီးတိန်မြို့ပေါ်ကဖွံ့ဖြိုးမှ လည်းနယ်ကအတွက် လည်းပိုပြီးတော့ အဆင်ပြေလာမှာ ပေါ့ ၊ ဒါကိုကျွန်တော်တို့ ခေါင်းဆောင်ကြီးတွေက ဒီတီးတိန်မြို့ကို ထားခဲ့ကြတယ်၊ ပစ်ထားကြတယ်၊ ဦးစားမပေးဘူး၊ ဒါကြောင့် လာမယ့်ရွေးကောက်ပွဲမှာတော့ အဲဒီကို ကတိပေးနိုင်မယ့်လူ တီးတိန်းမြို့အတွက်ဘာတွေ လုပ်ပေးနိုင်မလဲ ၊တကယ်လည်း ဖြစ်နိုင်ချေရှိနိုင်မဲ့ လူပုဂ္ဂိုလ်ကို ရွေးချယ်ဖို့ ဆုံးဖြတ်ထားပါတယ်။
ဒေါ်ကျိန်ငိုက်နဲမ့် (ဈေးသည်)
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website
Related Posts
ဟားခါးမြို့နယ်က လူငယ်များအားလုံး အရံတပ်ဖွဲ့သင်တန်းတက်ရောက်ရန် CDF-Hakha ထုတ်ပြန်
CNDF နှင့် CDF-Hualngoram ပဋိပက္ခကို ငြိမ်းချမ်းသော နည်းဖြင့် အဖြေရှာကြရန် CC နှင့် CB တိုက်တွန်း
CNO/CNDF နှင့် CDF-Hualngoram တို့ အပြန်အလှန်ပစ်ခတ်နေမှုကို နိုင်ငံရေးအရ အဖြေရှာသင့်ဟုဆို
Leave A Reply Cancel Reply
The reCAPTCHA verification period has expired. Please reload the page.
  • Featured Article
June 30, 2025
“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”
June 30, 2025
“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”
June 28, 2025
ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ
May 30, 2025
“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”
Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.
Type above and press Enter to search. Press Esc to cancel.