Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ထန်တလန်မြို့နယ် စစ်ဘေးရှောင်များ ရိက္ခာပြတ်လတ်ဖွယ်အခြေအနေ ကြုံနေရ
Photo: ထန်တလန်စစ်ဘေးရှောင်များ (Crd: VOA)

ထန်တလန်မြို့နယ် စစ်ဘေးရှောင်များ ရိက္ခာပြတ်လတ်ဖွယ်အခြေအနေ ကြုံနေရ

0
By Editor on October 13, 2021 Headline

ချင်းပြည်နယ်၊ ထန်တလန်မြို့အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားပြီး ရိက္ခာသယ်ယူရန် ဝင်လာသော မော်တော်ယာဉ်တွေကို စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်နေမှုကြောင့် ပြည်သူများ မြို့တွင်းကိုမဝင်ရဲကာ ရိက္ခာသယ်ယူခွင့်မရသောကြောင့် စစ်ဘေးရှောင်ပြည်သူများ နောက်လထဲတွင် စားနပ်ရိက္ခာပြတ်လတ်လာဖွယ် အခြေအနေကြုံနေရကြောင်း ထန်တလန်မြို့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့က ပြောသည်။

“အရင်တုန်းကဆိုလို့ရင် ဒီရွာတွေမှာလည်း ထန်တလန်ကနေပြီး စားနပ်ရိက္ခာတွေကို သယ်ယူလာတာဆိုတော့ အခု ထန်တလန်မြို့ကို ဝင်လို့မရတဲ့အတွက်ကြောင့် ရိက္ခာပိုင်းမှာ နည်းနည်း အခက်အခဲရောက်နေတယ်။ ထန်တလန်မြို့ ရဲစခန်းနဲ့ တပ်ကုန်းမှာ တပ်စွဲထားတဲ့အခါကြတော့ ရွာတွေဖက်ဝင်လာတဲ့ ကားတွေ၊ ဆိုင်ကယ်တွေကို တစ်တခါတလေကြရင် သူတို့က ပစ်ကြတယ်ဆိုတော့ မြို့ထဲကို မဝင်ရဲကြတော့ဘူး၊ လူတွေလည်း ရွာထဲမှာ စစ်ရှောင်နေရတော့ စျေးတွေ၊ စျေးဆိုင်ကြီးတွွေလည်း မရှိတော့ဘူး။ ရိက္ခာနည်းနည်းတော့ရှိသေးတယ်၊ ရေရှည်အတွက်တော့ မလုံလောက်တော့ဘူး။ ဒီတလနေကြပြီဆိုတော့ နောက်တလလောက်ဆိုရင် ပြတ်လတ်တော့မှာ။” ဟု စစ်ဘေးရှောင်ကူညီရေးအဖွဲ့က ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၅ ရက်နောက်ပိုင်းကစပြီး မြို့တွင်းတိုက်ပွဲ ဖြစ်ပွားလာသည့်အပြင် စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာတွင် လူနေအိမ်များ ကျည်ထိပျက်စီးမှုနှင့် လက်နက်ကြီးပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူများ သေဆုံးမှုရှိလာခဲ့ပြီးနောက် နေရပ်စွန့်ခွာကာ နီးစပ်ရာကျေးရွာများနှင့် အိန္ဒိယ-မြန်မာနယ်စပ်ကို စစ်ဘေးရှောင်နေထိုင်နေကြခြင်းဖြစ်သည်။

ထန်တလန်မြို့နယ် စစ်ဘေးရှောင်ကူညီရေးကော်မတီ၏ လက်ရှိ စစ်ဘေးရှောင်စာရင်းအရ တောင်ကြော ၅ ကြောမှ ကျေးရွာပေါင်း ၅၀ တွင်နေထိုင်ကြသော လူဦးရေ ခုနှစ်ထောင်ကျော်စာရင်းသာ ကောက်ယူရရှိပြီး ဆက်သွယ်ရေးအခက်အခဲကြောင့် ကျန်တောင်ကြော ၂ ခုမှ လူဦးရေစာရင်း ကောက်ယူရန်ကြိုးစားကြောင်းလည်း သိရသည်။

လက်ရှိတွင် စစ်ဘေးရှောင်နေရသည့် ထန်တလန်မြို့ဒေသခံများအနေဖြင့် စစ်ဘေးရှောင်နေရသည်မှာ တစ်လခန့်ရှိလာပြီဖြစ်သောကြောင့် ရိက္ခာနည်းပါးလာခြင်း၊ ကျေးရွာများတွင် ကိုဗစ်-၁၉ ပိုးကူးစက်မှု မြင့်တက်နေခြင်းနှင့် ကျန်းမာရေးအခက်အခဲများစွာ ကြုံတွေ့နေရခြင်းကြောင့် ကိုဗစ်ရောဂါကာကွယ်နိုင်မည့် ဆေးဝါးများ ထောက်ပံ့ကူညီမှုများလိုအပ်နေကြောင်းကိုလည်း စစ်ဘေးကော်မတီဝင်များထံမှ သိရသည်။

လူဦးရေတစ်သောင်းခန့်ရှိသည့် ထန်တလန်မြို့တွင် မြို့လုံးကျွတ်နီးပါး စစ်ဘေးရှောင်နေသည့်အတွက် မြို့ပြင်ရှိ မိဘမဲ့ဂေဟာတွင် လူနှစ်ဆယ်ဦးနှင့် မြို့လယ်တွင် သက်ကြီးရွယ်အိုအပါအဝင် မိသားစုဝင် ၃ ဦးသာကျန်ရှိကြောင်း သိရသည်။

ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၁၈ ရက်က တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နေအိမ် ၁၉ လုံးခန့် မီးလောင်ပျက်ဆီးကာ မီးငြိမ်းရန်ကြိုးစားသူ ဓမ္မအမှုတော်ဆောင် အသတ်ခံခဲ့ရသောကြောင့် ယခုကဲ့သို့ နေရပ်စွန့်ခွာပြီး စစ်ဘေးရှောင်နေကြရခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပလက်ဝကို ရခိုင်၏ ခရိုင်တစ်ခုအဖြစ် သတ်မှတ်လိုက်ခြင်းကို လက်မခံကြောင်း CC ဒုဥက္ကဌပြော

ပလက်ဝကို ရခိုင်၏ ခရိုင်အဖြစ် AA က ထည့်သွင်းအုပ်ချုပ်မှုသည် ချင်းအပေါ် ကိုလိုနီပြုသည့် လုပ်ရပ်ဟု ချင်းအရပ်ဖက်အဖွဲ့များ ကြေညာ

နယူးဒေလီရောက် မြန်မာစစ်ဘေးရှောင်များအား RSD အင်တာဗျူး စတင်ခေါ်ယူ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.