Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဟားခါး-ဖလမ်းကြား ထလန်ရောန်တွင် ခေတ္တစခန်းချနေသည့် စစ်ကောင်စီတပ်ဖွဲ့ကို CNA/CNF နှင့် CDF မှ ပူးပေါင်းတိုက်ခိုက်

ဟားခါး-ဖလမ်းကြား ထလန်ရောန်တွင် ခေတ္တစခန်းချနေသည့် စစ်ကောင်စီတပ်ဖွဲ့ကို CNA/CNF နှင့် CDF မှ ပူးပေါင်းတိုက်ခိုက်

0
By Editor on October 14, 2021 Headline

ချင်းပြည်နယ်၊ ဟားခါး-ဖလမ်းကြားရှိ ထလန်ရောန်နားတွင် စခန်းချထားသည့် ဟားခါးဖက်သို့တက်မည့် စစ်ကောင်စီတပ်ဖွဲ့ကို ယနေ့မနက်ပိုင်းက ချင်းအမျိုးသားတပ်ဦး (CNA/CNF) နှင့် CDF ပူးပေါင်းတပ်ဖွဲ့တို့မှ တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့မနက် ၁၁ နာရီဝန်းကျင်ခန့်က နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ ချင်းအမျိုးသားတပ်ဦး (CNA/CNF) ၏ ပြောခွင့်ရပုဂ္ဂိုလ် ပူးထက်နီက ယခုလိုပြောသည်။

“ဒီနေ့မနက် ၁၁ နာရီလောက်က ဟားခါး-ဖလမ်းကြား ထလန်ရောန်မှာ စခန်းချနေတဲ့ စစ်ကောင်စီစစ်တပ်၊ ဟားခါးကိုတက်ဖို့လုပ်နေတဲ့ စစ်တပ်ကို ကျွန်တော်တို့ဖက်ကနေ ပစ်လိုက်တယ်။ ပစ်လိုက်တော့ သူတို့ ဖလမ်းမြို့ပေါ်က ၁၆၈ စခန်းကနေ ၁၂၂ မမနဲ့ စစ်ကူပစ်လိုက်တယ်။ အခု တိုက်ပွဲကတော့ ခန နားသွားတာပေါ့။ ကိုယ့်ဖက်က အထိအခိုက်တော့မရှိဘူး။ သူတို့ဖက်က အထိအခိုက်ကိုတော့ ကျွန်တော်တို့ မသိရသေးဘူး။”

ဟားခါးဖက်သို့ စစ်ကူတက်မည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီးနောက် ဖလမ်းမြို့ တောင်ကုန်းပေါ်ရှိ ၁၆၈ တပ်ကုန်းစခန်းမှ ၁၂၂ မမဖြင့် လက်နက်ကြီးပစ်ကူမှုများပြုလုပ်ခဲ့ပြီး ၃ ကြိမ်ပစ်ခတ်ခဲ့ကြောင်း ဒေသတွင်းသတင်းအချို့တွင် ဖော်ပြထားသည်။

ဆက်လက်ပြီး ပူးထက်နီက “သူတို့က မနက်ကတည်းက လုံပီး၊ ထလန်ရောန်နားတွေမှာ စခန်းချထားတယ်။ ဟားခါးဖက်ကိုတက်လာဖို့ ပြင်ဆင်နေတဲ့ စစ်ကောင်စီတွေဖြစ်တယ်။ ဒီနေ့တိုက်ပွဲက မိနစ် ၃၀ လောက်ကြာမယ်။ ဆက်လက်ပြီးတော့ ဘာဖြစ်လာမလဲ မသိရသေးဘူးပေါ့။ ဟားခါးဖက်တက်လာပြီး စစ်ဆင်ရေးအတွက် ပြင်ဆင်တယ်လို့တော့ ကျွန်တော်တို့က ခန့်မှန်းသုံးသပ်တာပေါ့။” ဟု ဆက်ပြောသည်။

ဒေသခံများ၏ ပြောပြချက်အရ ရီလ်သီးကျေးရွာအနီး ထလန်ရောန်ကျေးရွာမှ နေအိမ် ၉ လုံးကို စစ်ကောင်စီတပ်သားများမှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယနေ့မနက်အစောပိုင်းကလည်း ရီလ်သီးကျေးရွာရှိ ဘုရားကျောင်းတစ်ကျောင်း၊ ဂိုဒေါင်တစ်လုံးနှင့် လူနေအိမ် ၁၀ လုံးကို စစ်ကောင်စီတပ်သားများမှ မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တစ်လဝန်းကျင်ကြာ သိုင်းငင်းတိုက်ပွဲများတွင် ချင်းတော်လှန်ရေးရဲဘော် ၇ ဦးကျဆုံး

စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဟားခါးမြို့နယ် Ruan ကျေးရွာက နေအိမ် ၄ လုံး ထပ်မံပျက်စီး

တီးတိန်မြို့အဝင်က စစ်ကော်မရှင်စခန်းတစ်ခုကို ချင်းညီနောင် တိုက်ခိုက်၊ စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းများ ဖမ်းမိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.